ကြင်ဖော်ကြင်ဖက်
အသွင်တူ ၏ မတူ၏လို့ မေးလာကြရင်တော့ အသွင်တူလို့လဲ အိမ်ထောင်ဖက်ဖြစ်နိုင်သလို မတူတဲ့အသွင်များကြောင့်လဲ တစ်ဦးကိုတစ်ဦး စိတ်ဝင်စားမှု ပိုမိုများပြားစေနိုင်ပါတယ်။ ကျွန်တော်တို့နှစ်ယောက်မှာလဲ တူညီတဲ့အကျင့်စရိုက်ကလေးတွေရှိသလို မတူညီကွဲပြားတဲ့ အကျင့်စရိုက်ကလေးတွေလဲ ရှိကြပါတယ်။
ကျွန်တော် တို့နှစ်ယောက်စလုံး ကိုယ့်မိသားစုတွေမှာ အငယ်ဆုံးတွေဖြစ်ကြပါတယ်။ ဒါကြောင့်မို့ အကြောင်းတိုက်ဆိုင်လာတိုင်းမှာ အနိုင်ယူချင်စိတ်ကလေးတွေ ရှိနေပါသေးတယ်။ အထူးသဖြင့် အိမ်ထောင်ကျခါစမှာ ကျွန်တော်တို့ အမြဲတမ်း တကျက်ကျက် ရန်ဖြစ်ကြပါတယ်။ ဖြစ်လိုက်ရင်လဲ ဘာမှမဟုတ်တဲ့ ကိစ္စလေး တစ်ခုကို အလျှော့မပေးကြဘဲ အနိုင်ယူချင်ကြတာကြောင့် ဖြစ်ရတာများပါတယ်။ အိမ်ထောင်သက်ကြာလာတာနဲ့အမျှ အဲဒီစကားများ ရန်ဖြစ်ရတဲ့ ကိစ္စကို အပိုအလုပ်လို့ မြင်လာတဲ့အတွက် တတ်နိုင်သမျှ ရန်မဖြစ်ရအောင် နှစ်ဖက်လုံးထိမ်းကြပါတယ်။
အထူးသဖြင့် ကျွန်တော်က စိတ်တိုစိတ်ဆတ်လွယ်တဲ့သူဖြစ်လို့ ကျွန်တော်ကသာ အရင်စိတ်မတိုဖြစ်အောင် ထိမ်းရတာများပါတယ်။ သူကတော့ တစ်ခုခုဆို မှားရင် ဝန်မခံတတ်ပါဘူး၊ သူရဲ့ သူမှားသွားကြောင်း အသိအမှတ်ပြု လက်ခံတဲ့အနေနဲ့ ကျွန်တော်စိတ်တိုလို့ တတွတ်တွတ်ပြောနေရင် ငြိမ်ခံနေတဲ့နည်းနဲ့ သူကထိမ်းသွားပါတယ်။ ကျွန်တော်က စိတ်တိုလွယ်ပေမယ့် ပြီးသွားတဲ့အခါမှာ စိတ်ထဲမကျန်တော့လို့ တစ်ခါတစ်လေ သူများနဲ့ အဆင်မပြေဖြစ်လို့ ပြောဆိုပြီးကြရင် ငါပြောတာ လွန်သွားသလားဆိုပြီး အမြဲပြန်တွေးတတ်တဲ့လူပါ။ သူကတော့ စိတ်တိုခဲပြီးတော့ စိတ်ထဲအဆင်မပြေတာ ရှိလို့ကတော့ ဖွဲ့နွဲ့ပြီး ရန်တွေ့တတ်တဲ့လူမျိုးပါ။ စည်ကာပတ်ကုံး ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ဖော်တတ်ပြီးတော့ တဖက်သားကို ပြန်လှန်လို့မရအောင် ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောဆိုတတ်ပါတယ်။ သူစိတ်ကုန်တယ်ဆိုရင်တော့ တစ်လုံးမှ ပြန်မပြောဘဲ မှင်သေသေအကြည့်နဲ့ ပြန်ကြည့်နေတတ်တာ သူအကျင့်ပါ။ သူစိတ်ကုန်သွားရင်တော့ အဲဒီလူကို ဘယ်တော့မှ မိတ်ဆွေအဖြစ် ပြန်မဖွဲ့တော့တတ်တဲ့လူမျိုးပါ။ ကျွန်တော်ကတော့ အမှတ်မရှိ လမ်းမှာတွေ့ရင် အနဲဆုံး ပြုံးပြ နှုတ်ဆက်တတ်သေးတာပါ။
စိတ်တို လွယ်သူက ကျွန်တော်ဖြစ်ပေမယ့် အိမ်မှာ ဟာသအများဆုံးပြောတတ်သူကလဲ ကျွန်တော်ဘဲ ဖြစ်နေပြန်ပါတယ်။ စကားအများဆုံးလူက သူဖြစ်နေတတ်ပြီးတော့ သူပြောသမျှ အင်းခတ်ပြီး နားထောင်ရသူက ကျွန်တော်ပါ။ တစ်နေ့တစ်နေ့ ရုံးကပြန်ရောက်ရင် တစ်နေ့တာ ရုံးက အတွေ့အကြုံတွေ ပြောပြတတ်တာဟာလဲ သူ့အကျင့်ပါဘဲ။ သူ့ရုံးကလူတွေကို လူသာ မမြင်ဘူးတာ နာမည်တွေတော့ အမြဲအလွတ်ရနေပါပြီ။ ကျွန်တော်နဲ့ ပေါင်းပြီးတဲ့နောက်မှာ သူ့ရဲ့ ဟာသဥာဏ်ဟာ တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။
သူ့ မှာ လက်ချိုးရေလို့ရတဲ့ မိတ်ဆွေရင်းတစ်ချို့သာရှိပြီး (ကျွန်တော်နဲ့ ပါတ်သက်ပြီးသိတာကလွဲရင်) ကျွန်တော့်မှာတော့ လူတောင်မမြင်ဖူးသေးတဲ့ မိတ်ဆွေတွေအပါအဝင် မိတ်ဆွေ အပေါင်းအသင်းများပါတယ်။ ကျွန်တော်က ရွယ်တူလဲပေါင်းသလို ငယ်တဲ့လူတွေနဲ့လဲ အလွမ်းသင့်သေးတဲ့အတွက် အရွယ်ပေါင်းစုံနဲ့ ပေါင်းတတ်ပြီးတော့ သူကတော့ ကျွန်တော်နဲ့ ပါတ်သက်ပြီးမှသာ အသိမိတ်ဆွေ ထပ်တိုးရတာများပါတယ်။ သို့သော် အပေါင်းအသင်းကံကြတော့ သူက ကျွန်တော့်ထက်ပိုကောင်းပါတယ်။ သူ့မှာရှိတဲ့ လက်ချိုးလို့ရတဲ့ အရေအတွက်မိတ်ဆွေရင်းဆိုတာဟာ သူနဲ့ခုချိန်အထိ မိတ်မပျက်ကြသလို ဒုက္ခပေးတယ်လို့လဲ တစ်ခါမှမကြားဖူး မရှိဖူးပါဘူး။ ကျွန်တော့်မှာတော့ ကျွန်တော့်ဇာတ်လမ်းများဟာ သူ့အတွက် အမြဲရသ အမျိုးမျိုးပေးတတ်ပါတယ်။
ကျွန်တော်ဟာ တစ်ခုခုဆို ထိခိုက်ရှတလွယ်တတ်သလောက် သူကတော့ အသည်းမာတယ်လို့ ပြောရမလိုပါဘဲ။ စိတ်ထဲဘာမှ ကြာရှည်မထားတတ်တဲ့လူမျိုးပါ။ အလုပ်မှာရုံးမှာ တက်နင်းပြီး ကျော်ခွတက်ချင်တဲ့လူမျိုးတွေနဲ့ ကြုံရရင် ကျွန်တော်က လုပ်ရက်ကြံရက်လေချင်းလို့ ဝမ်းနည်းနေတတ်ပေမယ့် သူကတော့ အဲလိုမဖြစ်အောင်နေတတ်သူပါ။ ရံဖန်ရံခါ ကျွန်တော့်ကိုတောင် အကြံပေးတတ်ပါသေးတယ်။ ဥလဲဥ တွန်လဲတွန် ဆိုတာ သူ့ရဲ့ လက်သုံးစကားတစ်ခုပါ။
ကျွန်တော် တို့နှစ်ယောက်စလုံး စည်းစနစ်သိပ်ကြတဲ့လူတွေတော့ မဟုတ်ကြပါဘူး။ အရင်လူလွတ်တုန်းက သူဘယ်လိုဖြစ်သန်းလာတယ် မသိရပေမယ့် အိမ်ထောင်ကျတဲ့ အခါမှာတော့ အိမ်ထောင်ဦးစီးဆိုပြီး ကျွန်တော့်ကိုသာ ဦးစီးခိုင်းပါတော့တယ်။ စာရွက်စာတမ်း သိမ်ဆည်းတာ ရှာဖွေတာကအစ ကျွန်တော့်တာဝန်ပါ။ စည်းစနစ်မကျတဲ့ ကျွန်တော်က အသိမ်းအဆည်းမှားရင်တော့ သူ့ဆီကအကူအညီ မရတတ်ပါဘူး။ စိတ်အေးအေးထားရှာပေါ့ ဆိုတာလောက် အားပေးဖေါ်ရလို့ ကြံဖန်ကျေးဇူးတင်ရပါသေးတယ်။ ကျွန်တော့်ရဲ့ လက်သုံးစကားက ပစ္စည်းတစ်ခု တစ်နေရာရာမှာ ကျနေရင် ပြန်မကောက်ထားပါဘူး။ နေရာမှတ်ထားတယ်လို့ ပြောတတ်ပါတယ်။ ပြောတဲ့အတိုင်းဘဲ အဲဒီပစ္စည်းလိုပြီဆို အဲဒီကျနေတဲ့ နေရာကို ချက်ချင်းမှတ်မိပါတယ်။ တစ်ယောက်ယောက်က နေရာရွှေ့မထားလို့ကတော့ ပြန်ရှာတွေ့ပါတယ်။ ဖုန်လေးဘာလေးသုတ်ပြီး လိုရာသုံးတော့ပေါ့။ တစ်ခါတစ်လေ သူအိမ်ရှင်းလို့ နေရာတွေလွဲကုန်ရင်တော့ ရှာရခက်ပါပြီ။ အဲဒါကြောင့်လဲ သူအိမ်ရှင်းရင် ကျွန်တော်ပါရပါတယ်။ ကူညီလုပ်ပေးဖို့မဟုတ်ပါဘူး သူမေးတဲ့ ဒီဟာလေး လွှတ်ပစ်ရမလား၊ ဘယ်နေရာရွှေ့ရမလဲ စတာတွေ ဖြေပေးဖို့ပါ။ ဒါမှ ကျွန်တော်လဲ ပစ္စည်းရဲ့နေရာသစ်ကို ပြန်မှတ်နိုင်မယ်လေ။ .. ![]()
အစားအသောက် မှာ ကျွန်တော့်အတွက် ကြိုက်တာရယ် ပိုကြိုက်တာရယ် နှစ်မျိုးသာရှိပြီး သူကတော့ တော်တော်အစားရွေးပါတယ်။ သူ့ကိုအစမ်းကျွေးကြည့်တာတွေမှာ သူမကြိုက်လို့ကတော့ နှမြောတာနဲ့ ကျွန်တော်ချည်း စားရတာပါဘဲ။ သူက အိမ်ထမင်းအိမ်ဟင်းသာ ခုံမင်လွန်းသူဖြစ်ပြီးတော့ ကျွန်တော်ကတော့ ဘယ်မှာကြုံကြုံစားတတ်သူ၊ စားချင်သူပါ။ မကြုံကြုံအောင်လဲ တောင်းဆိုတတ်ပါတယ်။ အပြင်မှာစားရင်တော့ သူစားနိုင်တာ တစ်မျိုးနှစ်မျိုးထက်ပိုပြီး ရှာဖွေမစားတတ်ပေမယ့် ကျွန်တော်ကတော့ အကုန်စမ်း သပ်စားသောက်တတ်ပါတယ်။ ယေဘူယျကြည့်ရင် သူက စိစစ်နှမြောတတ်သလိုရှိပေမယ့် ကျွန်တော်ကတော့ လက်ဖွာတတ်တဲ့ အမျိုးပါ။ အရင်ကဆို မြန်မာပြည်က အလုပ်လာရှာတဲ့ သူငယ်ချင်း တစ်ယောက်ယောက် ရောက်နေပြီဆို အမြဲအပြင်မှာ ထမင်းခေါ်ခေါ်ကျွေးတတ်တာ ကျွန်တော်ပါ။ သို့သော် ကျွန်တော်ကျွေးမွေးနေတာကို တားမရလို့သာ ကြည့်နေရပေမယ့် ကျွန်တော်က ကျွေးပြီးပြီးတာ ဖြစ်ပေမယ့် ကြုံရင်ကြုံသလို ကျွန်တော်က မိတ်ဆွေတွေကို အဲလိုကျွေးမွေး ဂရုစိုက်တတ်တယ်ဆိုတဲ့ အကြောင်းကို မမောမပန်း ပြောတတ်တာက သူပါ။ ကျွန်တော့်မှာ တစ်ခါတစ်လေ မနေတတ်လို့ ဟန့်ရပါသေးတယ်။ သူကလဲ ဖွဲ့နွဲ့ပြောတတ်တဲ့သူမဟုတ်လား .. စဉ်းစားသာကြည့်ပါလေ။
သို့ သော်လည်း အလှုအတန်းလိုဟာမျိုးမှာကြတော့ လက်တွန့်နေတတ်တဲ့သူ မဟုတ်ပါဘူး။ အဲဒီနေရာမှာတော့ နှစ်ယောက်စလုံး လက်ညီကြပါတယ်။ သူက အလှုမှတ်တမ်းစာအုပ်ကလေးတစ်အုပ်လုပ်ပြီး ကျွန်တော်တို့ ရံဖန်ရံခါ စိတ်ညှိုနွမ်းနေတဲ့ အခါမျိုးမယ် အဲဒီအလှုမှတ်တမ်းလေးတွေ ဖတ်ဖတ်ကြည့်ကြပြီး စိတ်ကြည်လင်အောင် လုပ်ယူတတ်ကြပါတယ်။
ကျွန်တော် က လူပေါင်းစုံ အရွယ်ပေါင်းစုံနဲ့ ပေါင်းတဲ့အတွက် ခေတ်မှီတယ်လို့ ပြောလို့ရပေမယ့် သူကတော့ နဲနဲရိုးပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ခေတ်မမှီဘူးပေါ့။ သို့သော်လည်း ကျွန်တော်က အိမ်မှာ အမြဲပြောပြတတ်တဲ့အတွက် လိုက်လို့မှီနေပါသေးတယ်။ ကျွန်တော်ကတော့ ဘာဖြစ်ဖြစ် ဖတ်တတ်ပြီး မေ့လွယ်ပျောက်လွယ်ပေမယ့် သူကတော့ဖတ်ပြီးရင် သတိရနေတတ်သူပါ။ ကျွန်တော်ဖတ်ရမှာ ပျင်းတဲ့ဟာမျိုးတွေဆို သူ့ဖတ်ခိုင်းပြီး ပြန်နားထောင်ရတာ ကြိုက်ပါတယ်။ သူကလဲ ပြောစရာရှာနေတဲ့သူဆိုတော့ အကိုက်ပါဘဲ။ အင်တာနက်က မြန်မာပြည်ဆိုင်ရာသတင်းတွေဆို သူပြောပြတာကို နားထောင်ရတာ များပါတယ်။ တစ်ခါတစ်လေတော့လဲ ကျွန်တော်ဖတ်ပြီးသား ဖြစ်နေပေမယ့် သူကအခုမှဖတ်လာဖြစ်လို့ အားတက်သရော ပြောပြတာမျိုးရှိတတ်သော်လည်း နောင်ပြောမပြတော့မှာ စိုးလို့ ဘာမှမသိသေးသရောင် နားထောင်ပေးရပါသေးတယ်။ သို့သော်လည်း ဖွဲ့နွဲ့နေလို့ တစ်ခါတစ်ရံ လိုရင်းရောက်အောင် စကားထောက်ရပါသေးတယ်။ အဲလိုစကားဖြတ်ပြီဆိုရင်တော့ ပြောရတာ အရသာမရှိလိုက်တာလို့ အမြဲပြောတတ်ပါတယ်။
ကျွန်တော် သာလျှင် သူ့ရဲ့ဖက်ရှင်ဒီဇိုင်းနာဖြစ်တယ်ဆိုရင် အံ့ဩောကြပါလိမ့်မယ်။ တစ်သက်လုံး သူ့အမတွေဆင်တာကို ဝတ်လာတတ်တဲ့သူဟာ ကျွန်တော်နဲ့ရတော့ အဝတ်အစားဝယ်ရင် ကျွန်တော့်မျက်စိနဲ့ ကြည့်လို့လိုက်တာမှ ဝယ်ဖြစ်ရာကနေ သူဖာသာ အဝတ်အစားဝယ်ဖို့ မယုံရဲတော့ပါဘူး။ ဝယ်ရင်လဲ ကျွန်တော်ကြိုက်တတ်တာမျိုးကိုသာ ဝယ်တတ်လို့ အဆင်ဆန်း၊ ပုံစံဆန်းဆိုရင် သူက မကြည့်တတ်တော့ပါဘူး။ သို့သော်လဲပေါ့လေ .. ကျွန်တော်က မြင်သမျှအကုန်ကြည့်တတ် .. အဲလေ လူငယ်တွေနဲ့ ပေါင်းနေတဲ့သူဆိုတော့ မိန်ခလေးတွေ ဝတ်တာစားတာ ကိုယ့်မျက်စိထဲသဘောကျ နှစ်ခြိုက်တာတွေ့ရင် သူနဲ့များလိုက်မလားလို့ တွဲတွဲကြည့်တတ်ပါတယ်။ လိုက်မယ်ထင်တာတွေကိုတော့ သူ့ကို ဝယ်ခိုင်းတတ်ပါတယ်။ ရံဖန်ရံခါများဆို သူကတောင် မဝတ်ရဲသေးပါဘူး။ အတင်းမြှောက်ပေးပြီးဝတ်ခိုင်းလို့ ဝတ်တတ်သွားမှ သူကြိုက်တော့တာပါ။ ရှင်ဒါတွေဘယ်လို ကြည့်တတ်နေသလဲလို့ စိတ်ကူးပေါက်လို့မေးလာရင်တော့ ကြည့်ကျက်ဖြေရတာပေါ့ဗျာ။
သီချင်းဆို ရင်လဲ စိုးစန္ဒာထွန်းလောက်အထိသာ ခေတ်အမှီဆုံး ကြိုက်တတ်တဲ့သူက "နင်နောက်ကျရင် နင့်ကိုနမ်းမယ် .. ငါနောက်ကျရင် ငါ့ကိုနမ်းပါ.." လို့ ရေချိုးရင်း အော်ဆိုတတ်ရင် ရှင်ဘာတွေဆိုနေတာလဲ လို့မေးတတ်ပါတယ်။ အငဲရဲ့ ရောဂါ ဆိုတဲ့ သီချင်း ခေတ်စားတုန်းက ရှင်တို့သီချင်းတွေကလဲ မထိတ်သာ မလန့်သာရှိလိုက်တာ နိမိတ်မရှိ နမာမရှိလို့ ပြောတတ်သေးရဲ့။ ကျောင်းတုန်းက ခင်မောင်တိုးသီချင်းတွေ ကျွန်တော်ဆိုတုန်းကတော့ အသံကောင်းတယ်လို့ ပြောဖူးတာလေး တစ်ခုရှိလို့သာ တော်သေးရဲ့။
အိမ် မှာ အားလို့ နားနားနေနေရှိရင် တရားခွေဖွင့်ပြီး နားထောင်တတ်တာတော့ နှစ်ယောက်လုံး အကြိုက်တူပါတယ်။ ဟိုကဒီက ဆရာတော်တွေ စုဆောင်းလာတတ်တာလဲ သူပါဘဲ။ ဓမ္မဒေါင်းလုဒ်ဒေါ့ကွန်းမှာ သူတော်တော်များများ နားထောင်ပြီးသားတွေပါ။ ကျွန်တော်က နားထောင်တုန်းသာ ခေါင်းထဲဝင်ပြီး အသိတစ်ခုရပေမယ့် သူက အမြဲမှတ်မိနေတတ်တာမျိုး။ သူများကိုတောင် ပြန်ပြီးတရားဟောခြင် ဟောနေတတ်သေးတာပါ။ ခင်မင်တဲ့ ဘုန်းကြီးတစ်ပါးနဲ့ စကားစမြည်ပြောဆိုဖြစ်ရင် သူကချည်း ရှေ့ကပြောပြောသွားလို့ ဘုန်းကြီးကတောင် လက်မြောက်ရတဲ့သူပါ။ ဥပမာ ဘုန်းကြီးက တရားစခန်းလေး ဝင်ပါလား .. တစ်ခါမှ မဝင်ဖူးဘူး ဆိုတာမျိုး အပြစ်တင်စကားပြောလာရင် ဖုန်းဖုန်းရဲ့ တရားထိုင်နေမှချည်း ကုသိုလ်ရတာ မဟုတ်ပါဘူး နှလုံးသားမှာ ဘုရားတည်ထားရင်၊ တရားတော်ကို အမြဲနှလုံးသွင်းထားရင်လဲ ကိုသိုလ်ရပါတယ် ဘုရားလို့ စည်ကာပါတ်ကုံး ပြောတတ်တဲ့သူမျိုးပါ။
သူ က ကျောင်းတက်တုန်းကလဲ ဆိုင်ထမင်းစားပြီး ကျောင်းပြီးလာတာ၊ အိမ်မှာလဲ အမသုံးယောက်ရှေ့ကခံနေတော့ ချက်ပြုတ်ရေးမှာ ဗလာသက်သက်ပါဘဲ။ အိမ်ထောင်ကျမှ ကျွန်တော့်အမေဆီက သင်ရပါတယ်။ အခုထိလဲ သူတတ်ပြီး သူကြိုက်တဲ့ ဟင်း ၁ဝမျိုးလောက်ကို ပါတ်လည်ရိုက်ပြီး ချက်လာတာ ဆယ်စုနှစ်တစ်စု ပြည့်ပါတော့မယ်။ ကျွန်တော်ကတော့ ဟိုစပ်စပ် ဒီစပ်စပ် လျှောက်စမ်းတတ်တဲ့သူဆိုတော့ စိတ်ပါရင် အကုန်လျှောက်ချက်တတ်ပါတယ်။ ခက်တာက သူက အစားရွေးတော့ ကျွန်တော်ချက်သမျှ အကုန်မစားနိုင်ပါဘူး။ ကျွန်တော့်မှာ ချက်မယ်ဆို ဘယ်သူစားနိုင်မလဲ အရင်တွေးထားရတဲ့လူပါ။ အခုလဲ ဒံပေါက်ဖေါက်မလို့ စဉ်းစားနေတာ ပြီးဘယ်သူစားပေးပါ့မလဲ တွေးနေရပါသေးတယ်။ သူဟင်းချက်ရင် ဘာလုပ်နေမှန်းမသိ ကြာတတ်ပြီးတော့ ကျွန်တော်ဝင်ကူမှ မြန်တတ်ပါတယ်။
အိမ်ထောင် ဖက်တွေမှာ အသွင်မတူခြင်းကြောင့်လဲ တစ်ဦးကိုတစ်ဦး မတူညီတဲ့ ရှုထောင့်ကနေ ကူညီဖေးမထောက်ပံ့နိုင်ကြပါတယ်။ အဓိကကတော့ နားလည်ပေးနိုင်မှုနဲ့ မေတ္တာတရားပါဘဲ။
(ဒီမှာ ရပ်မှပါဘဲ မဟုတ်ရင် ရေးစရာတွေ များများနိုင်လွန်း။ တိခနဲ ရပ်လိုက်ပါကြောင်း။)
ပျော်စရာ ဘဝလေးပဲ…။
ဖတ်ရသလောက်တော့ ကိုကိုဒီဘီရဲ့ သူမက တော်တော်လေး အေး တော်တော်လေးရိုးတာပဲနော်… ချစ်စရာ…။
ကိုယ်တို့နှစ်ယောက်နဲ့ တူတာ တခုတွေ့တယ်… အဲဒါကတော့ အလှုတွေကို မှတ်တမ်းလေးလုပ်ထားတာပဲ… ပြန်လဲ ကြည့်ဖြစ်ကြတယ်… ကျေနပ်ကြတယ်… း)
သူအစားရွေးလို့ ကိုကိုဒီဘီပဲ အကုန်စားစားနေရတာဆိုတာ ယုံပါတယ်… ယုံပါတယ်… (အဝေးမှပင် မြင်နိုင်ပါသည်…)
ဒန်ပေါက်ဖေါက်ဖို့အတွက် စားမယ့်လူမရှိရင်ပြောပါ… ဖဘ နဲ့ ဘလော့ဂ်မှာ အခမဲ့ ကြော်ငြာပေးပါ့မယ်…
ဒီပိုစ့်လေးရေးဖြစ်လိုက်တာ နှစ်ယောက်သားရဲ့ တူတာလေးတွေ မတူတာလေးတွေ သူ့သဘောထားလေးတွေ ကိုယ့်သဘောထားလေးတွေကို အမှတ်တရ စာစီပြီး သိမ်းထားသလို ဖြစ်သွားတာမို့ ဖတ်ရတာ ပျော်စရာ ကြည်နူးစရာကောင်းသလို ရေးရတာလဲ ပျော်လိမ့်မယ်လို့ ထင်ပါတယ်…
အခုလို စိတ်ပါလက်ပါရေးပေးတာ ကျေးဇူးတင်ပါတယ် ကိုကိုဒီဘီ…
ပုံ/
လူတောင်မမြင်ဖူးသေးတဲ့ မိတ်ဆွေ သက်ဝေ
ဖတ်ကောင်းဒယ်ဗျ.. အပိုင်းခွဲပြီး ရေးပါလား….
ပုံ…. နှစ်ယောက်စလုံးကို လွန်ခဲ့သော 16 နှစ်ကတည်းက မမြင်ဖူးသူတစ်ဦး
ဟိ
ကတောက် guest နဲ့ရေးတာ ဘယ်လိုလုပ်ပြီး နာမည်လာပေါ်တာလဲ
မေ့ကျန်ခဲ့လို့.. ခေါင်းစဉ်က ကြင်ဖော်ဆို တော်ရောပေါ့ဗျာ.. ကြင်ဖက်ဆိုတာကြီးက မကောင်းပါဘူး… ဟိဟိ…..
ကိုကိုဒီဘီရေးတဲ့စာတွေထဲမှာ အမကိုထားတဲ့ မေတ္တာတွေ မြင်နေရတယ် ။ မရေးတာကြာပေမယ့်လည်း စာရေးတဲ့လက်က မပျက်ပါဘူးဗျာ .. ဖတ်ရတာ အဆင်ကိုချောလို့ ။
အမကိုလဲ ကျေးဇူးတင်ပါတယ်။ အခုလို ရေးခိုင်းတဲ့ အတွက် တကယ်ကို အမှတ်တရ ဖြစ်ရပါတယ်။
ညည်းရေးတာကိုလဲ စောင့်နေပါတယ်လေ .. ငှဲငှဲ
ခုလို အားပေးစကားပြောတာကို .. ကျေဇူးတင်ပါတယ် .. ဒံပေါက်ဖေါက်ရင် ဖိတ်လိုက်ပါ့မယ် ..
အတုယူရန်တွေ မှတ်သားသွားပါတယ် တစ်ချိန်တော့ အသုံးကျမယ်ထင်ပါတယ် Bookmark လုပ်ထားဖို့လိုမယ်ထင်တယ်
နောင်တစ်ချိန် ပြန်ဖတ်ဖို့လိုရင် ဖတ်ရမယ်
အားမလျှော့နဲ့ ရောက်လုပြီ ကြိုးစားတက်ပါမည်။
ယောက်ျားတို့လုံ့လ သေခါမှ လျှော့.. တဲ့ကွယ့်
လူပျိုကြီးက ဘယ်ကိုတက်ရမှာတုန်း .. သူ့မှာ မွေ့ယာနှစ်ထပ်ရှိတယ်လို့လဲ မကြားမိပါဘူး =-X =-X
Like.. Like… Like …. ကျွန်တော်လည်း နောက်မှ အားကျမခံ ပြန်ရေးမယ်.. ခွိခွိ…
post ကို bookmark လုပ်ထားရမယ်..
လာဖတ်သွားပါတယ်။ ၂ယောက်လုံးရဲ့ စရိုက်ကလေးတွေ မြင်သွားအောင်ရေးနိုင်တယ်။ မိန်းမကိုတောင် ဒီဇိုင်နာ လုပ်တယ်ဆိုတော့ MrDBA ကို များများကြီး အထင်ကြီးသွားပါတယ်။ ဖွဲ့နွဲ့ပြောတတ်တဲ့ ညီမလေးအကြောင်း ဖတ်ရတော့ ရယ်မိပါတယ်။
ဒါနဲ့ ဒါန်ပေါက်အလှူကဘယ်တော့လဲဟင်
အဲ့လိုပဲ ကိုယ်လုပ်ချင်တာကိုပဲ မြင်မိတယ်
ကဒီဘီ ထိန်ချန်ထားတာ ရှိရင် ထုတ်လိုက်ပါ
ကောင်းထှာ … ဖတ်ရတာ ပျော်စရာလေး ….ကြည်နူးစရာလေး
မိန်းခလေးတွေ ဝတ်တာစားတာ ကိုယ့်မျက်စိထဲသဘောကျ နှစ်ခြိုက်တာတွေ့ရင် သူနဲ့များလိုက်မလားလို့ တွဲတွဲကြည့်တတ်ပါတယ်…တဲ့၊
အော်…..
(ငါတော့ ဒံပေါက်ဖောက်ရင် စားရကိန်း မမြင်၊ မထင်..)
ဖတ်လို့ကောင်းလိုက်တာ။
ဟီး..အိမ်ကလူကြီးကို ရေးခိုင်းအုံးမှာပါပဲ။
ဒါပေမယ့် ကိုကိုဒီဘီလိုရေးသလို ချစ်ဇနီးရဲ့ ချစ်စဖွယ်လေးတွေ ထွက်လာမှာမဟုတ်ဘူး။
စွာလန်နေတာပဲ ထွက်လာမှာ..။
အင် .. ဘာဖြစ်လို့လဲဟင် …
ကြင်ဖော်ကြင်ဖက်နှစ်ယောက်အကြောင်း လာဖတ်သွားပါတယ်။ အစ်ကို့အရေးအသားထဲက နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေကို ခံစားရပါတယ်။
ကဒီဘီ ဖတ်လို့ကောင်းသဗျာ… အဲဒါကြောင့် များသောအားဖြင့် ကဒီဘီ တစ်ယောက်ထဲကိုပဲ တွေ့တွေ့နေတာထင်တယ်။
ဒန်ပေါက်ဖောက်ဖြစ်ရင် ခေါ်လိုက်လေ… စားကြမယ်လေ ပျော်ပျော်ပါးပါးပေါ့
ကဒဘရေ.. ဆက်ပြီးတော့ ဥလဲဥ တွန်လဲတွန်ပါ…။
ဂွတ်တယ် ဗျိုးးးး
ပြုံးပြုံးကြီး ဖတ်သွားတယ်…
ဒံအိုး ပေါက်တဲ့ နေ့ ဖုန်းဆက်နော်..
Giving advice to your other half “what to wear” is so nice and considerate of you.
တခြားသူတွေ လိုပဲ ဒန်ပေါက် ဖောက်တဲ့ နေ့ကို မျှော်နေပါတယ်။
=D =D =D
ကြက်ဖင်လို့ ညည်းက မြင်တယ်ပေါ့လေ .. =-X =-X =-X =-X =-X
ကိုဒီဘီ စာတွေ မဖတ်ရတာ ကြာလှနေတာ… အခုပြန်ဖတ်တော့လည်း ဖတ်လို့ကောင်းတာပဲ.. တိ ကနဲ ရပ်လိုက်တဲ့အတွက် ဖတ်ရတာ မ ၀သလိုပဲ…
အလှူမှတ်တမ်းစာအုပ်လေး လုပ်ထားတယ်ဆိုလို့ စိတ်ကူးကောင်းလိုက်တာ.. အဲဒီလိုလေး လုပ်ထားဦးမယ်…
ဝုတ်ကဲ့ယယ မြင်တာဟုတ်ပါဝူး.. မှန်းကြည့်တာပါ…ဟီးဟီး
ဖတ်ရတာ ကြည်နူးလိုက်တာ…အမကို အားကျသွားပါတယ်..
ဟု အားပေးသွားပါတယ်။ ကျေးဇူးတင်ပါနော်.. ဒန်ပေါက်ဖောက်ရင်လည်း ဖိတ်လိုက်ပါ။
ဦးဦးဒီဘီ တိခနဲမရပ်လိုက်နဲ့ ဆက်ရေးပါ
ဒံပေါက်ချက်ရင်လဲ ဖိတ်ပါဦး
ပုံ တွေ့ဖူးသော်လဲ စကားမပြောခဲ့ဖူးသူ တစ်ဦး
ထောပတ်သီး ဖြစ်ရမယ်
ကိုကိုဒီဘီ သူမက ချစ်စရာကောင်းလိုက်တာာာာာာာာာာ.
ဟိ ဖိတ်ကျွေးမှာလားပြောပါ
@sdl: testing