တို့ကလဲ ရွှေပါဘဲ

တစ်နေ့သော နေသာရက် စနေရုံးပိတ်ရက်တစ်ရက်တွင် ကျွန်ုပ်မောင်ဒီဘီသည် ရန်ကုန်ပြန်မည့် အသိတစ်ယောက်အား ဆုံတွေ့ရန်အလို့ငှာလည်းကောင်း၊ မဂ္ဂဇင်း ဂျာနယ်စာအုပ်များ ဝယ်နိုင်ရန်အလို့ငှာလည်းကောင်း  စီးတီးဟောရှိ မြန်မာဆိုင်တစ်ဆိုင်တွင် ချိန်းဆိုထားသည်ကို တွေ့ရန်သွားရလေသည်။ နေ့လည်စာထမင်းစားသောက်၊ လဘက်ရည်သောက် လေပွား ရှေးဟောင်းနှောင်းဖြစ်များ ပြောဆိုကြလေ၏။ အချိန်တစ်နာရီခန့် စကားပြောဆို၍ အားရကြသောအခါ လူချင်းခွဲကြ၍ ကျွန်ုပ်လည်း အလိုရှိသော မဂ္ဂဇင်း ဂျာနယ်များ ဝယ်၍ အိမ်သို့ပြန်ရန်အလို့ငှာ ဘူတာရုံသို့ဆင်းရလေ၏။

ဘူတာရုံတွင်ကား လူများ များပြားလှသည်မှာ ကြက်ပျံမကျ၊ ငှက်ပျံမကြ၊ ဆီဈေးပြန်မကျ၊ ဆန်ဈေးပြန်မကျ (အဲလေ) လူများ များပြားလှပေသည်။ ကျွန်ုပ်လည်း အနီလိုင်းစီးမည့်ဘက်တွင် အသာရပ်ကာ တန်းစီရလေသည်။ ရထားလာသောအခါ အသီးသီး အသက ထိုင်စရာနေရာရရန်အလို့ငှာ နေရာယူနေသော လူများနှင့်လွတ်စေရန်ကိုလည်း သတိထားကာ ရှောင်ရှားရလေ၏။ တချို့များကြတော့လည်း မောင်ဒီဘီတို့ ရန်ကုန်တွင် အင်းစိန်ကား ပတ်စီးသလိုပင် မရင်နာဘေးသို့ အရင်စီးကြလေသည်။ ထိုမှတဖန်ပြန်ထွက်သော ရထားကိုမှ ထိုင်စရာနေရာ အငြိမ့်သားဖြင့်စီးနိုင်ကြလေသည်။

သို့ဖြင့်ရထားလာသောအခါ မောင်ဒီဘီလည်း လူအုပ်စုကြီးဖြင့် အထဲသို့ မနဲပါနိုင်အောင် လိုက်ပါရလေ၏။ ထို့နောက် သင့်တင့်သော နေရာတစ်ခုတွင် အသာရပ်ပြီးနေရာယူရလေ၏။ ရထားပေါ်သို့အတက်တွင် နေရာရရန်ကိုအလွန်စိတ်ဝင်စားကြသည်မှာ အသက်အရွယ်ကြီးသော အဖိုးအဖွားကြီးများပြီးလျှင် နိုင်ငံခြားသားများထဲတွင် ဘင်္ဂလားကုလားများ ဖြစ်ကြလေသည်။ အနှီဘင်္ဂလားကုလားများသည် စကားပြောလျှင်လည်း အလွန်ကျယ်လောင်စွာပြော၍ နေရာတစ်ခုတွေ့လျှင်လည်း မိန်းခလေးများနှင့် ယှဉ်ကာလုထိုင်ရန် ဝန်မလေးကြောင်းကိုလည်း သတိထားမိလေသည်။ မောင်ဒီဘီလိုက်ပါလာသော တွဲတွင် မောင်ဒီဘီရပ်နေသော နေရာနားတွင် ရထားပေါ်တက်ကြသော လူများထဲမှ မိန်းခလေးနှစ်ယောက်နှင့် ကုလားလေးတစ်ယောက်တို့ ပါလာကြလေသည်။ တွဲပေါ်ရောက်သောအခါ မိန်းခလေးနှစ်ယောက်ထဲမှ တစ်ယောက်သာနေရာရ၍ သူ့ဘေးတွင် နေရာအလုကောင်းသော ကုလားလေးတို့ထိုင်ရလေသည်။ မောင်ဒီဘီလည်း သူတို့အနားတွင်ရပ်စရာရလေ၏။

ခဏနေသောအခါ ဘေးတွင်ရပ်နေသော မိန်းခလေးထံမှ မကျေနပ်သံစကားထွက်လာလေ၏။ သူတို့မိန်းခလေးအချင်းချင်း ပြောနေကြတာဖြစ်ပါသည်။ အကြောင်းအရာမှာကား အနှီကုလားမှာ မိန်းခလေးကို ဦးစားမပေးဘဲ နေရာလုထိုင်ကြောင်း၊ မကျေမနပ်ဖြင့် ဘာကုလား ညာကုလား စသဖြင့် အကြီးအကျယ် အတင်းတုတ်ကြလေ၏။ စကားသံထွက်လာ၍သာ မောင်ဒီဘီတို့လူမျိုး ရွှေဗမာမလေးများမှန်းသိရလေသည်။ တချို့မိန်းခလေးများ ဗမာမလေးများဟုပင်မထင်ရ၊ အတော်ပင်ရုပ်ပြောင်းကြလေသည်။ မောင်ဒီဘီလည်း ထိုမိန်းခလေးများ မကျေမနပ်ပြောနေကြသဖြင့် မသိမသာ ဗမာမှန်းမသိအောင် ဟန်ဆောင်ကာ နားထောင်ရလေသည်။

သူရို့သည် ပြောရင်းကလည်း ထိုလူကို မျက်စောင်းထိုးထိုးကြည့်ကာ ရုပ်ကဘယ်လို ဘယ်ညာ စသဖြင့် မပြီးနိုင်မစီးနိုင် အတင်းတုတ်ကြလေသည်။ ထိုလူမှာလည်း ဘာမှမသိသလိုပင် တည်တည်ငြိမ်ငြိမ် သီချင်းလေးနားထောင်ကာ လိုက်ပါလာလေသည်။ ထိုလူတည်ငြိမ်လေ မိန်းခလေးများမှာ အသည်းယားလေဖြစ်နေသလား မသိပါ၊ အမျိုးမျိုး အဖုံဖုံဖြင့် ဘယ်အထိလိုက်မှာလည်းမသိဘူး၊ ဘွန်လေးအထိဆိုလျှင်ဖြင့် သွားပါပြီ၊ ကုလားများ ဘွန်လေးတွင်အနေများသည်ဆိုတော့ ဖြစ်နိုင်ခြေများသည် ဘာညာစသဖြင့် ပြော၍မပြီးနိုင်ရှိကြလေသည်။

သို့ဖြင့်လိုက်ပါလာရင်း ဘူတာတစ်ခုအရောက်တွင် အနှီကုလားလေးမှာ ဆင်းမည့်ဟန်ပြင်သဖြင့် ထိုမိန်းခလေးနှစ်ယောက်မှာ ပြန်လှုပ်ရှားအသက်ဝင်လာပြီး၊ ဆင်းတော့မည့်လူအား နောက်ဆုံးအကြိမ်အနေဖြင့် တဖန်ပြောကြပြန်လေသည်။ ထိုလူမှာ မတ်တတ်ရပ်လိုက်ပြီးမှ ရုတ်တရက် မိန်းခလေးများဘက်သို့လှည့်၍ စကားတစ်ခွန်းပြောလိုက်လေ၏၊ ထိုအခါတွင်မှ ထိုလူ၏နေရာတွင်ထိုင်ရန် အာရုံစိုက်နေသော မိန်းခလေးနှင့် သူ့အဖေါ်မိန်းခလေးတို့မှာ မျက်လုံးများပြူးကျယ်သွားကြလေတော့၏။

ထိုသူပြောလိုက်သော စကားမှာကား .. "ညီမတို့ရယ် ဒီလောက်လဲ မပြောကြပါနဲ့ အစ်ကိုကလည်း ရွှေကုလား ပါဘဲ" ဟူသတည်း။ မောင်ဒီဘီလည်း တိတ်တိတ်ကလေးကျိတ်ရယ်ရပါလေတော့သည်


211 views

6 Responses to တို့ကလဲ ရွှေပါဘဲ

  1. mrdba says:

    #
    kom Says:

    ဒါမျိုးတွေ ဖြစ်နေကြပါလေ…. :P
    Posted on November 24th, 2008 at 1:42 am
    #
    2
    မီယာ Says:

    ဒါကြောင့်နေ့ပြောနောက်ကြည့်လို့ပြောတာ။
    Posted on November 24th, 2008 at 3:47 am
    #
    3
    missthonnthonn Says:

    အဟိ။ …ဒါနဲ့ အကိုရေ.. အရင်ဒီလိုမဟုတ်ပါဘူးနော်။ မနှစ်က ရောက်စမှာ သတိထားမိတာက စင်္ကာပူလူမျိုးတွေများ ရထားအချောင်ကြီး၊ ကားအချောင်ကြီး၊ ခုံနေရာလွတ်တွေ ကိုယ့်ရှေ့တွေ့နေတာတောင် ဝင်မထိုင်ကြဘူးလို့ စိတ်ထဲကြိတ်တွေး နေသေးတာ။ တစ်ခါတစ်လေ လုထိုင်သူတွေ့ရင်တောင် အထူးအဆန်းဖြစ်လို့။ အခု ဘီလိုဖြစ်လဲတော့ မသိ။ ကျပ်ညပ်ပြီး လုထိုင်ကြတာချည်းတွေ့တော့တယ်။ :(
    Posted on November 24th, 2008 at 10:48 am
    #
    4
    ဇနိ Says:

    အဲသလိုတွေလည်း ဖြစ်တတ်ပါတယ်လေ…း)
    Posted on November 24th, 2008 at 7:35 pm
    #
    5
    တောင်ငူသား Says:

    ဟီး ဟီး
    ရယ်ရတယ်ဗျို့။
    ဟိုလူကလဲ စောစောထဲက မပြောဘူး။ တမင်များ ဘာပြောမလဲ သိချင်လို့ထင်တယ်။
    Posted on November 24th, 2008 at 9:57 pm
    #
    6
    AKM Says:

    အဖြစ်အပျက်ကလေးက ဖြစ်လေ့ဖြစ်ထရှိတာလေးပါ အဲဒါကိုအဖွဲ့ အနွဲ့ ကောင်းကောင်းနဲ့ တင်ပြသွားတာဖတ်လို့ ကောင်းပါတယ်။
    Posted on November 25th, 2008 at 8:37 am
    #
    7
    မိုးကြယ် Says:

    အနော်လည်း ရွှေဘဲနော်.. :) … ကောင်းတယ်ဗျို့..
    Posted on November 26th, 2008 at 12:32 am
    #
    8
    exiter Says:

    ကိုဒီဘီကြီးလဲ ပြောလိုက်တာမဟုတ်ဘူး ကျွန်တော်လဲ ရွှေမြန်မာပါပဲလို့..
    ကိုဒီဘီကြီး ကျိတ်ရီနေမှာအမှန်ပဲမလား :P
    Posted on November 28th, 2008 at 2:26 am
    #
    9
    မသက်ဇင် Says:

    တို့ကလဲ ရွှေပါဘဲ
    ပိုစ့်ကောင်းလေးကို လာဖတ်ပါတယ်–
    Posted on November 28th, 2008 at 12:26 pm
    #
    10
    သဉ္ဖာ Says:

    သဉ္ဖာလည်း စင်္ကာပူသွားလည်တုန်းက တစ်ခေါက် ခံရဘူးတယ်။ ရှေ့က မြန်မာ နှစ်ယောက်က သဉ္ဖာ့ကို ကြည့်ပြီး ဒီတရုတ်မက တစ်မျိုးဘဲ ဆိုပြီး ပြောနေကြတာ။ ရထားပေါ်က ဆင်းခါနီးကြတော့ ဘေးက သူငယ်ချင်းကို ရောက်ပြီ ဆင်းမယ် လို့ပြောလိုက်တော့ သူတို့ တော်တော် လန့်သွားတယ်။ အမှန် ကျွန်မလည်း “ရွှေတရုတ်” ပါဘဲလို့ ပြန်ပြောခဲ့ရမှာ.. :D
    Posted on November 28th, 2008 at 2:12 pm
    #
    11
    မောင်ဥပေက္ခာ Says:

    ဟားဟား … မိုက်တယ်ဗျို့ …. အရေးအသားတွေ ရေလည် မိုက်တယ် ….
    Posted on November 28th, 2008 at 4:14 pm
    #
    12
    ပုလုကွေး Says:

    ကိုကြီး ရေ..ရီ၇တယ်ဗျ..ကျတော်တို့လည်း သတိထားမှ..တရုတ်မထင်လို့ အတင်းတုတ်မှ ရွှေတရုတ်မဖြစ်နေအုံးမယ်
    Posted on November 28th, 2008 at 5:21 pm
    #
    13
    ယောနသံစင်ရော် Says:

    ဒါမျိုး တကယ်ကိုကြုံဖူးတယ်.. လန်ဒန်မှာနေခဲ့တုန်းက။ ဈေးသွားဝယ်တာ ဆိုင်ရှင်က မုတ်ဆိတ်နဲ့ကုလားကြီး။ ဈေးမေးပြီးတော့ သူငယ်ချင်းနှစ်ယောက် “ဒီဆိုင်ကလည်း အသာလွတ်ကြီးအမြတ်ကြီးစားတယ်“လို့ပြောနေတုန်း။ ဘေးမှာရပ်နေတဲ့ ကုလားကြီးက “မများပါဘူးကလေးမရယ် ဒါဈေးအမှန်ပါ သိပ်လည်းအမြတ်မတင်ထားပါဘူး“ လို့ပြောလိုက်တော့ မျက်နှာတွေကိုပူလို့။ ဟီးးးးးး
    Posted on November 30th, 2008 at 1:09 pm
    #
    14
    mrdba Says:

    မခင်ဦးမေ

    ဟုတ်ကဲ့ အမကြီး ကုန်ကြမ်းရတုန်း ရေးထည့်လိုက်တာ :P

    မီယာ

    ဟုတ်ပ ကျွန်တော်ဆိုရထားပေါ်ရောက်ရင် ပါတ်ဝန်းကျင်ကိုအရင်လေ့လာတယ်။ဟဲဟဲ အဲလိုကြောက်တာ

    သွန်းသွန်း

    တက်စီခတွေကလဲ ဈေးတက်ကုန်တော့ တော်တော်များများ ရထားဘက်ရောက်လာကြတာလဲပါမယ်ဗျ

    ဇနိ

    ကိုဇနိလား မဇနိလား အနော်က နဲနဲအပါးမဝသေးတော့ မခွဲတတ်သေးဘူး။ လာအားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ

    တောင်ငူသား

    ဟုတ်ပဗျာကျွန်တော်ဖြင့် မျက်နှာပိုးတော်တော်သတ်ထားရတယ်။ ရထားဇတ်လမ်းတွေကတော့ တော်တော်များပါတယ်ဗျာ ဟာသတွေပေါ့။

    AKM

    လာအားပေးသွားတာ ကျေးဇူးတင်ပါသဗျို့။ ဆက်ကြိုးစားပါ့မယ်

    ကမိုးကြယ်

    ဟုတ်ပါ့။ ဟိုနေ့က အိမ်ပြန်ကြတုန်းကလဲ ဘိုဘိုဆင်းသွားပြီးမှ ဘေးမှာထိုင်နေတဲ့လူက ဖုန်းလာလို့ စကားပြောတော့မှ ဗမာမှန်းသိရပြန်သေးတယ်။ ဟီးဟီး။

    Exiter

    ညီညီရေ လာအားပေးသွားတယ်လား။ ကျေးဇူးဗျို့။

    မသက်ဇင်

    ကျေးဇူးအမရေ။ လာဖတ်သွားတာကို

    သဉ္ဇာ

    ဟုတ်ပ ဟုတ်ပ အများကြီးဘဲကျွန်တော်လဲ ကြုံဘူးတယ်။ ပထမတော့ တရုတ်မလေးတွေထင်နေတာ ဖုန်းဝင်လာလို့ စကားပြောကြမှဘဲ ဗမာမှန်းသိရတာ။

    မောင်ဥပေက္ခာ

    ဆြာပီ။ လာအားပေးတာ ကျေးဇူးပါဗျာ။

    ပုလုကွေး

    လာရယ်သွားတယ်လား။ တိုက်လို့ပြီးပြီလား (မီးပူ :P )

    ယောနသံစင်ရော်

    ဟုတ်တယ်အမ ကျွန်တော်လဲ တစ်ခါက ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးအနားမှာထိုင်စကားပြောနေတုန်း တရုတ်လင်မယားဝင်လာလို့။ ဘုန်းဘုန်း တစ်ရုတ်တွေလာတယ်ဘုရားဆိုပြီး နေရာပေးပြီးခါမှ ဟိုက ဗမာလိုပြောကြလို့ မျက်နှာပူရသေးတယ်။ ဟီးဟီး

    Posted on November 30th, 2008 at 2:12 pm
    #
    15
    မိုးမောင်(happycloud) Says:

    ဟား..ဟား.. ရီရတယ်.. မျက်လုံးထဲ ဟို ဗမာမနှစ်ကောင် ဖြစ်သွားတဲ့ မျက်နှာကြီး မှန်းကြည့်မိသဗျာ…။ ရေးချက် မိုက်တယ် ကိုဒီ…

    ခင်မင်လျက်…
    Posted on December 2nd, 2008 at 1:32 pm
    #
    16
    mrdba Says:

    မိုးမောင်

    ခင်မင်လျက်ပါ ကိုမိုးမောင်။ လာအားပေးတာ ကျေးဇူးပါဗျို့

    Posted on December 2nd, 2008 at 7:56 pm
    #
    17
    မိုးကြယ် Says:

    ကိုမျိုးအသစ်လာခြောင်းသဗျို့..
    Posted on December 5th, 2008 at 12:06 am
    #
    18
    box02 Says:

    ကျနော်လည်း စာလာဖက်သွားပါတယ် ခင်ဗျား
    Posted on December 12th, 2008 at 4:47 pm
    #
    19
    မဗေဒါ Says:

    မဗေဒါဆို အဲလို မျက်နှာပူစရာ အဖြစ်တွေ ခဏခဏပြောမိပါ့… ကိုယ်ကလဲ ပါးစပ်ကမြန်မြန်ဆိုတော့.. ငှဲ.. ငှဲ… ဒါပေမဲ့ ကိုဒီဘီ့တင်ပြပုံကောင်းတယ်…
    Posted on December 13th, 2008 at 8:17 am
    #
    20
    စီခရေဇီ Says:

    ဆိုးပါ့ကွာ.. အဟီး.. အဲဒီကောင်မလေးတွေနေရာမှာ စီခရေဇီသာဆို ဒီကောင် ထ ထိုးလောက်တယ်.. ဟီးဟီး
    Posted on December 14th, 2008 at 8:13 pm
    #
    21
    mmhan Says:

    ကုလားခမျာ သနားပါတယ်… အဲ့ဒီ့ အဖြစ်အပျက်မျိုးကိုတော့ ကျွန်တော်တို့ ဘော်ဒါတွေက ကျူဝင်တယ်လို့ ခေါ်တယ်ဗျ.. ဟီး… ဖြစ်ပျက်စုံသိချင်ရင်တော့ အေးဆေး GTalk မှာမေး…
    Posted on December 22nd, 2008 at 3:08 pm
    #
    22
    skyblue.ster Says:

    မိုက်တယ်ဗျာ… အကိုကလဲ… ဆင်းခါနီးမှာ … ငါ့ညီမတို့အတင်းဆက်ပြောကြနော်လို့ပြောဆင်းလိုက်တာဟုတ်ဘူး
    Posted on December 28th, 2008 at 12:05 am

  2. saturngod says:

    ရယ်ရတယ်… :haha
    ရန်အောင်ရုပ်နဲ့ ကိုဝင်းဦးကြီး တော်တော်အရေးအသားကောင်းတယ်….
    စာရေးစားလို့ ရပြီ :P

  3. kom says:

    ထပ်ဖတ်တယ်။မနေ့က မရေးမိလို့

  4. KK says:

    ဒါမျိုး ကျွန်တော့် တော်တော်ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်ဘူးတယ် သူကတော့ ပိုဆိုးတယ် မလေးကုလားလို့ ထင်ပြီး တုတ်တာ ပက်ပက်စက်စက်ပေါ့  ယောကျာ်းချင်းချင်းဆိုတော့  ခုခေတ်ကတော်တော်သတိထားနေရပြီ ရထားပေါ် အတင်းပြောချင်ရင်

  5. wayne says:

    ကုလားတဲ့ဟေ့
    ဟင်းဟင်းဘာမှတ်လဲ

  6.ုkom says:

    blog မှာ ဖတ်ပြီးသာ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook