Nook Color

ခရစ္စမတ်ရက်လဲ နီး​လာ​ပြီ​ဆို​တော့ သူ​များ​တွေ​က​လဲ Wish Lists တွေ​လုပ်​လာ​ကြ​ပါ​တယ်။ ငယ်⁠ငယ်​ကတည်းက က​နေ့​အထိ တစ်​ခါ​မှ အပြင်​မှာ လူ​ချင်း​မ​ဆုံ​ဘူး​တဲ့ ခ​ရစ္စ​မတ်​ဘိုး⁠ဘိုး​က​လဲ ဒီ​နှစ်​ကိုယ့်​ဆီ​လာ​မှာ မဟုတ်​လောက်​ပါ​ဘူး။ အဲ​ဒီ​တော့ ကိုယ့်​ဘာသာ​ဘဲ ဘိုး⁠ဘိုး​ဝတ်​စုံ​ဝတ်​ပြီး လက်ဆောင်​ပြန်​ပေး​ဖို့ စိတ်ကူး​ရ​ပါ​တယ်။

လောလောဆယ်တော့ eBook တွေ​မှ ဖတ်​ရ​မယ်​ဆို​လျှင် iPod Touch လေး​နဲ့​ဖတ်​ဖြစ်​ပါ​တယ်။ ဒါ​ပေ​မယ့်​လည်း iPod Touch ဆို​တာ​က screen သေး⁠သေး​လေး​ဆို​တော့ ဖတ်​ရ​တာ အားရ​လှ​တယ်​လို့​တော့ မဟုတ်​လှ​ပါ​ဘူး။ သူ​များ​တွေ Kindle တွေ​ဝယ်​သုံး​ကြ​တာ​တော့​တွေ့​မိသား၊ ရ​ထားပေါ်​မယ်၊ ကားပေါ်​မယ် သို့သော်​လည်း အဲ​လောက် ဇွဲ​န​ဘဲကြီး​ကြီး​နဲ့ ဖတ်​မှာ​လား​လို့ ကိုယ့်​ဘာသာ ပြန်⁠ပြန်​မေး​မိ​တော့​လဲ အဖြေ​သေချာ မ​တွေ့​ပါ​ဘူး။ ဒါ​နဲ့ ကိုယ်​နဲ့​မ​ဆိုင်​သ​လို နေ​လိုက်​ပါ​တယ်။

အဲဒီနောက် iPad ထွက်​လာ​ပြန်​တော့​လဲ ဈေးနှုန်း​ကြီး​လှ​တာ​ကြောင့်​ရယ် eBook ဖတ်​မယ်​ဆို​ရုံ​နဲ့​တော့ iPad မ​ဝယ်​ပါ​နဲ့​လို့ အကြံပေး​ကြ​တာ​ကြောင့် အသာ​လေး နေ​နိုင်​နေ​ခဲ့​ပြန်​ပါ​တယ်။

သူငယ်ချင်းတစ်ယောက်က ပြော​ဖူး​ပါ​တယ်၊ ငါ​တို့​ဟာ ပိုက်ဆံ​ငတ်​နေ​တဲ့ လူ​တွေ​တဲ့။ သူ​ဆိုလို​ချင်​တာ​က အစားအသောက် ငတ်​ပြတ်​နေ​တဲ့​လူ​ဟာ စားစရာ​သောက်​စရာ တွေ့​ရင် အငမ်း​မ​ရ​စား​ချင်​သ​လို​ဘဲ ကျွန်တော်​တို့​ဟာ ငွေ​ငတ်​နေ​တဲ့​လူ​တွေ​မို့့ အခု​လို နိုင်ငံ​ခြား​မှာ ငွေ​လွယ်⁠လွယ်​ရှာ​လို့​ရ​နေ​တော့ ဟို​ဟာ​ဝယ်​ချင် ဒီ​ဟာ​ဝယ်​ချင် ဖြစ်​တယ်​လို့ ပြော​ချင်​တာ​ပါ။

နိဒါန်းချီနေတာ တော်တော်များ​သွား​ပြီ။ ပြော​ချင်​တာ​ကတော့ eBook Reader တွေ​ကို ကိုယ်​နဲ့​မ​ဆိုင်​သ​လို နေ⁠နေ​ရင်း​က တ​နေ့​တော့ မိတ်ဆွေ​တစ်​ယောက်​က eBook Reader တစ်​မျိုး​အကြောင်း စကား​စ​လာ​ပါ​တယ်။ သူ​တော့ ဘာ​ဘဲ​ဖြစ်​ဖြစ် ဝယ်​တော့​မယ်​တဲ့။ စာအုပ်​လဲ ဖတ်​လို့​ရ​တယ်၊ အရောင်​အသွေး​ကလေး​လဲ စို⁠စို​ပြည်​ပြည် ကြည့်​လို့​ရ​တယ်၊ အင်​တာ​နက်​လဲ ချိတ်​လို့​ရ​တယ်၊ သူငယ်ချင်း​တွေ အမြဲ​နေ​တဲ့ Facebook ဆို​တာ​နဲ့​လဲ ချိတ်ဆက်​ထား​တယ် ဆို​တာ​တွေ​ကြောင့် ပေး​ရ​တဲ့​ဈေး​နဲ့​ဆို​ရင် မ​ဆိုး​ဘူး တန်​တယ်​လို့ ပြော​လာ​တာ​ကြောင့် နဲ⁠နဲ​ပါး​ပါး လေ့​လာ​တီး​ခေါက်​ကြည့်​တဲ့​အခါ။

BARNES & NOBLE ကထုတ်​တဲ့ Nook Color ဆို​တဲ့ eBook Reader လေး​ပါ။ 

Video မိတ်​ဆက် ကြည့်​နိုင်​ပါ​တယ်။

[wp_youtube]cBYjxsaZlj8[/wp_youtube]

တစ်​ကား​ထဲ​ကြည့်​ရ​တာ စိတ်​မ​ဝင်စား​သေး​ဘူး​ဆို​လျှင် နောက်​တစ်​ကား ထပ်​ကြည့်ပါ။

[wp_youtube]R390Ey9Ldjg[/wp_youtube]

သိပ်​မ​ဆွဲ​ဆောင်​သေး​ဘူး​ဆို​လျှင် ထပ်​ကြည့်ပါ​ဦး။ ဒါ​လေး​ကတော့ eBook Reader တင်​မက Game ပါ​ဆော့​လို့​ရ​တယ်​လို့ ပြော​လို​တာ​ပါ။ (လက်​ပု​တို⁠တို​ဖြစ်​နေ​တာ​လေး​တော့ သည်းခံ​ပေး​ကြ​ပါ။) နောက်ဆုံး Video ကတော့ Rooted လုပ်​ထား​တဲ့ version လို့​ပြော​ကြ​တာ​ပဲ​ခင်​ဗျ။ ကြည့်​ရ​တာ Root လုပ်​ပြီး​မှ Application တွေ အလကား​သုံး​လို့​ရ​မယ် ထင်​တယ်။ မ​ဝယ်​ခင်​က​ထဲ​က ဖျက်​ဖို့​စဉ်းစား​နေ​ပြီ။

  • http://www.dkszone.net/root-nook-color-android
  • http://www.pathikshah.com/blog/how-to-root-nook-color/
  • http://nookdevs.com/NookColor_Rooting

[wp_youtube]FEw3bs5Xybw[/wp_youtube]

စိတ်ဝင်စား​တယ်​ဆို​လျှင်​တော့ ဈေး​က USD249 နဲ့​ရောင်း​ပေး​ပါ​တယ်။ စင်​ကာ​ပူ​က​နေ မှာ​ချင်​တယ်​ဆို​ရင်​တော့ vPost ကို​သုံး​ပြီး မှာ​ယူ​လို့​ရ​ပါ​တယ်။ ပေး​ရ​တဲ့​ဈေး​နဲ့​ဆို​လျှင်​တော့ iPad ကို​မ​လှမ်း​နိုင်​တဲ့၊ အဲ​ဒီ​လောက် မ​လို​ပဲ​နဲ့ အရောင်​အသွေး​စို⁠စို​လေး​နဲ့ စာ​ဖတ်​နိုင်​မယ်၊ Tablet တစ်​လုံး​လို​သုံး​နိုင်​မယ် ဖြစ်​ပါ​တယ်။ eInk သုံး​ထား​တာ မဟုတ်​တဲ့​အတွက်​ကြောင့်​တော့ ပြင်​ပ​အလင်း​မှာ ရောင်​ပြန်​တာ​တွေ ဖြစ်​နိုင်​ပါ​တယ်။ ဒါ​ပေ​မယ့် သူ​လဲ​အတတ်​နိုင်​ဆုံး အကောင်း​ဆုံး​ဖြစ်​အောင် ကြိုးစား​ထား​တယ်​ဆို​တာ​ကို ဒီ​လို​ရေးထား​တာ​ကို ကြည့်​ပြီး နားလည်​ပေး​နိုင်​ပါ​တယ်။

  • Stunning 7 inch VividView™ Color Touchscreen shows more than 16 million colors on the best-in-class IPS** display.
  • Incredibly clear, sharp text and images from an unsurpassed high resolution display at 1024 x 600 delivering 169 pixels per inch (PPI).
  • Reduced glare and optimum brightness for reading indoors or outside.

အသေး​စိတ်​ကို သူ့ Web Site က Specification မှာ သွား​ကြည့်​နိုင်​ပါ​တယ်။ အသုံးပြု​နိုင်​မယ့် File Extension များ​ကတော့

  • EPUB (including Non or Adobe DRM)
  • PDF
  • Other documents: XLS, DOC, PPT, PPS, TXT, DOCM, XLSM, PPTM, PPSX, PPSM, DOCX, XLX, PPTX
  • Graphics: JPG, GIF, PNG, BMP
  • Audio: MP3, AAC
  • Video: MP4

Kindle ကိုကျော်​တက်​သွား​မှာ​လား ဘာ​လား​ဆို​တော့ အဲ​လို​လဲ မဟုတ်​ပါ​ဘူး။ Kindle ကတော့ စာ​ဖတ်​ဖို့​သက်သက် ပြုလုပ်​ထား​တာ​ပါ။ အား​တစ်​ခါ​သွင်း​ထား​လျှင် အကြာ​ကြီး​ခံ​ပါ​တယ်၊ Nook Color ကတော့ wi-fi ပိတ်​ထား​လျှင် ၈​နာရီ​ကြာ သုံး​လို့​ရ​နိုင်​ပါ​တယ်။ Kindle ကတော့ Memory ထပ်​တိုး​လို့ မ​ရ​တော့​ပေ​မယ့် Nook Color ကတော့ 32GB (MicroSD) အထိ တိုး​ချဲ့​လို့ ရ​နိုင်​ပါ​တယ်။ အချုပ်​ဆို​ရ​လျှင်​တော့ Knidle လို ရိုး⁠ရိုး​အေးအေး​ကြီး​ကို​လဲ မ​ကြိုက်၊ iPad လို Celebrity ကြွ​ကြွရွ​ရွ​လေး​နား​လဲ မ​ကပ်​နိုင်​ဖြစ်​နေ​သူ​များ​အတွက် Nook Color လေး​က ပစ္စည်း​ကောင်း ဈေး​သင့် ကိုယ်​နဲ့​လည်း အလွမ်း​သင့်​လောက်​တယ်​ဆို​တာ​လေး လေ့​လာ​မိ​သ​လောက် ဖောက်​သယ်​ချ​လိုက်​ရ​ပါ​တယ်။

BONUS:

[wp_youtube]uBXTvq9dlbs[/wp_youtube]

Kindle အကြောင်း ဖတ်​ရန်။ (1) | (2)

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.


1,089 views

8 Responses to Nook Color

  1. [...] Color အကြောင်းကို ကိုဒီဘီ ရဲ့ Blog မှာ သွားဖတ်နိုင်ပါတယ်။ [...]

  2. mrdba says:

    ယူနီကုဒ်နဲ့ ရိုက်ပါတယ်

  3. mrdba says:

    ဇော်ဂျီလက်ကွက် ဇော်ဂျီဖောင့်နဲ့ ရိုက်ပါတယ်။

  4. Thet Wai says:

    ယူနီကုတ်ကို Font သွင်းပြီး လာဖတ်ပါတယ်… IE မှာ ဖတ်မရပါ… FireFox မှာပဲ ရပါတယ်…
    အခု Comment ကိုတော့ ZawGyi နဲ့ ရေးသွားကြောင်းပါ… း))

  5. ကိုကိုဒီဘီ says:

    စမ်းသပ်ခြင်း ဖြစ်ပါတယ် from IE

  6. ကိုကိုဒီဘီ says:

    မပေါ်ရင်တော့ ပြန်ပြင်ရဦးမှာပေါ့ကွယ်

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook