SPA မဟုတ်တဲ့ SPUR

တစ်နေ့သောနေ့တစ်နေ့မှာပေါ့။ အကျွန်ုပ်တို့၏ ကန်ပဏီတွင် Tell Me Your Dream ဆိုသောအစီအစဉ် ရှေးအစဉ်အဆက်ကပင် ရှိခဲ့ပါသော်လည်း မနှစ်ကတော့ မည်သူမျှပင် အရေးလုပ်ကြသည် မတွေ့မိပါ။ ယခုနှစ်တွင်မတော့ ယခုနှစ်အစီအစဉ်ပြီးလျှင် အကန့်အသတ်မရှိ ရပ်တန့်ထားပါဦးမည်လို့ အကြောင်းကြားစာပို့လေသောအခါ၊ စင်ကာပူရှိလူတို့၏ အကျင့်အတိုင်း မရလိုက်လျှင် ခေတ်မမှီသူဖြစ်မသွားစေရင်အလို့ငှာ သူသူကိုယ်ကိုယ် စာရင်းပေးနိုင်ရန် အားထုပ်ကြလေသည်။

အနှီ Tell Me Your Dream ဆိုသည်မှာကား၊ မိမိကြိုက်နှစ်သက်သော သင်တန်းတစ်ခုခုကို တက်နှိုင်ပါသည် အလုပ်နှင့်ပါတ်သက်သော သင်တန်းဖြစ်ပါက ကုပ္မဏီမှဖွတ်ကလိဒဂ္ဂါး အပြား၅ဝဝ ထောက်ပံ့မည်ဖြစ်ပြီးတော့၊ အလုပ်နှင့် မပါတ်သက်သော မိမိဝါသနာပါရာ သင်တန်းတစ်ခုခုဖြစ်ပါက ဖွတ်ကလိဒဂ္ဂါး အပြား ၂ဝဝ ထေက်ပံ့မည်ဟူသော အစီအစဉ်ဖြစ်ပါသည်။ အဲဒီလိုနဲ့ပဲ ကျွန်တော်များ ဟိုဟိုဒီဒီရှာဖွေကြတဲ့အခါ ယခုလိုတန်ဖိုးရှိသော သင်တန်းများကို ဈေးသက်သက်သာသာဖြင့် တက်နိုင်ကြောင်း၊ စင်ကာပူမှာ နေထိုင်ကြကုန်သော ပျိုပျိုအိုအို ကျားမမရွေး မနှေးအမြန် အပြေးသန်စေရန်အလို့ငှာ သတင်းထူးမဟုတ်တဲ့ သတင်းတစ်ခုပေးချင်ပါတယ်။ အဲဒါကတော့ SPA မဟုတ်တဲ့ SPUR ဆိုတဲ့ အစီအစဉ်လေးပါ။ Skills Programme for Upgrading and Resilience (SPUR) လို့ခေါ်တွင်ပါတယ်။ မင့် SPUR က ငါတို့ SPA လောက်ကောင်းလို့လား ဆိုလျှင်ဖြင့် အထူးပင်ဆက်လက်ရှင်းပြပါဦးမယ်။

ဒီအစီအစဉ်ရဲ့ ဦးတည်ချက်နဲ့ ရည်ရွယ်ချက်တွေကတော့ နိုင်ငံရဲ့ စီးပွားရေးကျဆင်းနေတဲ့ အချိန်မှာ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေအပါအဝင် မိမိရဲ့ လက်ရှိအရည်အသွေးကို မြှင့်တင်ချင်တဲ့ အလုပ်သမားများအတွက်၊ ဒါမှမဟုတ် ကုပ္မဏီကိုယ်တိုင်က မိမိရဲ့ဝန်ထမ်းများ လုပ်ငန်းခွင်Skillများ ဆပွားတိုးတက် ဉာဏ်ရည်ထက်စေရန်အတွက်၊ အစိုးရက စီစဉ်ပေးထားတဲ့ အစီအရင်လေးပါ။ (ယတြာဟု မထင်မှတ်စေရ။) လိုရင်းပြောရရင်တော့ အရည်အသွေးမြှင့် သင်တန်းတစ်ခုခုကို တက်မယ်ဆိုရင် အဲဒီသင်တန်းက ကောက်ခံတဲ့ သင်တန်းကြေးရဲ့ ၉ဝ% ကို အစိုးရကပေးမှာဖြစ်ပြီးတော့၊ ကျန်တဲ့ ၁ဝ% ကိုသာ မိမိကိုယ်တိုင်ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ရဲ့ အထောက်အပံ့အောက်မှာ အကြုံးဝင်တဲ့ မည်သည့်သင်တန်းကိုမဆို မိမိအစီအစဉ်ဖြင့် ဖြစ်စေ၊ အလုပ်ရှင်မှ စီစဉ်၍ ပို့ဆောင်ပေးသည်ဖြစ်စေ သွားရောက်တက်နိုင်ပါတယ်။

တကယ်ကြီး ၉ဝ% လျှော့တယ် မလျှော့ဖူးဆိုတာ အပေါ်ကပုံကို ကြည့်လို့ပင်သိနိုင်ပါသည်။ တကယ်တန်းသင်တန်းကြေးက ၃၇၄၅ ဒေါ်လာဖြစ်ပြီးတော့ SPUR System နဲ့များ တက်ခွင့်ရလိုက်မယ်ဆိုလျှင်ဖြင့် အစိမ်းရောင် အကွက်ထဲမှာ ပြထားတဲ့အတိုင်း ၃၇၄.၅ဝ ဒေါ်လာသာလျှင် ကျသင့်တော့မှာဖြစ်ပါတယ်။ ကဲမတန်လား။

ဘေးကပုံကလေးကို နှိပ်ကြည့်မယ်ဆိုရင် SPUR အစီအစဉ်အောက်ကနေ IT Related Project Management ဆိုင်ရာ သင်တန်းများ အကြောင်းကို တွေ့ရှိနိုင်မယ်ဖြစ်ပြီးတော့ သင်တန်းများရဲ့ အသေးစိတ် အစီအစဉ်ကို သိနိုင်မယ်ဖြစ်ပါတယ်။ သင်တန်းများဟာ ရက်တိုသင်တန်းများသာ ဖြစ်လို့ အလုပ်ကစေလွှတ်တာဆိုရင်လဲ ရက်ပိုင်းလောက်သာဖြစ်လို့ ထုပ်လုပ်မှုအင်အား ကျဆင်းစေမှာ မဟုတ်ပါဘူး။ (အလုပ်ရှင်ကို လွှတ်ပါလို့ ပြောကြနော်။)

ကျွန်တော် ကျွန်မကတော့ IT သမားမဟုတ်လို့ ဒီသင်တန်းတွေ တက်လို့မရတော့ဖူးပေါ့နော်လို့ စိတ်မကောင်းမဖြစ်လိုက်ပါနဲ့။ ဟောဒီ လင့်ကလေးကနေကိုယ်နဲ့သက်ဆိုင်တဲ့ ကျွမ်းကျင်မှုနယ်ပယ်အလိုက် ဘာသင်တန်းတွေ တက်လို့ရမလဲဆိုတာ ရှာဖွေနိုင်ပါတယ်။

 

နမူနာအနေနဲ့ Drawing ဆိုပြီးရှာကြည့်တဲ့အခါ အထက်ပါပုံမှာ ပါတဲ့အတိုင်း ဘယ်မှာဖွင့်မယ် သူ့ရဲ့လင့်ကနေတဆင့် မူရင်းဆိုဒ်ကိုရောက်သွားမယ်ဆိုရင် သင်တန်းများအကြောင်း အသေးစိတ်ကို သိရှိနိုင်မယ်ဖြစ်ပါတယ်။ သို့ပါသော်လည်း အဲဒီအစီအစဉ်ဟာ နိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်ခွင့်ရထားသူများသာ (တကယ်တော့ အမြဲတမ်းမနေရပါဘူးဗျာ ၅နှစ်ထဲခွင့်ပြုတာပါ ဘုရားစူးရစေရဲ့) အဲဒီအစီအစဉ်မှာ အကြုံးဝင်မှာဖြစ်ပါတယ်။ ကျန်တဲ့ နိုင်ငံခြားသားများအတွက်ကတော့ မူရင်းဈေးအတိုင်းပေးဆောင်ကာ တက်ရမှာဖြစ်ပါတယ်။ သို့ပါသောကြောင့် ကျွန်တော်တို့ မြန်မာများထဲမှ မတတ်သာ၍ နိုင်ငံသားပြောင်းလိုက်ရသူများ (နိုင်ငံကြီးသားအဖြစ်ကနေ ကျွန်းပိစိသားဖြစ်ရတာ ဘယ်သူဖြစ်ချင်ပါ့မလဲနော့)၊ အမြဲတမ်း ခဏနေထိုင်ခွင့်ရထားသူများ မနှေးအမြန် စာရင်းပေးလိုက်ကြပါလို့ တိုက်တွန်းလိုပါတယ်။ သြော် အဲဒီ SPUR အစီအစဉ်ကလဲ စင်ကာပူ စီးပွားပြန်ကောင်းလာပြီဖြစ်လို့ ဒီနှစ် နိုဝင်ဘာ ၃ဝ ရက်နေ့နောက်ဆုံးအဖြစ်နဲ့သာ အကြုံးဝင်တော့မှာဖြစ်လို့ နောင်နှစ်များမှာ ရှိတော့မှာ မဟုတ်တော့ပါဘူး ဆိုတဲ့အကြောင်း ထပ်လောင်း သတိပေးလိုပါတယ်။

ှSPUR


329 views

8 Responses to SPA မဟုတ်တဲ့ SPUR

  1. Thiha Thit says:

    ကိုကိုဒီရေ
    so-called အမြဲတမ်းနေထိုင်ခွင့်ရသူလည်း မဟုတ်သေးတော့ကာ သိသာသိ မချိ မြင်သာဖြင် မကြင် :)

    ခင်မင်စွာဖြင့်
    သီဟသစ်

  2. MrDBA says:

    ပလုပ်တုတ် .. နှင်းဆီဖြူ အိပ်ပလား ..  ဘလော့တွေဘာတွေ လာဖတ်လို့ပါလား .. =-X =-X

  3. လူပျိုကြီး says:

    ဟုတ်ပါ့ ကျုပ်အိမ်တောင် အလည်ရောက်လာသေးဗျား အိ… ပြောမိပြန်ပြီ :-E

  4. ပြာပြာ says:

    ဟယ် ဟုတ်ပ…

  5. သက်ဝေ says:

    ညကလဲ ဖဘ မှာတွေ့လိုက်သေးတယ်…
    သဟသ တခုခုတော့ တခုခုပဲ… (ဟမ်.. ပြောမိသွားပြန်ပြီ…)

  6. thet gyi says:

    Really nice plan !!
    I can’t attend .. :( for no PR or citizen

  7. Thiha Thit says:

    ဟမ်  
    တစ်ခုခုမှ မဖြစ်ပါဘူး။  
    မနေ့က Client Site ရောက်တုန်း အချိန်ရလို့ အလွမ်းပြေ ၀င်ပတ်နေတာပါ  
     
    ခင်မင်စွာဖြင့်  
    သီဟသစ်

  8. [...] ပြောဖူးတဲ့ SPUR Programme နဲ့သင်ပေးတဲ့ သင်တန်းဆိုတာလေး [...]

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages Widget created by Best Accounting Services
  • RSS
  • Twitter
  • Facebook