အလေးပြုပါတယ်

အာဇာနည်နေ့ မှာ ရန်ကုန်အချိန် ၁၀နာရီ ၃၇ မိနစ် ၊ စင်ကာပူ ၁၂ နာရီ ၇ မိနစ်မှာ အလေးပြုဖို့ ပြင်ဆင်ထားပါတယ်။
ပြင်ဆင်ထားတဲ့ အတိုင်း အချိန်ကျတော့ အိမ်က ဘုရားစင်ရှေ့မှာဘဲ မတ်တတ် ရပ်လို့ မေတ္တာပို့လိုက်ပါတယ်။
နောက်ထပ် ဘယ်တော့များမှ လွတ်လပ်ရေးရတော့မှာပါလိမ့် ….

အရေးထဲ စိတ်အချဉ်ပေါက်စရာတစ်ခုပေါ်လာသေးတယ်၊ အသိတစ်ယောက်က သူလဲအကောင်းတော့ နှိုးဆော်တာပါ ဒီနေ့ဟာ အာဇာနည်နေ့ ဖြစ်လို့ လုပ်လက်စ အလုပ်များ ခဏရပ်ကာ အာဇာနည်များကို အလေးပြုရန် ၁ မိနစ် ငြိမ်သက်ပေးကြဖို့ SMS ပို့ပြီး နှိုးဆော်လာပါတယ်။ ခက်တာက သူပြောတဲ့ အချိန်ကြီးက မနက် ၁၀ နာရီ ၄၇ မိနစ် ဆိုတော့ စိတ်နည်းနည်း ညစ်ခြင်သွားပါတယ်။

ဒီလို လူကြီးတွေကပါ လိုက်မှားနေမယ်ဆိုရင် နောက်များမှာတော့ ရင်လေးဖွယ်ပါဘဲ။

ညနေကြတော့ ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတာ အာဇာနည်များ လုပ်ကြံခံရချိန်က နံနက် ၁၀ နာရီ ၃၇ မိနစ် ဖြစ်ပြီးတော့ ကွယ်လွန်ချိန်က နေ့လည် ၁ နာရီ ၄၅ မိနစ်ပါတဲ့ဗျာ။


152 views

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook