သတိ ခါးပိုက်နှိုက်တတ်သည်
စိတ်မကောင်းစရာလဲဖြစ် သတင်းထူးလဲဖြစ်လို့ ကျွန်တော့်မိတ်ဆွေများကို အဖြစ်အပျက်လေးတစ်ခု ပြောပြခြင်ပါတယ်ဗျာ။ အစကတော့ အက်ဆေးလေးတစ်ပုဒ်လိုရေးမလို့ပါဘဲ နောက်တော့ တော်တော်ခံစားနေရတဲ့ သူငယ်ချင်းမိသားစုကို အားနာတာနဲ့ သတင်းအနေနဲ့ဘဲရေးလိုက်တော့မယ်။
မထူးဆန်းဘူးလို့ ပြောနိုင်သလို ထူးဆန်းတယ်လို့လဲ ပြောလို့ရပါတယ်။ ဒါပေမယ့် အခြေအနေ အချိန်အခါအရ ကျွန်တော်တို့ သတိထားရတော့မယ့် အချိန်ဖြစ်နေပြီလို့တော့ ထင်ပါတယ်။ အဖြစ်အပျက်ကတော့ မနေ့က ကျွန်တော့သူငယ်ချင်းရဲ့မိသားစု ဒီကိုအလည်လာရင်း လျှောက်လည်ရာမှာ ခါးပိုက်အနှိုက်ခံလိုက်ရပြီး မိဘနှစ်ပါးရဲ့ Passport နဲ့ ငွေတစ်ချို့ ပါသွားတာပါဘဲ။ သူတို့ အဖြစ်က ဖြစ်ချင်လို့ကို ဖြစ်တာလို့ ပြောရမလားဘဲ နောက်ကနေလဲ လိုက်ချောင်းနေပုံဘဲ။ ဘာလို့လဲဆိုတော့ သူတို့က ပင်နီဆူလာအောက်က Money Changer မှာငွေလဲ ဝင်လဲခဲ့ကြသေးတယ်တဲ့လေ။ အဲဒီကထွက်တော့ Robinson မှာဈေးဝယ်ကြတယ်။ နောက်တော့ ပင်နီဆူလာမှာ ဝယ်စရာကျန်သေးတယ်ဆိုပြီး တစ်ခေါက်ပြန်လာတာမှာ ခုလိုဖြစ်တော့တာဘဲဗျာ။
ပင်နီဆူလာမှာဖြစ်တယ်ဆိုတော့ ရုတ်တရက်စိတ်ထဲမကောင်းဖြစ်သွားပါတယ်၊ မရဲတရဲနဲ့ မေးရသေးတယ် ဘယ်လိုလူမျိုးလဲလို့ တော်သေးတယ်ပြောရမလား ထူးဆန်းတယ်ပြောရမလားဘဲ။ ကျွန်တော့သူငယ်ချင်းနဲ့ သူ့အမေနဲ့ ပင်နီဆူလာ မြေညီထပ်မှာ ဆိုင်တွေလျှောက်ကြည့်နေတုန်း တရုတ်မတစ်ယောက် သူတို့နှစ်ယောက်ကြားထဲ အတင်းဝင်တိုးသွားလို့ သံသယရှိတာနဲ့ အိတ်ထဲပြန်စစ်လိုက်တော့ ပိုက်ဆံအိပ်ပါသွားတော့တာပါဘဲ။ လောလောဆယ်လဲထားတဲ့ ငွေတွေနဲ့ passport စာအုပ်နှစ်အုပ်ပါသွားတယ်ဗျာ။ ရုတ်တရက်ဆိုတော့ ဘာလုပ်ရမှန်းလဲ မသိနဲ့ အော်တာတွေဘာတွေ မလုပ်ဖြစ်လိုက်ဘူးပေါ့ဗျာ၊ ဒီလိုနဲ့ အိမ်ပြန်ရောက် နီးရာရဲစခန်းမှာ passport ပျောက်ကြောင်းသတင်းပို့၊ ဟိုကတော့ စာအုပ်ပျောက်ကြောင်း အသိအမှတ်ပြုစာကလေး ပေးလိုက်တယ်ပေါ့ဗျာ၊ အဓိကကတော့ မြန်မာသံရုံးကို သွားပြီးဆက်သွယ်ခိုင်းတာပါဘဲ။ ဒါနဲ့သူတို့ဖုန်းဆက်ပြီးမေးကြတယ်ပေါ့ဗျာ။
စာအုပ်ပျောက်လို့ အသစ်ပြန်လုပ်ခြင်ရင် လုပ်လို့ရမယ် ဒါပေမယ့် စာအုပ်အသစ်ပြန်ရချိန်က သုံးလတောင် ကြာပါဦးမယ်တဲ့။ ဒါကလဲပုံမှန်ကြာချိန်ပါတဲ့။ ဒီကြားထဲ ဘယ်လိုနေကြမလဲ ကျွန်တော်လဲ မသိသေးဘူး။ ဒီနေ့တော့ သူတို့ သံရုံးသွားကြမယ်ဆိုတော့ နောက်မှသတင်းသိရမယ်ဗျ။ သြော နောက်ထပ်ရွေးချယ်စရာတစ်ခုရှိသေးတယ်ဆိုဘဲခင်ဗျ အကယ်၍ passport အသစ်ကို ဒီမှာမလုပ်ဘဲ ရန်ကုန်ပြန်မယ်ဆိုရင်တော့ ခရီးသွားလက်မှတ်ထုတ်ပေးမယ်ဆိုဘဲ။ သူငယ်ချင်းကလဲ ICA မှာသူ့မိဘများအတွက် long stay pass လျှောက်ထားတာဆိုတော့ နဲနဲတော့ ဗျာများနေတာပေါ့ဗျာ။ လူကြီးတွေဆိုတော့လဲ စိတ်ပူတတ်တော့ သွားလေရာ passport ယူသွားတတ်တာမဟုတ်လား၊ ကျွန်တော် အလုပ်လာရှာတုန်းကတော့ ပျောက်မှာစိုးလို့ White Card သာပိုက်ဆံအိပ်ထဲ ထည့်ထားပြီး Passport ကတော့ အိမ်မှာဘဲ သိမ်းထားခဲ့တာဘဲ။ ကြည့်ခြင်လို့ စစ်ချင်ရင်တော့ အိမ်လိုက်ကြည့်လို့ ပြောမှာဘဲ အပျောက်တော့ မခံနိုင်ပါဘူးဗျာ၊ ဟုတ်တယ်မဟုတ်လား။
ဟိုတစ်လောကလဲ ဗမာတွေငှားနေတဲ့ အိမ်တစ်အိမ်ကို သူခိုးဝင်ခိုးတာ လက်ပတော့တစ်လုံးပါသွားဆိုဘဲဗျ။ စီးပွားကျနေတာရဲ့ နောက်ဆက်တွဲတွေဖြစ်လာတယ်ထင်ပါတယ်။ သေကြောင်းကြံစည်ကြတာတွေလဲ များလာတယ်မဟုတ်လား။ ဘာဘဲပြောပြောဗျာ ကျွန်တော်တို့လို အငှားလာနေတဲ့လူတွေကတော့ ရှေ့လျှောက်သတိထားနေကြရအောင်လို့ နိုးဆော်လိုပါတယ်။ အရင်ကလို ညမိုးချုပ်မှာ ရဲရဲတင်းတင်းလျှောက်မသွားနဲ့တော့၊ ပိုက်ဆံများများ အိပ်ထဲ မထည့်နဲ့၊ အိမ်မှာလဲ တံခါးများကို လုံလုံခြုံခြုံပိတ်လို့ ပတ်ဝန်းကျင်နဲ့လဲ တည့်အောင်ပေါင်းကာ နေကြရမယ့် အချိန်မဟုတ်ပါလားခင်ဗျာ။
စာကြွင်း။ ။
သူငယ်ချင်းမိသားစုမှ တောင်းဆိုပါသဖြင့် တချို့အကြောင်းအရာများ ပြန်လည်ဖျက်ထားလိုက်ပါသည်။ သူရို့ကိစ္စများ မပြီးသေးပါ၍ အခက်အခဲရှိမည်စိုးပါသည်။
မောင်ဒီဘီ
#
su Says:
thanks for sharing.
hopefully the pickpocket will return the books
:’(
Posted on November 14th, 2008 at 3:51 pm
#
2
ewphyo Says:
ခဏခဏ အပျောက်အရှများတဲ့သူဆိုတော့ ဂရုစိုက်ဦးမှ။ တော်ကြာ ၃၀၀၀ ပေးနေရမှာဆိုးလို့ …
Posted on November 14th, 2008 at 5:55 pm
#
3
DeeDar Says:
ကြားရတာ စိတ်မကောင်းပါ။
အိမ်ကိုလဲ မိဘတွေရောက်တဲ့နေ့က အထုတ်အပိုးတွေ အိပ်ခန်းထဲသွင်းတုန်းရှိသေးတယ်။ အိမ်ရှေ့ စားပွဲပေါ်တင်ထားတဲ့ မောင်နှမ နှစ်ယောက်လုံးရဲ့ ပိုက်ဆံအိတ်ဝင်ယူသွားတယ်။ အိမ်ရှေ့လည်း ပြန်ထွက်လာရော မရှိတော့ဘူး။ (အိမ်ရှေ့ခန်းကို လက်မအားတော့ သော့မခတ် မိတဲ့အမှားပေါ့လေ။) ဖုန်းတွေ။ လက်ကိုင်အိတ်တွေ တော့ပါမသွားဘူး။ အိမ်တံခါး သော့ခတ်ပြီးလို့ အိပ်ခန်းထဲ ပြန်ဝင်ပြီး ဘဏ်တွေကို ဖုန်းဆက်တုန်းရှိသေးတယ် အိမ်ရှေ့တံခါးကို နောက်တစ်ခေါက်လာတွန်းသေးတယ်တဲ့ အဖေက ပြန်ပြောတာ။ (ကျုပ်သမီးကိုပါ ခေါ်သွားပါလို့ ပြောလိုက်ပါလား အဖေရယ်)
အမေကတော့ အကြွေးတစ်ခု ကျေသွားတာပေါ့တဲ့။ သူပြောမှဘဲ ကိုယ်လည်း ငတက်ပြား ၀င်စားမှန်း သတိထားမိတော့တယ်။
နောက်တော့ ၀ရန်တာဘက်က တံခါးတွေကို သတိနဲ့ ပိတ်နေရတယ်။
အိုင်စီအေမှာ ကဒ်အသစ်သွားလုပ်တာ ၆၀ ပေးခဲ့ရသည်။ ရိုးရိုးပျောက်လျှင် ၁၀၀ ပေးလုပ်ရသည်။ အခုလောလောဆယ်တော့ ရဲထောက်ခံစာနှင့် နေနေရ၏။
Posted on November 14th, 2008 at 7:35 pm
#
4
julyjolly Says:
တစ်ခုလောက်ပြောပါရစေ။ သံရုံးနဲ့ ပတ်သက်ပြီးတော့ပေါ့။ ကျွန်တော်သံရုံးမှာ ပတ်စပို့ပျောက်လို့လျှောက်တုန်းက့ ကျွန်တော့ ၇ဲ့ ပတ်စ်ပို့ကော်ပီနဲ့ ရဲစခန်းထောက်ခံစာ၊ ကိုယ်ရေးရာဇ၀င်များကို ပြည်ထဲရေးရုံး ပို့ဖို့ လုပ်ပေးပါတယ်။ ပြီးတော့ သံရုံးမှာ ပြန်လည်လျှောက်ထားကြောင်းစာထုတ်ပေးပါတယ်။ ကျွန်တော်တို့ ရန်ကုန်ကထွက်လာတုန်းက ပတ်စ်ပို့ကို ပြည်ထဲရေးက ထုတ်ပေးလိုက်တာမို့လို့ သံရုံး အနေနဲ့ ပြည်ထဲရေးခွင့်ပြုချက်မရဘဲနဲ့ ထုတ်ပေးလို့မရကြောင်းပြော ပါတယ်။ သုံးလလောက်ကြာတတ်တာအမှန်ပါဘဲ။ ဒါပေမဲ့လက်ထဲမှာ သံရုံးအနေနဲ့ ပျောက်ဆုံးသွားတဲ့ စာအုပ်ပြန်လည်ထုတ်ယူဖို့ရာ ၇က် (၉၀) ကြာမှာ ဖြစ်တယ် လို့ ရေးထားပေးပြီးသားပါ။ သုံးလပြည့်လို့ ခွင့်ပြုချက်ရလာတဲ့အခါမှာ ပတ်စ်ပို့ အသစ်ထုတ်ခ စင်ကာပူ ၅၀၀ ဘဲပေးခဲ့ရပါတယ်။ ကိုယ်တွေ့ပါ။ တစ်ခါတလေ ကျတော့ လက်တွေ့ ကျတာလေးတွေကို ဘဲသေချာမှ ရေးစေချင်ပါတယ်။
Posted on November 14th, 2008 at 9:33 pm
#
5
kom Says:
ဟုတ်တယ်။ အတွင့်းပစ္စည်းတွေ တောင် အပြင်ထုတ်ထားသေးတယ်။ စိတ် မချလို့။
Passport က ခဏ စောင့်ကြည့်ပါဦးလေ ကံကောင်းရင် သံရုံ့းပြန် ရောက်လာ မှာပေါ့။
အပြောသာလွယ်။လက်တွေ့မလွယ်။ ဟိုတလောကလမ်းထွက်ရင်။ ပတ်စပို့ ထည့်ထားတဲ့ အိတ် ရှာမတွေ့တော့လို့ ပြာရာခတ်သွားတာဘဲ။ ကံအား လျှေ်စွာ ပြန် တွေ့ တော့ ဝမ်းသာလိုက်တာ။ ဘာမှ မလုပ်တော့ဘဲ ခပ်ကုပ်ကုပ် နဲ့ဘဲ အိမ်ပြန် လာခဲ့တော့တယ်။
Posted on November 14th, 2008 at 11:51 pm
#
6
မိုးကြယ် Says:
ဒီမှာခါးပိုက်နှိုက်တယ်ကြားလို့ အံ့သြသွားတယ်ဗျာ…
သတိထားမှဗျို့…
၁၅ ရက် ၁၂နာရီ ရဲရင့် အရောက်လာမည်…
Posted on November 15th, 2008 at 12:37 am
#
7
မိုးချိုသင်း Says:
အမြန်ဆုံး ပြန်ရပါစေလို့ ဆုတောင်းပါတယ်။
အဲဒါ တို့ အမျိုးသား ဦးလေးနဲ့ အဒေါ်ပါ။ မနေ့ညက ဖုန်းဆက်လို့ သိရတာ။ ဖြစ်မှဖြစ်ရလေ။ စိတ်မကောင်းဘူး။
Posted on November 15th, 2008 at 1:25 am
#
8
မသက်ဇင် Says:
သတိ ခါးပိုက်နှိုက်တတ်သည်–ကို လာဖတ်ပါတယ်–အံ့သြသွားပါတယ်–
ဘယ်မှာမှ မလွယ်ဘူးနော်–
Posted on November 15th, 2008 at 5:03 am
#
9
sin dan lar Says:
အမြန်ဆုံးပြန်ရကြပါစေ..passport ပါသွားတာ တော်တော်ဆိုးတယ်..
ပိုက်ဆံယူချင်ယူထား..သူ့အတွက်အသုံးမ၀င်တဲ့ passport ကိုပြန်ပေးရင်ကောင်းမယ်နော်။ ဒီပို့စ်ရဲ့ လင့်ကို သူငယ်ချင်းတွေဆီ
ပို့ချင်ပါတယ်။
Posted on November 15th, 2008 at 11:07 am
#
10
mrdba Says:
su
ဆရာမ မြန်မြန်ပြန်ရပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ
အိဝေဖြိုး
ပျောက်မှာ ရှမှာရယ် မြေညီမှာနေတာဆိုတော့ ခိုးမှာဝှက်မှာရယ်ကို အထူးဂရုစိုက်ပါ
DeeDar
ဟုတ်တယ်ဗျာ လုံခြုံရေးသတိ အထူးရှိဖို့လိုပါပြီဗျာ။
Julyjolly
ကျွန်တော်လဲ သူငယ်ချင်းက သူဖုံးဆက်မေးထားလို့ ဟိုကပြန်ပြောတဲ့ အခြေအနေကို ပြောပြလို့ အများသူငါသိစေခြင်လို့ ပြန်မျှတဲ့သဘောပါဗျာ၊ အစ်ကိုက ကိုယ်တွေ့ဆိုတော့လဲ ဟုတ်ကဲ့ နောက်ထပ်တစ်မျိုးသိရတာပေါ့။ ခုတော့ ရန်ကုန်ကိုဘဲပြန်တော့မယ်တဲ့ခင်ဗျ။ ခရီးသွား ထောက်ခံစာထုပ်ပေးမယ်တဲ့ ဒါတောင် ၃၀၀ ပေးရတယ်ဆိုတာဘဲဗျ။ လာဖတ်တာ ကျေးဇူးတင်ပါတယ်ဗျာ။
မမkom
အတွင်းပစ္စည်းအပြင်ထုပ်ထားတယ်ဆိုတာ ဘယ်ဂလိုမျိုးလဲဟင် အမကြီး
။ ခုတော့ ရန်ကုန်ပြန်တော့မယ် ပြောပါတယ်။
မိုးကြယ်
သတိသတိဗျို့ ပိုတယ်လို့ မရှိပါဘူး။ လာခဲ့။
မချိုသင်း
ဟုတ်ကဲ့ စိတ်မကောင်းစရာပါ။ စုစုပြောလို့ အမတို့ကို သိထားပါတယ်ခင်ဗျ။ အမစာစရေးတော့ သူပြောလို့ အမြဲလာဖတ်ပါတယ်။ ကော်မန့်ရေးဖို့ရာမှာ မရဲတာနဲ့ ….
မသက်ဇင်
အမရေ လာဖတ်တာ ကျေးဇူးပါဗျာ။
Sin Dan Lar
passport ကတော့ ခုထိမရသေးဘူးခင်ဗျ။ ရန်ကုန်ပြန်ဖို့ ဆုံးဖြတ်လိုက်ကြတယ်ခင်ဗျ။ ကြိုက်သလို အသုံးပြုနိုင်ပါတယ် ခင်ဗျ။ လာဖတ်သွားတာ ကျေးဇူးတင်ပါတယ်ခင်ဗျ
Posted on November 15th, 2008 at 11:19 am
#
11
တောင်ငူသား Says:
အကိုရေ အမှန်ပါဘဲ။ သတိထားရမယ့် အချိန်ပါ။
သူငယ်ချင်းတစ်ယောက်နဲ့ Bugis Junction ကနေ ဟိုဖက်ခြမ်းသွားဖို့ ထွက်လိုက်တော့ လူတွေ အုံနေတာနဲ့ အသာကြည့်မိတယ်။ ယောက်ျားတစ်ယောက်က နောက်တစ်ယောက်ကို အတင်းချုပ်ထားတယ်။ ဘေးကလူတွေပြောနေတာတော့ ပိုက်ဆံအိတ်နှိုက်လို့တဲ့။ ဘေးကလူတစ်ယောက်က ရဲလှမ်းခေါ်ပေးနေတယ်။ အပြန်ကျတော့ အနားမှာ ရဲကားတစ်စီးရပ်ထားတာပဲ တွေ့တယ်။ စင်တာထဲ ခေါ်စစ်နေတယ်နဲ့ တူတယ်။ မြို့လယ်ခေါင်တွေမှာလည်း သတိထားရတော့မယ်။ စင်္ကာပူလဲ လုံခြုံမှုကို မတင်းကြပ်ရင် အဆင့်ကျလာမှာပဲ။
Posted on November 15th, 2008 at 9:54 pm
#
12
မီယာ Says:
စင်ကာပူလိုနေရာမျိုးမှာတောင်ခါးပိုက်နှိုက်ရှိတာ စိုးရိမ်စရာပဲ။ ပေါ့ပေါ့ဆဆနိုင်တဲ့ မောင်တွေညီမတွေကိုသတိပေးရဦးမယ်။ ကျေးဇူးပါ။
Posted on November 16th, 2008 at 5:38 am
#
13
wire Says:
“julyjolly” very nice about truth fact.
Posted on November 16th, 2008 at 4:37 pm
#
14
pissed Says:
it was 2500 .

but the book will out within a day.
and it was a few years ago.
now its 500 but 3 months.
its also ” ကိုယ်တွေ့ပါ။ “
Posted on November 17th, 2008 at 10:32 am
#
15
Kalvin Says:
Forward mail ကနေ ဒီဟာကို ဖတ်ရပါတယ်။ ခွင့်မတောင်းဘဲနဲ့ NativeMyanmar forum မှာ အများသိသင့်တယ် ယူဆလို့ Post တင်လိုက်ပါတယ်။ Post တင်ပြီးမှ ဒီကိုလာပြီး ခွင့်တောင်းရတာပါ။ ခွင့်မပြုဘူးဆိုရင် mail address အတိုင်း email ပို့ပြီး ပြောနိုင်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Posted on November 18th, 2008 at 11:59 am
#
16
ပုလုကွေး Says:
“ဒါမျိုးတွေလဲ ရှိလား” ..ပေါင်ချိန်လေသံဖြင့်ဖတ်ပါ။ အင်း စလုံးမှာလဲ စီပွားရေး မကောင်းတော့ ဖြစ်လာတာပါပဲ။ သတိထားမှပဲ….အသိပေးတဲ့ ကိုကြီးဒီဘီ ရှဲရှဲဗျ..
Posted on November 18th, 2008 at 4:36 pm
#
17
MelodyMaung Says:
အဲတော့ နာ့ပိုက်ဆံအိတ် လာနှိုက်မဲ့ခါးပိုက်နှိုက်တော့ ဒွတ်ခပဲ
အိတ်ထဲမှာ ဘာမှချိဘူး အဟီး
Posted on November 19th, 2008 at 9:43 pm
#
18
sanwin Says:
Thanks for sharing news.
we all need to careful for alibabar.
Posted on November 20th, 2008 at 6:42 am
#
19
missthonnthonn Says:
ကိုဒီဘီကြီး.. ဘလော့ဂ်ကိုအကြာကြီးပစ်မထားနဲ့လေ။ အသစ်လေးဘာလေး လုပ်ပါ။ မျှော်နေတယ်။
Posted on November 20th, 2008 at 11:10 am
#
20
Istein Says:
Ko DBA,
Sorry to hear that news. I hope you and your family will be OK.
Posted on November 21st, 2008 at 11:54 am
#
21
Zulu Says:
လာလည်သွားသည်။ ခါးပိုက်နှိုက်က ကောင်မလေးဆိုတော့ ဇူးနန်ယန်လူးပေါ်လီကျောင်းဆင်းလားမသိ။ ခွိ။
နောက်တာနော။ ခံရသူကတော့ ဒွတ်ခဘဲ။ အမြန်အဆင်ပြေပါစေဗျာ။
Posted on November 21st, 2008 at 12:45 pm
#
22
မိုးကြယ် Says:
ကိုမျိုး အသစ်လုပ်ဦးလေ.. ဖိထားတယ်။။
Posted on November 22nd, 2008 at 4:32 pm
#
23
kom Says:
ဘာရေးရေးဖတ်ချင်ပါတယ်။ hosting ပြောင်းလို့ မပြီးသေးဘူးလား။ မြန်မြန် လုပ်ပါ။
Posted on November 23rd, 2008 at 10:48 am
ထပ်ဖတ်တယ်။လမ်းကြုံလို့။
i thought it’s just a stroy! how come this’s happen? that mean sg also not safe anymore.
အလွမ်းပြေ ပြန်ဖတ်တယ်။