Prisoner of the State

တနေ့က ရန်ကုန်မှ မိတ်ဆွေတစ်ယောက်က ယခုနှစ် မေလကမှ အသစ်ထွက်ထားတဲ့ Prisoner of the state ဆိုတဲ့စာအုပ်ကို eBook version ဝယ်ပေးပါ ဆိုလာပါသောကြာင့် အင်တာနက်တခွင် လေ့လာကြည့်ပြီးသကာလ တစ်ခုသော နာမည်ကြီး အီးဘွတ်အရောင်းဆိုဒ်တစ်ခုမှ အမေရိကန် အသပြာ ၁၂ပြားတိတိ ပေးကာ ဝယ်ရပါတယ်။ အီးဘွတ်ဝယ်ဖူးတာ ဒါပထမဆုံး အကြိမ်ပါ။ အမြဲတမ်းလိုလိုကတော့ အလကားရမည့်နေရာကနေ လိုက်ရှာတာပါဘဲ။ ဒီတစ်ခါကတော့ မေလကမှ ထွက်ထားတာ ဖြစ်လို့လား ကိုယ်ဘဲ အရှာမတတ်လို့လား အလကားရတာ ရှာမတွေ့ပါဘူး။ ဒါနဲ့ဘဲ သူကလဲ အခုဖတ်ချင်တယ် တော်နေဖတ်ချင်တယ်၊ ဘာသာပြန်နေတာ တန်းလန်းကြီးဖြစ်နေပါပြီဆိုပြီး အပူကပ်နေတာကြောင့် နောင်ခါလာနောင်ဈေးဆိုပြီး ဝယ်ဖြစ်ပါတယ်။

ပထမထင်တာက အီးဘွတ်ဗားရှင်း (PDF) နဲ့ရမယ်ထင်တာ သူတို့ကသူတို့ Application နဲ့ဖွင့်မှရတဲ့ ပုံစံနဲ့ရောင်းတာဖြစ်တော့ သူ့Application ကိုပါ ဒေါင်းလုဒ်လုပ်ယူရပါတယ်။ အားလုံးငွေရှင်းပြီးတော့ သူတို့က အီးမေးကနေ စာအုပ်ဒေါင်းလုဒ်လုပ်ရန် လင့်ကိုပေးပါတယ်။ စာအုပ်လဲရ application လဲရပြီဆိုတော့ စာအုပ်ကိုဖွင့်ကြည့်ပါတယ်။ အဲဒီမှာ ဒုက္ခရောက်တော့တာဘဲ။ စာအုပ်ဖွင့်ဖတ်ဖို့ ရန်အတွက် security code ဆိုတာကို ထည့်ရပါသေးတယ်။ ခက်တာက အဲဒီ security code ဆိုတာကို ကိုယ့်ရဲ့ credit card နံပါတ်ကို ပြန်ပေးထားတာဖြစ်လို့ ကိုယ့်ဘာသာ ဖတ်မယ်ဆိုရင် ဘာမှမဖြစ်ပေမယ့် သူများကို ဒီစာအုပ်ပေးရမှာ ဖြစ်နေတော့ သူဖတ်ဖို့ရန် ကိုယ့် card နံပါတ်ပါပေးလိုက်ရမယ့် ကိန်းဖြစ်နေပါတော့တယ်။

အဲဒီလိုနဲ့ ဟိုကမိတ်ဆွေကို ပြောပြတော့ သူကလဲ အဲဒီလိုကြီးမယူလိုဘူး ဖြစ်နေတာပေါ့။ တစ်ခုခုဆို သူ့ပယောဂ မကင်းဘူးဖြစ်နေမှာ သူလဲ စိုးရိမ်တာပေါ့လေ။ ဒါနဲ့ နှစ်ယောက်သား အဲဒီ security code ကိုမထည့်ဘဲဖွင့်လို့ ရမယ့်နည်း၊ ဖွင့်ပြီးရင် security code ပြန်ဖြုတ်လို့ရနိုင်မယ့်နည်းတွေ လိုက်ရှာကြရတော့တာပေါ့။ ဒီလိုနဲ့ နှစ်ရက်လောက်ကြာသွားတဲ့အထိ ဘယ်လိုမှ အဖြေရှာမရတဲ့အခါမှာ ကိုယ်လဲမနေနိုင်တော့တာနဲ့ ခင်ဗျားကို ယုံပါတယ် card နံပါတ်သာယူပြီး စာအုပ်ကို ဖွင့်ဖတ်လိုက်ပါတော့ ဆိုပြီး ပေးလိုက်ပါတယ်။ အဲဒီလိုနဲ့သူလဲ သူ့Palm လေးနဲ့ စာအုပ်ဖတ်နေတာပေါ့။

အဲဒါဒီနေ့ စိတ်ထဲမကျေနပ်တာနဲ့ ထပ်ရှာလိုက်တာ အခုလို PDF version နဲ့စာအုပ်ကို ရတော့တာပါဘဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီစာအုပ်အကြောင်း မသိပါဘူး။ သူကနဲနဲရှင်းပြပါတယ်။ ဒီစာအုပ်ဟာ တရုတ်ပြည်က Zhao Ziyang (ကျောက်ကျိရန်) တီယန်မန် အရေးအခင်း ပြီးတော့ နေအိမ်မှာ အကျယ်ချုပ် အကျဉ်းချခံထားရတာပေါ့။ ဒါပေမယ့် အကျယ်ချုပ်ကာလမှာ အနာဂတ်တရုတ်နိုင်ငံကြီးအတွက် သူပြောချင်တာတွေကို အသံသွင်းပြီး ပြောထားခဲ့တာ အခွေ၃၀တောင် ရှိသတဲ့လေ။ အဲဒီအခွေတွေထဲက အသံသွင်းထားခဲ့တာတွေကို အခုလို စာအုပ်ပြန်လုပ်ထားကြတာပါတဲ့။

မိတ်ဆွေကတော့ ပြောပါတယ် စာအုပ်ထဲမှာ နိုင်ငံရေးစံနစ်ကို ဘယ်လိုပြောင်းလဲပစ်သင့်တယ်ဆိုတာတွေကို ထောက်ပြထားတယ်။ တကယ့် တရုတ်ပညာရှိကြီးဖြစ်လို့ တရုတ်အဖိုးကြီးတွေကို ခေတ်နောက်ကျတယ်လို့ ထင်ရင်မှားသွားမယ်ဆိုတဲ့အကြောင်း အဖိုးကြီးပေမယ့် လူငယ်တွေလိုပဲ တွေးနိုင်ပြီး တစ်ကယ့် THINK TANK ကြီးတွေဖြစ်ကြောင်း ပြောပြပါတယ်။

ဒါနဲ့ဘာစိတ်ကူးရသွားလဲ ဆိုတော့ ထွက်တာလဲ မကြာသေး၊ ကိုယ်ကလဲ PDF Version ကိုအလကားရထားတယ်ဆိုတော့ ဒီစာအုပ်အကြောင်းကို သိသူ စိတ်ဝင်စားသူ၊ ဖတ်လိုသူရှိရင် အလကား ဖတ်လို့ရပါစေဆိုပြီး ပြန်လည်ဝေမျှဖို့ စိတ်ကူးရသွားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့လိုနေ့မျိုးမှာ ဒီစာအုပ်ရလိုက်လို့လဲ စိတ်ထဲ ကျေနပ်သွားတာပါတယ်ပေါ့။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်မှာ ဒေါင်းလုဒ်ချပြီး ဖတ်နိုင်ပါတဲ့ အကြောင်း။

Prisoner of the State

516 views

24 Responses to Prisoner of the State

1. kaungkinpyar says:

နားမလည်ပါဘူး ကိုကို ဖတ်ပြပါဗျီု့

2. ThihaThit says:

ကိုကြီးဒီဘီ
ဆွဲတော့ ဆွဲထားလိုက်မယ်
ဖတ်ဖြစ်မဖတ်ဖြစ်တော့မသိ

ကိုကြီးဖတ်ပြီးရင် ပြန်ပြောပြပါ
ခင်မင်စွာဖြင့်
သီဟသစ်

3. SCM says:

စိတ်ဝင်စားတယ်ဗျာ
ဒေါင်းလုပ်လုပ်သွားပါတယ်
ကျေးဇူး ကိုကိုဒီဘီ
စနေနေ့ အားရင် တွေ့မယ်နော်

4. Moe Cho Thinn says:

ဖတ်ချင်တယ်။ ဖတ်အုံးမယ်။

5. heartmuseum says:

Thank you for your sharing.
I really want to read it.

6. Guest says:

ဟင်း.
ဖတ်တော့ဖတ်ချင်ပါရဲ့
မဖတ်ဖြစ်ဘို့ကတော့သေချာပါတယ။် မြန်မာပြန်ဆိုရင် နဲနဲစဉ်းစားမိဥိးမယ်။ အီးလိုဆိုတော့ဝေးပြီ. အကြောင်းအရာကတော့စိတ်ဝင်းစားစရာဘဲ
စောစော ကမတွေ့ဘဲ ဝယ်မိတာ ကိုတော့ စိတ်မကောင်းမိပါ
နံပါတ်ပေးလိုက်ရတော့ပိုစိတ်မကောင်းဖြစ်မိသေးတယ။်

7. Guest says:

အပေါ်ကါ guest က တို့ပါ
kom

8. Su says:

btw sayar
that ornagai thing
they dont have the word ” corruption” inside
how odd!
this is what i got when i search for it *DONT_KNOW*
ရှာမတွေ့ပါ။ သင့်ဘေးတွင် အဘိဓာန်တစ်ခုရှိပါက အောက်တွင် စာလုံး (word) ၊ state (n,v,adj,adv) ၊ definition (အဓိပ္ပာယ်) တို့ကို ထည့်သွင်းပြီး add word ဆိုတဲ့ button ကို နှိပ်လိုက်ပါ။ >:o

http://www.ornagai.com/search.php?message=corruption&page=1

9. MrDBA says:

ဟုတ်တယ် ဆရာမ။ စာလုံးမစုံသေးဘူး။ အဲသဟာ ကူညီပြီး စာလုံးဖြည့်ပေးသွားလို့ ရပါတယ်ဆရာမ။ ကူညီပါနော်။

10. မေဇင် says:

ဘာသာ ပြန်ပေးလို့ ရဘူးလား..ဟင် ၊ …း) ခုနေအတိုင်းတော့ ဖတ်ဖြစ်ဖို့ မလွယ်သေးဘူး..ဟိဟိ ဦးဒီဘီ ထဲမှာပဲ သိမ်းထားဦးမယ်…အကြောင်းတိုက်ဆိုင်ရင်..လာပြန်ယူမယ်..။း)

ခင်တဲ့ မေဇင်

11. sd says:

ဘာသာပြန်ပေးမလား…………………ငှင်…
(မေးကြည့်တာပါ၊ မရတော့လည်း အရင်းပေါ့)

12. THKyaw says:

Thanks a lot.

13. လူပျိုကြီး says:

ဖတ်လိုက်ဦးမယ် တင့်ကားတွေနဲ့ တက်ကြိတ်သတ်တာ အသေးစိတ် ပါသလားဗျ

14. MrDBA says:

အသုံးတည့်တယ်ဆို ဝမ်းသာရပါတယ် ခင်ဗျာ

15. MrDBA says:

ဆင်ဆင် လက်ရှိလဲ ဘာသာပြန်လုပ်ငန်းလုပ်နေတာဘဲ မဟုတ်လား. ဆင်ဆင်က တောင် ပိုပြီး ဘာသာပြန်တတ်ဦးမယ်။ မေတ္တာဖြင့် ဘာသာပြန်ပေးသည် လုပ်ပါလားဟင်။

16. Guest says:

ဘယ်အကလောင်လဲကွ နာ့တိုကြီး ဒီဘီကို အပူကပ်တာ . . .

17. exiter says:

ူmmlibrary ပိုးမကုန်သေးဘူးထင်တယ်နော် … :P

18. rose of sharon says:

လာလည်သွားတယ်… ကိုယ့်ဟာကိုယ်ဘာသာပြန်ရမယ်ဆိုတော့ဖတ်ဖို့အချိန်ယူလိုက်အုန်းမယ်

19.ုkom says:

10 Jul 09, 15:37

sin dan lar: မမနော်… ငြိမ်နေတာ ရုပ်ရှင်လင့် ရှာပေးနေတာ မှတ်လို့ ၊ မဟုတ်တာတွေ ကြံနေတာကိုး

10 Jul 09, 15:36

sin dan lar: အောင်မြတ်လေး…. ဒွတ်ခ….

10 Jul 09, 15:36

sin dan lar: အာ…… မမကလည်း…. သူက အတိုချုံးပြောသွားတာကြီးကို

10 Jul 09, 15:36

kom: အားနေရင် စာဖတ်ပါလား ကိုကိုဒီဘီနဲ့တိုင်လိုက်ရမလား။

10 Jul 09, 15:35

kom: သူဇတ်လမ်းပြောပြပြီးပြီဘဲ မြင်ယောင်ကြည့်လိုက်ပေါ့။

10 Jul 09, 15:34

sin dan lar:  အမလေး တစ်ခါ စိတ်တိုပြဖို့အရေး၇ှာလိုက်ရတဲ့ အရုပ်

10 Jul 09, 15:33

sin dan lar: မမ ကိုဒူကဘာမှာတင်ထားတာ အဲဒါကြည့်ချင်လို့

10 Jul 09, 15:31

kom: &Sd

10 Jul 09, 15:30

sin dan lar: ကိုဘရေးးးးးးးးးးးးးးးးးးးးးးး ဟေးးးးးးးးးးးးးးးး ဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘဘ

10 Jul 09, 15:29

sin dan lar: ကိုဘ အဲတာကြည့်ပြီးပြီလား… ကြည့်ချင်လို့ .. ၇ှာမတွေ့ဘူးဖြစ်နေတယ်..

10 Jul 09, 15:28

sin dan lar: http://chittemanawmyae.blogspot.com/2009/07/philanthropist.html

20.ုkom says:

10 Jul 09, 15:45

sin dan lar: ကံကောင်းတယ်လို့ မှတ်ပါ သစ်သစ်… (ကဒီဘီလာရင် ဒီစကားတွေ မရှိလောက်တော့ပါဘူးလေ…)

10 Jul 09, 15:45

သစ်ဆုံ: တော်သေးတာပေါ့ ဒို့နဲ့မသိလို့ လွတ်သွားတယ်ကွယ်

10 Jul 09, 15:44

sin dan lar: မမ..ရုပ်ရှင်.. ရုပ်ရှင်

10 Jul 09, 15:44

sin dan lar: အင်္ဂလိပ်စာ အသံဖိုင်တွေတင်တယ်.. နားထောင်ပြီး အလွတ်ပြန်ရေးရတယ်… listening…

10 Jul 09, 15:43

sin dan lar: လူသားအားကိုလေးစားပါတယ်.. ကိုကျော်

10 Jul 09, 15:43

kom: ဘ… ကိုရော မလေးစားဘူးလား။

10 Jul 09, 15:42

သစ်ဆုံ: သြော် ဂလိုလား အင်္ဂလိပ်စာ ဟုတ်လား အဲဒါဘာရဲဟင်…..

10 Jul 09, 15:41

sin dan lar: လျှာကိုက်မိမယ်မြိုး… ဖြည်းဖြည်းရယ်ပါ.. တစုံတရာဆိုတော့ တဖက်ကို ၅၀ ပေါ့နော် .. တန်တယ်ဟ..။ :

10 Jul 09, 15:41

sin dan lar: မြိုး…

10 Jul 09, 15:40

sin dan lar: စီနီယာအစ်ကိုကြီးလည်းဖြစ်၊ ဗလလည်းေ တာင့် ဆိုတော့ကာ သူ့ကို ကြောက်ချင်ယောင်ဆောင်ရပါတယ်.. ဟုတ်ပါဘူးလေ… လေးစားပါတယ်…

10 Jul 09, 15:40

myo:

10 Jul 09, 15:39

sin dan lar: ဒီလိုပါ သစ်သစ်ရယ်.. အဲငှယ်

10 Jul 09, 15:39

sin dan lar: သူ့လေ့ကျင့်ခန်းတွေ ဖြေမယ့်သူမရှိတော့ကာ.. ဆင်ဆင်ဆိုသူ မိန်းမချောလေးကိုေ တွ့ရာဘလော့မှာလိုက်ဖမ်းပြီး အတင်းဖြေခိုင်းပါတယ်.

21. MrDBA says:

သြော် မယ်ဆင်က နာ့အတင်းပြောနေတာကိုး။ တွေ့မယ်။ ထင်းခွေမကြုံ ရေခပ်တော့ ကြုံဦးမှာပေါ့။

22. Talkii says:

စကားမစပ် add word ဆိုတာ မတွေ့ဘူးဖြစ်နေတယ်ဗျ။ ဖြုတ်ထားလို့လားမသိဘူးနော်။

23. MrDBA says:

ဟုတ်မယ်ထင်တယ်ဗျ။ မအားလို့ စာလုံးတွေ မစစ်နိုင်လို့ ခဏပိတ်ထားတယ်ထင်ပါတယ်။

24. တွီတီကိုစတာ says:

cbox archive က HTML source တွေကိုတင်ထားပါလား…။ တယ်ဟုတ်ပါလား ပြိသတ်ကြီးရေ…။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:   <acronym title="">

Random Pages created by Best Accounting Services
• RSS
• Twitter
• Facebook