တက်လဲတက်နိုင်ကြပါပေတယ်… ကွယ်ရို့

အခုတလော တက်(Tag) တာတွေခေတ်စားနေသည်။ ဟိုလူက ဒီလူကိုတက်သည်။ ဒီလူက ဟိုလူကိုပြန်တက်သည်။ အပြိုင်အဆိုင်တက်ကြသည်။ သူသူကိုယ်ကိုယ် ဦးအောင်တက်ကြသည်။ တစ်ချို့များ လူတစ်ယောက်ထဲက ကျန်အယောက် ၂၀ လောက်ကို တပြိုင်နက် တက်ဂ်လိုက်တာတွေ့ဘူးသည်။ မတက်လျှင် ခေတ်မမှီဟုများ ထင်နေကြသလားမသိ။ ကိုယ်ကငြိမ်နေလျှင် ကိုယ့်ကိုသူများ တက်သွား၍ အကြွေးတင်သွားနိုင်သည်။

မောင်ဒီဘီလဲ ခေတ်မှီသွားသည်။ ကိုယ့်ကို တက်သူရှိလာသည်။ ပထမတော့ ပြုံးပြုံးကြီးနှင့် ငါတော့ ခေတ်မှီသွားလေခြင်းဆိုပြီး ပျော်သွားသည်။ သို့ပေမယ့် ပထမဦးဆုံး တက်သွားသူ၏ အကြောင်းမှာ ကိုယ်ကြိုက်သော ကိုယ့်ကိုလွှမ်းမိုးသော စာအုပ်အကြာင်းရေးရန်တဲ့ သူဘာများရေးထားလဲ သွားကြည့်တော့ ယင်းဂလိစာအုပ်ကို ရေးထားသည်။ မောင်ဒီဘီ နဲနဲဖျားသွားသည်။ ယင်းဂလိစာ ဆိုလို့ ၁၀ တန်းတုန်းက ဝှဲသားရင်းဟိုက်ဆိုသော ၁၀ တန်း ကျောင်းသားများ လေ့လာရန် အထူးသင့်တော်သော အချစ်အကြောင်း(စကားပြေကောင်းတယ်လို့တော့ ဆရာမက ပြောတာဘဲ) စာအုပ်ကြီးသာ လိမ်ဖယ်လိမ်ဖယ်နှင့် ဆရာမ ဖတ်ပြ၍ နောက်ဆုံးစာမျက်နှာအထိ လှန်ဖူးလေသည်။ ဒီလိုဆိုရင်တော့ ခက်ကဘီ။ တက်ဆရာကို လေပြေသွေးကာ ယင်းဂလိစာအုပ်များ အသာထား၍ ဗမာစာအုပ်များသာ ရေးပါမည့်အကြောင်း တောင်းပန်ထားရသည်။ တကယ်တော့ ကာတွန်းစာအုပ်များကလဲ ကိုယ့်ကို လွှမ်းမိုးဘူးလေသည်။ ရေးရင်ကောင်းမလားဘဲ။

နောက် တော်နေတော့ နှစ်ယောက်က တက်သွားပြန်သည်။ ကိုယ့်အကြောင်းရေးရန်တဲ့ တစ်ယောက်က၊ နောက်တစ်ယောက်ကတော့ သေခါနီး ၁၀ ရက်ဆို ဘာလုပ်မည်နည်းတဲ့။ ဒွတ်ခ ဖျားသွားပြန်သည်။ အကြွေးသုံးခုရှိသွားပြီ။ ဒီတော့ထပ်ပြီး စဉ်းစားကြည့်သည် ငါ့မှာ ဒီ့အပြင်ဘာတွေ အတက်ခံထားရသေးသနည်းပေါ့။

အို ဟုတ်သည် .. ရုံးကလဲ တက်ထားသေးသည်။ အရေးတကြီး ပေါ်လစီပြောင်းသွား၍  စက်တင်ဘာ ၁၅ ရက်နေ့ကြလျှင် သူတို့၏ စနစ်ကို ပေါ်လစီအသစ်နှင့် သာပြောင်းလဲပေးရန် ခိုင်းထားသည့်အတွက် ပရိုဂရမ်များ ဂျောင်းဂျောင်းကြအောင် ရေးနေရသည်။ စိတ်ရှုတ်လာရင် ဘလော့ကလေးဖတ်။ နောက်တစ်ခုက စက်တင်ဘာ ၂၉ ရောက်လျှင် သူတို့ ၀က်ဘ်ဆိုဒ် Live လွှင့်မှာမို့ အပ်ထားသော မော်ဂျူးများ သေသေချာချာ အမှားကင်းစေရန် သတိပေးလာသည်။ ဟုတ်ကဲ့ မွေနှောက်ကာ စစ်ဆေးနေရသည်။ ဒါလဲ တက်ခြင်းတစ်မျိုးဖြစ်မည်။ တစ်ယောက်ကလဲ သူတို့ လိုအပ်ချက် အသစ်များကို စနစ်အသွင် ဖော်ဆောင်လို၍ ဘယ်၍ ဘယ်မျှကုန်ကြမည်၊ ဘယ်၍ဘယ်မျှ အချိန်ကြာမြင့်မည် တွက်ချက်ပေးပါဦး ခိုင်းလာသည်။ အသာလေးနှပ်ထားတာ တနေ့က ဖုန်းဆက်လာသည် .. ပြီးပြီလားဟု။ ဒီတစ်ပါတ်အတွင်း တွက်ပေးပါမည်ဟု ဂတိခံလိုက်ရသည်။ ဒီနေ့ဘဲ ဗုဒ္ဓဟူးဖြစ်နေပြီ။ ရှိသေးသည် edu.mz ကလဲ စာနယ်ဇင်းတွေနှင့် တွေ့မလို့ ကိုဒီဘီ့ သင်ခန်းစာများကို နဲနဲတော့ စထားပါဟု တိုက်တွန်းလာသည်။ စတုန်းက စထားပြီးတော့ဟုလဲ ဘုတောခံရသေးသည်။

မောင်ဒီဘီတို့ အတက်ခံရ၍ ပြားပြားဝပ်လို့နေသည်။ ဘလော့လောကတွင် တက်လို့ မဖြေက ရိုင်းတယ်၊ ခင်မင်မှုကိုမလေးစား၊ လူမှုရေးမသိသူလို့ ထင်ကြသည်တဲ့ ၀ါကြီးသမားတွေ မေးတော့ဖြေကြသည်။ ရုံးမှာလဲ တက်တာကို မလုပ်လျှင် ပါဖောင်းမန့် မကောင်းဟု သတ်မှတ်ကာ ဘောနပ် လျှော့နိုင်သည်။ ဘောနပ်က အရေးတော့မကြီးပါ(အမှန်တော့ကြီးတယ် ဟီးဟီး) .. ပါဖောင်းမန့်ကောင်းလဲ မကောင်းဟု သူ့ပေတံနှင့်တိုင်းသွားလဲ ဘာမှမတတ်နိုင်။

ဆိုတော့ ဖြတ်တန်တာ ဖြတ်ထားရမည်။ ၁၀ ရက်အတွင်းသေမယ်ဆိုရင် ဘာလုပ်မည်နည်းကတော့ လွယ်သည်။ ကိုယ့် အသက်အရွယ်နှင့် သူများတွေလို စိတ်ကူးယဉ်နေလို့ မဖြစ် ဒီတော့ ပညာရှိဆန်ဆန် ဖြေလိုက်မည်။ ဟုတ်ကဲ့ ဒီလိုဖြေလိုက်ပါသည်။ 

တကယ်ကြီးကို ၁၀ ရက်ဘဲလိုတော့တယ်ဆိုရင်တော့ သေသေချာချာ တရားပြနိုင်တဲ့ တရား စခန်းတခုခု၊ တရားပြဆရာ တစ်ယောက်ယောက်ဆီကိုသွားပြီးတော့ ၁၀ ရက်လုံး တရားထိုင်နေပါမယ် ဆိုတာပါဘဲ။ တခြားတော့ မလုပ်ခြင်ပါဘူး။ တစ်မဂ် တစ်ဖိုလ် မရရင်တောင်မှ အစွဲအလမ်းကြီးနဲ့ သေမသွားခြင်ပါဘူး။ တကယ်တော့ ၁၀ ရက်ဆိုတာနဲပါတယ်။

ပိုင်တယ်နော်။ သူများလဲ သူများအဖြေနှင့်ဖြစ်ပါမည်။ ကျွန်တော်ကတော့ အမှန်တစ်ကယ် လုပ်ခြင်သည့်ဟာကို ရေးလိုက်ခြင်းသာ ဖြစ်ပါသည်။ စိတ်မဆိုးကြပါနှင့်။ ကဲ ဒီလောက်နှင့်သာ ကျေနပ်ပါတော့။ ကျန်တာများကိုတော့ နဲနဲအားမှဘဲ ပြန်ဖြေပါရစေတော့လို့ တောင်းပန်လိုက်ရပါပေတယ် .. တက်ဆရာတို့ရေ။


108 views

6 Responses to တက်လဲတက်နိုင်ကြပါပေတယ်… ကွယ်ရို့

  1. မအားတဲ့ကြားက ပြန်ဖြေပေးထားတာလေး ကျေးဇူးပါ။ တစ်ကယ်ကောင်းတဲ့ ရည်ရွယ်ချက်လေးပါပဲ။ ဒါနဲ့ ဖတ်မိစေချင်မှာ လင့်ခ်ထားတာတော်တော်များများ address နှစ်ခုထပ်နေလို့ blogger not found ချည်းဖြစ်နေတယ်။ address bar သတိထားမိလို့သာ ပိုနေတာတွေပြန်ဖျက်ပြီး ဖတ်လို့ရခဲ့သရှင်။

  2. mrdba says:

    ညီမရေ ကျေးဇူးဗျို့ .. ပြန်စစ်လိုက်မယ်။

  3. ယိမ်းနွဲ့ပါးမှာ MrDBA Logo တင်ထားပြီးပြီ။ လာကြည့်ပါဦး။
    blog မှာ banner ထည့်ချင်ရင် Design ဆွဲပေးဦးမယ်။

  4. တကယ့်ကို ကောင်းမွန်လှတဲ့ ရည်ရွယ်ချက်လေးပါ။

  5. တစ်ပတ်ပြည့်သွားပြီနော် ဟွန်း

  6. [...] တဂ်တာတွေ ခေတ်စားလာပြန်ပါတယ်။ တက်လဲ တက်နိုင်ကြပါပေတယ်ကွယ်။ ပုံမှန်အားဖြင့် တဂ်ပို့စ်တွေကို [...]

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages Widget created by Best Accounting Services
  • RSS
  • Twitter
  • Facebook