ခေါင်းစဉ်မဲ့
တရုတ်နှစ်ကူးကျော်ပြီးကတည်းက အလုပ်များလာလိုက်တာ ခုရက်ပိုင်းမှာတော့ တော်တော် အမြင့်ဆုံးကိုရောက်သွားပြီ။ လူလဲခံနိုင်ရည် ရှိသလောက်လုပ်လိုက်ဦးမယ် ဆိုပြီးတော့ကာ အားတင်းပြီးလုပ်နေတာပါဘဲ။ ဒီလိုအလုပ်များလာတော့ ငါအရင်အလုပ်ကလေးမှာ ထိုင်နေကောင်းသားလို့တောင် တွေးမိလာတယ်။ အလုပ်သစ်ပြောင်းတော့ ကိုယ်ကလူသစ်ပြန်ဖြစ်ပြီးတော့ အားလုံးရဲ့ စောင့်ကြည့်မှုတွေအောက်မှာ နေသားကျအောင် ယုံကြည့်မှုတွေရလာအောင် ပြန်လုပ်နေရတယ်ပေါ့။
တကယ်လည်း အရင်အလုပ်ကလေးကို ပြန်လွမ်းပါတယ်။ ဟိုမှာဆို အေးအေးဆေးဆေးဘဲ။ ဘလော့လဲရေးလို့ရတယ် ကိုယ့်အထက်မှာလဲ အများကြီးမရှိတော့ လုပ်ပိုင်ခွင့်တော်တော်ရတယ်။ ခုအလုပ်လား ကိုယ့်နောက်မှာ တစ်ယောက်ဘဲ ရှိပြီး အကုန်လုံးကိုယ့်အထက်မှာချည်းဘဲ။ အားလုံးက လက်ညှိုးလာထိုးမည့်လူတွေချည်းပေါ့။ နို့ ဘာကြောင့်ပြောင်းသေးလဲဆိုတော့ အင်း … ပြောင်းချင်လို့ပေါ့လေလို့ ပြန်ဖြေရတော့မှာဘဲ။ ဒီတော့လဲ ဘာလာလာလက်ခံရမှာပေါ့နော်။ အလုပ်များချက်ကတော့ နှစ်ပါတ်လောက်ရှိပြီ ဆက်တိုက်တွန်းလုပ်နေရတာ။ ကြံဖန်ဂုဏ်ယူရမယ်ဆိုရင်တော့ အလုပ်များတာဘဲ ဂုဏ်ယူနေရမည့် အချိန်မဟုတ်ပေဘူးလား။ သို့ပေသည့် ဒါဏ်မခံနိုင်တော့ဘူး။ ဒီနေ့တော့ ခံနိုင်ရည်နောက်ဆုံးဘဲလားလို့တောင် တွေးမိလာတယ်။ အစည်းအဝေးလုပ်ရင်း လူကမူးနောက်နောက်ဖြစ်လာတယ်။ ညတွေအိမ်ပြန်နောက်ကျနေတာ နှစ်ပါတ်ရှိနေပြီ။ အိမ်ရောက်ရင် စိတ်ပြေလက်ပျောက် ဘလော့လည်ရသေးတယ်။ မရေးတာကြာလို့ ဟိုဟိုဒီဒီကလဲ ပြောကုန်ကြပြီ။
လူကစိတ်ညစ်တော့ ဗမာပြည်မှာ နေထိုင်ခဲ့ရတာကို ပြန်ပြန်သတိရနေတယ်။ ရန်ကုန်မှာဆို မနက်ဆို ၉ နာရီမှ ရုံးရောက်လို့ရတယ်။ ညနေ ၅ နာရီဆို ပြန်ကုန်ကြပြီ။ နေ့လည် ၃ နာရီလောက်ဆို လဘက်ရည်သောက်ဆိုပြီး ဆင်းကြသေးတာ။ အလုပ်လား လုပ်တာပေါ့။ သို့သော် ဒီမှာလို ဘက်စုံလုပ်စရာမလိုတော့ တော်တော်ဝန်ပေါ့တာကလား။ ခုအလုပ်များနေတော့ အိမ်ရောက်ရင်လဲ ဘာမှသေချာ မစားနိုင်ဘူး။ နေ့လည်စာ စားလဲ သေသေချာချာမစားဖြစ်ဘူး။ မျက်စိထဲဝင်လာတဲ့ဟာ လက်ညှိုးထိုးပြီး ပြီးပြီးရော စားတယ်။ စားနေတုန်းလဲ အလုပ်ဘဲတွေးနေမိတော့ အရသာလဲ မတွေ့မိပါဘူး။ ဂိထောင်က အာလူးထမင်းလေး သတိရတယ်၊ လဘက်ထမင်းလေး သတိရတယ်။ လဘက်ရည်ကျဆိမ့် တိုင်ကီကိုသတိရတယ်။ တာကော လို့ခေါ်ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုသတိရတယ်။ လမ်းထဲကိုယ်ဝင်လာရင် ခုန်ခုန်တက်တဲ့ ကွားကွားလို့ခေါ်တဲ့ ခွေးကလေးကို သတိရတယ်။
စိတ်ထဲရုတ်တရက်ဝင်လာတာက ငါဘယ်လောက်အချိန်အထိ ဒါတွေလုပ်နေရမှာလဲ အထိပါတွေးမိလာတယ်။ တကယ်ဆိုငြီးငွေ့လာပြီ။ တနေ့တနေ့ရေးလိုက်ရတဲ့ ပရိုဂရမ်တွေ ပြင်လိုက်စစ်လိုက်ရေးလိုက်နဲ့ အနီရောင်လိုင်းတွေ ခဏခဏမြင်နေရတော့ လူကအနီရောင်မမြင်ချင်တော့ဘူးဖြစ်လာတယ်၊ တစ်ရက်ပေါ့ စိတ်ရှုတ်လို့ ခေါင်းမော့ပြီးလေကိုတစ်ဝကြီးရှုလိုက်တယ် ခေါင်းကအပေါ်မော့ကြည့်သလိုဖြစ်သွားတော့ အစိမ်းရောင်ဆိုင်းဘုတ်တစ်ခုကို မြင်သွားတယ်။ အရင်ကသတိမထားမိတာလေးက ခုတော်တော်ကြည့်လို့ကောင်းနေတယ်။ ဘာမှမဟုတ်ပါဘူး တခါးပေါက်ကို သွားနိုင်ဖို့အတွက် ထွက်ပေါက်လို့ရေးထားတာလေးပါ။ အစိမ်ရောင်လေးပါတော့ တော်တော်ကြည့်လို့ကောင်းတယ်။ ဒါငါ့ကို လမ်းပြနေတာလားလို့တောင် ပေါက်ပေါက်ရှာရှာတွေးလိုက်မိသေးတယ်။
ကိုပေါကတခါရေးဘူးတယ် ဧရာဝတီမြစ်ထဲမှာ လှေပြန်လှော်ချင်တယ်တဲ့၊ ကျွန်တော်တော့ လောလောဆယ် အိပ်ရေးမဝတာရယ် ပင်ပန်းနေတာရယ်နဲ့ လောလောဆယ်ဖြစ်ချင်နေတဲ့ ဆန္ဒကတော့ အညာမှာရှိတဲ့ အဖွားအိမ်ဝင်းထဲက တမာပင်အောက်ကကွတ်ပြစ်မှာ မောင်မောင်ဇာ ကာတွန်းဖတ်ပြီး အိပ်ချင်တယ်။ စိတ်ရှုတ်တယ်ဆို ဂယောက်ဂယက်ဖြစ်လာတယ်လား မသိဘူး။ အဖေတို့ဆီကို ဘာအကြောင်းမှမရှိဘဲ ကြားရက်မှာ (ဆက်နေကြရက်မဟုတ်ဘဲ) ဖုန်းဆက်တယ်။ ကံဆိုးတယ် ခေါ်မရဘူး။ ခေါ်မရဘူးနဲ့ ဖုန်းကဒ်စားသွားတယ် ကုန်ရော။
စိတ်ရှုတ်တယ် စိတ်ရှုတ်တယ်နဲ့ ရုံးမှာမနေနိုင်တော့လောက်အောင် ပင်ပန်းလာပြီဆို အိမ်ထပြန်လာတယ်။ လမ်းမှာလဲ ဘာမှမခံစားနိုင်တော့ဘူး။ တနေ့ကတော့ ညီမတစ်ယောက်နဲ့ဖုန်းပြောဖြစ်တော့ ငါ့ကွယ် ပင်ပန်းလိုက်တာ ရန်ကုန်ပြန်ပြီး ဝက်သားဒုတ်ထိုးရောင်းစားရကောင်းမလားလို့တောင် တွေးမိတယ်လို့ပြောတော့ သူကရီတယ်။ နောက်နေတယ်လို့သူကထင်နေတယ်။ ဒီလိုညစ်နေတုန်း တစ်ရက် အိမ်ကိုလမ်းလျှောက်ပြန်လာတုန်း မျက်နှာချင်းဆိုင်က မိန်းခလေးတစ်ယောက် အိုင်ပေါ့လေးနားထောင်ပြီး လာနေတယ်။ ပါးစပ်ကလဲ လှုပ်ရွလှုပ်ရွနဲ့ဆိုတော့ သီချင်းညည်းလာပုံရပါတယ်။ အနားလည်းရောက်လာရော သူဆိုနေတာ ကြားလိုက်ရတယ်။ မေဆွိသီချင်းပေါ့ဗျာ .. ဘာတဲ့ "စိတ်ညစ်ရင်ဂီတာ တီးပါလားကိုကိုရယ်" တဲ့လေ။ ရုတ်တရက် ငါ့များစောင်းဆိုသွားသလား တွေးလိုက်မိသေးတယ်။ ကိုယ်ကလဲ စိတ်ညစ်နေတာ မဟုတ်လား။
တို့အမိနိုင်ငံရဲ့ ကောင်းတဲ့အချက်တွေလာမပြောနဲ့နော် ဒီမှာလည်း Paper တွေပိနေလို့ ငိုချင်နေတာ ကိုဒီဘီကမှ ညအိပ်ရသေးတယ် ကျွန်တော်ညလည်း ကောင်းကောင်းမအိပ်ရဘူးဗျ ဟင့် ငိုချင်တယ်။
စိတ်ဖိစီးမှု သိပ်မမြင့်ခင် စိတ်ပြေလက်ပျောက် တနေရာရာ သွားလိုက်ပါလား… တနင်္ဂနွေနေ့ လိုမျိုး တစ်ရက်လုံး အိပ်ရေး၀၀ အိပ်ပြီး ကွန်ပြူတာ မကိုင်ပါနဲ့ (အလုပ်က ကွန်ပြူတာ ကိုင်ရလို့ ပြောတာပါ).. တို့တော့ အဲ့သလို ဖြစ်လာရင် တယောက်ထဲ ထွက်သွားပြီး ခရီးထွက်နေသလိုမျိုး တိုးရစ်ဟန်ဆောင် လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး လူတွေ လျှောက်ငေးတယ်… တကယ်ခရီးထွက်ဖို့က အချိန်ယူရသေးတယ်လေ..
သူက ကျောင်းအိပ် ကျောင်းစားနေပြီးတော့များ။ မငိုပါနဲ့ အလုပ်တွေပြီးရင် ဘီယာတွယ်ကြတာပေါ့။
အိပ်မယ် အားခဲထားတယ်။ အလုပ်တွေပြီးလို့ကတော့ သေချာကို အိပ်ပစ်ဦးမှာ။ ခုလိုလာပြီး အားပေးသွားတာ ကျေးဇူးတင်ပါတယ်။ စိတ်ထွက်ပေါက်အနေနဲ့ ရေးတင်လိုက်တာ။
take care sayar.
don’t let it get you. i know you can do it.
u have a good heart and pure soul.
but take care of ur health too.
diet if u must.
hunger can give u an edge over others
အပိုင်း ၄၀ က စပြီကိုး
အားပေးနေပါဒယ်။
ရှေ့ကကောင်မလေး က စလုံးများလား။ အေးချမ်းလိုက်တာနော်လို့စဉ်းစာေးနတုံး သူက မြန်မာလိုပြောသွားတာကိုး။
စိတ်လျော့ပါစလေ. မလျော့နိုင်ရင် ထိခိုက်ပြီး အလုပ်ထွက်ချင်စိတ်ပေါက်သွားရင် မကောင်းဘူး။
ရန်ကုန်တုံးက ၈ နာရုံတက်တယ်။ ၁၀ နာရီလောက်ဝါသနာပါရင် မုန့်ဆင်းစားလို့ရတယ်။ ၁၂ ကနေ ၂ အထိအားတယ။် သုံးလောက်မှာဝါသနာပါရင် လဘက်ရည်သောက်လို့ရသေး သုံနာရီခဲခွဲဆို လက်ဆေးပြီး ၄ နာရီကို စောင့်တယ။်
အဲ..ငါပြောနေတာတွေ ယဲုကြပါ့မလားမသိ. ဟုတ်ကောဟုတ်ရဲ့လား ကိုယ့်ဘာသာ သံသယဖြစ်လာမယ။်
မရေးတာ ဘယ်လိုမှ သဘောမထားနဲ့ နောက်တာ အသက်ရှိသေးရင်ပြီးတာဘဲ
အခုလာဖတ်တာ အခွေပြိုင်မထွက်လို့ နဲနဲ ရှည်ရှည် ရေးမိသွားတယ။် စကားနည်းပေမဲ့ လက်ကတော့မနည်းဘးးရှင့် အပြင်မှာတော့ စကားမပြောဘူး။
စောစော ကလာရေးသွားတာဘယ်ူလဲ ပြော။
အရီးကွန်ဘဲ သိတာပေါ့ .. ငှဲငှဲ ထရိတ်မတ်ခ် စာလုံးပေါင်းက ဘယ်လိုမှ သူများတုလို့ မရဘူး။
အသက်တော့ရှိသေးတယ်ဗျ။ အခွေပြိုင်က ညကထည်းကထွက်နေတာ။ အရီးကွန်ရဲ့ စာရင်းထဲမှာ လာမပေါ်လို့ မသိတာဖြစ်မယ်။ ကျွန်တော် သွားသွားချောင်းတာ မပေါ်ဘူး။ စာမရေးလို့ ဖြုတ်ထားပုံရတယ်။ ဟုတ်တယ် မဟုတ်လား ပြော ခုပြော။
bro. DBA ကြီး။ အနီလိုင်းပေါ်ကနေ အစိမ်းလိုင်းဘက် ပြောင်းနေကြည့်ပါလားဗျ။ ဘာရယ်ဟုတ်ပါဘူး၊ အနီလိုင်းတွေကို မမြင်ချင်တော့ဘူးဆိုလို့
စိတ်ညစ်ရင် ဘီယာသောက်ပါလား ကိုကိုရယ်။
btw, I can’t see mm text from comments. (with Chrome).
ခုတော့ လဘက်ရည်သောက်သွားနော် ။
စာရင်းထဲက မဖြူတါပဘူး ဟိုနေ့ကလဲ ယုဝရီ ကွန်ကလိန့်လာလုပ်တယ။် သူ့ ပိုစ် မပေါ့်ဘူးဆိုပြီ။ အခု ဆိုးတာက ကိုယ့်ပိုစ်ပါ မပေါ်ဘူး သူများပိုစ်တွေတော့တက်နေသား ။ အားလုံးကို မဖြူတ်ပါ။ ထပ်ထည့်စာရင်းသာရှိသည်။ ဖျက်စာရင်းမရှိပါ။
ဆရာမ ကျေးဇူးပါ။
=-O
အကိုရေ
မက်ဆီကန်တံငါသည် ဇာတ်လမ်းလေးကိုပဲ သတိရမိပါတယ်ဗျာ။
ပင်လယ်ပြာနှင့် တံငါအို ကိုပြောတာလား ကိုတောင်ငူသား။ အဲဒါတော့ ငယ်ငယ်ထဲက ဖတ်ပြီးကြိုက်ခဲ့ဖူးတယ်။
တိုကကတော့ ပင်လယ်အိုနဲ့ တံငါပြာပဲ သိတယ်….
ကျန်တော် ကတော်စိတ်ညစ်ရင် ဦးဒီဘီဘလော့ဆီ လာလည်တော့မယ် စိတ်ညစ်သာကိုတောင် ရီစရာဖြစ်အောင်ရေးနိုင်တယ် အခုတောင်တော်တော်ရီချင်နေပြီး ဟီးဟီးဟီး