အာဇာနည်နေ့ ဂုဏ်ပြု

နက်ဖြန်ဆို အာဇာနည်နေ့ ရောက်တော့မယ်၊ ကိုပီဇီကလဲ ဘာမှမရေးလို့ဆိုပြီး ပြောတာရယ်နဲ့ ဘာရေးရင်ကောင်းမလဲစဉ်းစားလိုက်တာ၊ ရေးစရာတော့ မရှိပါဘူး သို့ပေမယ့် အမှတ်တရဖြစ်အောင်ရယ် မမြင်ဘူးလိုက်သူများလဲ မြင်ဘူးအောင်ရယ်ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်း ပုံပါသော ငွေစက္ကူများကို တင်လိုက်ပါတယ်။

ခက်တာက ကျွန်တော့်မှာ ရှာဖွေထားလို့ ငွေစက္ကူပုံများဘဲ ရှိပေမယ့် ဘယ်နှစ် ဘယ်အချိန်မှာ စတင်သုံးစွဲတယ်ဆိုတဲ့ သမိုင်း အချက်အလက် တိတိကျကျ မရှိဘူးဗျ။ ကျွန်တော် မှီလိုက်တာလေးတွေတော့ ကြိုးစားပြီး ပြန်ရေးပေးပါ့မယ်။

သိသူများရှိရင်တော့ ဗဟုသုတရအောင် ပြောပြစေချင်ပါတယ်ဗျာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ကိုဒီဘီ။

ငါးကျပ်တန်ငွေစက္ကူပါ။

ငါးကျပ်တန် စက္ကူ .. ကျွန်တော် မတွေ့ဖူး ပါဘူး..

ဒါလဲ ငါးကျပ်တန်ဘဲဗျ .. လှလိုက်တာဗျာ ..။

ဒီအထိလဲ လှသေးတယ်ဗျ .. ခုခေတ်ငါးကျပ်တန်ပေါ့ .. ခက်တာက .. အင်း ခက်တာပေါ့လေ ..ထားပါ။ သူ့ကိုလဲ လိုင်းကား ဘယ်စီးစီး ငါးကျပ်ပေးလို့ရတုန်းကလဲ သုံးလိုက်ရပါသေးကြောင်း ..။

တစ်ကျပ်တန် ငွေစက္ကူပါ

ဒါလေးကလဲ ကျွန်တော်မှီလိုက်တယ် ငယ်ငယ်က ခရီးသွားရင် အမေတို့ ဘဏ်ကနေ အထုပ်လိုက်လဲထားပြီး လမ်းတစ်လျှောက်တွေ့တဲ့ အလှုခံပုံးတွေမှာ လှုတာ၊ နောက် မုန့်ဖိုးပေးတာတွေမှာ သုံးပါတယ်..။ ကျွန်တော်ကြိုက်တယ် သူ့အရောင်လေးကို အစိမ်းရောင်လေး .. ငယ်စဉ်က မုန့်ဖိုးရရင် အထပ်လိုက်လေး စုစုထားတတ်တယ်။ .. အံမယ် ရန်ကုန်မှာ ဘယ်စီးစီး နှစ်ကျပ်ပေးရတုန်းက ဒီစက္ကူတွေ ပလူပျံနေတာဘဲ..။ စပါယ်ယာတွေရဲ့ လက်ထဲမှာ ညစ်ထပ်ထပ်လေး။

ဒါက ခုလက်ရှိသုံးနေသေးသော တစ်ကျပ်တန်ငွေစက္ကူပါ။ ကျွန်တော့ အထင် အပေါ်က စက္ကူထက်သေးသလိုဘဲ .. ကျွန်တော့် ရန်ကုန်အိမ်က သေတ္တာထဲမှာ တော်တော်များများ သိမ်းထားသေးတယ် ။

ဒါလေးလဲ အဟောင်းလေ ကျွန်တော်တောင် မမြင်ဘူးလိုက်ဘူး .. USD နဲ့ တောင် ခပ်ဆင်ဆင်ရယ် ..ကဲကြည့် ဘယ်လောက်ခန့်ညားလဲနော်။

ဒါကငွေ တစ်ဆယ်တန် စက္ကူ .. လှတယ်ဗျ

ဒါလဲ တစ်ဆယ်တန်ဘဲ

သူကတော့ လက်ရှိ သုံးနေဆဲ တစ်ဆယ်တန်ပေါ့ဗျာ..

တစ်ဆယ့်ငါးကျပ်တန်ဟာ ဒီတစ်မျိုးဘဲတွေ့တယ်ဗျ .. အရင်ကလဲ ရှိခဲ့ပုံမပေါ်ဘူး .. ဒါတော့ နှောင်းလူများလဲ သိပါတယ် ခုလဲသုံးနေဆဲပါဘဲ(ရသေးတယ်ပြောတာ)

တစ်ဆယ့်ငါးကျပ်ပြီးပြန်တော့ နှစ်ဆယ်တန်ခင်ဗျ ..သူကလဲ ကျွန်တော်မတွေ့ဖူးပါဘူးဗျာ..

သုံးဆယ့်ငါးကျပ်တန်လေး … ကျွန်တော်တော့ မှတ်မိသလောက်ပြောရရင် သိမ်းပြီးမှ မြင်ဘူးတာဘဲ မသိမ်းခင်တုန်းက အမေတို့လဲ မသုံးကြဘူး။ သူတို့ အသုံးများတာက ၂၅ ကျပ်တန်ရယ် ၁၀၀ တန်ရယ်ဘဲ၊ လစာရတဲ့နေ့ဆို အဲဒီနှစ်မျိုးဘဲ အတွေ့များတယ်.. အဲ ကျပ်တန်လေးတွေလဲတွေ့ပါ့၊ သိတော်မူတဲ့အတိုင်း လစာကလဲ ပြားစွန်းနဲ့ အတိအကျဆိုတော့ .. အကြွေတွေပါ ပါသေးတယ်။

သိတော်မူကြတဲ့အတိုင်း .. နာမည်ကြီး ၂၅ ကျပ်တန်လာပါပြီ .. သူက အဲဒီခေတ်က စာရွက်အနေအထား အကြီးဆုံးဘဲဗျ။ ကျွန်တော်တောင် အသိမ်းခံရပြီးမှ ကိုင်ကြည့်ဘူးတာ .. ငယ်တုန်းက ကိုင်မှ မကိုင်ရတာကို..။

သူကတော့ ရှေးဟောင်း ကျပ်ငါးဆယ်တန်ပါဘဲ.. မမြင်ဖူးလိုက်ပါဘူး။

သူလဲ အဟောင်းဘဲ ..

လက်ရှိငါးဆယ်တန်တော့ ဒီမှာ တင်စရာမရှိဘူးဗျ.။ ခုလဲသုံးနေသေးတာဘဲဟာနော့ ..။

ဒါက ငွေတစ်ရာတန် .. ဒေါင်းတံဆိပ်နဲ့ ဆိုတာ ဒါမျိုးဖြစ်မယ်ဗျ။

ငွေတစ်ရာတန် .. ဒီစက္ကူက ကျွန်တော်တို့ မိဘများခေတ်ကပေါ့ ကျွန်တော်ငယ်ငယ်ကတောင်မှီလိုက်သေးတယ်၊ နာမည်ကြီးပေါ့ .. ဟိဟိ။

ငွေတစ်ရာတန်နဲ့ တွဲပြီး မှတ်မိသင့်တာက ဒီ နှစ်ဆယ့်ငါးကျပ်တန်လေး .. သူလဲ နာမည်ကြီး။

ငွေစက္ကူ ဓါတ်ပုံများကို ဒီမိုဆိုဒ်တွေထဲက နာမည်ကြီး ဆိုဒ်ကနေ ရယူထားတာပါ။ နာမည်ရေးလိုက်ရင် Google အစွမ်းနဲ့ သားသား ဘလောက်လေးပါ ပေါ်သွားမှာစိုးလို့ ခွင့်လွှတ်ပါဗျာ။

2,929 views