Category: General
ဒီနေ့ပေါ့ဗျာ
၁၉၈၇ ခုနှစ်
ဩဂုတ် လ ၁ဝရက် – ဦးနေဝင်း တစ်နိုင်ငံလုံးသို့ ပြောကြားသော မိန့်ခွန်းတွင်၊ သူ အုပ်ချုပ်ခဲ့သည့် ၂၅နှစ်တာ ကာလ အတွင်းတွင် အမှားများ ပြုလုပ်ခဲ့ကြောင်း၊ အချိန်အခါ အား လျော်စွာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းပြည်သို့ ဝန်ခံလိုက်သည်။
စက်တင်ဘာ ၅ရက် – ၂၅ကျပ်၊ ၃၅ကျပ် နှင့် ၇၅ ကျပ်တန် ငွေစက္ကူတို့ကို တရားမဝင်တော့ကြောင်း နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး ဦးစိန်လွင် လက်မှတ်ရေးထိုးထားသည့် ကြေငြာချက်ကို ထုတ်ပြန်လိုက်သည်။ နိုင်ငံတော်၏ ငွေကြေးလည်ပတ်မှု ၈၀ ရာခိုင်နှုန်း ရပ်တန့်သွားခဲ့သည်။ တရားမဝင်ကြေငြာခဲ့သော ငွေစက္ကူများအား ပြန်လဲလှယ်ခွင့် မပေးခဲ့ချေ။
စက်တင်ဘာ ၆ရက် – အစိုးရက တက္ကသိုလ်နှင့် ကောလိပ်အားလုံးကို ပိတ်လိုက်သည်။ အနယ်နယ် အရပ်ရပ်မှ ကျောင်းသားများကို နေရပ်အသီးသီးသို့ ပြန်ပို့လိုက်သည်။
အောက်တိုဘာ ၁၄ရက် – ပြည်သူ့လွှတ်တော်က ငွေစက္ကူတန်ဖိုးချခဲ့မှုကို ဘဘောတူ အတည်ပြုလိုက်ပြီး ဖျက်သိမ်းခဲ့သော ငွေစက္ကူများအစား ၄၅ကျပ် ၉၀ ကျပ်တန်တို့ဖြင့် အစားထိုးလိုက်သည်။
အောက်တိုဘာ ၂၆ရက် – တက္ကသိုလ်များ ကောလိပ်များကို ပြန်လည်ဖွင့်ပေးလိုက်သည်။
အောက်တိုဘာ ၂၈ရက် – နံနက် ၄နာရီခွဲခန့်၌ ရန်ကုန်မြို့သမ္မတ ရုပ်ရှင်ရုံတွင် ဗုံးပေါက်ကွဲခဲ့သည်။
နိုဝင်ဘာ ၂-၃ရက် – စစ်တွေဒေသ ကောလိပ်မှ ကျောင်းသားများ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။
နိုဝင်ဘာ ၇ရက် – ပျဉ်းမနား ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်နှင့် တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ်မှ ကျောင်းသားများက ဦးနေဝင်း ဓာတ်ပုံကို မီးရှို့၍ ဆန္ဒပြကြသည်။
ဒီဇင်ဘာ ၁၁ရက် – ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံပါဝင်ကြောင်း အတည်ပြုကြေညာလိုက်သည်။
၁၉၈၈ ခုနှစ်
သီချင်း
မတ် လ ၇ရက် – ပြည်လမ်းပေါ်ရှိ ချက်သံရုံး အပြင်၌ ည၉နာရီခွဲခန့်တွင် ဗုံးပေါက်ကွဲသည်။ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးက စီးပွားရေး ပြုပြင် ပြောင်းလဲရန်နှင့် အစိုးရ အသစ် ဖွဲ့စည်းရန် အကြုံပြုထားသည့် အိတ်ဖွင့်စာကို ဦးနေဝင်းထံ ပေးပို့ခဲ့သည်။
မတ် လ ၁၂ရက် – ရန်ကုန်မြို့ ကြို့ကုန်း အနောက်ပိုင်း စန္ဒာဝင်း လဘ္ဘရည်ဆိုင်တွင် စက်မှု တက္ကသိုလ်ကျောင်းသား အချို့နှင့် အရပ်သားများ ခိုက်ရန် ဖြစ်ပွားကြသည်။ ကျောင်းသားတစ်ချို့ ဒဏ်ရာရပြီး ကျန်လူများနှင့် ကျောင်းသားများကို သက်ဆိုင်ရာက ထိန်းသိမ်းလိုက်သည်။
မတ် လ ၁၃ရက် – ကျောင်းသားအား ရိုက်နှက်ခဲ့သူ တရားခံအား သက်ဆိုင်ရာက လွှတ်ပေးလိုက်သဖြင့် ကျောင်းသား ၂၀ဝခန့် ရပ်ကွက် ပြည်သူ့ကောင်စီရုံးသို့ သွားကာ ကန့်ကွက်ကြသည်။ ကျောင်းသားများနှင့် လုံထိန်းများ အဓိကရုဏ်း ဖြစ်ပွားကြပြီး လုံထိန်းများ၏ ပစ်ခတ်မှုကြောင့် ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့သည်။ ရက်အနည်းငယ်ကြာတွင် နောက်ထပ် ၆ယောက်ခန့် ပစ်ခတ်ဒဏ်ရာကြောင့် သေဆုံးသွားခဲ့သည်။
(မှတ်ချက် – ကိုဖုန်းမော် သေဆုံးသွားသော မတ်လ ၁၃ရက်ကို မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနေ့ဟု သတ်မှတ်ထားခဲ့သည်။)
မတ် လ ၁၄ရက် – စက်မှုတက္ကသိုလ်ကျောင်းသားများက အခြား တက္ကသိုလ်များသို့ လုံထိန်းများ၏ ကျောင်းသား များအပေါ် ရက်စက်စွာ သတ်ဖြတ်ခြင်းနဲ့ ငွေစက္ကူဖျက်သိမ်းခြင်း ကို ရှုတ်ချသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
မတ် လ ၁၅ရက် – စစ်တပ် မှ ရန်ကုန် စက်မှု တက္ကသ်ိုကျောင်းဝင်းကို ဝင်စီးလိုက်သည်။ အစိုးရမှ ကျောင်းသားများ အပေါ် အပြစ် ပုံချထားသည့် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ကြေညာလိုက်သည်။ ကျောင်းသား အများအပြားကို ဖမ်းဆီးလိုက်သည်။
မတ် လ ၁၆ရက် – ရန်ကုန်တက္ကသိုလ်များ ကျောင်းသားများ လှိုင်ကောလိမ်နှင့် စက်မှု တက္ကသ်ိုလ်သို့ ပြည်လမ်းမ အတိုင်း ဆန္ဒပြ ချီတက်လာသည်။ အင်းလျားကန်အနီးသို့ ရောက်သောအခါ လုံထိန်းများနှင့် စစ်တပ်က ပစ်ခတ်ပိတ်ဆို့ကာ တားဆီးခဲ့သည်။ ကျောင်းသားများစွာ ပစ်သတ်ခံရသည်။ ရန်ကုန် တက္ကသိုလ် ကျောင်းဝင်းအတွင်းသို့ လုံထိန်းတပ်ဖွဲ့များ ဝင်ရောက် လာကြသည်။
မတ် လ ၁၇ရက် – ကိုဖုန်းမော်၏ အသုဘသို့ ပို့ဆောင် သဂြိုလ်ရန် ထောင်ပေါင်းများစွာသော ကျောင်းသား လူထုက ကြံတော သင်္ချိုင်းအပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့ကြသည်။ သို့သော် ကိုဖုန်းမော်၏ အလောင်းကို အခြား တစ်နေရာတွင် တိတ်ဆိတ်စွာ သဂြိုလ်လိုက်ကြောင်း သိရသည်။ ကိုဖုန်းမော် သေဆုံးသည့် ကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းရန် ကော်မရှင် တစ်ရပ်ဖွဲ့လိုက်ကြောင်း အစိုးရက ကြေညာလိုက်သည်။ ရန်ကုန် တက္ကသိုလ်အတွင်းတါင် ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် ကျောင်းသား သမဂ္ဂကို ဖွဲ့စည်းလိုက်သည်။ ကျောင်းသား တစ်ထောင်ခန့်ကို အင်းစိန်ထောင်သို့ ပို့လိုက်သည်။
မတ် လ ၁၈ရက် – ထောင်ပေါင်းများစွာသော ကျောင်းသားများ ရန်ကုန် မြို့လယ် ဆူးလေ ဘုရားသို့ ချီတက်လာပြီး အခြား ကျောင်းသားများနှင့် ပူးပေါင်းလိုက်သည်။ အစိုးရက တပ်မ ၂၂၊ ၆၆၊ ၇၇ တို့ကို ခေါ်ယူလိုက်ပြီး ဆန္ဒပြသူများကို ထောင်ပေါင်းများစွာ ရိုက်နှက်ဖမ်းဆီး ခဲ့သည်။ ထိုနေ့ကို သွေးစွန်းသော သောကြာနေ့ ဟု လူအများ သတ်မှတ်ပြီး တပ်မှူးဗိုလ်ချုပ် စိန်လွင်မှာ ရန်ကုန်မြို့၏ လူသတ်သမား ဟု အမည်တွင်ခဲ့သည်။ ကျောင်းများ၊ တက္ကသိုလ်များ အားလုံးကို ပိတ်လိုက်သည်။
ဧပြီ လ ၉ရက် – အစိုးရ ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေး ကော်မရှင်က မတ်လတွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်း၌ ကျောင်းသား ၃ယောက်သေဆုံးပြီး ၆၂၅ယောက် အဖမ်းခံရကာ ၁၄၁ ယောက်ကို ဆက်လက် ထိန်းသိမ်းထားသည်ဟု ကြေသည်သည်။
မေ လ ၁ဝရက် – မြန်မာ့တပ်မတော်သည် နယ်စပ်ဒေသများတွင် ညှဉ်းပန်းမှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ အမျိုးသမီးများအား အဓမပြုကျင့်မှု၊ ရွာသားများ ပေါ်တာအဖြစ် အတင်းစေခိုင်းကာ လူမျိုးစု သူပုန်များကို တိုက်ခိုက်ရာတွင် လူသားမိုင်းရှင်းကိရိယာဖြင့် အသုံးပြုမှုများအတွက် တာဝန်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
မေ လ ၃ဝရက် – ကျောင်းများ ပြန်ဖွင့်ခဲ့သော်လည်း ကျောင်းတက်သော ကျောင်းသားဦးရေမှာ ၃ဝရာခိုင်နှုန်းသာ ရှိခဲ့သည်။ အစိုးရဆန့်ကျင်သော စာရွက်စာတမ်းများ ပြန်လည် ဖြန့်ဝေကြသည်။ ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားများ၏ ထောင်တွင်း ညှဉ်းပန်းနှိပ်စက်ခံ အတွေ့အကြုံများနှင့် ကျောင်းသူများ အား လုံထိန်းများ၏ အဓမ္မကျင့်မှု သတင်းများ ပျံ့နှံ့သွားခဲ့သည်။
ဇွန် လ ၈ရက် – ဦးအောင်ကြီးမှ နောက်ထပ် အိပ်ဖွင့် ပေးစာကို ဦးနေဝင်းထံ ပို့ခဲ့သည်။ ယခုစာတွင် စီးပွားရေး နိုင်ငံရေး ပြဿနာများအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ဖော်ပြထားသည်။
ဖွ န်လ ၁၃ရက် – မတ်လတွင် အသတ်ခံရသူများအတွက် အောက်မေ့ဘွယ် အခမ်းအနား ကျင်းပရန် ကြိုးစားခဲ့သော်လည်း အအောင်မြင်ခဲ့ပေ။ မတ်လ၏ ဖြစ်ရပ်မှန်များကို ဇွန်လ ၁၇ရက် နောက်ဆုံးထားပြီး မထုတ်ပြန်ပါက ပြဿနာများ ပိုမိုကြီးထွား လာလိမ့်မည်ဟု ကျောင်းသားများက ရာဇသံပေးလိုက်သည်။
ဇွန်လ ၁၅ရက် – ရန်ကုန် တက္ကသိုလ် ကျောင်းဝင်းအတွင်း၌ အစည်းအဝေးပွဲများ ဆန္ဒပြ ပွဲများ စတင်ပေါ်ပေါက်လာသည်။
ဇွန် လ ၁၆ရက် – ကိုမောင်မောင်ကျော်၊ ကိုမိုးသီးဇွန်တို့၏ ဟောပြောပွဲများ တက္ကသိုလ် ကျောင်းဝင်းများ အတွင်း ပေါ်ပေါက်လာသည်။
ဇွန် လ ၁၇ရက် – ရန်ကုန် တက္ကသိုလ် အတွင်းမှ သင်တန်းများ အားလုံး ရပ်စဲလိုက်သည်။ ဆန္ဒပြပွဲနှင့် ဟောပြောပွဲများ ပြည်လမ်း ဆေးတက္ကသိုလ်သို့ ရောက်သွားခဲ့သည်။
ဇွန် လ ၂ဝရက် – ရန်ကုန်မြို့ရှိ ထောင်ပေါင်းများစွာသော ကျောင်းသားများနှင့် ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်။ ရန်ကုန်တက္ကသိုလ်ရှိ စည်းဝေးပွဲများသို့ သံဃာတော်များပါ တက်ရောက်သည်။ အစည်းဝေးမှ ကျောင်းထုတ်ခံရသော ကျောင်းသားများကို ကျောင်းပြန်တက်ခွင့် ပေးရန်နှင့် မတ်လအတွင်း သတ်ဖြတ်မှု ကျူးလွတ်ခဲ့သူများကို ဖော်ထုတ်အပြစ်ပေးရန် တောင်းဆိုကြသည်။ ရန်ကုန် တက္ကသိုလ် ကိုရဲနှင့် စစ်တပ်က ညနေ ၆နာရီတွင် ဝိုင်းရံပိတ်ဆို့လိုက်သည်။
ဇွန် လ ၂၁ ရက် – ထောင်ပေါင်းများစွာသော ကျောင်းသားများက ပြည်လမ်းရှိ ဆေးတက္ကသိုလ်မှ ရန်ကုန်မြို့လယ်သို့ ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြကြသည်။ ဟံသာဝတီ လမ်းဆုံ အရောက်တွင် လုံထိန်းများက မျက်ရည်ယို ဗုံးများ၊ သေနတ်များဖြင့် စတင်ပစ်ခတ်ကြသည်။ ကျောင်းသားများကလည်း ဂျင်ကလိများဖြင့် ပြန်လည်ပစ်ခတ်ကြသည်။ အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။ ကျောင်းသား ပြည်သူ ၈ဝခန့်နှင့် လုံထိန်း ၂ဝခန့် သေဆုံးကြသည်။ အစိုးရ အာဏာပိုင်များက ဇွန်လ ၂၁ရက်နေ့မှ ဩဂုတ် ၁၉ရက်နေ့အထိ လူစုလူဝေး မပြုလုပ်ရန် နှင့် ညနေ၆နာရီမှ နံနက် ၆နာရီထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်လိုက်သည်။ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ တက္ကသိုလ်များ အားလုံးကို ပိတ်လိုက်သည်။
ဇူလိုင် ၁ရက် – အစိုးရမှ ညမထွက်ရအမိန့်ကို ည၈နာရီ မှ နံနက် ၄နာရီသို့ ပြင်ဆင်လိုက်သည်။
ဇူလိုင် ၇ရက် – မဆလ ပါတီ၏ အရေးပေါ် ညီလာခံကို ဇူလိုင်လ ၂၃ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်ဟု ကြေညာခဲ့သည်။ မတ်အတွင်း ဖမ်းဆီးထားခဲ့သော ကျောင်းသားများကို ပြန်လွှတ်ပေးမည်ဟု ကြေညာခဲ့သည်။
ဇူလိုင် ၉ရက် – ညမထွက်ရ အမိန့်ကို ပြန်လည် ရုတ်သိမ်းသည်။ ကျောင်းထုတ်ခံရသော ကျောင်းသားများလည်း သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးတွင် ကျောင်းပြန်ခွင့်ကို ပြန်လည် လျှောက်ထားန်ိုင်ကြောင်း ကြေညာခဲ့သည်။
ဇူလိုင် ၁၈ရက် – မတ်လအတွင်း ဖြစ်ခဲ့သော အဓိကရုဏ်းတွင် ဖမ်းဆီးခဲ့သော ဆန္ဖပြသူများ ၄၁ဦးသည် ထောင်ကားပေါ်တွင် အသက်ရှုကျပ်ကာ သေဆုံးခဲ့မှု အတွက် တာဝန်ရှိသည်ဟု ပြည်ထဲရေး ဝန်ကြီးဦးမင်းခေါင်က ဝန်ခံပြောကြားပြီး ရာထူးမှ နှုတ်ထွက်သွားသည်။
ဇူလိုင် ၂၂ရက် – ပြည်မြို့၌ အရေးပေါ် အခြေအနေကြေညာပြီး အုပ်ချုပ်ရေး တာဝန်အားလုံးကို တပ်မတော်သို့ လွှဲပေးလိုက်သည်။
ဇူလိုင် ၂၃ရက် – မဆလ ပါတီ အရေးပေါ် ညီလာခံကို ကျင်းပသည်။ ဥက္ကဌ ဦးနေဝင်းက မိန့်ခွန်းပြောပြီး သူနှင့်အတူ မဆလပါတီ ဒုဥက္ကဌ ဦးစန်းယု၊ အထွေထွေ အတွင်းရေးမှူး ဦးအေးကို၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးစိန်လွင်၊ ဗဟိုကော်မတီ အလုပ်အမှုဆောင်ဝင်များ ဖြစ်သည့် ဦးကျော်ထင်နှင့် ဦးထွန်းတင်တို့ အနားယူတော့မည်ဟု ကြေညာသည်။ တစ်ပါသီစနစ်သို့ မဟုတ် ပါတီစုံစနစ် ကျင့်သုံးရန် တင်သွင်းခဲ့သည်။
ဇူလိုင် ၂၆ရက် – မဆလပါတီ ဗဟို ကော်မတီ အစည်းအဝေးကျင်းပပြီး ဦးစိန်လွင်အား ပါတီဥက္ကဌသစ် အဖြစ် တင်မြှောက်လိုကသည်။ ဦးစန်းယုအား နှုတ်ထွက်ခွင့်ပြုသော်လည်း ဦးကျော်ထင်၊ ဦးအေးနှင့် ဦးထွန်းတင်တို့ကို ပြန်လည် ရွေးကောက်တင်မြှောက်ကြသည်။ ဝန်ကြီးချုပ် ဦးမောင်မောင်ခနှင့် ပြည်သူ့ အကျိုးဆောင်အဖွဲ့ ဥက္ကဌ ဦးမြင့်မောင်တို့ကို ရာထူးမှ ပယ်ရှားလိုက်သည်။
ဇူလိုင် ၂၇ရက် – ပြည်သူ့ လွှတ်တော် အစည်းအဝေးကျင်းပပြီး နိုင်ငံတော် ကောင်စီဥက္ကဌနှင့် နိုင်ငံတော် သမ္မတ အဖြစ် ဦးစိန်လွင်ကို တင်မြှောက်သည်။ ဦးထွန်းတင်အား ဝန်ကြီးချုပ်၊ ဦးကျော်တင်အား နိုင်ငံတော် ကောင်စီ အထွေထွေ အတွင်းရေးမှူး၊ ဒေါက်တာ မောင်မောင် အား နိုင်ငံတော် ပြည်သူ့ ဥပဒေ အကျိုးဆောင် ဥက္ကဌ အဖြစ် ရွေးချယ်တင်မြောက်လိုက်သည်။
ဇူလိုင် ၂၈ရက် – ရွေတိဂုံစေတီတော်တွင် ကျောင်းသားများနှင့် ပြည်သူလူထုများ ဆန့်ကျင် ဆန္ဒပြ စုရုံ့းကြသည်။ မြေထဲမြို့ တွင် ညမထွက်ရ အမိန့်ထုတ်လိုက်သည်။
ဩဂုတ် ၁ရက် – ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ်က ဩဂုတ် ၈ရက် နေ့တွင် ဗမာနိုင်ငံလုံး အထွေထွေ သပိတ်ကြီး ဆင်နွှဲရန် လှုံ့ဆော်သည့် စာရွက် စာတမ်းများ ဖြန့်ဝေကြသည်။
ဩဂုတ် ၂ရက် – ရွှေတိဂုံစေတီတော်၌ ကျောင်းသားများ အစည်းအဝေးကျင်းပကာ ဟောပြောပွဲများ ပြုလုပ်ကြသည်။
ဩဂုတ် ၃ရက် – ရန်ကုန်မြို့တွင် မာရှယ်လော စစ်ဥပဒေကို ညနေ၆နာရီ ထုတ်ပြန် ကြေညာခဲ့သည်။ ထိုအမိန့်ကို ဖီဆန်၍ လူတစ်သောင်း မြို့တွင်းသို့ လှည့်လည်ဆန္ဒပြကြသည်။
ဩဂုတ် လ ၅ရက် – ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားသည်။ စစ်ဥပဒေကို ဖီဆန်မှုဖြင့် ပြည်သူလူထု ရာပေါင်းများစွာကို ဖမ်းဆီးခဲ့သည်။
ဩဂုတ် လ ၆ရက် – အထက် မြန်မာနိုင်ငံတောင်ရှိ မြို့များတွင်လည်း ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။ ရေနံချောင်း သနပ္ပင်နှင့် ပဲခူးမြို့နယ်တို့တွင်လည်း ညမထွက်ရ အမိန့်များ ထုတ်ပြန်လိုက်သည်။
ဩဂုတ် ၈ရက် – ရန်ကုန်မြို့ လမ်းမပေါ် နေရာတိုင်း၌ လူတန်းစား ပေါင်းစုံပါဝင်သော အထွေထွေ သပိတ်ကြီးကို ဆင်နွှဲကြသည်။ တနိုင်ငံလုံးရှိ ဆန္ဒပြ လူထုကြီးက ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ၇ရှိရေး၊ မဆလ ပါတီနှုတ်ထွက်ရေး နှင့် ဆိုရှယ်လစ် စီးပွားရေး စနစ်ကို အဆုံးသတ်ရန် တောင်းဆိုကြသည်။ တစ်နိုင်ငံလုံး အနယ်နယ် အရပ်ရပ်တွင် ဆန္ဒပြပွဲများ တပြိုင်တည်း ကျင်းပကြသည်။
ဩဂုတ် ၉ရက် – ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။ တပ်မ ၂၂မှ စစ်သားများ ရန်ကုန်မြို့တွင် လူထုကို ပစ်ခတ်ကြသည်။ ရာပေါင်းများစွာ သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အဖမ်းခံရသည်။ ကျောင်းများအားလုံး ပိတ်လိုက်သည်။ ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။
ဩဂုတ် ၁ဝရက် – ရန်ကုန်မြို့ ဆန္ဒပြသူများအား စစ်သားများက ဘရင်း ကယ်ရီယာများ ပေါ်မှ ပစ်ခတ်သဖြင့် အမြောက်အမြား သေဆုံးခဲ့ပြန်သည်။ ရန်ကုန် ဆေးရုံကြီး အတွင်းသို့ စတင်ပစ်ခတ်ခဲ့သည်။ မြောက်ဥက္ကလာပတွင် ဒေါသထွက်နေသော လူအုပ်ကြီးက ရဲအချို့အား ခေါင်းဖြတ်သတ်လိုက်သည်။
ဩဂုတ် လ ၁၂ရက် – ဥိးစိန်လွင် ရာထူးမှ ဆင်းသည်။ ပြည်သူများ သံပုံများ တီးကာ ကခုန်ကြသည်။ ရန်ကုန်ဆေးရုံကြီးအတွင်းတွင် သေနတ်ဒဏ်ရာ ရသူများဖြင့် ပြည့်နှက်လျှက်ရှိသည်။
ဩဂုတ် ၁၉ရက် – ဒေါက်တာမောင်မောင်အား မဆလ၏ ဥက္ကဌ အသစ်အဖြစ် ခန့်လိုက်သည်။ ပြည်သူ့ တရားသူကြီးအဖွဲ့ ဥက္ကဌ ဦးတင်အောင်ဟိန်း ဦးဆောင်သည့် ပြည်သူ့ဆန္ဒလေ့လာရေး ကော်မရှင်ကို ပြည်သူ့လွှတ်တော်က ဖွဲ့စည်းလိုက်သည်။
ဩဂုတ် ၂၀ ရက် – ဆန္ဒပြသူများက ဒေါက်တာ မောင်မောင်၏ အစိုးရသစ် နှုတ်ထွက်ပေး၇န်၊ အထွေထွေ ရွေးကောက်ပွဲမျးာ ပြုလုပ်ပေးရန် ကြားဖြတ်အစိုးရ ဖွဲ့စည်းပေးရန် တောင်းဆိုကြသည်။
ဩဂုတ် ၂၄ရက် – မာရှယ်လေ စစ်ဥပဒေကို ရုတ်သိမ်းလိုက်သည်။ ဒေါက်တာမောင်မောင်က တစ်ပါတီစနစ် သို့ ပါတီစုံစနစ် ကျင့်သုံးရန် ပြည်သူ့ဆန္ဒယူပွဲပြုလုပ်ပေးရန် ကတိပြုလိုက်သည်။
ဩဂုတ် ၂၆ရက် – ရွှေတိဂုံစေတီ အနောက်မုဒ်တွင် ဒေါ်အောင်ဆန်းစုကြည်က ထောင်ပေါင်းများစွာသော လူထုကြီးအား မိန့်ခွန်းပြောကြားခဲ့သည်။ အထွေထွေ သပိတ်ကြီးကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အားလုံးရပ်ဆိုင်းသွားခဲ့သည်။
အင်း စိန်ထောင်တွင် အဓိကရုဏ်းဖြစ်ပွားခဲ့သည်။ တစ်နိုင်ငံလုံးရှိ ထောင်အသီးသီးတွင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး အကျဉ်းသား ၉၀၀၀ ခန့် လွတ်မြောက်သွားခဲ့သည်။
ဩဂုတ် လ ၂၇ရက် – ကာကွယ်ရေး ဝန်ကြီးချုပ် စစ်ဦးချုပ်ဟောင်း ဦးတင်ဦး ရန်ကုန်ဆေးရုံရှေ့တွင် မိန့်ခွန်းပြောကြားခဲ့သည်။
ဩဂုတ် ၂၈ရက် – ဗမာလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို ဖွဲ့စည်းတည်ထောင်လိုက်သည်။ မင်းကိုနိုင်အား ဥက္ကဌအဖြစ် တင်မြှောက်ကြသည်။ ဦးနုက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ချုပ် ကို တည်ထောင်လိုက်သည်။
ဆန္ဒ ပြပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားခဲ့သည်။ အစိုးရက လမ်းမပေါ်ရှိ ဆန္ဒပြပွဲများ နှင့် အစည်းအဝေးပွဲများ ကို ပြုလုပ်ခွင့်ပေးခဲ့သည်။
စက်တင်ဘာ ၁၇ရက် – ကုန်သွယ်ဝန်ကြီးဌာန ပေါ်မှ သေနတ်ဖြင့် ပစ်ခေတ်ခဲ့သော စစ်သား ၂၄ဦး လက်နက်ချပြီး ကုန်သွယ်ရေး ဝန်ကြီးဌာန အဆောက်အဦးကို ရဟန်းပျိုသမဂ္ဂနှင့် ကျောင်းသားများက သိမ်းပိုက်လိုက်သည်။ အစိုးရက နှုတ်ထွက်ပေးရန် နှင့် ကြားဖြတ်အစိုးရ ဖွဲ့စည်းပေးရန် ငြင်းဆန်ခဲ့သဖြင့် ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာသည်။ ကျောင်းသားများ စတင်ပြီး တောခိုကြသည်။
စက်တင်ဘာ ၁၈ရက် – ဗိုလ်ချုပ်ကြီး စောမောင်က စစ်တပ်မှ အာဏာကို လွှဲယူလိုက်ပြီး နိုင်ငံတော်င်ြိမ်ဝပ်ပိပြား မှုတည်ဆောက်ရေး အဖွဲ့ကို ဖွဲ့လိုက်ကြောင်း ကြေညာသည်။ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ အပြင်မထွက်ရ အမိန့်ကို ဆန့်ကျင်ကြသည်။ စစ်တပ်မှ ပစ်ခတ်ခဲ့သည်။
စက်တင်ဘာ ၁၉ရက် – ဆန္ဒပြသူများ နှင့် စစ်တပ်များ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ မြို့ပေါ်ရှိ ပြောက်ကျားများက ရန်ကုန်မြို့လယ်ရှိ မိုက်ကရိုဝေ့ ကြေးနန်းတိုင်အား ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သ်ည။ ပြည်သူ့လွှတ်တော်၊ နိုင်ငံရေးကောင်စီနှင့် အခြား အာဏာပိုင်အဖွဲ့များကို ဖျက်သိမ်းလိုက်သည်။
စက်တင်ဘာ ၂၄ရက် – ဦးအောင်ကြီး၊ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ NLD ကို ဖွဲ့စည်းလိုက်သည်။
ကောက် နှုတ်ချက်။ သမိုင်းအကြောင်းကို စနစ်တကျ မှန်ကန်စွာ ဖော်ပြပေးလိုသဖြင့် mmcp မှ မပျိုပျိုမေ၏ တင်ပြမှုများကို မျှဝေလိုက်သည်။
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.