ဝါဆိုသင်္ကန်း ကပ်ကြမယ်

နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သော ဗုဒ္ဓဂယာ သုခါရမကျောင်း၏ ပဥ္စမအကြိမ်မြောက် ဝါဆိုသင်္ကန်း စုပေါင်းဆက်ကပ်လှုဒါန်းပွဲကို ယခုနှစ်တွင်တော့ ၁၃၇၂ ခု၊ ဒုတိယဝါဆိုလဆန်း (၇)ရက်၊ ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊ တနင်္ဂနွေနေ့မှာ စင်ကာပူနိုင်ငံ Informatic Campus (10 & 12 Science Centre Road, Singapore 609080. Near Jurong East MRT) တွင်ကျင်းပမည်ဖြစ်ပါသည်။

ယခုနှစ်တွင်လည်း ယခင်နှစ်များနည်းတူ တကာ တကာမများဆီသို့ ဂေါပကအဖွဲမှ အီးမေးများမှတဆင့် အလှုသို့ကြွရောက်ချီးမြင့်နိုင်ရန် တတ်အားသမျှ ဖိတ်မန်တကပြုထားပါတယ်။ ဖိတ်စာမရခဲ့လျှင်လည်း ယခုဖတ်မိသည်နှင့် ကြွရောက်ချီးမြင့်နိုင်ပါတယ်။

အစီအစဉ်အနေနှင့် နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ အနုမောဒနာတရား နာကြားနိုင်မှာဖြစ်ပြီးတော့ ၁၁ နာရီမှ ၁၂ နာရီအထိ နေ့ဆွမ်းဆက်ကပ်လှုဒါန်းသွားမှာ ဖြစ်ပါတယ်။ ဧည့်ပရိသတ်များကိုတော့ နေ့လည် ၁၁ နာရီမှ ၁း၃၀ အထိ နေ့လည်စာဖြင့် တည်ခင်းကျွေးမွေးမှာဖြစ်ပါတယ်။

ထိုသို့ ဧည့်ခံကျွေးမွေးခြင်း အစီအစဉ်များအပြင် စေတနာရှင်များမှလဲ စတုဒီသာ မုန့်များဖြင့် ဝါဆိုသင်္ကန်းကပ်လာကြသူများကို ဧည့်ခံကျွေးမွေးဦးမှာ ဖြစ်ပါတယ်။ ထို့အတူ မည်သူမဆို စေတနာတတ်အားသလောက် စတုဒီသာ မုန့်များ ကျွေးမွေးလှုဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။


229 views

4 Responses to ဝါဆိုသင်္ကန်း ကပ်ကြမယ်

  1. လူပ်ိဳႀကီး says:

    စိတ်ချ ဘုန်းကြီး တရားဟောလို့ ပြီးမယ့်အချိန်လောက် မှန်းလာခဲ့မယ် :-D

  2. sdl says:

    ဝါဝင်တော့မယ်… ဆိုတာလေးပါ သတိရပါ ကိုလူပျို

  3. Anonymous says:

    သိချင်တာလေးမေးပါရစေနော်.ရဟန်းများအားဘယ်ကြောင့်ယ၏ဝါဆိုဝါကပ်ရပါသလဲ..နောက်ဘုရားအဘယ်ဝါရမှာရဟန်းတော်များ
    ဝါဆိုဝါကပ်ရန်ပညတ်တော်မူခဲ့ပါသလဲဆိုတာသိပါရစေ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages Widget created by Best Accounting Services
  • RSS
  • Twitter
  • Facebook