လာပြီ လာပြီ မောင်ဒီဘီ

ချစ်စွာသော ဧည့်ပရိတ်သတ်ကြီးခင်ဗျား (အဟိ ရှိလှ လေးငါးယောက်ပေါ့) အဖြစ်ကတော့ မနှစ်ကနဲ့ မတူလို့ ပြောရမလိုပါဘဲ။ ရန်ကုန်က ပြန်လာပြီး ကတည်းက အလုပ်လဲ ပြောင်းလိုက်ပြန်၊ အိမ်ကိုလဲ အလုပ်နဲ့ နီးမည့် အနီရောင်လိုင်းပေါ်ပြောင်းရပြန်နဲ့ ယားလို့တောင်မှ မကုတ်အားအောင် အလုပ်များလှပါတယ်ဗျာတို့။

အိမ်ပြောင်းတော့ အင်တာနက် အဆက်ပြတ်၊ အလုပ်ပြောင်းတော့ (မလစ်သေးလို့) ဘလော့ပြတ်၊ချက် (chat) ပြတ်နဲ့ ချစ်လှစွာသော သူငယ်ချင်းများကလဲ အင်တာနက်စာ တဖွတ်ဖွတ်နဲ့ ချက်ကင်းလုပ်နေကြလို့ မနဲကို လုပြီးရှင်းပြနေရပါတယ်။

အမှန်တော့ ဒီပို့စ်က ရသေ့စိတ်ဖြေသဘောမျိုးလဲဖြစ်၊ စောင့်မျှော်နေကြမယ့် စာဖတ်သူများလဲ သတိတရဖြစ်အောင်လို့ အင်တာနက် ပြန်ရလျှင် ရချင်း ရီပို့တက်ရချင်းဖြစ်ပါတယ်။

မောင်ဒီဘီတစ်ယောက် ယခင် အစိမ်းရောင်လိုင်းပေါ်ကနေ အနီရောင်လိုင်းပေါ်ကို အလုပ်ရော အိမ်ရော ပြောင်းလိုက်တဲ့ အတွက် အနီရောင်လိုင်းတွင်နေကြပါကုန်သော နော်တော် ညီတော် အမတော် ညီမတော် ဘလော့ဂါများ မောင်ဒီဘီကို နဲနဲလောက် ဂရုစိုက်ပြီး ဝိုင်းဝန်း စောင့်ရှောက်ကြပါလို့ အပ်ပါရစေ။

ယခင်က ဦးဆောင်၍ တစ်လွှာလုံး ငှားကာနေထိုင်ခဲ့သော်လည်း ခေတ်နှင့်လျှော်ညီစေရန်အတွက် ဒေါင်းဂရိတ်ချကာ ချင်ကာပူယီရန်၏ အိမ်တွင် အခန်းတစ်ခန်းငှားကာ နေထိုင်ပါသောကြာင့် ပါတ်ဝန်းကျင်သစ်တွင် နေသားမကျနိုင်ဖြစ်နေရပါသည်။ ကံကောင်းသည်မှာ အိမ်ပိုင်ရှင်မှာ ကောင်လေးတစ်ယောက်ထဲနေသောကြောင့် သူလဲသူ့အခန်းထဲနေ ကိုယ်လဲ ကိုယ့်အခန်းထဲနေကာ စတိုင်တော့ကျလှပါသည်။ ရေမီး အစုံအလင်ဖြင့် ဘယ်မှာမှ မရနိုင်သောဈေးနှုန်းဖြင့် ရထားသောကြောင့် ဘေးပေါက်များ ပိုရလာနိုင်သေးသောကြောင့် ဒေါင်းဂရိတ်ရလဲ မဆိုးလှသေးပါ။ သို့သော် ယခင်က အိမ်နေရာပေါတိုင်း စွတ်ရွတ်ဝယ်ပြီး ပုံထားသော ပစ္စည်းများမှာ ယခုလို ဒေါင်းဂရိတ်ချလိုက်သောအခါ လူမှာ အမှိုက်ပုံထဲ နေရသလို ပါတ်ပါတ်လည်တွင် အထုတ်များနဲ့ ဝိုင်းဝိုင်းလည်လို့နေရပါသည်။

နောက်များမှဘဲ ရေးရပါဦးမည်။ ယခုတော့ အင်တာနက်ရရချင်း သတင်းလွှင့်ခြင်လို့ အတင်းကာရော ရေးလိုက်ရခြင်းဖြစ်ပါသည်။ အားလုံးအဆင်ပြေပါသည်ခင်ဗျား (အဲ ဘာဖြစ်သွားမလဲ မသိဘူး၊ အဲလိုအော်တာ တစ်နေရာဘဲရှိတယ်)

4,898 views