Tag: ကြော်ငြာ

ဟား​ဟား ဦး​နီ

တ​နေ့​က​အလုပ်​မ​အား​တဲ့ ကြား​ထဲ သူငယ်ချင်း​တစ်​ယောက်​က အွန်​လိုင်း​မှာ​တဲ့ တခြား​ဘယ်​သူ​မှ မ​တွေ့​လို့​တဲ့ ကျွန်တော့်​ကို သူ​အစမ်း​ရေး​နေ​တဲ့ program လေး​စမ်း​ပေး​ပါ​ဆို​လို့ စမ်း​ပေးလိုက်​ရ​သေး​တယ်။ မနေ့​ကတော့ Live လွှင့်​လိုက်​ပြီ​ဖြစ်​လို့ ကြော​ငြာ​လိုက်​ဝင်​နေ​တာ​နဲ့ ကျွန်တော်​လဲ အများ​သူ​ငါ အကြိုး​များ​စေ​ဖို့ သတင်းကောင်း​လေး မျှလိုက်​ပါ​ဦး​မယ်။

ဟုတ်ကဲ့ နာမည်​က ဟား⁠ဟား​ဦး​နီ​ပါ​တဲ့။ (မ​ရီ​နဲ့နော်)။  လောလောဆယ်​တော့ (Beta Version) ဘဲ​ရှိ​ပါ​သေး​တယ်။ ဂူး​ဂဲ​ကို​အားကျ​လို့ ဘီ​တာ​တပ်​ထား​တာ​လား​မ​သိ။ သူ​က​ဘာ​တွေ​လုပ်​ပေး​လဲဆို​တော့ အဓိက​ကတော့ မြန်မာ​ယူ​နီ​ကုဒ် ဖောင့်​တွေ စက်​ထဲ​မ​ရှိ​ရင် ယူ​နီ​ကုဒ်​နဲ့ ရေးထား​တဲ့ ဆိုဒ်​တွေ​ကြည့်​ရ​တာ အဆင်​မ​ပြေ​ပါ​ဘူး။ ဒီ​တော့ သူ့ ပ​ရို​ဂ​ရမ်​လေး​က​နေ တ​ဆင့်​သွား​ရင် ယူ​နီ​ကုဒ်​တွေ​ကို သူ​က ဇော်ဂျီ​ဖောင့်​ကို ပြောင်း​တယ်​ခင်​ဗျ။ နေ​ဦး သူ​ပြော​တဲ့ အတိုင်း ကူး​ပေးလိုက်​မယ်။

my.wikipedia.org ကို​ကြည့်​ရ​တာ အဆင်​မ​ပြေ​ဘူး။ ကိုယ့်​စက်​ထဲ​မှာ rendering မ​ရှိ​ဘူး။ နောက်​ပြီး font လည်း​မ​ရှိ​ဘူး။ စိတ်​မ​ပျက်​ပါ​နဲ့။ Unicode 5.1 နဲ့​ရေးထား​တဲ့ site တွေ​ကို ကြည့်​ရ​တာ အဆင်​မ​ပြေ​ဘူး​လို့ ငြီး​နေ​လား။ Zawgyi Fun Group ဖြစ်​တဲ့ zawgyi.info က​နေ hahauni ဆိုတဲ့ program လေး​ကို သုံး​လိုက်​ပါ။ HaHa ဦး​နီနော်… Haha ယူ​နီ ဟုတ်​ဘူး။ နောက်​မို့​ဆို unicode တွေ​ကို ရွှဲ့​ပါ​တယ်​လို့ ပြော​နေ​အုံး​မယ်။ hahauni မှာ website လိပ်စာ​ထည့်​လိုက်။ unicode 5.1 page တွေ​ကို zawgyi နဲ့​ပြောင်း​ပြ​ပေး​လိမ့်​မယ်။ google chrome နဲ့​သုံး​ဖို့​တော့ အကြံပေး​ချင်​တယ်။ google chrome နဲ့​မှ မြန်​မြန်ဆန်​ဆန်​ကြည့်​လို့​ရ​မှာ​ပါ။ site က javascript တွေ သုံး​ထား​တာ များ​လို့​ပါ။ အခု​လက်​ရှိ​မှာ​တော့ chrome က​သာ javascript တွေ​ကို မြန်⁠မြန်​နဲ့​အလုပ်​လုပ်​နိုင်​လို့​ပါ။ လိပ်စာ​ကတော့ hahauni.zawgyi.info ပါ။

ဒီ​မှာ​ပေါ့​ဗျာ။ ခု​တ​လော ဝက်⁠ဝက်​ကွဲ​နာမည်ကြီး​နေ​တဲ့ မြန်မာ​ဝီ​ကီ​ပေါ့ သူ့​ကို စိတ်ဝင်စား​လို့ သွား​ကြည့်​လိုက်​တော့​လေ ကိုယ့်​မှာ​က ယူ​နီ​ကုဒ်​ဖောင့် မ​ရှိ​တော့ ဘာ​မှ မ​မြင်​ရ​ဘဲ နောက်ပြန်​ဆုတ်​လာ​ရ​တဲ့​လူ​တွေ တော်တော်​များ​ကြ​ပါ​တယ်။ မြန်မာ​ယူ​နီ​ကုဒ်​ကြ​တော့​လဲ တော်တော်​များ​များ ကြား​ဘူး​တာ​က သွင်း​မ​ရ​ဘူး​လိုလို သုံး​ရ​တာ​ခက်​သ​လိုလို အဲ​ဂ​လို​မျိုး​အသံ​တွေ ကြား​ထား​ရ​တော့ လူ​တွေ​က​လဲ ယူ​နီ​ကုဒ်​ဆို ဝေး⁠ဝေး​ရှောင်​နေ​ကြ​တယ်။ အဆင်​ပြေ​တော့​မှ​ဘဲ သုံး​ကြ​တော့​မယ်​ဟေ့​လို့ ပြော​တဲ့​လူ​က​လဲ ပြော​ကြ​တယ်​ပေါ့။

ခု​ပရိ​ဂ​ရမ်​လေး​က အဲ​ဒီ​လို မြန်မာ​များ အားလုံး​နဲ့ သက်ဆိုင်​တဲ့ မြန်မာ​ဝီ​ကီ​ကို လူ​တွေ​စိတ်ဝင်စား​လာ​အောင် သုံး​ဖြစ်​အောင် ကြိုးစား​ထား​တာ​ဖြစ်​ပါ​တယ်။ ခု​ပုံ​မှာ​ပြ​ထား​တဲ့ အတိုင်း ဟား​ဟား ဦး​နီ​ကို သုံး​ပြီး ဝင်​လိုက်​မယ်​ဆို​ရင်​တော့ ယူ​နီ​ကုဒ်​သုံး​ထား​တဲ့ ဆိုဒ်​တွေ​ကို ဇော်ဂျီ​ဖောင့်​တွေ​နဲ့ မြင်​ရ​မှာ ဖြစ်​ပါ​ကြောင်း။ နောက်​ပြီး ဝီ​ကီ​တစ်​ခု​ထဲ​မှ မဟုတ်​ပါ​ဘူး တချို့ ဘ​လော့​ကာ​များ​လဲ တစ်​နေ့​တော့ ယူ​နီ​ကုဒ်​ကို ပြောင်း​သုံး​ရ​မည့် အတူတူ​ဆို​ပြီး သူ​တို့​ရဲ့ ဘ​လော့​များ​မှာ ယူ​နီ​ကုဒ်​ကို စတင်​သုံးစွဲ​နေ​ကြ​ပါ​ပြီ။ သူ​တို့​ကတော့ လာ​ဖတ်​သူ​များ အဆင်​ပြေ​အောင်ဆို​ပြီး သူ​တို့ ဘ​လော့​များ​မှာ​ဘဲ ဖောင့် ပြောင်း​ကြည့်​လို့​ရ​တဲ့ စနစ်​လေး​ကို ထည့်​သွင်း​ထား​ကြ​ပါ​တယ်။


Tags :