Tag: ကြော်ငြာ
ဟားဟား ဦးနီ
တနေ့ကအလုပ်မအားတဲ့ ကြားထဲ သူငယ်ချင်းတစ်ယောက်က အွန်လိုင်းမှာတဲ့ တခြားဘယ်သူမှ မတွေ့လို့တဲ့ ကျွန်တော့်ကို သူအစမ်းရေးနေတဲ့ program လေးစမ်းပေးပါဆိုလို့ စမ်းပေးလိုက်ရသေးတယ်။ မနေ့ကတော့ Live လွှင့်လိုက်ပြီဖြစ်လို့ ကြောငြာလိုက်ဝင်နေတာနဲ့ ကျွန်တော်လဲ အများသူငါ အကြိုးများစေဖို့ သတင်းကောင်းလေး မျှလိုက်ပါဦးမယ်။
ဟုတ်ကဲ့ နာမည်က ဟားဟားဦးနီပါတဲ့။ (မရီနဲ့နော်)။ လောလောဆယ်တော့ (Beta Version) ဘဲရှိပါသေးတယ်။ ဂူးဂဲကိုအားကျလို့ ဘီတာတပ်ထားတာလားမသိ။ သူကဘာတွေလုပ်ပေးလဲဆိုတော့ အဓိကကတော့ မြန်မာယူနီကုဒ် ဖောင့်တွေ စက်ထဲမရှိရင် ယူနီကုဒ်နဲ့ ရေးထားတဲ့ ဆိုဒ်တွေကြည့်ရတာ အဆင်မပြေပါဘူး။ ဒီတော့ သူ့ ပရိုဂရမ်လေးကနေ တဆင့်သွားရင် ယူနီကုဒ်တွေကို သူက ဇော်ဂျီဖောင့်ကို ပြောင်းတယ်ခင်ဗျ။ နေဦး သူပြောတဲ့ အတိုင်း ကူးပေးလိုက်မယ်။
my.wikipedia.org ကိုကြည့်ရတာ အဆင်မပြေဘူး။ ကိုယ့်စက်ထဲမှာ rendering မရှိဘူး။ နောက်ပြီး font လည်းမရှိဘူး။ စိတ်မပျက်ပါနဲ့။ Unicode 5.1 နဲ့ရေးထားတဲ့ site တွေကို ကြည့်ရတာ အဆင်မပြေဘူးလို့ ငြီးနေလား။ Zawgyi Fun Group ဖြစ်တဲ့ zawgyi.info ကနေ hahauni ဆိုတဲ့ program လေးကို သုံးလိုက်ပါ။ HaHa ဦးနီနော်… Haha ယူနီ ဟုတ်ဘူး။ နောက်မို့ဆို unicode တွေကို ရွှဲ့ပါတယ်လို့ ပြောနေအုံးမယ်။ hahauni မှာ website လိပ်စာထည့်လိုက်။ unicode 5.1 page တွေကို zawgyi နဲ့ပြောင်းပြပေးလိမ့်မယ်။ google chrome နဲ့သုံးဖို့တော့ အကြံပေးချင်တယ်။ google chrome နဲ့မှ မြန်မြန်ဆန်ဆန်ကြည့်လို့ရမှာပါ။ site က javascript တွေ သုံးထားတာ များလို့ပါ။ အခုလက်ရှိမှာတော့ chrome ကသာ javascript တွေကို မြန်မြန်နဲ့အလုပ်လုပ်နိုင်လို့ပါ။ လိပ်စာကတော့ hahauni.zawgyi.info ပါ။
ဒီမှာပေါ့ဗျာ။ ခုတလော ဝက်ဝက်ကွဲနာမည်ကြီးနေတဲ့ မြန်မာဝီကီပေါ့ သူ့ကို စိတ်ဝင်စားလို့ သွားကြည့်လိုက်တော့လေ ကိုယ့်မှာက ယူနီကုဒ်ဖောင့် မရှိတော့ ဘာမှ မမြင်ရဘဲ နောက်ပြန်ဆုတ်လာရတဲ့လူတွေ တော်တော်များကြပါတယ်။ မြန်မာယူနီကုဒ်ကြတော့လဲ တော်တော်များများ ကြားဘူးတာက သွင်းမရဘူးလိုလို သုံးရတာခက်သလိုလို အဲဂလိုမျိုးအသံတွေ ကြားထားရတော့ လူတွေကလဲ ယူနီကုဒ်ဆို ဝေးဝေးရှောင်နေကြတယ်။ အဆင်ပြေတော့မှဘဲ သုံးကြတော့မယ်ဟေ့လို့ ပြောတဲ့လူကလဲ ပြောကြတယ်ပေါ့။
ခုပရိဂရမ်လေးက အဲဒီလို မြန်မာများ အားလုံးနဲ့ သက်ဆိုင်တဲ့ မြန်မာဝီကီကို လူတွေစိတ်ဝင်စားလာအောင် သုံးဖြစ်အောင် ကြိုးစားထားတာဖြစ်ပါတယ်။ ခုပုံမှာပြထားတဲ့ အတိုင်း ဟားဟား ဦးနီကို သုံးပြီး ဝင်လိုက်မယ်ဆိုရင်တော့ ယူနီကုဒ်သုံးထားတဲ့ ဆိုဒ်တွေကို ဇော်ဂျီဖောင့်တွေနဲ့ မြင်ရမှာ ဖြစ်ပါကြောင်း။ နောက်ပြီး ဝီကီတစ်ခုထဲမှ မဟုတ်ပါဘူး တချို့ ဘလော့ကာများလဲ တစ်နေ့တော့ ယူနီကုဒ်ကို ပြောင်းသုံးရမည့် အတူတူဆိုပြီး သူတို့ရဲ့ ဘလော့များမှာ ယူနီကုဒ်ကို စတင်သုံးစွဲနေကြပါပြီ။ သူတို့ကတော့ လာဖတ်သူများ အဆင်ပြေအောင်ဆိုပြီး သူတို့ ဘလော့များမှာဘဲ ဖောင့် ပြောင်းကြည့်လို့ရတဲ့ စနစ်လေးကို ထည့်သွင်းထားကြပါတယ်။