ဆီဖြည့်ရတဲ့ ဒုက္ခ
တနေ့သ၌ ကျွန်ုပ်တို့ မိသားစုသည် ညနေစောင်းအချိန်ကာလ နေ၏အပူချိန်လျှော့ပါးသည်က တစ်ကြောင်း အိမ်ရှိကားကို ဓါတ်ဆီဖြည့်တင်းရန်ရက် ကြရောက်သည်က တစ်ကြောင်းတို့ကြောင့် ၁၉၈၆ ခုနှစ်ထုတ် ဂျပန်ကား မစုတ်တစုတ်ကို ဖုတ်ဖက်ခါ၍ အိမ်မှထွက်လာကြလေသည်။ နေသည်က စမ်းချောင်းဖြစ်သော်လည်း သုံးရက်တွင်မှ တစ်ကြိမ်ဆီဖြည့်သည်မို့ အားအားယားယား ကားလျှောက်စီးနိုင်ရန်အလို့ငှာ လည်းကောင်း၊ ထိုနေ့တွင်မှ ဟိုဟိုဒီဒီ အပြင်ထွက်ဖြစ်သည်ကြောင့်လည်းကောင်း နီးနီးနားနား စမ်းချောင်းဆီဆိုင်တွင် ဆီစာအုပ်ယူမထားဘဲ တာမွေ သိမ်ဖြူတင်းနစ်ကွင်းနားရှိ ဆီဆိုင်တွင်သာ ဆီထည့်ကြလေသည်။
ဦးစွာပထမ ဖြည့်တင်းရသော ဆီဖိုးသက်သာစေရန်အလို့ငှာ တိုင်ကီအတွင်းမှဆီလက်ကျန်အချို့ကို ရောင်းထုတ်ရန် ကြိုးပန်းရလေသည်။ ထို့ကြောင့် ရောင်းနေကြနေရာဖြစ်သော ဗဟိုစည်အိမ်ယာနားရှိ ဆီဝယ်သော နေရာတစ်ခုသို့ အရင်ဝင်ရလေ၏။ ကျွန်ုပ်တို့ သားအဖလည်း မိအေးနှစ်ခါနာ မဖြစ်စေရန်အတွက် ဆီထုတ်သော ချာတိတ်မှ ဆီပိုယူမသွားစေရန် စောင့်ကြည့်ရပြန်လေသည်။ အဖေသည်များသောအားဖြင့် ရုံးတွင်ကား ရပ်ရပ်ထားသည်ဖြစ်ရာ ဆီသိပ်မကုန်လှပေ။ ထို့ကြောင့် အနည်းဆုံး ၄ ဂါလံမှ ၅ ဂါလံ အထိပြန်ရောင်းနိုင်လေသည်။ ဆီပြန်ထုတ်သော ဆိုင်မှပုံးများမှာ ဘယ်တော့မှ စံချိန်ကိုက်ဆီပုံးများ မဟုတ်ကြပေ။ ပလတ်စတစ်ပုံးများတွင်သာ အမှတ်အသားပြ၍ ဘယ်နှစ်ဂါလံဆိုတာကို နားလည်ယူရလေသည်။ တခါတရံတွင်တော့ ဖုထား ဖောင်းထားသော စံချိန်ကိုက် ဆီပုံးများဖြင့် လက်ခံယူလေသည်။ များသောအားဖြင့်များပါသွားသည်ကများလေသည်၊ သိနိုင်တာမှတ်လို့။
ထိုမှတဖန် ဆီဖြည့်တင်းရန်အတွက်လည်းကောင်း ဟိုဟိုဒီဒီပတ်ကြည့်ရန်လည်းကောင်း ရွှေတိဂုံတောင်ဘက်မုဒ်မှတဆင့် ကန်တော်ကြီးဘေးအတိုင်း သိမ်ဖြူသို့သွားရလေသည်။ သိမ်ဖြူဆီဆိုင်မရောက်မှီ ဆီဖြည့်သော ကားတန်း ရှည်မနေစေရန်လည်း ဆုတောင်းရသေးသည်။ ဆုတောင်းပြည့်သည်ဖြစ်စေ မပြည့်သည်ဖြစ်စေ ရောက်သောနေရာမှ စတင်တန်းစီရပြန်လေသည်။ ထိုမှတဖန်တန်းစီပြီးသကာလ အင်မတန်မှ မျက်နှာကျောမာလှသော စီရောင်းစာရေး ယောကျာင်္းကြီးထံ စာအုပ်နှင့်တကွ ကျသင့်ငွေအား ပေးရလေသည်။ ဆီဆိုင်တွင် ဘောင်ချာဖြတ်တုန်း လေ့လာမိသည်မှာ ဆီကို FEC ဖြင့် လိုအပ်သလောက် လိုအပ်ချိန်တွင် ရောင်းချပေးပါမည့် အကြောင်း သေချာချာရေးထားလေသည်။ ယနေ့ပေါက်ဈေးဟုလည်း အဖြူရောင် သင်ပုန်းတွင် 3 FEC ဟုရေးလေသည်။ နောက်ထပ်စာတန်းတစ်ခုမှာ ကြေနပ်မှု မရှိပါက စံချိန်ခွက်ဖြင့် ချင်တွယ်ကြည့်နိုင်ကြောင်းကိုလည်း ဝင့်ဝင့်ထည်ထည်ရေးထားလေသည်။ မည်သူမှ ချင်တွယ်ကြည့်ပုံလည်းမရပါချေ။ ဆီများပြည့်ပုံရလေသည် သို့မဟုတ် မထူးပါဘူးဆိုကာ မချိန်ကြလေသလား မသိ၊ ကျွန်ုပ်ကတော့ ကျလိကလိဖြင့် ချိန်တွယ်လို့ ကြည်ချင်နေမိသည်။
ဆီဖြည့်သော အချိန်ရောက်ပါပြီ။ ကျွန်ုပ်တို့သားအဖမှာ စတိုင်ကျကျ ကားထဲတွင်ထိုင်မနေနိုင်ပါချေ။ တစ်ယောက်မှာ ဆီဖြည့်သော ဆီဖြည့်ဆရာနားတွင်ရပ်ကာ စကားများ ဟိုဟိုဒီဒီပြော၍ ဆီဖြည့်လက်ကိုင်အား အပြည့်ညှစ်၍ ဆီထည့်မထည့်ကို မသိမသာလေ့လာရလေသည်။ လူရပ်နေလျှင် မလုပ်ရဲလောက်ဟုလည်း ယူဆရသည်မဟုတ်လား။ နောက်တစ်ဦးမှာကား ဆီဖြည့်စက် ကောင်တာမှတ်သောအနားတွင် ရပ်ရလေသည်။ အင်မတန်လှသော လုပ်ကွက်ဖြစ်ပါပေသည်။ အနှီသကောင့်သား နှစ်ယောက်မှာ တိုင်ပင်ကိုက်လုပ်နိုင်ပါမှ သူရို့အတွက်ဆီကျန်လေမည်။ ကောင်တာမှတ်သောသူမှ တက်နေသော ကောင်တာအားကြည့်ကာ ဖြည့်လိုသော အတိုင်းအတာရောက်ပါက ပြည့်ပြီဖြစ်ကြောင်းအော်ရလေသည်၊ အော်ပြီးပြီးချင်း သူကလည်း ခလုပ်တစ်ခုအား ပိတ်ရလေသည်။ ထိုခလုပ်သည် ဆီကိုမှုတ်ထုတ်သော ခလုပ်လား၊ ကောင်တာကိုသာလည်စေသော ခလုတ်လား မည်သူမျှ မသိနိုင်ပေ။ ထိုသူအော်ပါက ရှေ့မှ ဆီဖြည့်နေသော ပုဂ္ဂိုလ်မှလဲ ဆီဖြည့်လက်ကိုင်အား လွှတ်ရလေသည်။ ထိုအခါတွင်မှ ပိုက်ထဲရှိဆီမှာ တစ်စက်ကလေးမှ ပိုဝင်သွားတော့မည်မဟုတ်ပေ။
မည့်သို့ဘဲ ချောင်းကြည့် ချောင်းကြည့် ဆိုင်မှကားထွက်၍ ဆီတိုင်ကီ အမှတ်အသားတွင် ဆီမှတ်တက်လာပါက မပြည့်သည်က များလေသည်။ ရံဖန်ရံခါများတွင်တော့ အဖေတို့လူကြီးများသည် ညစ်ညစ်နှင့် မန်နေဂျာဟူသော ပုဂ္ဂိုလ်အား သွား၍ရန်ရှာကြလေသည်။ ဆီမပြည့်တာ ဘယ်နှစ်ပါတ်ရှိပြီ ဒီတစ်ခါမပြည့်လျှင်တော့ တိုင်သင့်တာ တိုင်ရမည် ဘာညာ သွားပြောလျှင် ဆီဖြည့်သော နေရာအထိလိုက်လာ၍ ဦးလေးကြီးကို ကြည့်လုပ်ပေးပါကွာ ဟုပြောပေးတတ်ပါသည်။ ထိုအခါများတွင်တော့ ဆီကောင်တာဖတ်သောသူမှနေ၍ လာကြည့်နေသော အဖေအား ထည့်လိုသော အရေအတွက်ထက် ၅ မှတ်လောက် ပိုထည့်ပေးတတ်ကြပါသည်။ ထိုအခါတွင်မှ ကားထွက်၍ ဆီမှတ်ကြည့်လျှင် ပြည့်ရုံသာရလေတော့သည်။
ဤသည်မှာကား ကျွန်ုပ်၏ ရန်ကုန်ပြန်စဉ်ကြုံတွေ့ခဲ့ရသော မပြောင်းလဲသေးသော ဆီဖြည့်ရသော အတွေ့အကြုံများ ဖြစ်ပါချေသည်တမုံ့။
#
မိုးကြယ် Says:
ကိုမျိုး။ ရန်ကုန်မှာတော့ဆီဖြည့်ပြီး ဒီမှာတော့ ဆီဖြည့်လို့ရအောင် စီပုံးလေးလုပ်ပါဦး။
Posted on October 25th, 2008 at 4:20 am
#
2
MrDBA Says:
ကိုမိုးကြယ်ရေ … ဆီပုံးကလေ ထည့်ချင်ပါရဲ့ .. ဟို့စတင်းက XSS ဆိုလား ကြောက်လို့တဲ့ ပိတ်ထားတယ်ကွယ့်၊ အကြံတော့ ထုတ်နေပါတယ်လေ။
Posted on October 25th, 2008 at 6:19 pm
#
3
ကိုနေ Says:
ကိုကြီး DBA ရေ… မင်္ဂလာပါ……
ကျနော်တို့ ယိမ်းနွဲ့ ပါး တစ်နှစ်ပြည့် အမှတ်တရလက်ဆောင်လေး..လာယူပါဦးဗျာ…
Posted on October 27th, 2008 at 11:47 pm
#
4
မစ်(စ်)သွန်းသွန်း Says:
ဆီဖြည့်ရင် ဟန်းဖုန်း ပြောရဘူး။ (အရင် ဒါပဲသိတာ )
Posted on October 30th, 2008 at 9:52 am
#
5
တောင်ပေါ်သား Says:
ကိုကြီးရေ အနော့်ကတော့ ကားမရှိလို့ ဆီဖြည့်တာ သိဘူးဗျ ကိုမိုးကြယ်ပြောတာ ထောက်ခံပါတယ်ဗျို့ အဆင်ပြေရင်တော့ ဆီပုံးလေးထားပေးပါ
Posted on October 30th, 2008 at 11:10 am
#
6
မိုးမောင် Says:
လက်စသတ်တော့ နောင်ကြီးလည်း စမ်းချောင်းသားပဲကိုး…
Posted on November 3rd, 2008 at 11:43 am
#
7
ယုသာ Says:
ကျေးဇူးပါ
လာလည်ပါဦး
Posted on November 3rd, 2008 at 8:31 pm
#
8
min min soe Says:
why u don’t know myanmar economy?
Posted on November 18th, 2008 at 12:59 pm
ဆိုင်တူနေပါလား။
တင်းနစ်ကွင်းက တာမွေဟုတ်လို့လား။
သိမ်ဖြူကွင်းက တာမွေမြို့နယ်မှာ ဟုတ်ဖူးလားဟင် .. သားလဲ သေချာမသိဘူး