အိမ်ခဏပြန်မယ်

ပြန်လာမယ်ပြောလိုက် ပျက်သွားလိုက်၊ ပြန်လာမယ်ပြောလိုက် အလုပ်ပြောင်းလိုက်နဲ့ ဒီရောက်တာ ၂ နှစ်ခွဲ ကြာသွားတဲ့ အချိန်မှာတော့ ပထမဦးဆုံး အကြိမ် အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။

ဆုံးဖြတ်ချက် ကြသွားကတည်းက လူဟာတော်တော်ပေါ့ပါးပြီး ရွှင်ပြသွားလိုက်တာ ပေါင်နှစ်ရာလောက်ရှိတဲ့ လူဟာ လမ်းလျှောက်ရင်တောင် မြောက်ကြွမြောက်ကြွ ဖြစ်လို့နေတယ်။

ဒီနေ့ခွင့် Application ကို ရုံးက Portal မှာဝင်ပြီးဖြည့်နေတဲ့အခါ မောက်စ်ကိုင်တဲ့ လက်တွေတောင် တုန်နေသလိုခံစားရတယ်။ ဒီကိုစရောက်တဲ့ ပထမတစ်နှစ် စင်ကာပူရဲ့ အလုပ်များမြောင်မှုကြားမှာ နေသားကြအောင်နေရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်ခဲ့တယ်။ ပိုကောင်းတဲ့ အလုပ်ကလေးတစ်ခု ပြောင်းရင်း အိမ်ပြန်မယ့် အချိန်ကို အလုပ်သစ်နဲ့ လဲလှယ်ခဲ့ရတယ်။ ခုတော့ တကယ်ပြန်ဖြစ်တော့မယ်။ ခွင့်တင်ထားတဲ့ နှစ်ပါတ်တာ အချိန်လေးကို Leave Application ရဲ့  ပြက္ခဒိန်မှာ ကြည့်ရင်း ငါတော့ ပြန်နိုင်ပြီဟဲ့ဆိုတဲ့ ရင်ခုန်ပီတိဟာ ၁၀တန်းနှစ်လောက်က ကျိတ်ပိုးနေတဲ့ ကောင်မလေးရဲ့ အတန်းဘေးက ပြတင်းပေါက်ကနေ သွားချောင်းတော့ သူမမြင်သွားပြီး ဘေးက သူငယ်ချင်းနဲ့ ကွက်ကြည့် ကွက်ကြည့်လုပ်ခါ ကိုယ့်အကြောင်းတော့ ပြောနေပြီဟဲ့လို့ ရင်ခုန်ရသလိုမျိုး။ ညနေရုံးဆင်းရင်တော့ ပင်နီဆူလာမှာ လေယဉ်လက်မှတ် ကြိုတင်သွားလုပ်ထားတော့မယ်။

စင်းမြန်မာက မဇာရဲ့ အပြုံးဟာ ဒီတစ်ခါတော့ ငါ့အတွက်ဘဲလို့ဆိုတာကို ပိုင်ပိုင်နိုင်နိုင်သိသွားတဲ့ အချိန်မှာ ကိုယ်ကသူ့ရှေ့က ထိုင်ခုံမှာ ထိုင်မိလျှက်သားဖြစ်နေပြီ။ ရန်ကုန်ကနေ စင်ကာပူလာခါနီး လက်မှတ်ဝယ်သလိုမျိုးဘဲ လျှာတွေတောင် ခလုတ်တိုက်လို့ ၊ လေယဉ်လက်မှတ် ၀ယ်ချင်လို့ဆိုလား မြန်မာပြည်ပြန်ချင်လို့ဆိုလား ဘာမှန်း မသဲကွဲလိုက်တဲ့ အမေးက ထွက်သွားပြီးတဲ့ အချိန်နောက်ပိုင်းမှာတော့ မဇာရဲ့ မေးခွန်းတွေအောက်မှာ မြောပါသွားလိုက်တာ အစ်ကို ၂၀ ရက်နေ့ လက်မှတ်လာယူလို့ ပြောလိုက်မှဘဲ ငါတော့ လက်မှတ်ရပြီဟဲ့လို့ အပျော်တွေပိုဆင့်လာခဲ့ရပြန်တယ်။

ပင်နီဆူလာရဲ့ ကျောက်ပြားခင်းလက်စ ကြမ်းပြင်ဟာ မြန်မာပြည်ပြန်ချင်နေတဲ့ ကျွန်တော့်ကို မြန်မာပြည်အငွေ့အသက်တွေနဲ့ ကြိုဆိုနေသလိုဘဲ။ ကွမ်းယာဗန်းတွေတောင်မှ ပိုအသက်ဝင်လာသလိုလို။ ဆိုင်ထဲက ထွက်လာတဲ့ ကျွန်တော့်ကို အားလုံးက အားကျသလို အကြည့်တွေနဲ့ ကြည့်နေတယ်လို့တောင် ခံစားရတယ်။

သူများတွေလို ဘာစားရမလဲ စာရင်းလုပ်ရင်ကောင်းမလား၊ ဘယ်သွားရမလဲ စာရင်းလုပ်ရင်ကောင်းမလား အပြန်ရထားပေါ်မှာ စဉ်းစားလာခဲ့မိသေးတယ်။ ဘယ်သွားသွား မသွားသွား အလုပ်မလုပ်ဘဲ ၂ ပါတ်နားရမှာတော့ သေခြာနေပြီ၊ အဲဒါကကို ပျော်ဖို့ကောင်းနေပြီ။ နောက်တစ်ခု သေခြာတာတော့ လူစာရင်းချပြီး လက်ဆောင်ပစ္စည်းဝယ်ရတော့မှာ။ DISO ဘဲပြေးရင်ကောင်းမလား။ ပိုက်ပိုက်တွေကတော့ အပြင်ထွက်ရတော့မှာမို့ ပျော်နေမှာသေချာတယ်။ သူတို့လဲ ဘဏ်ထဲအောင်းနေရတာကြာပြီလေ။ သူတို့အဖေါ်တစ်ချို့ကတော့ မြန်မာသံရုံးမှာ ကျန်ခဲ့ကြရတယ်ပေါ့ဗျာ။

သေချာအောင်လေ့လာရမှာ နောက်တစ်ခုကတော့ အရင်ပြန်ထားဘူးတဲ့ လူတွေဆီမှာ မြန်မာပြည်လေဆိပ် အ၀င်နည်းလမ်းလေးတွေ မေးမြန်းထားရဦးမှာ။ စကားအပြောမတတ်လို့ မြန်မာပြည် ၀င်ခွင့်မပေးရင် ဒွတ်ခ နော်။


427 views

18 Responses to အိမ်ခဏပြန်မယ်

  1. exiter says:

    လေဆိပ်မှာ ညီတစ်ယောက်လုံးရှိနေတာကို …..
    မေ့နေပြီလားဗျ… :D

  2. ကိုကြီးရေ ကျနော်လည်း ပြန်ချင်လာပြီနော့်.. လူကို ပြန်ချင်အောင်လုပ်နေတယ်ပေါ့.. ကိုကြီး DBA ရေ ငိုလိုက်မှာနော့်

  3. တွီတီကိုစတာ says:

    ပေါင်(၂၀၀)၊ လူကလဲ အရပ်(၆)ပေလောက်ရှိတယ်ဆိုတော့… တစ်တုံးတစ်ခဲကြီးပေါ့နော် .. ဟိ ဟိ
    တွေ့ကြသေးတာပေါ့… ရက်(၂၀)ကျော်ရင်

  4. N3 says:

    အိမ်ပြန်ရတော့မယ်ဆိုပြီး ပျော်နေတာကို အားကျမိတယ်။ ကျွန်မလည်း ဒီလကုန်လောက် အိမ်ပြန်မယ် စိတ်ကူးခဲ့ပေမယ့် တကယ် ပြန်ဖြစ်အုံးမယ် မထင်ဘူး။

    အခုတော့ မသိဘူး ကျွန်မ အရင်နှစ်ပြန်တုန်းက အခွန်ဆောင်ထားပေမယ့် အလုပ်က ခွင့်ပေးတယ်ဆိုတဲ့ စာရွက်မပါလို့  ပြည်တော်အ၀င်မှာ အတော်အရစ်ခံ လိုက်ရသေးတယ်။ အခွန်ဆောင်ထားတဲ့ စာရွက် မိတ်တူနဲ့ အတူ ဘယ်ရက်ကနေ ဘယ်ရက်အထိ ခွင့်ပေးလိုက်ပါတယ်ဆိုတဲ့ စာမျိုးကို လိုရမယ်ရ ကြည့်စီစဉ်သွားလိုက်ပါ။

  5. mrdba says:

    exiter>>

    တကယ်စောင့်နေနော် ညီညီ

    တောင်ပေါ်သား >>

    လိုက်ခဲ့ပါလား တစ်ခါတည်း

    ကိုတွီတီ >>

    ၄ ရက်နေ့မှဗျ။ တွေ့ကြသေးတာပေါ့ဆိုတော့ နာ့ဘဲ အုပ်တော့ မလိုလို

    N3 >>

    ကျေးဇူး မနေနေနိုင်ရေ။ ကျွန်တော် ခွင့်စာရေးယူသွားလိုက်မယ်

  6. အဟင့် အဟင့်…ဟီး…ရွှတ် ဖတ်။ သူများတွေ အိမ်ပြန်တော့မယ်တဲ့။ အီး ဟီး ဟီး … ငိုချင်တယ်။ ဒါနဲ့ သံရုံးသွားထားတာပဲကွယ် ။ စိတ်ချ Immigration က ပြုံးပြုံးကြီး ကြိုနေပါလိမ့်မယ်။ မဟုတ်ရင်သာ … ဒန် တန့် တန် ..။

  7. အိမ်ပြန်ရတော့မယ့်ဆိုတဲ့ အသိက အမြဲလူကိုပျော်ရွှင်စေတတ်ကြပါတယ်။ အမိမြေမှာ နွေးထွေးပျော်ရွှင်မှုတွေကို အပြည့်အ၀ ခံစားရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကိုယ့်အလှည့်ကတော့ တော်တော်ဝေးသေးတာကိုလည်း တွေးမိသွားတယ်။

  8. ပြန်နိုင်တဲ့လူတွေ ပြန်ကြပေါ့ဗျာ. ကျတော်ကတော့ နောက်နှစ်လောက်မှ ပြန်ဖြစ်မယ်နဲ့တူပါတယ်.ကိုကြီး ဒီဘီရေ.. စလုံး ၅ကျပ် ၁၀လောက် ဆောင်သွားနော်. ဟိုကအကောက်အခွန်ကလူတွေက စလုံးပိုက်ပိုက်ကို မမြင်ဘူးလို ဆိုပြီးတောင်းကြည့်တက်တယ်. ပြန်တော့ ပေးဘူးဗျ….

  9. အားကျတယ်ဗျာ။

  10. လေဆိပ်အ၀င်မှာ ပြရမယ့် စာရွက်စာတမ်း အားလုံး မိတ္တူ ကူးသွားရင် တောင်းတဲ့အခါ အဆင်သင့် ဖြစ်တာပေါ့။

  11. MrDBA says:

    ကွန်မန့်ရေးလာ/မရေးလာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ..။
    အဟီး ၀မ်းသာလိုက်တာ အများကြီးဘဲ။ အရင်က ကိုယ်သွားသွားချောင်းကြည့်ခဲ့ရတဲ့ လူတွေကလဲ လာအားပေးကြလို့ ဖိန်းတိန်းတိန်းတောင် ဖြစ်တယ်။ ကျေးဇူး အကြိမ် တစ်သန်း ဗျာ လာဖတ်ကြလို့။
    ကျေးဇူး အထူးကတော့ ကိုအန်ဒီရဲ့ WeSheMe ပါဘဲ။ သူ့ဆီက Feed Roll ကြောင့်လာကြတဲ့လူတွေများပါတယ်။ MyBlogLog မှာသွားကြည့်လိုက်တော့လဲ ဒီပို့စ်ရဲ့ ကလစ်အရေအတွက်က 128 ဆိုဘဲ။
    မောင်ဒီဘီတစ်ယောက် အိမ်ပြန်ရမှာမို့ ပျော်နေတုန်း ဘလော့ကလဲ ရောင်းကောင်းတော့ အထူးပြောစရာမလိုအောင်ကို ပျော်နေတော့တာပါဘဲ။

  12. MelodyMaung says:

    ပျော်နေရင် ကော်ကော်တိုက်
    ပြိးတော့ အ၀င်လွယ် အပြန်လွယ်မဲ့နည်းလမ်းကောင်းလိုချင်လဲ ကော်ကော်တိုက်
    မြန်မာမှာ ဘာတွေစားလာ လုပ်လာ လည်လာရင် ကောင်းလဲ ၀ယ်လာရင် ကောင်းလဲ စာရင်း လိုချင်ရင် ကော်ကော်တိုက်
    ဒီဘလော့ကို တိုက်ရိုက်လာလာဖတ်လို့လဲ ကော်ကော်တိုက်
    ဘာပဲဖြစ်ဖြစ် ကော်ကော်တိုက် အဟိဟိ
    MMITPros meet up တုန်းက တိုက်တဲ့ ကော်ကော်ကို အရသာတွေ့နေတုန်းပဲမို့ ကော်ကော်တိုက် :)

  13. ToMMyGiRL says:

    im goin bac in Dec as well. Im thinkin to go back 2 weeks or 3 weeks.. :D the feeling before goin back is really good.
    The feeling when coming bac to Singapore is like really really bad, although I go back to YGN like every year :D

  14. အစ်ကိုဘယ်နေ့ေ၇ာက်မှာလည်း
    တွေ့ကြသေးတာပေါ့နော်အစ်ကို

  15. ewphyo says:

    ပြန်ရတဲ့အရသာကို ပြန်တွေးတိုင်းပျော်နေတုန်းဘဲ။ တကယ်ဘဲကြည်နူးဖို့ကောင်ပါတယ်။ ဒါပေမဲ့ ပြန်လာခါနည်း နှစ်ရက်လောက်အလိုကျတော့ ခံစားလာရပါလိမ့်မယ်။ တနလာင်္နေ့ရောက်တော့မဲ့ တနင်္ဂင်္နွေညလိုပေါ။ လူကြုံလည်းထည့်ပေးလိုက်ဦးမယ်နော့..ဟီး.ဟီး…

  16. သူများတွေပျော်စရာအကြောင်းပြောနေတုန်းစိတ်ညစ်စရာလေးပြောလိုက်ပါဦးမယ်။ အစ်ကိုရေ မြန်မာနိုင်ငံရောက်ရင်တော့ အင်တာနက်ကို သည်းခံပြီးတော့ သုံးရမယ်နော်။ :D

  17. ၂နှစ်ကျော်ကြာ ခွဲနေခဲ့ရတဲ့အိမ်ကို ပြန်နိုင်တော့မယ်ဆိုလို့ ထပ်တူထပ်မျှ ပျော်ရွှင်မိပါတယ်ဗျို့။ ဆုံချင်ပါသေးတယ်။

  18. sin dan lar says:

    အိမ်ပြန်ချင်တယ် တွယ်…..

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook