ဘောင်းဘီကျွတ်၍ လွှတ်လိုက်သည်
လွန်ခဲ့တဲ့ တစ်ပါတ်လောက်က စင်ကာပူဓါတ်ခွဲခန်းတစ်ခုက ရုံးမှာလာပြီး ပရိုမိုးရှင်းလုပ်တဲ့အနေနဲ့ ဝန်ထမ်းတွေကို ကျမ်းမာရေးအတွက် ဆီး၊သွေး၊ ကိုယ်အလေးချိန် စတာတွေကို အလကား လာစစ်ပေးပါတယ်။ Basic Package ဆိုရင် ဆီးချို သွေးချို သွေးတိုးရှိမရှိဆိုတာတွေ စစ်လို့ရနေပါပြီ။ Basic Package ကအလကားဆိုတော့ ကျွန်တော်လဲ အလကားရတာဘဲ စစ်လိုက်ပါတယ်။
စာရင်းချုပ်လိုက်တော့ တစ်ခုမှ မကောင်းတော့ပါဘူး။ သွေးထဲမှာ ကိုလက်စထရောလ် ရှိတယ်၊ သွေးချိုအရိပ်အရောင်ပြနေတယ်၊ ကိုယ်အလေးချိန်က အဝလွန်ထဲရောက်နေတယ်၊ သွေးတိုးနိုင်တယ်၊ လေဖြတ်နိုင်တယ်နဲ့ အားမနာ လျှာမကြိုး သတိပေးချက်ကြီးထွက်လာတယ်။ လူကတော့ နေနေကြမို့လားမသိ ပေါ့ပါးနေတာဘဲ။ နေ့တိုင်း သံပုရာရည်ရေနွေးစိမ် သောက်နေလို့လားတော့မသိ၊ ဘာမှမခံစားရဘူး။ သူပြောမှဘဲ စိတ်ထဲဝေဒနာဖြစ်သွားတော့တယ်။ လေ့ကျင့်ခန်းများများလုပ်ဖို့ စားသောက်နေထိုင်မှု ပုံစံကို ပြုပြင်ဖို့ စတဲ့အကြံပေးချက်တွေ တလှေကြီးနဲ့ ထွက်လာတော့ တာပါဘဲ။
စဉ်းစားကြည့်တော့လဲ ဟုတ်တာဘဲ။ တစ်နေ့ကို ၉နာရီလောက် ရုံးမှာထိုင်ရတယ်၊ အိမ်ရောက်တော့လဲ ဆက်ထိုင်တယ််၊ ညဖက် ၁၂နာရီထိုးမှ မနဲထိုးအိပ်ရတယ်၊ လှုပ်ရှားမှုဆိုတာ လက်ဆယ်ခြောင်းဘဲ ရှိသလိုဖြစ်နေတယ်။ ဒါနဲ့လေ့ကျင့်ခန်းလုပ်မှဖြစ်မယ်၊ ဘလော့လေးဘာလေး လျှော့မှဖြစ်မယ်ဆိုပြီး ဘော်ဒါတွေနဲ့ပြောဖြစ်တော့ သူတို့ကအားပေးကြတယ်၊ မချိုသင်းလို ကပါလားတဲ့၊ အာခီဒိုကစားပါလား၊ တိုက်အပေါ်တက်အောက်ဆင်း နေ့တိုင်းလုပ်ပါလား စတဲ့ အကြံပေးချက်မျိုးစုံ ရပြီးသကာလ တစ်ယောက်သောသူက လေ့ကျင့်ခန်းမလုပ်ခင် ကိုပေါရေးထားတဲ့ ပို့စ်တစ်ခု လိုဖြစ်နေဦးမယ်လို့လဲ သတိပေးလား ပေးရဲ့။
ကျွန်တော်ကလဲ ဟုတ်တယ်၊ စင်ကာပူကိုလာတုန်းက ခါးဆိုဒ် ၃၈နဲ့လာတာ။ ခုဆိုရင် ၄၂ဖြစ်နေပြီ။ အရပ်ကလေး ရှည်နေလို့သာ တော်သေးတယ်၊ မဟုတ်လို့ကတော့ ဆေးဘဲဥလိုဖြစ်နေမှာ။ ဒီနေ့တော့ ဒုက္ခရောက်စရာ တစ်ခုကြုံရပါတယ်။ အလှည့်ကျဝတ်တဲ့ အတွင်းခံဘောင်းဘီပေါ့ဗျာ ကနေ့အလှည့်ကျတဲ့ကောင်က တော်တော်လေး ဆားဗစ်ရင့်နေပြီ။ ရင့်ဆို ဒီလာကထဲက အတူပါလာတာဆိုတော့ သုံးနှစ်ရှိရောပေါ့။ ဘောင်းဘီများ ဒီမှာရှာရခက်လွန်းလို့ ရန်ကုန်တရုတ်တန်းက အမြဲလှမ်းလှမ်းမှာထားရတယ်၊ အသစ်ရှိလဲ အဟောင်းလေးဘဲ တလည်လည်ဆိုသလို အဲဒီအဟောင်းတစ်ထည်ကို ဘယ်လိုဝတ်ကောင်းမှန်းမသိ ဝတ်နေမိပါတယ်။
သူကသက်တန်းရင့်လာပြီဆိုတော့ ဆွေးမြေ့လာပြီပေါ့၊ သုံးနှစ်လုံး ၃၈ဘဝကနေ ၄၂ဘဝအထိ အတူတူမခွဲဘဲ တာဝန်ထမ်းဆောင် လာတာဆိုတော့ သူ့ရဲ့ မျှော့ကြိုးဆိုတာကလဲ တော်တော်လျှော့ရဲနေပြီပေါ့။ ဒီဘောင်းဘီဝတ်တဲ့နေ့ဆို အမြဲသတိထားရပါတယ်၊ သို့ပေမယ့် အမြဲထိုင်နေရတာဆိုတော့ ထူးပြီးစိတ်ထဲထည့်နေစရာမလိုပါဘူး။ သို့သော် ဒီနေ့တော့ တနလာင်္နေ့မှာ ရုံးက ကျွန်တော်တို့လုပ်နေတဲ့ စနစ်တစ်ခုကို Presentation ပြဖို့ရှိတာနဲ့ Data Centre ကိုသွားပြီး စနစ်ကို မွန်းမံစရာရှိတာ မွန်းမံ၊ အသစ်ထပ်လုပ်ထားတာလေးတွေ သွားပေါင်းထည့်ဖို့့ရာ ကျွန်တော် တာဝန်ကျလာပါတယ်။ အဲဒါနဲ့ နေ့လည်က Data Centre ရောက်နေခဲ့တယ်။ Data Centre ဆိုတာကလဲ အအေးခန်းထဲ ရောက်နေသလိုထင်ရလောက်အောင် အေးခဲနေတဲ့ နေရာမှာ ထိုင်စရာကလဲ မရှိနဲ့ မိုးတိုးမတ်တတ် တနေ့လည်ခင်းလုံး အလုပ်မှာ လုံးပန်းနေလိုက်တာ၊ ကိစ္စတွေ ပြီးလို့ အပြန်မှာတော့ လမ်းလျှောက်ရတာ ဖီလင်တစ်မျိုးဖြစ်နေတယ်ဗျ။
အရင်က ခါးနေရာမှာ တင်းတင်းရင်းရင်းဖြစ်နေရမယ့် ကိစ္စဟာ တင်ပါးနေရာကို ရောက်နေသလို၊ တင်ပါးနေရာမှာ အပိုတစ်ခုတင်နေသလို ခံစားနေရတယ်။ အဲဒါနဲ့ သေသေချာချာ စေ့ငုကြည့်တော့ ဟိုက်…ရှာလပါတ်ရည် ကျွန်တော့်ဘောင်းဘီမျှော့ကြိုးဟာ အနိစ္စသဘောနဲ့ ကိစ္စချောပြီးတော့ အရာရာကို လက်မြှောက် အလျှော့ပေးသွားပုံရပါတယ်။ တော်သေးတာက ဒီနေ့ သောကြာဆိုတော့ ပုံမှန်အတိုင်း စတိုင်ဘောင်းဘီမဝတ်ဘဲ ဂျင်းဘောင်းဘီဝတ်လာလို့သာ၊ မဟုတ်ရင် တော်တော်ဒုက္ခရောက်မယ့်ပုံပါဘဲ။
ဒုက္ခရောက်နေတဲ့ ကြားထဲက ကိုပေါရေးတဲ့ ပို့စ်ကို သတိရသွားပြီး မဒမ့်ဆီကို ဖုန်းလှမ်းဆက်လိုက်ပါသေးတယ်။ ငါတော့ ကိုပေါရေးထားသလို တကယ်ကျွတ်ပြီဟေ့လို့ ဟာသလှမ်းလုပ်လိုက်သေးလို့ ဟိုကတခွီးခွီးနဲ့ ရီနေပါသေးတယ်။ ဟိုကပိန်သွားလို့ ဘောင်းဘီတွေ ချောင်ကုန်တာကို အလကာင်္ဖွဲ့ရေးလိုက်တာပါ၊ ကျွန်တော်ကတော့ အဝလွန်ပြီး ဘောင်းဘီမျှော့ကြိုးက လက်မြှောက်ပြီး ကျွတ်သွားတာပါခင်ဗျ။
အိမ်ရောက်လို့ အကျီင်္ဘောင်းဘီလဲတဲ့ အခါမှာတော့ အတွင်းကဘောင်းဘီဟာ သူ့နေရာမှာ သူရှိမနေဘဲ ဇောက်ထိုးဖြစ်နေပါတော့တယ်။ လေ့ကျင့်ခန်းလုပ်မှ ဖြစ်ပါတော့မယ်ဆိုတဲ့ အကြောင်း မိတ်ဆွေများကို အကြောင်းကြားအပ်ပါတယ်။ ကျမ်းမာကြပါစေ၊ ရုံးအိမ်သာထဲမှာ ဝမ်းသာအားရ ထိုင်ပြီးမှ စက္ကူလိပ်ကုန်နေတာကို မြင်ရတဲ့ အဖြစ်မျိုးမှ ကင်းဝေးကြပါစေ။
ခက္တာဘဲ။ဒီပိုစ်ကလည်းအပေါ့်က လင့်မှာတက်မလာဘူး. ဘာဖြစ်လို့လဲမသိဘူး ထည့်တော့ထည့်ထားတာဘဲ. အောက်ဆုံးက blog လင့်မှာတော့ပေါ်တယ် စိတ်မှရှိပါန့ ကိုယ်လဲတကယ်နားမလည်ဘူး။
တခုမေးပါရစေ. အပြင်မှာ ရေးပြီးမှ ပိုစ်တင်မဲ့ထဲကိုလာထဲ့ပြီးတင်တာလား အဲသလိုဆို အတက်မြန်တယ။် ဒီအကွက်ထဲမှာဘဲ စာရေးပြီး ဖြည့်ဖြည်းချင်းရေးပြီး တော်တော်ကြာ တော့မှ တင်လိုက်ရင် အဲဒီပိုစ်တွေ ပျောက်သွားတတ်တယ် ကိုယ့်အတွေ့အကြုံကိုပြောတာပါ။ ကိုယ်ကိုယ်တိုင်တောင် အဲသလို လုပ်နေရတယ။် အပြင်မှာရေး. ထည့်ပြီးတာ နဲ့တင်..အဲသလိုဆို တက်တာ မြန်ပတယ်။ ဆိုင်မဆိုင်တော့မသိဘူး သူများတွေ မေးကြည့်ပါဦး
တက်လာမှဖြစ် ..တီဇက်အေ နဲ့မတိမ်းမယီမ်းကြီးဘဲ။ ညက မအိပ်ခင်. အဲလေ. အိပ်ကိုမအိပ်ရသေးပါဘူး.တီဇက်အေကိုဖတ်ပါတယ် ကိုကိုဒီဘီအသစ်ထွက်မှန်းသိရင်လာဖတ်မှာပါ.အ ခုလည်းအသိမနောက်ကျသေးပါဘူးလေ.ဖတ်ရသေးတာပေါ့
ကဲ.လာလေရော့
ခေါင်းစဉ်ကတော့မောင်သာရပါ ဝန်မခံထားပေမဲ့လူတိုင်းသိပါတယ် အားလုံးအချဉ်မဟုတ်ဘူးဆိုတာကိုမှတ်ထားပါ။
လှုပ်ရှားမှု လက်ဆယ်ချောင်းဘဲရှိတယ် ဆိုတာ ကိုတော့လက်မခံနိုင်ဘူး နဲနဲပြင်ပေးပါ။ တို့ဆို ညာဖက်လက် က မောက်ကို ဘဲ ရွေ့ပါတယ။် သိတ်မလိုဘူးလေ။
အတွင်းခံဘောင်းဘီ. ……….သုံးနစ်………..အမလေး မတွေးရဲပါလား။
သူများကို ပြောမဲ့သာပြောတာပါ. ကိုယ့်မနေ့ကအကျီလေးတစ်ထည် မီးပူတိုက်ရင်းနဲ့ပခုံးဆက်က ပြဲသွားပါလေရောလား.တော်ပါသေးရဲ့ လူတွေထဲမှာများဖြစ်ရင် မတွေးဝံ့ဘူး. ဖြစ်ရင်လည်း ကိုယ်က အနေသာကြီးပါ. ပရိသတ်က သာ အမြင်မတော်လို့စိတ်ဆင်းရဲ့မှာပါ။ သိတဲ့အတိုင်း ၁၆ နစ်သမီလေးတွေ ကပြရင်သာ ကြည့်ကောင်းတာ. သက်ကြီးလေဒီများပြလို့ကတော့စိတ်ဆင်းရဲလို့ကိုယ်ကိုတိုင်ကကို မျက်စိလွှဲထားရတဲ့မြင်ကွင်း ကိုမြင်ယောင်ကြည့်မိလို့ပါ။
ောနာက်ဆုံး ဆန်းတနင်းစ် ကိုနားမလည်ဘူး ရုံးအိမ်သာမှာထိုင် ဟုတ်တယ် ထိုင်ချင်နေတုံးထိုင်ရတော့ဝမ်းသာတာပေါ့။ စကူ့မရှိတော့အင်..ဝမ်းနည်းတာပေါ့ အဲဒီတော့ကာ ဒီအကြောင်းအရာကို ဘယ်လိုရှင်းရပါ့မလဲ
မှားပါတယ်
မှားပါတယ်
ကိုပေါ နဲ့ပေါင်းပြီး EXERCISE လုပ်ပါလား PILATE လေးဘာလေး LOL :-E
ဝလို့ ဘောင်းဘီရှာရ ခက်တာလည်း တစ်မျိုးဟုတ်ပေမယ့်။ ကျွန်တော်လည်း ခက်တာပါပဲဗျာ တွေ့လိုက်ရင် medium ပဲတွေ့တယ် small ရှာလို့မရဘူး
ရီရတယ်…လှုပ်ရှားမှုဆိုလို့… လက်ဆယ်ချောင်းပဲ ရှိတယ်ဆိုတာ မှန်ပါ့ရှင်…။ စာဖတ်ရတာ ကောင်းလိုက်တာ… ပြုံးပြီးတော့ပဲ နေရတော့တယ်..။
ဘောင်းဘီဆိုဒ်… ဒါတော့ ပြဿနာဆိုတာ အမှန်ပဲ
ကိုလူပျိုကြီးတို့များ small ရှာတယ်ဆိုပဲ ခက်ထှာ
၁ ထည်ကို ၃ နှစ်တော့ ဝတ်ဖူးပါဘူး
အရပ်ရှည်တာနဲ့ တို့စားချင်တဲ့ ဆေးဘဲဥ စွဲမထည့်ပါနဲ့ ကိုကိုဒီ
ဖတ်ပြီး အားတတ်သွားတယ် တနင်လာနေ့ gym အနော်လည်း ပြေးတော့မယ်။
precaution is better than cure ဆိုလားပဲ ဟိဟိ
ဦးဒီဘီက မ၀ပါဘူးး) အတွင်းခံက ကြာနေတာကိုးဗျ အံ့ပါရဲ့ တထည် ၃ နှစ် အဟီးးးး ကတ်စီးကြီး
သတိထားဦး ရောဂါတွေ ဖြစ်နေဦးမယ် ကြာရင် မသုံးနဲ့လေး)
စလုံးရောက်လူတွေများ ၀လာတာပဲ မြင်နေရတယ် ကျနော်ခါကျတော့ ၀လဲ မ၀တဲ့အပြင် ပိန်သွားလားလို့ ဘယ်လို လုပ်ရပါ့မလဲ
လေးစားလျက်
တောင်ပေါ်သား
တကယ်ကို ထပ်ရယ်မိသေးတယ်…
ကျနော်လည်း အဲသည်လို ဖြစ်ဖူးသဗျ။ အဖော်ရပြီ။ ခါးဆိုက်ကလည်း အတူတူပဲ။ လွန်ခဲ့တဲ့ ဆယ့်သုံးနှစ် မြန်မာပြည်က ထွက်လာကာစကတော့ ခါးဆိုက်က ၃၂ ဗျ။ တနှစ်ကို တလက်မနီးပါး ပျမ်းမျှ တက်လာတာ။… စင်္ကာပူ ဂျီဒီပီ ကျသွားပေမယ့် ကျနော်ကတော့ always growing ပါ… ဟီး။
3 နှစ်တောင်၊ အင်း တစ်ခါတလေတော့လည်း ဟုတ်တယ်ဗျ။ တစ်ချို့ အဝတ်အစားတွေ ဆို နှစ်အတော်ကြာတဲ့ အထိ ဝတ်ချင်သဗျ…ကိုကြီးရေ ဘောင်ဘီ ဆိုဒ်ကြီးတွေ funan မြေအောက်ဆိုင်တွေ မှာရှိတက်တယ်။ အတွင်းခံတော့ ရှိမရှိ မသိဘူးဗျ…
တောင်ပေါ်သားလေး ပိန်မှာပေါ့ ချစ်သူသို့ ကဗျာတွေ ပဲ ရေးပီး ခံစားချက်ပြင်းလွန်းနေလို့ ဖြစ်မှာပေါ့့
မွေ့ယာပေါ်ကရော ပြုတ်ကျသေးလား
သြော်…. ဝ သူအချင်းချင်း အားပေးဖေးကူနေလိုက်ကြတာ…..။
=-X =-X =-X
Comment ဘယ်လိုပေးရမလဲတောင်မသိတော့ဘူး ရီဘဲရီချင်နေလို့း)
ပိန်သွားတယ်ဆိုတော့ တစ်နေရာရာမှာ အားတွေသုံးလိုက်လို့ များလား ……………….. =-X =-X =-X
SUMO size so many at japan…8L…
ဘုရား ဘုရား ဆူမိုဆိုဒ်တော့ မဝတ်ပါရစေနဲ့ ခင်ညာ =-X
ဟား ဟား ဟား။ (ရီဖို့ အားရှိသွားပြီ။) တူညား အမတော်ဘုရားက ဘွားဘွားတို့ ၀တ်နေကျ အင်္ကျီဆိုက်ကြီးတွေ ထည့်ပေးလိုက်တယ်။ ကြောက်ရတော့ဘူး။


*DONT_KNOW*
အမကွမ်က အရှည်ကြီးမန့်သွားတယ်။ ပို့စ် နှစ်ပုဒ်စာ တစ်ခါတည်း ဖတ်သွားရသလိုပဲ။ ကောင်းလိုက်တာဗျာ။
ပိန်ဖို့တော့ မမျှော်လင့်တော့ဘူး။ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အ၀တ်အစားဆိုက်ပဲ ပြောင်းလိုက်တော့မယ်။
အသက်ကလေးရလာတော့ ၀တာလေး လေ့ကျင့်ခန်းနဲ့လျော့ပါစေ။ ဘာလော့ဂင်း ကိုသာလျော့ အချိန်တွေ ပိုထွက်လာပါမည်။ ရန်ကုန်ကထွက်လာတော့ ၃၃… ကျောင်းပြီးချိန် ၃၂… အလုပ်လုပ်ပြီး ၂ နှစ်လောက်လည်းကြာ ၃၅… လေ့ကျင့်ခန်းလုပ် ၀ိတ်လျော့ ၃၂… လေ့ကျင့်ခန်းမလုပ် ၁နှစ်ခန့်အကြာ ၃၄…
ခါး ၄၂ ဆိုတော့ လျှော့ရတော့မှာပေါ့။ မဒမ်က အစားကောင်းတွေ နေ့တိုင်း ချက်ကျွေးပုံရတယ်။ နောက်မှ လက်တို့မေးကြည့်ရမယ်။
ကြောက်ကြောက်နဲ့ ဖတ်ရင်း အဆုံးမှာတော့ တခွီးခွီး ရယ်မောသွားပါကြောင်း…
မအားးးးးးးးလို့ ခုမှ ဖတ်လိုက်ရတယ်၊ ဟိုနေ့က ပြောရင် တခါထဲ ကိုကို ရော ပျိုပျို ရောအတွက် အသစ် လိုက်ဝယ်ပေးပါတယ်တော် ၊ ခုတော့ ၃နှစ်တဲ့ ခွိခွိ
ဘယ်လိုပြောရမလဲပေါ့နော်… လက်ဆယ်ချောင်းတည်း လှုပ်ရှားတယ်ဆိုတာပေါ့နော်.. မယုံဘူးပေါ့နော်.. တခြားလှုပ်ရှားတတ်တာ တစ်ခုခုများကျန်နေမလား ပေါ့နော်… တွေးမိတယ်ပေါ့နော်… ဘာရယ်ညာရယ် မဟုတ်ပါဘူးပေါ့နော်… ခါးဆိုဒ်ကြောင့် မျှော့ကြိုးပြုတ်တာပဲ ဖြစ်ပါစေပေါ့နော်.. ပရီတ်သတ်ကို လှည့်ကွက်တွေတော့ မလုပ်နဲ့ပေါ့နော်….
အီးးးးးးး သုံးနှစ် =-O မတွေးရဲစရာပါလား….
အော် သူတို့ကျတော့လဲ ဘောင်းဘီ မျှော့ချောင်တာတောင် ပို့စ် ဖြစ်တယ်
ကိုပေါ post ထဲကလိုရောဂါရှိရင် မတွေးရဲစရာဘဲ :-[ =-X *DONT_KNOW*
ကိုကိုဒီဘီ
ဝတာတစ်ခုကောင်းတာတော့ရှိတယ် G2000 discount ချရင် ပုံမှန် size တွေက အကုန်မြန်တယ် size ကြီးတွေက ကြိုက်သလောက်ရွေး
ကိုကိုဒီဘီနဲ့ ကိုလူပျို ကိုဆောင်းကိုတို့ကို ရောပြီးသကာလ ၃ နဲ့ပြန်စားပါ
ခင်မင်စွာဖြင့်
သီဟသစ်
သီဟသစ်တောင် ဒီတစ်ခါနောက်ကျတယ် လာဖတ်တာ။
ရုံးပေါ်မှာလည်း ပြီးခဲ့တဲ့ အပတ်က လာစစ်တယ် .. ဟိုပေါ်ဒီပေါ် ဖြစ်မှာစိုးလို့ မသွားဘူး (ရောဂါပြောတာပါ)း)
မမကွမ်ကွန့်မန့်လေးကလည်း ရယ်ရတယ်
ဦးလေး…စိတ်မညစ်နဲ့
ပိန်သွားအောင် လုပ်တဲ့လျှို့ဝှက်နည်းလေးရှိတယ်။
ဘူ…မှ မသိအောင်ပြောပြမယ်။
လာခဲ့း)
ရုံးမှာ ဖတ်ရင်း တခွီခွီရီနေလို့ ဘေးက ဂျပန်မလေး ခဏခဏ လှည့်ကြည့်တယ်.. ရုပ်တည်လေးနဲ့ အသားလေး ဆက်ဖတ်ရတယ်..
ခါး ၄၂ ဆိုတော့ အတော်ဝတာပဲ.. အမ အမျိုးသားလည်း ၀တယ်.. သူလည်း ကိုယ်လက်လှုပ်ရှားမှု ဘာမှ မရှိဘူး.. ဘယ်သွားသွား စက်ဘီးလေးနဲ့ပဲ သွားချင်တယ်.. လမ်းလျှောက်ဖို့ဆို တီ ဆားနဲ့တို့သလိုပဲ အင်မတန် ကြောက်တယ်.. တခါတလေ အမက ရွဲ့ပြီးတော့ သူ့နှိပ်ပေးမယ်ဆို လက်ချောင်းလေးတွေပဲ ရွေးနှိပ်ပေးတယ်.. ဂိမ်းဆော့နေတော့ ကိုယ်ခန္ဓာက မပင်ပန်းဘူးလေ.. လက်လေးတွေပဲ ပင်ပန်းတာလို့ပြောပြီး ရွဲ့နှိပ်ပေးတာ.. သူ့ဘောင်းဘီတွေလည်း ရန်ကုန်ပဲ ပြန်မှာရတာ.. ရုံးဝတ်ဘောင်းဘီက စက်ချုပ်ဆိုင်မှာ တကူးတက သွားချုပ်ရတယ်.. ဘယ်လောက်ဝလည်း ခန့်မှန်းကြည့်လို့ ရပြီပေါ့နော်..
ကိုဒီဘီရဲ့ ပို့စ်တွေ မဖတ်ဖြစ်တာ ကြာပြီ.. ဒီတပတ် ပိတ်ရက်မှာ အကုန်စုဖတ်ရမယ်..
.
ဟဟဟ ရယ်ရတယ်။
စတိုင်ပင်ဆိုရင်တော့ ကိုကိုဒီဘီတို့ လမ်းမှာ အရှက်ကွဲပီနော်။