ကျည်ပွေ့ရေလောင်းခြင်း

ဒီကျွန်းသေးသေးလေးပေါ်မှာ ခြေချစရာနည်းလာပြီ၊ နောက်လူများအတွက်လဲ နေရာပေးဖို့လိုလာပြီ၊ ကိုယ်တိုင်ကလဲ တနေ့တနေ့ စက်ရုပ်လိုဘ၀ကို ညီးငွေ့လာပြီဆိုတော့ ဒီဘက်ကျွန်းကနေ ဟိုဘက်ကျွန်းပြောင်းချင်လာသည်။ ရန်ကုန်မှာ ကတည်းက တခါတည်း လှမ်းဖို့ကြိုးစားသေးသည်ဘဲ။ လူကရန်ကုန်မှာကတည်းက လေ့လာထားတာရှိပေမယ့် ဒီရောက်မှ ကိုဖြိုးဆီကနေ မေးမြန်းထားတာလေးတွေနဲ့ပေါင်းပြီး ပထမဆုံး လုပ်ရမည့်အလုပ်ကို သတ်မှတ်လိုက်သည်။

ဟိုဘက်ကျွန်းကလူတွေက ယင်းဂလိစကားကို အလေးထားသည်၊ ယင်းဂလိလို ဘယ်လောက်တတ်သလဲ စစ်ချင်သေးသည်တဲ့။ ကြုံတုန်းလူငယ်တွေကို အကြံပြုခြင်တာက ငယ်တုန်းမှာ ယင်းဂလိစာကို သေသေချာချာ ကျကျနန တတ်မြောက်အောင် လေ့လာထားစေခြင်သည်။ ပြန်ဆက်ရလျှင် ပထမဆုံးလုပ်ရမှာက ယင်းဂလိစာ ကျကျနန တတ်မြောက်ရေး၊ ပြီးတော့ တတ်မြောက်ကြောင်း အထောက်အထား လက်မှတ်ရထားရေးဖြစ်ပါသည်။ ရန်ကုန်မှာ တုန်းက သင်ခဲ့ဖို့စိတ်ကူးရပါတယ် ဒါပေမယ့် ပိုက်ပိုက်က မလိုက်နိုင်ဘူးဖြစ်နေတော့ ခုမှပြန်ပြီး စဉ်းစားရတာဖြစ်ပါတယ်။

အင်တာနက်တခွင် ပြဲပြဲစင်အောင် ရှာလိုက်ပြီးတဲ့သကာလ၊ ဘူတာများမှာဝေသော ကြော်ငြာစာရွက်များကို လေ့လာပြီးသော သကာလ၊ ကိုဖြိုးဆီမှလဲ ထောက်ခံချက် ရပြီးသကာလ သင်တန်းကျောင်းတစ်ခုကို ရွေးချယ်လိုက်ပါတယ်။ HighQ ဟု အမည်ရသော စင်ကာပူမြို့လည် အပြောကျယ်သော အောချတ် နေရာတွင် ကျောင်းတက်ပါတော့မယ်။ သင်တန်းခက မနဲဘူးပေးရပါတယ် တစ်ဦးလျှင် စင်ကာပူ အသပြာ ဖွတ်ကလိ ဒင်္ဂါး အပြား ၈၉၀ ပေးရမယ်တဲ့။ တတ်နိုင်ဘူးလေနော့။ ကိုယ်ကလိုချင်တာကိုး။

အိန္ဒိယလူမျိုး အင်္ဂလန်တွင်ကျောင်းပြီးခဲ့သော ဆရာနှင့်တွေ့ပါသည်။ တစ်ခန်းလုံးတွင်မှ လူက ငါးယောက်ထဲ၊ ဂျပန်မလေးတစ်ယောက်၊ အင်ဒိုမလေးတစ်ယောက်၊ မလေးတရုတ်လေးတစ်ယောက်နဲ့ ကျွန်တော်။ အားလုံးက ရည်ရွယ်ချက်ကိုယ်စီနဲ့ဗျ။ ဂျန်ပန်မလေးက ဒီရောက်တာ လေးနှစ်လောက်ရှိပြီ၊ သူက TOFEL လဲတက်ပြီးပြီ၊ IELTS ကပိုလွယ်မယ်ထင်လို့ဆိုပြီး အတန်းပြောင်းလာတဲ့သူ။ သူကတော့ ဒီမှာလဲ ဂျပန်ကုပ္မဏီမှာလုပ်နေတာဘဲ ဒါပေမယ့်သူက အင်္ဂလိပ်လို စကားပြောရတဲ့ ကုပ္မဏီမှာ ပြောင်းလုပ်ခြင်လို့ ဆိုပြီး လာတက်ပါတယ်။ တိုဖယ်တန်းက ပြောင်းလာတဲ့လူဖြစ်တာရယ် ဒီမှာ လေးနှစ်နေထားတာရယ် သူ့ယောကျာင်္းက စလုံးဖြစ်နေတာရယ်နဲ့ အားလုံးထဲမှာ စကားပြောတော့ လေးလေးမှန်မှန်နဲ့ နားထောင်ကောင်းတယ်။ သူက ဆင်းဂလိလိုဆိုရင်တော့ မွတ်နေတယ်၊ ဒါပေမယ့် ကျကျနန ပြောတတ်ခြင်တော့ လာတက်တာဖြစ်ပါတယ်။ ဂျပန်ကားရောင်းတဲ့ ကုပ္မဏီမှာ သူဌေးရဲ့ အတွင်းရေးမှုးလုပ်ပါတယ်။ ထူးထူးဆန်းဆန်း ဂျပန်ထဲမှာ အင်္ဂလိပ်စကားပြော စိတ်ဝင်စားတဲ့ မိန်းခလေးပါ။ သူကပြောသေးတယ် သူ့ရုံးမှာ သူက ဂျပန်လို ယဉ်ယဉ်ကျေးကျေး မပြောတတ်ဆုံးပါတဲ့။ ဂျပန်တွေက အလုပ်ရှင် အလုပ်သမား စကားပြောကြရင် ယဉ်ယဉ်ကျေးကျေး ပြောတာ ကြိုက်ပါတယ်တဲ့၊ သူ့သူဌေးက သူ့ကို စကားပြော မယဉ်ကျေးကြောင်း ခဏခဏ ပြောပါတယ်တဲ့။ သူက အဲဒါကြောင့် အင်္ဂလိပ်စကားပြောတဲ့ အလုပ်ကို ပြောင်းလုပ်ခြင်တာပါတဲ့။

နေက်တစ်ယောက်က မလေးတရုတ်ကလေး။ သူက ဟော်တယ် တစ်ခုမှ စာဖိုမှုး လုပ်ပါတယ်တဲ့။ သူ့ရဲ့ စကားပြောက ဆင်းဂလိ အဖြစ်ဆုံးဖြစ်ပြီး တော်တော် ဖြောက်ရခက်နေပါတယ်။ မြန်ဖို့ အဓိကထား ပြောနေသလိုဖြစ်နေတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကလဲ စကားကို ကျကျနန ပြောတတ် ရေးတတ်အောင်ပါတဲ့။ နောက်ပိုင်း ကျောင်းတွေ ဆက်တက်နိုင်တဲ့ အနေအထားရလာရင်လဲ ကျောင်းတက်ဖို့ လိုလိုမယ်မယ် ပြင်ဆင်ထားခြင်တာပါတဲ့။ နောက် အင်ဒိုမလေးကတော့ သြော်ဇီမှာ မာစတာ ဆက်တက်ချင်လို့ပါတဲ့။ သူ့ကလဲ ဒီမှာ MDIS ဆိုတဲ့ ပရိုက်ဘိတ် ကျောင်းမှာ ဒီဂရီတက်ထားတဲ့ ကလေးမလေးပါ။ ထူးဆန်းတာက သူလဲ ဒီလောက်ကြီး အကောင်းကြီးမဟုတ်တာဘဲ။ နောက် စကားပြောရင် အသံ အတိုးဆုံးဖြစ်လို့ ဆရာက အမြဲ ကျယ်ကျယ်ပြောဖို့ ပြောရတဲ့ တစ်ယောက်ပါ။ ကိုယ်က အစကတော့ သွားသာတက်ရတာ ခပ်ရှိန်ရှိန် ဟိုကြရင် သူများတွေ ကြားထဲ အညံ့ဆုံးဖြစ်နေမှာ ကြောက်တာပေါ့။ ပြီးတော့ ကိုယ်က အားလုံးထဲမှာ အသက်အကြီးဆုံး။ ဂျပန်မလေးနဲ့ ကိုယ်က General ဖြေမှာ၊ ဟိုနှစ်ယောက်က Academic ဖြေကြမှာ။

ရန်ကုန်မှာတော့ တစ်တန်းကို ၅လ ၆လ လောက်သင်ကြတယ်ထင်တယ်။ ဒီမှာတော့ ၁၂ ချိန်ထဲရယ်၊ တစ်ချိန်ကို ၃ နာရီ။ တစ်ပါတ်ကို နှစ်ရက် သင်တယ်။ ကျောင်းရှိတဲ့ ရက်ဆို အီစိမ့်နေတာဘဲ။ အိမ်ပြန်လဲနောက်ကျတယ်။ နောက်တစ်ခုကတော့ အိမ်စာတွေ အများကြီးပေးတော့တာဘဲ။ စမိပြီဆိုတော့ ကြိုးစားရပေတော့မပေါ့ဗျာ။ ကဲ ရန်ကုန်မှာ ရှိပြီး ကိုယ့်ကိုလဲ နောက်က ပံ့ပိုးနိုင်မယ်ဆိုရင်တော့ ယင်းဂလိစာကို စောစောစီးစီးသာ သင်ထားကြပေတော့ ညီတို့ ညီမတို့ရေ ….. နောက်ပိုင်း အသက်ကြီးမှ ကျည်ပွေ့ အတက်ပေါက်အောင် လုပ်မယ်ဆိုရင်တော့ ပင်ပန်းပါမယ် ဆိုတဲ့ အကြောင်း။


290 views

11 Responses to ကျည်ပွေ့ရေလောင်းခြင်း

  1. အားပေးတယ်ဗျို့ နောက်ဆို ယင်းဂလိလို ပြောကြတာပေါ့ဗျာ … Let start chit-chatting in English, Bro. The more we talk, the more we gain improvement, huh! Keep it up!

  2. mrdba says:

    ဟုတ်ကဲ့ ကြိုးစားပြီး ပြောပါ့မယ် ခင်ည

  3. ယင်းဂလိ says:

    ရေလောင်းပြီး ရင် ပေါင်းသင် ဖို့လဲ မမေ့နဲ့ ဦးဗျို့

  4. mrdba says:

    စိုက်ခဲ့သမျှ ရိတ်သိမ်းရတော့မယ်ဗျ .. ပေါင်းသင်တာ နဲနေသေးတယ် .. :P

  5. သွန်းသွန်းတို့တောင် တက်မလားစိတ်ကူးထားတယ်။ Tofel သို့မဟုတ် Ielts တစ်ခုခုပေါ့။ ကိုယ်တွေအရင်က ၁၀တန်း အမှတ်လေးကောင်းနေတော့ မလိုဘူးဆိုဘူး တင်းထားတာ။ ဒီအမှတ်နဲ့လည်း တိုးလို့ရတယ် မလိုဘူးပေါ့။ အခုတော့ အဲနှစ်ခုတစ်ခုခုက ရှိမှဖြစ်မဲ့ အခြေအနေမှန်လေးသိလာတော့ တက်မလားလို့။

  6. MrDBA says:

    ဟုတ်တယ် သွန်းသွန်းရေ .. ငယ်တုန်းရယ် နောက် အခြေခံ ကောင်းနေတယ်ဆိုရင် မပင်ပန်းပါဘူး၊ သတ္တိရှိရင်တော့ ကိုယ့်ဘာသာ လေ့လာလို့ရသဗျ၊ အင်တာနက်မှာ လေ့လာစရာတွေ ရှိတယ် .. ကျွန်တော် စုဆောင်းထားတာလေးတွေလဲ ရှိသပေါ့လေ။

  7. စုဆောင်းထားတာလေးမျှပါဦးရှင်။ ပညာဒါနက ဘာနဲ့မှလဲမရဘူး မို့လား။ ဒါနဲ့ ပိန်းတယ်ပဲပြောပြောရှင် ၊ ဆားတို့စားတယ်ဆိုတာကြီးတော့ နားလည်ဘူး။ လင်းပါဦး။ ပထမဆားအိုးကြီးတောင် မပေါက်ဘူး။မနည်းဘာသာပြန်လိုက်ရတာ။ ကိုဒီဘီကြီးကလည်း အထာလေးတွေနဲ့ စကားပြောတတ်သတော့။ အဟတ်ဟတ်

  8. Pinkgold says:

    ကျွန်မကတော့ ဂျီတော့မှာလည်း ဗမာလို မပြောရင် အင်္ဂလိပ်လိုပဲ ပြောစေချင်တယ်ရှင့်.. တော်တော်များများကတော့ ဘားဂလှစ်ရှိ ပြောကြတာပေါ့.. သူတို့တွေက အင်္ဂလိပ်လို ပြောတဲ့ သူတွေကို ခနဲ့ကြတယ်.. ကျွန်မကတော့ ဘားဂလှစ်ရှ်လို ပြောတဲ့ သူတွေကို ခနဲ့တယ်.. ဟုတ်နေတာပဲ.. နောက်ဆုံးကျတော့ လူမုန်းများတယ်.. ကောင်းရော

  9. ဟုတ်ပ ….ဆယ်တန်းလောက်က ဦးနှောက်တွေ ..မှတ်ညဏ်တွေ ပြန်လိုချင်တယ် …

  10.ုkom says:

    ပြီးတော့ဘာဆက်ဖြစ်သွားလဲ။

  11. MrDBA says:

    ပြီးတော့ မေ့ကုန်လို့ အခုစာပြန်ဖတ်နေရတယ် အရီး။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook