အားနာလို့ရေးတဲ့စာ

အားနာခြင်းကြီးစွာဖြင့်ဒီစာစုကိုရေးပါတယ်။ အခက်အခဲကတော့ ဒီလိုပါတဲ့။
ယခု ဘလော့တည်ဆောက်ထားသော နေရာမှာ စာမျက်နှာများ အတက်နှေးကွေးသောကြောင့် ဘလော့ဖတ်လာ မိတ်သဟာများ  အချိန်ပိုပေးရခြင်း၊ နောက် ဟိုအော်ဒီအော် အော်ရန် စီဗုံးထားပါဟုခဏခဏပြောကြခြင်း၊ သို့သော်လည်း ဒီနေရာသည် ဘလော့ကို ဟိုပြင်ဒီပြင် ပြင်ရန် အခွင့်မရခြင်း၊ အစရှိသော အကြောင်းပြချက်များဖြင့် ဘလော့နေရာပြောင်းရန် စိတ်ကူးထားသည့် အတိုင်း နေရာသစ်ရှာဖွေခြင်း၊ တန်းပလိတ်များ ရှာဖွေခြင်း၊ သူများမြှောက်ပေးလို့ ဒိုမိန်းနိမ်းပါ ဝယ်ထားလိုက်ခြင်း၊ အစရှိသည်များ လုပ်ကိုင်ပြီးသွားသော အခါ နေရာသစ်တွင် ဘလော့အသစ်ကို ဆောက်ပါတယ်၊ နောက် လက်ရှိနေရာမှာ ရေးထားသော ပို့စ်များကို ရွှေ့ဖို့ကြံရပါတယ်။ အဲဒီအခါမယ် ဒုက္ခတွေ့တော့တာပါဘဲ။


Wrodpress ဖြစ်တဲ့အတွက် ပို့စ်များကို Export လုပ်ပြီး အသစ်နေရာမှာ Import ပြန်လုပ်ပါတယ်။ အဲဒီမှာ ဘာဖြစ်သလဲဆိုတော့ Export လုပ်တာမှာ ပို့စ်အကုန်ပါမလာဘူးဖြစ်နေပါတယ်။ အဲဒါနဲ့ ၁၀ ကြိမ်လောက်စမ်းကြည့်တဲ့အခါ မရတာနဲ့ ပို့စ်တွေများနေတာလား ဆိုတဲ့ အတွေးနဲ့ စိတ်ကိုတုန်းတုန်းချကာ ဟိုးအရင်က လျှောက်လက်ဆော့ထားတဲ့ ပို့စ်အဟောင်းတွေကို ဖျက်ပါတယ်။ ဖျက်တာလဲ သတိထားပြီးဖျက်ရပါသေးတယ်၊ ပို့စ် ၃၀ အောက် ရောက်မသွားအောင် ကြိုးစားရပါသေးတယ်။ ပို့စ် ၃၀ မပြည့်တော့ရင် ဘလော့ဂါ မဖြစ်မှာစိုးလို့ပါ (အဟိ)။ အဲဂလိုနဲ့ ၃၃ ခုလောက်မှာ ရပ်ထားပြီး Export တစ်ခါပြန်လုပ်ပါတယ်။ အကုန်မပါပြန်ဘူး။ စက်တင်ဘာလ အထိရေးထားတဲ့ စာတွေဘဲပါတယ်။ ထပ်မတက်တော့ဘူး။ အောက်တိုဘာ နိုဝင်ဘာ နှစ်လစာ ပျောက်နေတယ်။


တကယ်တော့ ကိုယ့်မှာ Hosting Account ရှိရင် ဘလော့ Database ကို Backup လုပ်ပြီး နေရာသစ်မှာ ပြန်သုံးလို့ရပေမယ့် ဒီနေရာက အဲလိုအခွင့်ပေးမထားပြန်ဘူး။ ဆိုတော့ကာ ကြံရာမရ လက်မှိုင်ချပြီး နောက်ထပ်ပို့စ်အသစ်များလဲ မတင်ရဲသေးဘဲ ထိုင်နေရပါတယ်။ ဒီနေရာလေးကို အလကားပေးထားတဲ့ အက်ဒမင်ဆိုတဲ့ လူကြီးကလည်း ခုတစ်လော ဘယ်ပျောက်နေမှန်းမသိတော့ ဘာမှဆက်လုပ်လို့မရဘူးဖြစ်နေပါတယ်။ သူရှိမှ ကျွန်တော့်ဒေတာလေးတွေ ဘက်ကပ်လုပ်ပြီး နေရာသစ်မှာ ပြန်တင်မှရတော့မယ့် သဘောမှာရှိနေပါတယ်။ မဟုတ်ရင် ပို့စ်တွေအကုန်မပါတော့မယ့်သဘောမှာရှိနေပါတယ်။ စိတ်ပေါက်ပေါက်နဲ့ ပို့စ်တစ်ခုခြင်းကို ပြန်ကူးပြီးတင်မလားလဲ စဉ်းစားသေးတယ်။ ခက်တာက ကွန်မန့်တွေကြတော့ ပြန်ကူးရတာ မူရင်းအတိုင်းဘဲကောင်းမယ်ထင်တာနဲ့။ ကျွန်တော့်စိတ်နဲ့ဆိုရင်တော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ရသလောက်ပို့စ်များနဲ့ဘဲ အသစ်ပြန်စမလား စိတ်ကူးမိပါသေးတယ်။ လာလာကြည့်နေကြတဲ့လူတွေကိုလဲ မြင်ပါရဲ့။ အားလဲနာပါရဲ့။ မနေ့ကတော့ ကြည့်လိုက်တာ RSS Feed ယူထားတဲ့လူစာရင်းထဲက တစ်ယောက်လျှော့သွားတယ်။ တော်တော်စိတ်မရှည်တော့တဲ့ သဘောမှာရှိပါတယ်။ သူ့ကိုလဲ ကိုယ်ချင်းစာပါရဲ့။ တချို့လဲ လာချောင်းသွားတယ်နော်ဆိုတာကို တရားဝင်လာအော်ကြပါတယ်။


ဒါနဲ့ဘဲ နဲနဲတော့ပြောပြမှဖြစ်တော့မယ်ဆိုပြီး ဆားချက်တယ်ဘဲဆိုဆို ဒီဟာလေးရေးပါတယ်။ အားလုံးဘဲကျမ်းမာချမ်းသာကြပါစေ အလုပ်အကိုင်များလဲ အဆင်ပြေကြပါစေဗျာ။ မောင်ဒီဘီမေတ္တာဝေတယ်။


136 views

2 Responses to အားနာလို့ရေးတဲ့စာ

  1. mrdba says:

    #
    kom Says:

    အမှန်က ကွန်မက် ကို word မှာ ရေးပြီး ဒီမှာ လာပြီူး paste လုပ်တာပါ.
    ကံအကောင်း အကြောင်း မလှလေတော့ ဒီမတိုင် ခင် က copy လုပ်ထားတဲ့ အီးးမေက စာ ကို paste လုပ်သလို ဖြစ်သွားတယ်.။
    ကိုယ့်ကွန်မက် ကို ကော်ပီ လုပ်ထားတာ မပါခဲ့ဘူး။
    ပြန်မဖတ်ဘဲနဲ့ submit လုပ်လိုက်တယ်.
    ဒုက္ခနဲ့ လှ လှ တွေ့တာပါဘဲ။ ပြန် ဖျက် လို့လဲ မတက်. .။ မျက်နှာတောင် ဘယ် နားထားရမလဲ မသိ..ကျေးဇူးပြူပြီး ဖျက်ပေးပါခင်ဗျှား။

    ကွန်မက်ဘယ်လို ဖျက်ရမလဲ ဆိုတာ
    http://mghla.mzblog.net/2008/08/26/hello-world/

    http://saturngod.mzblog.net/2008/08/24/hello-world/#comment-1
    Posted on December 5th, 2008 at 3:12 pm
    #
    2
    mrdba Says:

    မkom

    ဟားဟား အမကြီးကတော့လုပ်ပြီ။ သေချာအောင် ဖျက်နည်းပါပေးတယ်ပေါ့လေ။ ဟိဟိ။
    ဟဲဟဲဟဲ ဘာမှမဟုတ်တော့ပါဘူး။ ဒါပေသည့် ဖျက်ပေးရတဲ့အတွက် ကော်ဖီတိုက်ရမယ်။ ညှင်းညှင်းညှင်း။
    ခုမှသတိရလို့ ပြောရဦးမယ်။ တစ်ကယ်တော့ အမကြီး သေချာ မကြည့်လို့ပါ၊ ကွန်မန့်ပြီးသွားရင် အောက်နားမှာ Edit ဆိုတဲ့ ခလုပ်ခလေးရှိသေးတယ်၊ သူက ငါးမိနစ်စောင့်တယ်လေ၊ ငါးမိနစ်အတွင်း ပြန်ပြင်ချင်တာရှိရင် ပြင်လို့ရပါသေးတယ်ခင်ဗျ။ နောက်မှားရင် မကြောက်အောင် သတိပေးတာပါ။ ကိုယ်တိုင်လဲ ငါးမိနစ်အတွင်းမှာ ဖျက်လို့ရပါကြောင်း။

    Posted on December 5th, 2008 at 3:35 pm
    #
    3
    kom Says:

    ၁. တော်ပါသေးရဲ့ ။ စောစောက. အသာလေးကိုယ့်စီပုံးကို ပြန်သွားရတယ်။ မဟုတိလို့ ယောင်ပြီး သတင်းပေါက်ကြားလို့ကတော့ ဝက်ဝက်ကွဲပြီ..

    ၂။ (တမင်လာထည့်တယ်လို့ကော မထင်ဘူးလားဟင်. ဖတ်စေချင်လို့. ဆိုပြီး ခွိ..
    တကယ် မှားသွားတာပါ။)

    ၃. ဒါပေမဲ့လေ blog ကို တကယ် ကိုဝင် တာ နေးပါါတယ် ။အသက်ကို ဝင်တယ်ထွက်တယ် ။နဲ့ တရားမှတ် ရင်းကြည့်နေရတယ်.။ စောင့်နေရတယ်.။ System နဲ့ used to မဖြစ်ဘူးဖြစ်နေတယ်။

    ၄. အခုကွန်မက် ကမှ original ပါခင်ဗျား။

    အဲဒီတော့ ရှေ့ဆက်ပြီး ဘယ်လိုလုပ်မှာလည်း အသစ်ကို ရွေးမှာလာ။ အဟောင်းနဲ့ဘဲ နေမှာလား။ အသစ်ဘယ်လိုကောင်းကောင်း အဟောင်း တလည်လည်ဆိုတာကိုတော့ မမေ့ပါနဲ့  ( my hubby ကို စောင်ြးေ့ပာသွားသည်)
    Posted on December 5th, 2008 at 6:13 pm
    #
    4
    mrdba Says:

    မKOM

    ဟုတ်ပ ကျွန်တော်ဆိုရင်လဲ ချွေးပြန်မှာဘဲ။ ဖတ်စေချင်လို့ လာထားတယ်လို့တော့ မထင်ပါဘူးဗျာ။ ဘလော့နှေးနေတာတော့ ကိုယ်တိုင်လဲ ခံစားနေရပါတယ်၊ ဒါကြောင့် ပြောင်းဖို့ဆုံးဖြတ်ထားပါတယ်။ ပို့စ်တွေ အကုန်ပြန်လိုခြင်လို့ ခဏစောင့်နေတဲ့ သဘောပါ။ ဒီဆိုက် အက်ဒမင် ပြန်လာရင် ဒေတာ တွေတောင်းပြီး အသစ်ပြောင်းတော့မှာပါ။ ဟိုဘက်မှာတော့ အကုန်ဆောက်ထားပြီးပါပြီ။ ပို့စ်တွေ အကုန်မပါသေးလို့ လူပေးမသိသေးတာပါခင်ဗျ။

    Posted on December 5th, 2008 at 7:48 pm
    #
    5
    အိပ်မက်ရှင် Says:

    ဆရာမျိုး Blog လုပ်နေတာ ကျွန်တော် မသိဘူးဗျာ … တော်တော်နာတာပဲ ကျွန်တော် အရင်မေလ်းက Lock ကျသွားတာဗျ … pwd ကလိလိုက်တာ ဂွိသွားတယ်လေ ဟဲဟဲ … အခုတော့ Blogger ကြီးတစ်ယောက်လို့ ခန့်ခန့်ထည်ထည်ကြီးတွေ့လိုက်လေ တော့ ဂေါက်ကနဲ မေးရိုးကြီး မြေကြီးအောက်ကို ပြုတ်ကျ အသည်းအသန်ပြန်ကောက် ရလောက်အောင် အမေးဇင်း အရေးအသားတွေနဲ့ စည်ပင်နေပါကလားဗျာ… စီဗုံးကို မျက်လုံးသျှမ်းသလားလို့ မှတ်ပြီး နှစ်ခေါက်သုံးခေါက်တောင် ပြန်ရှာသေးတယ် မတွေ့လို့ ဆားချက်ပိုစ့်ကလေးမှာ လာအော်သွားတာ … ကျွန်တော် လင့်ထားတယ်ဗျ … မကြာမကြာလာဖတ်မယ်ဗျာ အရေးအသားကြိုက်တယ် …

    ခင်မင်လေးစားမှုများစွာဖြင့်
    Posted on December 5th, 2008 at 9:12 pm
    #
    6
    အိပ်မက်ရှင် Says:

    ကျွန်တော့် Blog လေးမှာ ရှိတဲ့ Email ကို Add လိုက်ဗျာ … သိလိမ့်မယ်
    Posted on December 5th, 2008 at 9:37 pm
    #
    7
    မီယာ Says:

    လာလည်သွားတယ်။ အရင်စမ်းသပ်ပြီးမှ ပြောင်းလို့မရဘူးလား။ favourite ထဲမှာထည့်ထားပြီးသားမို့ နေရာပြောင်းရင်လိပ်စာပါလိုက်ပြောင်းရမှာလား။ ဆောရီး နဲနဲထုံတယ် ဘလော့ခ်နဲ့ပတ်သက်ရင် နည်းနည်းလေးပဲသိတယ်။
    Posted on December 6th, 2008 at 12:52 am
    #
    8
    ယောနသံစင်ရော် Says:

    ကိုယ် က ခုမှ ဘလော့ ဒေါ့ကွန်း နဲ့ စလုပ်တတ်ရုံရှိသေးတယ်။ နည်းပညာတွေများ မြန်မှမြန်နော်… သူများတွေက ဝေါ့ပရက်စ် တဲ့ .. ဘာတဲ့ ညာတဲ့ .. ကောင်းတော့ ကောင်းပါတယ်။ နောက်စမ်းလုပ်တဲ့ အခါ ရှေ့လူတွေကို မေးလို့ရတာပေါ့… နော့။ နောက်တော့ ဝေါ့ပရက်စ် လုပ်မယ်ဆို မစ္စတာ ဒီဘီအမ် ကိုမေးမယ်နော့…..
    Posted on December 6th, 2008 at 12:43 pm
    #
    9
    MrDBA Says:

    အိပ်မက်ရှင်

    ဟားဟား သိသွားပြီ။ ဝမ်းသာသဗျာ၊ လုပ်ဖော်ကိုင်ဖက်တွေကို ဒီလိုဘလော့ဂါအဖြစ်နဲ့ ပြန်တွေ့ရတာ။ ခင်ဗျားက နာမည်ကြီးဘဲဗျ။ ဟိဟိ

    မမီယာ

    ဟုတ်ကဲ့ စမ်းသပ်နေပါတယ်၊ အမှန်က ဆောက်ပြီးသွားပါပြီ ပို့စ်တွေ အကုန်မရသေးလို့ လူပေးမသိတာပါ။ လင့်တွေကတော့ ဟုတ်တယ်ဗျ ပြန်ပြောင်းပေးရမယ်။ ဝင်ကြည့်ရတာတော့ မြန်သွားမယ်ဗျ။ မပြောင်းခင် အသိပေးဦးမှာပါခင်ဗျ။

    ယောနသံစင်ရော်

    မေးပါ မေးပါ။ သိသလောက်ဖြေပေးပါ့မယ်။ ဘလော့စပေါ့လဲ ကောင်းပါတယ်အမရယ်၊ ကျွန်တော်က လက်ဆော့ခြင်လို့ WordPress သုံးတာပါဗျာ။

    Posted on December 6th, 2008 at 2:02 pm
    #
    10
    ပုလုကွေး Says:

    ကိုကြီးဒီဘီရေ..ပို့သတဲ့ မေတ္တာကြောင့် ကျန်းမာပါတယ်။ အိမ်အသစ်ကို လဲ လာပါမယ်။ ဟိုနေ့ကတောင် ရောက်သေး။ အိမ်သစ်တက်ပွဲ လုပ်ရင် ဘာကျွေးမှာလဲ။ ဖိတ်အုန်းနော်
    Posted on December 6th, 2008 at 7:56 pm
    #
    11
    တက်လူငယ် Says:

    ကိုအိမ်မက်ရှင်ရဲ့ အဖေမွေးနေ့ပိုစ့်ဖတ်ရင်းက ဒီကို ရောက်လာတယ်ဗျာ။ အားနာလို့ပဲပြောပြော ကောင်းတယ်ဗျာ။ နောက်ကျရင်လည်း လာဦးမယ်ဗျ။
    Posted on December 12th, 2008 at 12:42 am
    #
    12
    MrDBA Says:

    ပုလုကွေး

    အေးဗျာ .. စူသီကတော့ ပြန်ရောက်လာပါဘီ။ ဒါပေသည့် ဒေတာတွေတော့ မရသေးဘူး။ စိတ်ညစ်နေပြီ။ ပြောင်းမယ့်နေ့ပြောပါ့မယ်။

    တက်လူငယ်

    စာအရေးပြတ်သွားမှ ရောက်လာလို့ အားနာလိုက်တာ။ လာအားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။ ကြိုးစားပါ့မယ်။

    Posted on December 12th, 2008 at 12:34 pm
    #
    13
    မဗေဒါ Says:

    မောင်ဒီဘီမေတ္တာဝေတယ်။ ပြည်သူတွေ ကျန်းမာချမ်းသာကြပါစေ…. ကိုဒီဘီအေလဲ မဗေဒါလို ဘလော့ပြဿနာတတ်နေသကိုး….
    Posted on December 12th, 2008 at 7:37 pm
    #
    14
    ToMMyGiRL Says:

    ကျေးဇူးပါပဲ.. မနက်ဖြန်ရန်ကုန်ပြန်တော့မယ်..ဘာဝယ်ခဲ့ရမလဲ.ဟဲဟဲ..
    Posted on December 12th, 2008 at 10:58 pm
    #
    15
    မဗေဒါ Says:

    ကိုဒီဘီကြီး… မဗေဒါဘလော့က လင်ခ့်တွေကိုနှိပ်ရင် window အသစ်ပေါ်အောင်မလုပ်တတ်ဘူး.. မဗေဒါလဲ အဲလိုဖြစ်နေတာမကြိုက်ဘူး.. သိရင်သင်ပေးပါအုံး… ကိုဒီဘီ.. အိမ်ပြောင်းပြီးရင်လဲ အိမ်လိပ်စာအသစ်လာပေးအုံးနော်.. တော်ကြာဘယ်ပြန်လိုက်ရမှန်းမသိ.. အောက်က verify words ကလဲ ၁လုံးဆိုတော်ရောပေါ့.. မဗေဒါပဲ မျက်လုံးမကောင်းလို့လားမသိ.. ဘာရေးထားမှန်းကို ပြူးပြဲကြည့်ရတယ်..
    Posted on December 13th, 2008 at 8:30 am
    #
    16
    kom Says:

    ကွန်မက်တောင် မပေးရဲဘူးဖြစ်နေတယ်။ ကျီးလန့်စာစား ဖြစ်နေတယ်။ :P ချမ်းမြေ့ပါစေ
    Posted on December 14th, 2008 at 12:26 pm
    #
    17
    kom Says:

    အခုလိုခင်မင်တယ် ဆိုတာ သိရလို့ နှစ်ထောင်းအားရ ရှိလှပါတယ်။ ကျေးဇူးပါ။
    Posted on December 17th, 2008 at 1:52 am
    #
    18
    မောင်မျိုး Says:

    ကျနော်လည်း ၀ိုင်းပြင်ပေးမယ် နည်းပညာပိုင်းဆို အရမ်း အရမ်းကိုတော်တာ အဲ့လောက်ထိ :P
    Posted on December 17th, 2008 at 12:40 pm
    #
    19
    မောင်မျိုး Says:

    Type the two words: ကြီးက နှိပ်ရခက်တယ် မျက်လုံူးမကောင်းဘူးးဂျာ
    Posted on December 17th, 2008 at 12:41 pm
    #
    20
    Mark Says:

    ကိုဒီဘီလဲ အိမ်ပြောင်းနေတာလား။ အခြေကျသွားပြီလားဗျ။
    Posted on December 21st, 2008 at 4:57 pm
    #
    21
    MrDBA Says:

    မဗေဒါ

    ဗီဒီယိုလေးတွေ ကောင်းတယ်။

    ToMMyGiRL

    ကျေးဇူးပါဗျာ မမှာတော့ပါဘူး

    မKOM

    မကြောက်ပါနဲ့ဗျို့။

    ကိုမောင်မျိုး

    ကျေးဇူးပါဗျို့

    မာ့ခ်

    အိမ်လား လိပ်စာတော့ ရထားပြီ။ ပို့စ်တွေ မစုံသေးလို့ မပြောင်းရသေးဘူး။ အိမ်သစ်တက်မှ ပြောတော့မယ်။ ဒါပေမယ့် ကိုမာ့ခ်အတွက် အိမ်လိပ်စာ စဉ်းစားရတာ မခက်ပါဘူး။ ဟုတ် …

    Posted on December 21st, 2008 at 9:21 pm

  2. kom says:

    ဒေါင်းလုပ်လဲကြာသေးတယ။်

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook