အပူဒါဏ်ကြောင့် ပြန့်ထွက်သွားသော အတွေးများ

ပူတယ် ပူတယ်နဲ့၊ ခုတလော စင်ကာပူမှာ တအားပူပါတယ်။ ညဘက်အိမ်မှာလဲ ပူတယ်၊ နေ့ဘက်ရုံးမှာလဲ ထမင်းထွက်စားရင် ပူတယ်။ အိမ်က အဲယားကွန်းကလဲ တနေ့က အိမ်ရှင် အပူအအေး လာညှိသွားတာ အရင်လိုမအေးတော့ဘူး။ ပန်ကာလေထက် သာတယ်ဆိုရုံလောက်ဘဲ။ ရုံးကလွဲရင် ရထားပေါ်မှာ နဲ့ ကားပေါ်မှာလောက်ဘဲ အအေးဓါတ်ကို ခံစားရတယ်။

ဒါနဲ့တနေ့က အပူဒါဏ် ရှောင်ရအောင်ဆိုပြီး ရုပ်ရှင်သွားကြည့်မိတယ်၊ မင်းသားကလဲ နာမည်ကြီးဆိုတော့ ကြည့်ကောင်းမှာဘဲလေ ဆိုပြီးကြည့်ဖြစ်ပါတယ်၊ အပူဒါဏ်တော့ သက်သာသွားပါရဲ့ ဒါပေမယ့် ရင်ထဲ မကောင်းဘူး ဖြစ်သွားတယ်။ ဟိုရောက် ဒီရောက်လဲ တော်တော်စဉ်းစားသွားမိတယ်။

ဇတ်လမ်းကတော့ တိုတိုပြောရရင် ကမ္ဘာပျက်တဲ့ အကြောင်းလေးပါ။ လူတွေ လူတွေ ရုပ်ရှင်ကို အက်ရှင်မျိုးစုံ ရိုက်လာကြတာ စစ်ပွဲတွေ သဘာဝဘေးအန္တရယ်တွေ နောက်ဆုံးတော့ ကမ္ဘာကြီးကို မီးလောင်တိုက် သွင်းလိုက်ကြတော့တာဘဲ။

ဇတ်ကားကြည့်နေရင်း ဖြတ်ခနဲ ဖြတ်ခနဲ ဘုရားဟောထားတာလေးတွေလဲ သွားသွားသတိရမိပါရဲ့။ ငယ်ငယ်တုန်းကထဲကပါ မှတ်သားမိတာလေးပေါ့ ကျုပ်တို့ကမ္ဘာကြီးဟာ နောက်ဆုံးတော့ မီးလောင်ပြီး ပျက်စီးမယ် နောက်တော့ လူသားတွေပြန်ဖြစ်ပေါ်လာပြီး ဘုရားပွင့်ဦးမယ်။ ငယ်ငယ်တုန်းကတော့ ဒါကို ပုံပြင်လိုဘဲ ဖတ်မှတ်လာခဲ့တာ။ ခုတော့ စဉ်းစားကြည့်ရင် ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးဖို့ဆို ခုရုပ်ရှင်ထဲကလို မီးလောင်သွားမှဘဲ ဖြစ်နိုင်မယ်။

မင်းသားပြောသွားတဲ့ စကားတစ်ခွန်းပါတယ် "Everything has purpose" တဲ့။ ကျွန်တော်တို့ ဘုရားကလဲ ဟောသွားတယ်မဟုတ်လား အကြောင်းတရားကြောင့် အကျိုးတရားဖြစ်လာတာ ဆိုတာလေ။ ငယ်ငယ်ကထဲက မှတ်သားခဲ့ဖူးတာက ကျွန်တော်တို့ဘုရားဟာ ရှေ့ကိုအဝေးကြီး ကြိုမြင်ပြီး ဟောထားခဲ့တယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောရရင် မိရိုးဖလာမို့ ယုံထားလိုက်တာဘဲရှိတယ်။ ကိုယ်လဲ မကြုံတွေနိုင်တော့ စိတ်ထဲ သိပ်အများကြီးမထားဘူး။ ခုနောက်ပိုင်းဆို သိပ္ပံပညာရှင်တွေတောင်မှ ဗုဒ္ဓဘာသာကို လေ့လာနေတယ်လို့ ကြားနေရတယ်။ သူတို့တွေ့ရှိချက်တွေကို ကျွန်တော်တို့ ဗုဒ္ဓဘုရားက ကြိုဟောထားတာများကို ဖြေးဖြေးချင်း သိလာတာကြောင့်လို့ ပြောတာဘဲဗျ။

သြော် မီးဘယ်လိုလောက်လဲဆိုတော့ ဟုတ်ကဲ့ ခုနောက်ပိုင်း လူပြောများလာတဲ့ နေရောင်ခြည်ကြောင့်ပါဘဲ။ ဇတ်လမ်းထဲမှာတော့ နေက ပေါက်ကွဲမှုတွေဟာ ပြင်းထန်လွန်းလို့ အပူလှိုင်း မီးညွန့်တွေ ကမ္ဘာဆီကို ရောက်လာပြီး ကမ္ဘာမီးလောင်သွားတာပါဘဲ။ ဒါဟာ ဖြစ်လာနိုင်ချေရှိတယ်ဗျ။ ကျွန်တော်တို့တော့ ကြုံစရာမရှိပါဘူးလေ။ နာဆာနဲ့ တခြား နေကိုလေ့လာနေသော အဖွဲ့တွေဟာ ဒီကိစ္စကို မသိဘဲနေမလား။ နေရဲ့အပြုအမူကို လေ့လာနေကြတာဘဲဟာ အနဲဆုံးတော့ တနေ့ဘာဖြစ်လာနိုင်တယ်ဆိုတာ ခန့်မှန်းခြေတော့ ထုတ်လို့ရကောင်းတာပေါ့။ ဒါပေမယ့် နှစ်တွေအများကြီး ကြာမှ ဖြစ်လာနိုင်မယ့် ကိစ္စဆိုတော့ လူထုကို လှုပ်လှုပ်ရှားရှား မဖြစ်စေခြင်တာကြောင့် ဖွင့်ချမပြသေးတာ ဖြစ်ရမယ်။ (သဗ္မန်ခတ်တဲ့ တရုတ်ကြီ်းပြောသလို ကိစ္စရှိရင် ဝပြောမယ် ဆိုတာလိုများ လုပ်နေလားမသိ။)

နောက်တစ်ချက် စဉ်းစားကြည့်မိတာက သူတို့ အင်္ဂါဂြိုလ်ကို လူသွားနိုင်ရေး ကြိုးပမ်းနေကြတာဟာ အလကားတော့ မဟုတ်နိုင်ဘူး။ (ပိုက်ဆံတော့ တော်တော်ကုန်တာပေါ့လို့တော့ မပြောနဲ့။) ဒီအရေးတွေမြင်ထားလို့ ငါတို့တော့မကြုံနိုင်ပေမယ့် နောင်လာမယ့် လူသားတွေအတွက် ရှောင်စရာနေရာ ရအောင်ဆိုပြီး ကြိုးပမ်းနေကြတာဖြစ်ရမယ်။ ကျွန်တော်တို့ကော ဘာလုပ်နိုင်မလဲ။ အဖြစ်နိုင်ဆုံးကတော့ တရားနာနာထိုင်ပြီး သံသရာက လွတ်အောင်လုပ်တာဘဲကောင်းတယ်။

အဲဒါနဲ့ ရုပ်ရှင်လဲပြီးရော လူကတော်တော်စိတ်ထဲ မကောင်းဖြစ်သွားတယ်။ ကိုယ်ကြုံရမှာလဲ မဟုတ်ပေမယ့် (ကြုံရင်လဲ ကြုံမှာပေါ့ မသိနိုင်ဘူး) ရုပ်ရှင်ထဲမှာ သေသေချာချာ ကွက်ကွက်ကွင်းကွင်း မီးလှိုင်းကြီးလာပြီး မီးတွေလောင်ကုန်တာမြင်တော့ တကယ်စိတ်မကောင်းဘူး။ အခံစားရဆုံး နောက်တစ်ကွက်က မင်းသားရဲ့ကလေးကို ဂြိုလ်သားတွေလို့ ယူဆရတဲ့ အကောင်ပလောင်တွေက ကမ္ဘာကြီးပေါ်ကနေ ခေါ်သွားတော့မယ့် အခန်းမှာ သူတို့က ရွေးချယ်ထားတဲ့လူဘဲ လိုက်ခွင့်ရှိတာကြောင့် မင်းသားလိုက်ခွင့်မရတဲ့ အခန်းမှာပေါ့။ မီးတွေလောင်ပြီး ကမ္ဘာပျက်တော့မှာ သိနေတဲ့ အချိန်မှာ လွတ်လမ်းလေး ရှိတာတောင် အခွင့်အရေး မရနိုင်တဲ့အဖြစ်။

နောက်ဆုံးတော့ သူ့ရဲ့မိဘတွေရှိရာကို ပြန်ပြီး မိသားစုတွေ အတူတူဆုံပြီး နောက်ဆုံးအချိန်ကို ရင်ဆိုင်လိုက်ကြတယ်။ အဖိုးကြီးက ခုမှပြန်လာတဲ့ သားကို ဖက်ပြီး မီးလုံးကြီးတွေလာနေတဲ့အခါ ပြောလိုက်တယ်စကားတစ်ခွန်း "This is the end my son" တဲ့လေ။ ရုပ်ရှင်ရိုက်ပြထားမှန်း သိရက်နဲ့ကို တုန်လှုပ်သွားတယ်။

ဒီရက်ပိုင်း တုန်လှုပ်ချောက်ခြားနေတာနဲ့ ဘလော့တောင်မရေးဖြစ်ဘူး။ (ဟမ် ..ဘလိုင်းကြီးပါလား။ အကြောင်းပြတာ။) ဒီလိုနေတုန်း ဗြုန်းဆို မျှော်လင့်ချက် ရောင်ခြည်လေးသန်းလာတယ်။

ကမ္ဘာနဲ့ တူနိုင်သော ကမ္ဘာလိုလူနေလို့ ရနိုင်သော ကမ္ဘာလို ဂြိုလ်လဲရှိနိုင်သော အခြားစကြာဝဠာ တစ်ခုကို ရှာဖွေတွေ့ရှိပါကြောင်းတဲ့လေ၊ ဒီနေရာမှာလဲ ဘုရားဟောကြားခဲ့တဲ့ အထဲမှာ စကြာဝဠာ အနန္တ ရှိတယ်ဆိုတာကိုလဲ သတိသွားရလိုက်တယ်။ ဒါပေမယ့်ဗျာ အင်္ဂါဂြိုလ်တောင် မနဲသွားနေရတာ အဲဒီ တခြားစကြာဝဠာ ဆိုတာကို ဘယ်တော့များ ရောက်ကြမလဲ မသိပါဘူး။

လောလောဆယ်တော့ ပူတာဘဲသိတယ်ဗျာ။ ပူတယ်ပူတယ် တအားပူတယ်။ မိုးရွာလိုက် ပြန်ပူလိုက် သူနိုင် ကိုယ်နိုင် အပြိုင်ကျဲနေကြသလား အောက်မေ့ရလောက်အောင် ပူလိုက် ရွာလိုက်ပါဘဲ။ ပူရတဲ့ အထဲ ဒါပြီးအောင် ထိုင်ရေးနေရတော့ ဖင်ပါပူလာပြီ။ မိတ်ဆွေလဲ မျက်စိပူလာမှာ သေချာပါတယ်ဗျာ။


99 views

Comments Closed

20 Responses to အပူဒါဏ်ကြောင့် ပြန့်ထွက်သွားသော အတွေးများ

  1. Shwebotharlay says:

    ဘုန်းကြီးဝတ်တော့မယ်ဆိုလည်းပြောပါဦးခင်ဗျာ.

  2. လူပျိုကြီး says:

    သြော်… တရားနာနာထိုင်တယ်ဆိုတာ ထိုင်ရင်း ခြေထောက်နာတာကို ပြောတာထင်တယ်။ :-D

  3. Su says:

    နိမိတ်မရှိ နမာမရှိ ဖွဖွ

  4. တောင်ပေါ်သား says:

    ဦးဒီဘီကလဲ ပူတာများ ရေထဲ စိမ်နေပြီးရော ရုပ်ရှင်သွားကြည့်တော့ ခု ပိုက်ပိုက်လဲ ကုန်…..
    စိတ်ကလဲ ဆင်းရဲနဲ့….. အင်း ပျက်တော့မယ် ထင်ပါရဲ့ (ကမ္ဘာကြီးကို ပြောတာပါ)
    လူတွေက တဖြည်းဖြည်း ချို့ယွင်းလာတာကိုးဗျာ
     
     
    လေးစားလျက်
    တောင်ပေါ်သား

  5. နွေးနေခြည် says:

    အင်း အဲဒီကားကြည့်ပြီး ကြောက်နေတာ… လတ်တီကျု လောင်ကျီကျုတွေနဲ့လည်း အက်ဆီးဒင့် ဖြစ်မယ့်နေရာတွေကို ကြိုသိနေရတယ်….
    ‘Everyone Else’ တဲ့နော် … လွတ်အောင်ပြေးတော့ သံသရာကး)

  6. pm says:

    ရှိပူရသေး ကုန်မှအေး… တဲ့။
    မိမိရှိတဲ့အပူက ကမ်ဘာကြီး ပျက်တဲ့အခါ ပူမယ့်အပူထက် များမယ်ထင်တယ်။
    ခုတောင် အဲအပူတွေကြီးတော့ စင်ကာပူကြီးပူလာဘီ။
    အဲကွန်းလည်း မဖွင့်နိုင်၊ ပန်ကာလည်း မကယ်နိုင်။
     

  7. ksanchaung says:

    ဖြစ်ချိန်တန်ရင် ဖြစ်မယ် ပျက်ချိန်တန်ရင် ပျက်မယ်
     
    အဲ ကမ္ဘာကြီးပျက်ဖို့ ဆိုတာကတော့ ကပ်ကမ္ဘာတွေအများ ကျန်သေးတယ် ပူရင် ပူတယ်မှတ် အဲကွန်းဖွင့်ပြီး ကုစားလည်း ခဏပေါ့ တရားသဘောဆိုတာ ဒါပဲ

     
    ဘာတဲ့တုန်း ရော့ တခွက် (ရေပူရေချမ်းကမ်းတာနော် ပူတယ်ဆိုလို့ အမှတ်မှားမယ်)

  8. kaungkinpyar says:

    မီမီးလဲ အဲဒီကား ကြည့်ပီးသွားပီ ဦးဦးဒီဘီ၊ ချိတ်မကောင်းလို့ အိပ်လို့တောင် မပျော်၊ ပူလို့ အဲကွန်းဖွင့်ပြန်တော့ လကုန်ရင်လာမဲ့ bill ကို လန့်တာနဲ့ ဟီးဟီး

  9. ကြည် says:

    စင်ကာပူမှ အပူမျိုးစုံကို အဝေးတစ်နေရာမှ ပူပန်စွာဖတ်ရှူ့ပြီးပါကြောင်း။

  10. ThihaThit says:

    ကိုကြီးဒီဘီကလည်း ပူပါတယ်ဆိုမှ အပူကားသွားကြည့်သေးတာကိုးဗျ..

  11. waitoe says:

    The movie is about domdays according to the Mayan calandar which ends in 2012. You can google it.

  12. Htoo Tay Zar says:

    အဲဒီကား trailer ပဲကြည့်ဖူးတာဗျ.. ရုပ်ရှင်ရုံမှာ ကြည့်ရရင်တော်တော် ကောင်းမှာပဲ လူတွေ ရထားနဲ့ ၀င်ဆောင့်တာတို့.. လေယာဉ်ပျံပျက်ကျတာတို့က ရေလည်မိုက်တယ် =D
     
    ကိုDBA ဘလော့ဂ်က ပြည်တွင်းက တိုက်ရိုက်ဝင်လို့ မရဘူးဗျ.. ဘန်းထားတာတော့ မဟုတ်ဘူး.. DNS မသိတဲ့ပုံပဲ.. RSS ကနေတော့ အမြဲဖတ်လို့ ရတယ်.. အခုတောင် ကျော်ထားလို့ မြင်ရတာ

  13. MrDBA says:

    တကူးတကလာလို့ ကျေးဇူး .. :)

  14. Rita says:

    အရေးအသားကို အရမ်း သဘောကျပါတယ်

  15. mmkyioo says:

    u r a good writer…..

  16. Divinity says:

    2012 အကြောင်းလေးများဖတ်ပြီးပြီလားဗျ Planet X လို့ Google ကြည့်ရင်တွေ့ပါလိမ့်မယ်။ Planet X ကို 1987လောက်ကတယ်ကရှာဖွေတွေ့ရှိထားတာတဲ့ဗျ 2012 မှာကမ္ဘာကိုဝင်တိုက်မယ်ပေါ့။ ဖြစ်နိုင် မဖြစ်နိုင်တော့ မသိဘူး 2012 အခြေခံရိုက်မယ့် ရုပ်ရှင်ကတော့ ဒီနှစ်ထဲ ရုံတင်မယ်။ Trial ကြည့်ပြီးပြီဗျ မိုက်မယ်ထင်တယ်။

  17. tweetycoaster says:

    ကြိုက်တယ်… အဲဒီကားကို။ time capsule ဆိုတဲ့ အစီစဉ်လေးကိုပိုတောင် သဘောကျသေး။ ကြိုသိတဲ့ကလေးကလဲ ရေးသွားလိုက်တာ မနည်းမနောတွေ…။ ဒီက ချဲသမားတွေဆိုရင် အကြိုက်နေမှာ.. ဟေးဟေး

  18. box02 says:

    ဟုတ်ပ ကျနော်လဲကြိုက်တယ် အဲဒီ movie ကို .. နောက်ဆုံး ကောင်မလေးနဲ့ကောင်လေး ခလေးနှစ်ယောက်ကိုနောက်ထပ်မျိုးစပ်အတွက် ခေါ်သွားတာလဲဖြစ်နိုင်တယ် .. မင်းသား Nicolas ကတော့ ကျနော်အကြိုက်ဆုံးမင်းသားထဲမှာပါတယ် :D

  19. kom says:

    ရင်မပူရရင်ပြီးတာဘဲ။

  20. kom says:

    အိုက်တယ် သိတ်အိုက်တာဘဲ။

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook