20 years of Anniversary
လွန်ခဲ့သော ၇ နှစ်လောက်ကပေါ့ ဒီဇင်ဘာ ၃၁ ရက်ညနေခင်းတစ်ခုမှာ ကျွန်တော်တို့ရုံးက ဝန်ထမ်းတွေတော်တော်များများဟာ လှုပ်ရွလှုပ်ရွနဲ့ ပျော်နေကြတယ်လေ။ နှစ်စဉ်ကျင်းပမြဲမဟုတ်ပေမယ့် စီးပွားကောင်းရင် ကောင်းသလို ဝန်ထမ်းတွေကို စိတ်အပင်ပန်းပြေစေရာ ခရီးတစ်ခုခုပို့တာတို့ ညစာစားပွဲလုပ်ပေးတာတို့လုပ်ပေးတတ်ပေမယ့် ဒီလိုအစီအစဉ်မလုပ်ပေးတာ ၂ နှစ်လောက်ရှိနေပြီဆိုတော့ တော်တော်များများက အသစ်အဆန်းလိုဖြစ်ပြီး ပျော်ရွှင်နေကြတယ်။ ပိုပြီးပျော်နေကြတာက အဲဒီအချိန်က အတော်လေးခေတ်စားနေတဲ့ ရန်ကုန်မြစ်ထဲ သဘောင်္စီးပြီး ညစာစားရမယ်ဆိုတော့ ပိုပျော်ကြတာပေါ့။ ဟုတ်တယ် သဘောင်္တစ်စီးလုံး တစ်ခေါက်စာငှားပြီး မြစ်ရိုးတစ်လျှောက် အသွားအပြန်စီးရမှာလေဗျာ။
ကျွန်တော်တို့ Analyst Team ကတော့တစ်မျိုးဗျ။ အဲဒီသဘောင်္စီးကြမယ်ဆိုတာထက် ညဘက်အကင်စုကင်စားကြဖို့စီစဉ်ထားတာကို စိတ်ပိုဝင်စားနေကြတယ်။ ဒါနဲ့ မလိုက်တော့ဘူးလိုလိုဖြစ်နေတော့ ကျွန်တော်တို့ မန်နေးဂျင်းက ခင်ဗျားကို သဘောင်္ပေါ်မှာ တာဝန်တစ်ခုပေးစရာရှိတယ် မဖြစ်မနေလိုက်ရမယ်ဆိုတော့ အဖွဲ့သားတွေ အလုပ်များကုန်ကြတယ်။ အစက ကျွန်တော်မလိုက်တော့ရင် အကုန်မလိုက်တော့ဘူးဆိုပြီး ရှိတဲ့ လူလေး ငါး ယောက်လောက်က တိုင်ပင်ထားကြတာလေ။ ခုတော့လိုက်မှရတော့မယ်ဆိုတော့ မိန်းခလေး သုံးယောက်ကလဲ ဘာဝတ်ရင်ကောင်းမလဲ တိုင်ပင်ကုန်ကြပြီ။ ယောကျားလေးနှစ်ယောက်ထဲက တစ်ယောက်ကလဲ အေးအေးဆေးဆေး။ ကျွန်တော်သာ ဘာဝတ်ရမှန်းမသိဖြစ်နေတယ်။ ရုံးလာသလို ပုဆိုးနဲ့ဘဲသွားမယ်ဆိုတော့ အားလုံးဝိုင်းကန့်ကွက်ကြတယ်လေ။ စတိုင်လေးထွားသွားအောင် ဘောင်းဘီဝတ်ပါပေါ့။ ကျွန်တော်အဲဒီအချိန်အထိ ဘောင်းဘီရှည်ကို မဝတ်တတ်သေးဘူး။ အားလုံးကလဲ ဘောင်းဘီဝတ်ကြမယ်ဆိုတော့ ကျွန်တော့်မှာ စိန်ဂေဟာပြေးပြီး စတိုင်ဘောင်းဘီတစ်ထည်နဲ့ ရှုးဖိနပ်တစ်ရံဝယ်ရပါတယ်။ ဒီလိုနဲ့ သဘောင်္ပေါ်ရောက်တယ်ပေါ့ဗျာ တိုတိုပြောကြပါစို့ရဲ့။
အစီအစဉ်များအရ လူကြီးများကလဲ အမြဲပြောနေကြ ကုပ္မဏီအကြောင်းကို ထပ်ပြောပြကြ။ လူတွေကလဲ ဗိုက်တွေ တဂွီဂွီမြည်နေတော့ မြန်မြန်ပြီးပါစေဆုတောင်းကြတာပေါ့။ HR ကလုပ်ပုံပြောပါတယ် စမ်းချောင်း ဂွဈေးနားက ဝက်သားတုတ်ထိုးအသယ်ကို ဗန်းလိုက်ဝယ်ပြီး သဘောင်္ပေါ်ခေါ်လာတယ်လေ လုပ်ပုံက။ ဒီတော့ လူတွေအားလုံးက တုတ်ထိုးကို စိတ်ဝင်စားနေကြပြီ။ ကျွန်တော့်မှာလဲ တာဝန်ပေးမယ်ဆိုပြီးခေါ်လာတာ ခုထိအဲဒီလူကပျောက်နေတော့ ဘီယာလဲ ရဲရဲမသောက်ရဲ ဝီစကီပုလင်းကို မျက်စောင်းတခဲခဲဖြစ်နေရတာပေါ့။ ဒီလိုနဲ့ ဝန်ထမ်းတွေကို ရာထူးတိုးပေးတဲ့ စာကလဲအဲဒီညမှသာပေးတတ်လေတော့ အချိန်တစ်ခုမှာ အဲဒီအစီအစဉ်ရောက်ပါလေရော။ တိုတိုပြောရရင် ကျွန်တော်အဲဒီညက မန်နေဂျာပေါက်စဖြစ်ပါတယ်။ ကျွန်တော့်ကို မလိုက်မှာစိုးလို့ တာဝန်ပေးစရာရှိတယ်ဆိုပြီး ပြောခေါ်လာကြတာပါ။
ကြာတော့လဲ ကြာခဲ့ပါပြီ။ ၂၀၀၆ ခုနှစ်မှာတော့ အဲဒီကုပ္မဏီနဲ့လမ်းခွဲလို့ စင်ကာပူကိုထွက်လာခဲ့ပါတယ်။ ဒီနေ့ညမှာတော့ဖြင့် ပုံမှန်ထက်တစ်လနောက်ကျလို့ ဝန်ထမ်းများညကို လုပ်ဖြစ်ပြန်ပါတယ်။ ကုပ္မဏီတည်ထောင်ခဲ့တာ နှစ် ၂၀ ပြည့်အထိမ်းအမှတ်အနေနဲ့ရော ပေါင်းပြီးတော့ ပွဲကိုကျင်းပခဲ့ပါတယ်။ ဒီညမှာတော့ MICT Park ရဲ့ မြက်ခင်းပြင်မှာဘဲ သူတို့ကျင်းပလိုက်ကြတယ်။ မတိုင်ခင် သုံးရက်လောက်က အရင်က လုပ်ဖေါ်ကိုင်ဖက်တစ်ယောက်က အီးမေးပို့လာတယ်။ ဒီညမှာတော့ဖြင့် ဝန်ထမ်းတွေ ညစာစားပွဲရှိတယ်ဗျာ၊ ညနေ ၆ နာရီကနေ ၈နာရီပါ။ အဲဒါ နိုင်ငံခြားမှာရောက်နေကြသော ဝန်ထမ်းဟောင်းတွေကိုလဲ ပါဝင်စေခြင်လို့ပါ လိုဆိုလာတော့ ကိုယ့်မှာ ရုတ်တရက် ရင်တွေဘာတွေခုန်လို့။ ဟယ် လေယဉ်လက်မှတ်ဝယ်ရမှာနဲ့ အလုပ်သစ်မှာကလဲ ဝင်တာမကြာသေးတော့ ခွင့်ကလဲ ယူလို့ရမှာ မဟုတ်သေးတော့ နှစ်ရက်ထဲပြန်ရမှာလားပေါ့လေ တော်တော် အပြေးအလွှားစဉ်းစားလိုက်ရသေးတယ်။ နောက်တော့ သေချာပြန်ဖတ်ကြည့်တော့မှ သူက Virtual လုပ်ပေးမယ်၊ နိုင်ငံခြားရောက်နေသော ဝန်ထမ်းဟောင်းများနဲ့ အွန်လိုင်းမှာဆုံကြမယ်ဆိုတော့မှ သြော်သွားစရာမလိုဘဲကိုးလို့ နားလည်လိုက်တယ်။ ဒါတောင်တွေးလိုက်မိတာက ကျွန်တော့မှာ Web Cam မရှိဘူးဆိုတော့ ဝယ်ရပြန်ဦးတော့မယ်ပေါ့လေ။ ဒီလိုနဲ့ ဒီနေ့မနက်မှာ မြို့ထဲဘက်ထွက်ရင်းနဲ့ Web Cam တစ်လုံးဝယ်ခဲ့ရပြန်သေးတယ်။ မောင်ဒီဘီတို့က VZO လဲမသုံးဖြစ်ဘူးဆိုတော့ ဘာမှကို မရှိတာပါ။ အလုပ်လာရှာတုန်းက သယ်လာတဲ့ လက်ပ်တော့လေးတစ်လုံးရယ် အင်တာနက်တတ်တုံးက အလကားပေးတဲ့ ပီစီတစ်လုံးရယ် ဒါဘဲရှိပါတယ်။ ခုဆိုရင် တော်တော်လေးဟောင်းနွမ်းနေတဲ့စာရင်းထဲရောက်နေပါပြီ။
ဒီလိုနဲ့ စင်ကာပူကနေကျွန်တော်၊ အင်္ဂလန်ကတစ်ယောက်ရယ် မလေးရှားကတစ်ယောက်ရယ် သုံးယောက်ကတော့ Web Cam နဲ့ဝင်ပြောကြဖို့ ဂတိပေးထားကြပါတယ်။ တစ်ချို့လဲ နီးစပ်ရာကနေ သတင်းရပြီး အင်တာနက်လိပ်စာသိတဲ့ လူများကလဲ Live Chat ထဲဝင်လာကြပါသေးတယ်။ စင်ကာပူကနောက်တစ်ယောက်ကလဲ စီးတီးဟောကနေ ဝင်လာပါသေးတယ် သူကတော့ ခဏဲဘဲပြောနိုင်ပြီး ဆိုင်ပိတ်မယ်ဆိုလို့ ဆန့်ငင်ငင်နဲ့ ပြန်သွားရပါတယ်။ ကျွန်တော်တို့ ဆရာဦးတင်ဝင်းအောင်နဲ့လဲ သေသေချာချာ စကားပြောလိုက်ရတယ်။ ဟိုကပွဲလုပ်နေတာကို ကျွန်တော်တို့ကို Live ကြည့်ခိုင်းထားသလိုတောင်ဖြစ်နေသေးတယ်။ သူတို့ကပွဲတွေလုပ် ကျွန်တော်တို့ အွန်လိုင်းက သုံးယောက်က စကားတွေထိုင်ပြောနဲ့ တော်တော်ဟုတ်နေတာ။ ဆရာပြောတာတစ်ခုရှိတယ် ကျွန်တော်တို့ ကုပ္မဏီဝန်ထမ်းတွေဟာတဲ့ တစ်လှေထဲစီး ခရီးသွားတွေပေါ့ဗျာ လှိုင်းလေတွေ တွေ့လဲ အတူတူ ညီညီညွတ်ညွတ် ပူးပေါင်းလှော်ခတ်သွားရမယ်ပေါ့။ အဲဒီအိုင်ဒီယာလေးနဲ့ Staff Night လုပ်တိုင်း သီချင်းဆိုကြရင် Rod Stewart ရဲ့ Sailing ဆိုတာကို အမြဲဆိုရတယ်။ ဝန်ထမ်းတွေအားလုံးနဲ့ သံပြိုင်ဆိုကြတာနော်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကြက်သီမွှေးညှင်းတွေတော့ ထကုန်တာဘဲ။ ဒါနဲ့ဒီညမှာ သူတို့သီချင်းတွေဆိုကြတော့ ကျွန်တော်က အဲဒီသီချင်းမဆိုကြဘူးလားလို့ မေးလိုက်တော့ တစ်ခေါက်ဆိုပြီးသွားကြပြီတဲ့။ ဟုတ်တယ်ဗျ ကြားထဲမှာ ကျွန်တော်တို့ ကွန်နက်ရှင်းပြတ်ပြီး နာရီဝက်လောက် အဆက်အသွယ်ပြတ်လိုက်သေးတယ်လေ။ ဘယ်ကဖြစ်လဲတော့ မသိဘူး ဘယ်သူ့မှကိုမမြင်ရတော့တာနဲ့ ကျွန်တော်တို့လဲ ခဏခဏဝင်ဝင်ကြည့်ပြီး ပြန်တက်လာမယ့် အချိန်ကိုစောင့်နေကြရတယ်။ ဒီလိုနဲ့ ပြန်အဆက်အသွယ်အရမှာ မေးကြည့်တာပါ။ ဆရာက ကျွန်တော်တို့ အွန်လိုင်းက လူတွေ မပါလိုက်ရဘူးဆိုပြီး တစ်ခေါက်ပြန်ဆိုကြမယ်ဆိုလို့ သူတို့ သံပြိုင်ဆိုတာလေး နားထောင်လိုက်ရသေးတယ်။ ဟုတ်ကဲ့ ကြက်သီးမွေးညှင်း ထပါသေးတယ်။ ကျွန်တော်သံယောဇဉ်မပြတ်သေးဘူးထင်တယ်။ တနည်းအားဖြင့် ကျွန်တော်လဲ သူတို့မပါတဲ့ အခြားသဘောင်္ပေါ်မှာ ရွက်လွှင့်နေရသေးတယ်မဟုတ်လားဗျာ။ ခုချိန်ဟာ လှိုင်းလေတွေ ထန်နေတဲ့ အချိန်လို့လဲ ပြောရင်ရနိုင်တာဘဲမဟုတ်လား။ သဘောင်္မှောက်တဲ့သူ ရွက်တွေပြတ်ကုန်တဲ့သူတွေများနေတဲ့အချိန်မှာ ကျွန်တော်လဲအားရှိသွားအောင် သူတို့နဲ့အတူ လိုက်ဆိုဖြစ်လိုက်ပါသေးတယ်။
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
ဘော်ဒါတို့လဲ ခံစားကြည့်ဦးမလား။
တခြားဖတ်နိုင်တာ : သက်တမ်းရင့်ညနေတစ်ခု (အိမ်မက်ရှင်)