ပေါ့ပါးပျော်ရွှင် အင်္ဂလိပ်စာသင်
ဒီတစ်ပါတ်တော့ ဒါဏ်ရာများနဲ့မြို့ထဲက အနာတရမဖြစ်အောင် ကြိုးစားရင်း ပျော်ပျော်ပါးပါး လေ့လာသင်ယူနေကြတဲ့ ဖိုရမ်လေးတစ်ခုအကြောင်းကို မိတ်ဆက်ခြင်ပါတယ်။ တစ်လသားဘဲ ရှိသေးတဲ့ ဒီဖိုရမ်လေးဟာ အင်္ဂလိပ်စာကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် လေ့လာ ဝေမျှသင်ယူချင်သူများ အတွက် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ မှတ်မှတ်ရရ စတင်ဆွေးနွေးကြတာက စက်တင်ဘာ ၂၄ ရက်နေ့ကဆိုတော့ ဒီနေ့မှာဖြင့် တစ်လ တိတိ ရှိသွားပြီဖြစ်ပါတယ်ခင်ဗျာ။ ဒါကတော့ သူတို့စတင်ရခြင်းရဲ့ အဓိက စိတ်ရင်းစေတနာပါဘဲ။
အသိပညာနယ်ပယ်မှာ မြန်မာတွေ ဘာသာစကားဆိုတဲ့ ကြားခံကြီး မရှိစေချင်တဲ့ စေတနာအရင်းခံနဲ့ ဒီဆိုက်ကို တည်ထောင်ထားရခြင်းဖြစ်ပါတယ်ခင်ဗျ
MMEnglish လို့ခေါ်တဲ့ ဖိုရမ်လေးကို MZ Team မှမင်ဘာများနဲ့ အင်္ဂလိပ်စာ လေ့လာနေသော ဝါသနာရှင်များမှ စုပေါင်းတည်ထောင် လိုက်ကြတာဖြစ်ပါတယ်။ အင်္ဂလိပ်စာလေ့လာရေး ဖိုရမ်များ ပုံစံအတိုင်း 4 Skills ကိုလေ့လာနိုင်ရန် ကြိုးစားထားပါတယ်။ ဘာသာစကားနောက်ခံတတ်ကျွမ်းမှုအရ အင်္ဂလိပ်စာ ဘွဲ့ရများ၊ IELTS ဖြေဆိုအောင်မြင်ထားသော လူငယ်များ၊ ပြင်ပတွင် အင်္ဂလိပ်စာ သင်တန်းဖွင့် သင်ကြားပေးနေသော ဆရာများမှ ဦးဆောင်၍ ဆွေးနွေးခန်းများ၊ မေးမြန်းမှုများကို ပြန်လည်ဝေမျှဖြေကြားနေကြပါတယ်။
ဖိုရမ်ဖြစ်တဲ့ အတွက် စာသင်နေသလို မဖြစ်ဘဲ အင်္ဂလိပ်စာ လေ့လာရာတွင်တွေ့ကြုံရသော အခက်အခဲများ လေ့လာရန်ပုံစံများ အပြန်အလှန် ငြင်းခုံမှုများ အသိပညာဖလှယ်သော ပုံစံများဖြင့် လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အထူးသဖြင့် လေ့လာသူများအတွက် မြန်မာပြည်တွင် သင်တန်းဖွင့်ကာ အင်္ဂလိပ်စာသင်ပေးခဲ့ဘူးသော Mr Ian CARTER မှလဲ မေတ္တာဖြင့် Ask The Teacher ဆိုသော ကဏ္ဍတွင် ပါဝင်ကူညီနေတာဖြစ်ပါတယ်။
ထို့အပြင် သီချင်းလေးများ နားထောင်ကာ သီချင်းစာသား ပြန်ဖြည့်ရသော နည်းများ၊ ဥာဏ်စမ်း ပဟေဠိလေးတွေ ဖြေရင်း ပျော်ပျော်ပါးပါး လေ့လာကြသော နည်းများ၊ စာစုဖတ်ပြီး ဘာသာပြန်ခြင်းများ၊ အငြင်းအခုန်ဝါသနာပါသူများ အတွက် အင်္ဂလိပ်လို ငြင်းခုန်ခြင်းများ စသဖြင့် ပျော်ပျော်ပါးပါး အင်္ဂလိပ်စာ လေ့လာသွားနိုင်မယ် ဖြစ်ပါတယ်။ နောက် ကိုယ်ရေးထားတဲ့ အင်္ဂလိပ်စာတွေကို ချပြမယ်။ သိတဲ့သူတွေက ဝင်ပြင်ပေးမယ်။ အချင်းချင်း ဆွေးနွေးတိုင်ပင်ကြမယ်။ အင်္ဂလိပ်စာ လေ့လာသင်ယူရေးနဲ့ ပတ်သက်ပြီး လေ့လာသင့်တဲ့ Web Site အညွှန်းတွေကို မျှဝေနိုင်မယ် အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ ဗီဒီယိုဖိုင်တွေ၊ အသံဖိုင်တွေ၊ သင်ထောက်ကူ ပစ္စည်းတွေ မျှဝေကြမယ် ဖြစ်ပါတယ်။
ကဲ ကျွန်တော့် ဘလော့ဖတ်လာ မိတ်သဟာထဲက အင်္ဂလိပ်စာ လေ့လာဝေမျှချင်သူများ ရှိရင်တော့ အဲဒီဖိုရမ်လေးမှာ တတ်နိုင်သလောက်လေး ဝင်ရောက်ကူညီသင်ပြ ဖြေကြားပေးသွားကြပါဦးလို့ တိုက်တွန်းခြင်ပါတယ်ခင်ဗျ၊ နောက်ပြီးတော့ လေ့လာစရာ နေရာရှာနေသူဖြစ်ပါကလည်း အဲဒီဖိုရမ်လေးမှာ ဝင်ရောက်လေ့လာသွားနိုင်ပါကြောင်း အသိပေးရပါတယ် မိတ်ဆွေများ ခင်ဗျား။
#
မစ်(စ်)သွန်းသွန်း Says:
သွားချောင်းလိုက်ဦးမယ်
Posted on October 24th, 2008 at 9:35 pm
#
2
ewphyo Says:
IELTS Link ကလေးများပေးသနားပါ…
Posted on October 24th, 2008 at 10:20 pm
#
3
A Linn Nyi Says:
သွားကြည့်ပြီဗျို့ ခုပဲ။
Posted on October 27th, 2008 at 2:37 am
#
4
ပုလုကွေး Says:
ကိုကြီးဒီဘီရေ.. သိနေတာတော့ကြာပြီ။ သိဆို mz ကိုနေ့တိုင်း ၀င်ဝင်ချောင်းနေတာကိုး။ ရောက်တော့ မရောက်သေးဘူးဗျ။ ဒါနဲ့ စကားမစပ် ကိုကြီးဒီဘီရဲ့ programming သင်တန်းကြီးကကော ဘယ်တော့စမှာလဲ။ သင်ချင်တဲ့သူ က သွားသွားချောင်းနေတာဗျ(မသွားဖြစ်တာတော့ တစ်ပတ်လောက်ရှိပြီ)
Posted on October 29th, 2008 at 9:27 pm
#
5
MrDBA Says:
ပုလုကွေး
အဲဒါကြီးလဲ မသင်နိုင်သေးဘူးဖြစ်နေတယ် ဟုတ်တယ် စာတွေလဲ တော်တော်လက်ခံရနေတယ် သင်ပါတော့ ဆိုပြီးပေါ့။
Posted on October 30th, 2008 at 4:06 pm