ဒီ​နေ့​ပေါ့​ဗျာ

၁၉၈၇ ခု​နှစ်

ဩဂုတ် လ ၁​ဝ​ရက် – ဦး​နေ​ဝင်း တစ်​နိုင်ငံ​လုံး​သို့ ပြော​ကြား​သော မိန့်ခွန်း​တွင်၊ သူ အုပ်ချုပ်​ခဲ့​သည့် ၂​၅​နှစ်​တာ ကာလ အတွင်း​တွင် အမှား​များ ပြုလုပ်​ခဲ့​ကြောင်း၊ အချိန်​အခါ အား လျော်​စွာ ပြုပြင်​ပြောင်းလဲ​မှု​များ ပြုလုပ်​မည်​ဖြစ်​ကြောင်း တိုင်း​ပြည်​သို့ ဝန်ခံ​လိုက်​သည်။

စက်တင်ဘာ ၅​ရက် – ၂​၅​ကျပ်၊ ၃​၅​ကျပ် နှင့် ၇​၅ ကျပ်​တန် ငွေ​စက္ကူ​တို့​ကို တရားမ​ဝင်​တော့​ကြောင်း နိုင်​ငံတော်​ကောင်​စီ အတွင်း​ရေး​မှူး ဦး​စိန်​လွင် လက်မှတ်​ရေး​ထိုး​ထား​သည့် ကြေငြာ​ချက်​ကို ထုတ်​ပြန်​လိုက်​သည်။ နိုင်​ငံတော်​၏ ငွေ​ကြေး​လည်ပတ်​မှု ၈​၀ ရာ​ခိုင်​နှုန်း ရပ်တန့်​သွား​ခဲ့​သည်။ တရားမ​ဝင်​ကြေငြာ​ခဲ့​သော ငွေ​စက္ကူ​များ​အား ပြန်​လဲ​လှယ်​ခွင့် မ​ပေး​ခဲ့​ချေ။

စက်တင်ဘာ ၆​ရက် – အစိုးရ​က တက္ကသိုလ်​နှင့် ကော​လိပ်​အားလုံး​ကို ပိတ်​လိုက်​သည်။ အနယ်​နယ် အရပ်​ရပ်​မှ ကျောင်းသား​များ​ကို နေ​ရပ်​အသီး​သီး​သို့ ပြန်​ပို့​လိုက်​သည်။

အောက်တိုဘာ ၁​၄​ရက် – ပြည်​သူ့​လွှတ်တော်​က ငွေ​စက္ကူ​တန်ဖိုး​ချခဲ့​မှု​ကို ဘ​ဘော​တူ အတည်ပြု​လိုက်​ပြီး ဖျက်​သိမ်း​ခဲ့​သော ငွေ​စက္ကူ​များ​အစား ၄​၅​ကျပ် ၉​၀ ကျပ်​တန်​တို့​ဖြင့် အစားထိုး​လိုက်​သည်။

အောက်တိုဘာ ၂​၆​ရက် – တက္ကသိုလ်​များ ကော​လိပ်​များ​ကို ပြန်လည်​ဖွင့်​ပေးလိုက်​သည်။

အောက်တိုဘာ ၂​၈​ရက် – နံနက် ၄​နာရီ​ခွဲခန့်​၌ ရန်ကုန်မြို့​သမ္မတ ရုပ်​ရှင်​ရုံ​တွင် ဗုံး​ပေါက်ကွဲ​ခဲ့​သည်။

နိုဝင်ဘာ ၂-၃​ရက် – စစ်​တွေ​ဒေသ ကော​လိပ်​မှ ကျောင်းသား​များ အစိုးရ ဆန့်ကျင်​ရေး ဆန္ဒ​ပြ​ပွဲ​များ ပြုလုပ်​ခဲ့​ကြ​သည်။

နိုဝင်ဘာ ၇​ရက် – ပျဉ်းမ​နား ရေ​ဆင်း စိုက်ပျိုး​ရေး တက္ကသိုလ်​နှင့် တိရစ္ဆာန်​မွေး​မြူ​ရေး​နှင့် ဆေးကု​သ​ရေး တက္ကသိုလ်​မှ ကျောင်းသား​များ​က ဦး​နေ​ဝင်း ဓာတ်​ပုံ​ကို မီးရှို့​၍ ဆန္ဒ​ပြ​ကြ​သည်။

ဒီဇင်ဘာ ၁⁠၁​ရက် – ကုလသမဂ္ဂ အထွေ​ထွေ ညီလာခံ​ကြီး​က ဖွံ့ဖြိုး​တိုးတက်​မှု အနည်း​ဆုံး နိုင်ငံ​များ စာရင်း​တွင် မြန်မာ​နိုင်ငံ​ပါဝင်​ကြောင်း အတည်ပြု​ကြေညာ​လိုက်​သည်။

 

၁​၉​၈​၈ ခု​နှစ်
သီချင်း

မတ် လ ၇​ရက် – ပြည်​လမ်းပေါ်​ရှိ ချက်​သံ​ရုံး အပြင်​၌ ည​၉​နာရီ​ခွဲခန့်​တွင် ဗုံး​ပေါက်ကွဲ​သည်။ ဗိုလ်​မှူး​ချုပ်​ဟောင်း ဦး​အောင်​ကြီး​က စီးပွား​ရေး ပြုပြင် ပြောင်းလဲ​ရန်​နှင့် အစိုးရ အသစ် ဖွဲ့​စည်း​ရန် အကြုံ​ပြု​ထား​သည့် အိတ်​ဖွင့်​စာ​ကို ဦး​နေ​ဝင်း​ထံ ပေး​ပို့​ခဲ့​သည်။

မတ် လ ၁​၂​ရက် – ရန်ကုန်မြို့ ကြို့​ကုန်း အနောက်​ပိုင်း စန္ဒာ​ဝင်း လဘ္ဘ​ရည်​ဆိုင်​တွင် စက်​မှု တက္ကသိုလ်​ကျောင်းသား အချို့​နှင့် အရပ်သား​များ ခိုက်ရန် ဖြစ်ပွား​ကြ​သည်။ ကျောင်းသား​တစ်​ချို့ ဒဏ်ရာ​ရ​ပြီး ကျန်​လူ​များ​နှင့် ကျောင်းသား​များ​ကို သက်ဆိုင်​ရာ​က ထိန်းသိမ်း​လိုက်​သည်။

မတ် လ ၁​၃​ရက် – ကျောင်းသား​အား ရိုက်​နှက်​ခဲ့​သူ တရားခံ​အား သက်ဆိုင်​ရာ​က လွှတ်​ပေးလိုက်​သ​ဖြင့် ကျောင်းသား ၂​၀​ဝ​ခန့် ရပ်​ကွက် ပြည်​သူ့​ကောင်​စီ​ရုံး​သို့ သွား​ကာ ကန့်ကွက်​ကြ​သည်။ ကျောင်းသား​များ​နှင့် လုံ​ထိန်း​များ အဓိကရုဏ်း ဖြစ်ပွား​ကြ​ပြီး လုံ​ထိန်း​များ​၏ ပစ်ခတ်​မှု​ကြောင့် ရန်ကုန်​စက်​မှု တက္ကသိုလ် ကျောင်းသား ကို​ဖုန်းမော် သေ​ဆုံး​ခဲ့​သည်။ ရက်​အနည်းငယ်​ကြာ​တွင် နောက်ထပ် ၆​ယောက်​ခန့် ပစ်ခတ်​ဒဏ်ရာ​ကြောင့် သေ​ဆုံး​သွား​ခဲ့​သည်။

(မှတ်ချက် – ကို​ဖုန်းမော် သေ​ဆုံး​သွား​သော မတ်​လ ၁​၃​ရက်​ကို မြန်မာ​နိုင်ငံ​၏ လူ့​အခွင့်အရေး​နေ့​ဟု သတ်​မှတ်ထား​ခဲ့​သည်။)

မတ် လ ၁​၄​ရက် – စက်​မှု​တက္ကသိုလ်​ကျောင်းသား​များ​က အခြား တက္ကသိုလ်​များ​သို့ လုံ​ထိန်း​များ​၏ ကျောင်းသား များ​အပေါ် ရက်စက်​စွာ သတ်​ဖြတ်​ခြင်း​နဲ့ ငွေ​စက္ကူ​ဖျက်​သိမ်း​ခြင်း ကို ရှုတ်ချ​သည့် လက်​ကမ်း​စာစောင်​များ ဖြန့်​ဝေ​ခဲ့​သည်။

မတ် လ ၁​၅​ရက် – စစ်​တပ် မှ ရန်ကုန် စက်​မှု တက္ကသ်ို​ကျောင်း​ဝင်း​ကို ဝင်​စီး​လိုက်​သည်။ အစိုးရ​မှ ကျောင်းသား​များ အပေါ် အပြစ် ပုံ​ချထား​သည့် ကြေညာ​ချက် တစ်​စောင်​ကို ထုတ်​ပြန်​ကြေညာ​လိုက်​သည်။ ကျောင်းသား အများ​အပြား​ကို ဖမ်းဆီး​လိုက်​သည်။

မတ် လ ၁​၆​ရက် – ရန်ကုန်​တက္ကသိုလ်​များ ကျောင်းသား​များ လှိုင်​ကော​လိမ်​နှင့် စက်​မှု တက္ကသ်ိုလ်​သို့ ပြည်​လမ်းမ အတိုင်း ဆန္ဒ​ပြ ချီ​တက်​လာ​သည်။ အင်းလျား​ကန်​အနီး​သို့ ရောက်​သော​အခါ လုံ​ထိန်း​များ​နှင့် စစ်​တပ်​က ပစ်ခတ်​ပိတ်​ဆို့​ကာ တားဆီး​ခဲ့​သည်။ ကျောင်းသား​များ​စွာ ပစ်​သတ်​ခံ​ရ​သည်။ ရန်ကုန် တက္ကသိုလ် ကျောင်း​ဝင်း​အတွင်း​သို့ လုံ​ထိန်း​တပ်ဖွဲ့​များ ဝင်​ရောက် လာ​ကြ​သည်။

မတ် လ ၁​၇​ရက် – ကို​ဖုန်းမော်​၏ အသုဘ​သို့ ပို့ဆောင် သ​ဂြိုလ်​ရန် ထောင်​ပေါင်း​များ​စွာ​သော ကျောင်းသား လူထု​က ကြံ​တော သင်္ချိုင်း​အပြင်​ဘက်​တွင် စောင့်ဆိုင်း​နေ​ခဲ့​ကြ​သည်။ သို့သော် ကို​ဖုန်းမော်​၏ အလောင်း​ကို အခြား တစ်​နေရာ​တွင် တိတ်ဆိတ်​စွာ သ​ဂြိုလ်​လိုက်​ကြောင်း သိ​ရ​သည်။ ကို​ဖုန်းမော် သေ​ဆုံး​သည့် ကိစ္စ​နှင့်​ပတ်သက်​ပြီး စုံစမ်း​ရန် ကော်​မရှင် တစ်​ရပ်​ဖွဲ့​လိုက်​ကြောင်း အစိုးရ​က ကြေညာ​လိုက်​သည်။ ရန်ကုန် တက္ကသိုလ်​အတွင်း​တါင် ပြုလုပ်​သော အစည်းအဝေး​တစ်​ခု​တွင် ကျောင်းသား သမဂ္ဂ​ကို ဖွဲ့​စည်း​လိုက်​သည်။ ကျောင်းသား တစ်​ထောင်​ခန့်​ကို အင်း​စိန်​ထောင်​သို့ ပို့​လိုက်​သည်။

မတ် လ ၁​၈​ရက် – ထောင်​ပေါင်း​များ​စွာ​သော ကျောင်းသား​များ ရန်ကုန် မြို့​လယ် ဆူးလေ ဘုရား​သို့ ချီ​တက်​လာ​ပြီး အခြား ကျောင်းသား​များ​နှင့် ပူးပေါင်း​လိုက်​သည်။ အစိုးရ​က တပ်မ ၂​၂၊ ၆​၆၊ ၇​၇ တို့​ကို ခေါ်​ယူ​လိုက်​ပြီး ဆန္ဒ​ပြ​သူ​များ​ကို ထောင်​ပေါင်း​များ​စွာ ရိုက်​နှက်​ဖမ်းဆီး ခဲ့​သည်။ ထို​နေ့​ကို သွေး​စွန်း​သော သောကြာနေ့ ဟု လူ​အများ သတ်​မှတ်​ပြီး တပ်မှူး​ဗိုလ်​ချုပ် စိန်​လွင်​မှာ ရန်ကုန်မြို့​၏ လူသတ်​သမား ဟု အမည်တွင်​ခဲ့​သည်။ ကျောင်း​များ၊ တက္ကသိုလ်​များ အားလုံး​ကို ပိတ်​လိုက်​သည်။

ဧပြီ လ ၉​ရက် – အစိုးရ ဖွဲ့​စည်း​ထား​သော စုံစမ်း​စစ်ဆေး​ရေး ကော်​မရှင်​က မတ်​လ​တွင် ဖြစ်ပွား​ခဲ့​သော အဓိကရုဏ်း​၌ ကျောင်းသား ၃​ယောက်​သေ​ဆုံး​ပြီး ၆​၂​၅​ယောက် အဖမ်း​ခံ​ရကာ ၁​၄​၁ ယောက်​ကို ဆက်လက် ထိန်းသိမ်း​ထား​သည်​ဟု ကြေ​သည်​သည်။

မေ လ ၁​ဝ​ရက် – မြန်​မာ့​တပ်​မတော်​သည် နယ်စပ်​ဒေသ​များ​တွင် ညှဉ်းပန်း​မှု၊ ဖမ်းဆီး​သတ်​ဖြတ်​မှု၊ အမျိုးသမီး​များ​အား အဓ​မ​ပြုကျင့်​မှု၊ ရွာသား​များ ပေါ်​တာ​အဖြစ် အတင်း​စေခိုင်း​ကာ လူ​မျိုး​စု သူပုန်​များ​ကို တိုက်ခိုက်​ရာ​တွင် လူ​သား​မိုင်း​ရှင်း​ကိရိယာ​ဖြင့် အသုံးပြု​မှု​များ​အတွက် တာဝန်ရှိ​ကြောင်း အပြည်​ပြည်​ဆိုင်​ရာ လွတ်ငြိမ်း​ချမ်းသာ​ခွင့် အဖွဲ့​က ထုတ်​ပြန်​ကြေညာ​ခဲ့​သည်။

မေ လ ၃​ဝ​ရက် – ကျောင်း​များ ပြန်ဖွင့်​ခဲ့သော်​လည်း ကျောင်း​တက်​သော ကျောင်းသား​ဦးရေ​မှာ ၃​ဝ​ရာ​ခိုင်​နှုန်း​သာ ရှိ​ခဲ့​သည်။ အစိုးရ​ဆန့်ကျင်​သော စာ​ရွက်​စာ​တမ်း​များ ပြန်လည် ဖြန့်​ဝေ​ကြ​သည်။ ဖမ်းဆီး​ခံ​ခဲ့​ရ​သည့် ကျောင်းသား​များ​၏ ထောင်​တွင်း ညှဉ်းပန်း​နှိပ်စက်​ခံ အတွေ့​အကြုံ​များ​နှင့် ကျောင်း​သူ​များ အား လုံ​ထိန်း​များ​၏ အဓမ္မ​ကျင့်​မှု သ​တင်း​များ ပျံ့နှံ့​သွား​ခဲ့​သည်။

ဇွန် လ ၈​ရက် – ဦး​အောင်​ကြီး​မှ နောက်ထပ် အိပ်​ဖွင့် ပေး​စာ​ကို ဦး​နေ​ဝင်း​ထံ ပို့​ခဲ့​သည်။ ယခု​စာ​တွင် စီးပွား​ရေး နိုင်ငံ​ရေး ပြဿနာ​များ​အပြင် လူ့​အခွင့်အရေး ချိုး​ဖောက်​မှု​များ​ကို​လည်း ဖော်​ပြ​ထား​သည်။

ဖွ န်​လ ၁​၃​ရက် – မတ်​လ​တွင် အသတ်​ခံ​ရ​သူ​များ​အတွက် အောက်မေ့​ဘွယ် အခမ်းအနား ကျင်းပ​ရန် ကြိုးစား​ခဲ့သော်​လည်း အအောင်​မြင်​ခဲ့​ပေ။ မတ်​လ​၏ ဖြစ်​ရပ်​မှန်​များ​ကို ဇွန်​လ ၁​၇​ရက် နောက်ဆုံး​ထား​ပြီး မ​ထုတ်​ပြန်​ပါ​က ပြဿနာ​များ ပိုမို​ကြီး​ထွား လာ​လိမ့်​မည်​ဟု ကျောင်းသား​များ​က ရာဇ​သံ​ပေးလိုက်​သည်။

ဇွန်​လ ၁​၅​ရက် – ရန်ကုန် တက္ကသိုလ် ကျောင်း​ဝင်း​အတွင်း​၌ အစည်းအဝေး​ပွဲ​များ ဆန္ဒ​ပြ ပွဲ​များ စ​တင်ပေါ်​ပေါက်​လာ​သည်။

ဇွန် လ ၁​၆​ရက် – ကို​မောင်​မောင်ကျော်၊ ကို​မိုးသီး​ဇွန်​တို့​၏ ဟောပြော​ပွဲ​များ တက္ကသိုလ် ကျောင်း​ဝင်း​များ အတွင်း ပေါ်ပေါက်​လာ​သည်။

ဇွန် လ ၁​၇​ရက် – ရန်ကုန် တက္ကသိုလ် အတွင်း​မှ သင်​တန်း​များ အားလုံး ရပ်​စဲ​လိုက်​သည်။ ဆန္ဒ​ပြ​ပွဲ​နှင့် ဟောပြော​ပွဲ​များ ပြည်​လမ်း ဆေး​တက္ကသိုလ်​သို့ ရောက်​သွား​ခဲ့​သည်။

ဇွန် လ ၂​ဝ​ရက် – ရန်ကုန်မြို့​ရှိ ထောင်​ပေါင်း​များ​စွာ​သော ကျောင်းသား​များ​နှင့် ပြည်​သူ​များ ငြိမ်း​ချမ်း​စွာ ဆန္ဒ​ပြ​ကြ​သည်။ ရန်ကုန်​တက္ကသိုလ်​ရှိ စည်းဝေး​ပွဲ​များ​သို့ သံ​ဃာတော်​များ​ပါ တက်​ရောက်​သည်။ အစည်း​ဝေး​မှ ကျောင်း​ထုတ်​ခံ​ရ​သော ကျောင်းသား​များ​ကို ကျောင်း​ပြန်​တက်​ခွင့် ပေး​ရန်​နှင့် မတ်​လ​အတွင်း သတ်​ဖြတ်​မှု ကျူး​လွတ်​ခဲ့​သူ​များ​ကို ဖော်​ထုတ်​အပြစ်ပေး​ရန် တောင်း​ဆို​ကြ​သည်။ ရန်ကုန် တက္ကသိုလ် ကို​ရဲ​နှင့် စစ်​တပ်​က ညနေ ၆​နာရီ​တွင် ဝိုင်း​ရံ​ပိတ်​ဆို့​လိုက်​သည်။

ဇွန် လ ၂​၁ ရက် – ထောင်​ပေါင်း​များ​စွာ​သော ကျောင်းသား​များ​က ပြည်​လမ်း​ရှိ ဆေး​တက္ကသိုလ်​မှ ရန်ကုန်မြို့​လယ်​သို့ ကြွေးကြော်​သံ​များ​ဖြင့် ချီ​တက်​ဆန္ဒ​ပြ​ကြ​သည်။ ဟံ​သာ​ဝ​တီ လမ်းဆုံ အရောက်​တွင် လုံ​ထိန်း​များ​က မျက်ရည်ယို ဗုံး​များ၊ သေ​နတ်​များ​ဖြင့် စတင်​ပစ်ခတ်​ကြ​သည်။ ကျောင်းသား​များ​က​လည်း ဂျင်​ကလိ​များ​ဖြင့် ပြန်လည်​ပစ်ခတ်​ကြ​သည်။ အဓိကရုဏ်း​များ ဖြစ်ပွား​ခဲ့​သည်။ ကျောင်းသား ပြည်​သူ ၈​ဝ​ခန့်​နှင့် လုံ​ထိန်း ၂​ဝ​ခန့် သေ​ဆုံး​ကြ​သည်။ အစိုးရ အာဏာပိုင်​များ​က ဇွန်​လ ၂​၁​ရက်​နေ့​မှ ဩဂုတ် ၁​၉​ရက်​နေ့​အထိ လူစု​လူ​ဝေး မ​ပြုလုပ်​ရန် နှင့် ညနေ​၆​နာရီ​မှ နံနက် ၆​နာရီ​ထိ ည​မ​ထွက်​ရ အမိန့်​ကို ထုတ်​ပြန်​လိုက်​သည်။ ဆေး​တက္ကသိုလ်​များ​နှင့် သွား​ဘက်​ဆိုင်​ရာ တက္ကသိုလ်​များ အားလုံး​ကို ပိတ်​လိုက်​သည်။

ဇူလိုင် ၁​ရက် – အစိုးရ​မှ ည​မ​ထွက်​ရ​အမိန့်​ကို ည​၈​နာရီ မှ နံနက် ၄​နာရီ​သို့ ပြင်ဆင်​လိုက်​သည်။

ဇူလိုင် ၇​ရက် – မ​ဆ​လ ပါ​တီ​၏ အရေးပေါ် ညီလာခံ​ကို ဇူလိုင်​လ ၂​၃​ရက်​နေ့​တွင် ကျင်းပ ပြုလုပ်​မည်​ဟု ကြေညာ​ခဲ့​သည်။ မတ်​အတွင်း ဖမ်းဆီး​ထားခဲ့​သော ကျောင်းသား​များ​ကို ပြန်​လွှတ်​ပေး​မည်​ဟု ကြေညာ​ခဲ့​သည်။

ဇူလိုင် ၉​ရက် – ည​မ​ထွက်​ရ အမိန့်​ကို ပြန်လည် ရုတ်​သိမ်း​သည်။ ကျောင်း​ထုတ်​ခံ​ရ​သော ကျောင်းသား​များ​လည်း သက်ဆိုင်​ရာ တက္ကသိုလ်​အသီး​သီး​တွင် ကျောင်း​ပြန်​ခွင့်​ကို ပြန်လည် လျှောက်​ထားန်ိုင်​ကြောင်း ကြေညာ​ခဲ့​သည်။

ဇူလိုင် ၁​၈​ရက် – မတ်​လ​အတွင်း ဖြစ်​ခဲ့​သော အဓိကရုဏ်း​တွင် ဖမ်းဆီး​ခဲ့​သော ဆန္ဖ​ပြ​သူ​များ ၄​၁​ဦး​သည် ထောင်​ကားပေါ်​တွင် အသက်​ရှု​ကျပ်​ကာ သေ​ဆုံး​ခဲ့​မှု အတွက် တာဝန်ရှိ​သည်​ဟု ပြည်ထဲရေး ဝန်ကြီး​ဦးမင်း​ခေါင်​က ဝန်ခံ​ပြော​ကြား​ပြီး ရာထူး​မှ နှုတ်ထွက်​သွား​သည်။

ဇူလိုင် ၂⁠၂​ရက် – ပြည်​မြို့​၌ အရေးပေါ် အခြေအနေ​ကြေညာ​ပြီး အုပ်ချုပ်​ရေး တာဝန်​အားလုံး​ကို တပ်​မတော်​သို့ လွှဲ​ပေးလိုက်​သည်။

ဇူလိုင် ၂​၃​ရက် – မ​ဆ​လ ပါ​တီ အရေးပေါ် ညီလာခံ​ကို ကျင်းပ​သည်။ ဥက္ကဌ ဦး​နေ​ဝင်း​က မိန့်ခွန်း​ပြော​ပြီး သူ​နှင့်​အတူ မ​ဆ​လ​ပါ​တီ ဒု​ဥက္ကဌ ဦး​စန်း​ယု၊ အထွေ​ထွေ အတွင်း​ရေး​မှူး ဦး​အေး​ကို၊ တွဲ​ဖက် အထွေ​ထွေ အတွင်း​ရေး​မှူး ဦး​စိန်​လွင်၊ ဗ​ဟိုကော်​မ​တီ အလုပ်​အမှုဆောင်​ဝင်​များ ဖြစ်​သည့် ဦးကျော်​ထင်​နှင့် ဦး​ထွန်း​တင်​တို့ အနား​ယူ​တော့​မည်​ဟု ကြေညာ​သည်။ တစ်​ပါ​သီ​စနစ်​သို့ မဟုတ် ပါ​တီ​စုံ​စနစ် ကျင့်​သုံး​ရန် တင်​သွင်းခဲ့​သည်။

ဇူလိုင် ၂​၆​ရက် – မ​ဆ​လ​ပါ​တီ ဗဟို ကော်မတီ အစည်းအဝေး​ကျင်းပ​ပြီး ဦး​စိန်​လွင်​အား ပါ​တီ​ဥက္ကဌ​သစ် အဖြစ် တင်​မြှောက်​လို​က​သည်။ ဦး​စန်း​ယု​အား နှုတ်ထွက်​ခွင့်​ပြုသော်​လည်း ဦးကျော်​ထင်၊ ဦး​အေး​နှင့် ဦး​ထွန်း​တင်​တို့​ကို ပြန်လည် ရွေး​ကောက်​တင်​မြှောက်​ကြ​သည်။ ဝန်ကြီး​ချုပ် ဦး​မောင်⁠မောင်​ခ​နှင့် ပြည်​သူ့ အကျိုးဆောင်​အဖွဲ့ ဥက္ကဌ ဦး​မြင့်​မောင်​တို့​ကို ရာထူး​မှ ပယ်​ရှား​လိုက်​သည်။

ဇူလိုင် ၂​၇​ရက် – ပြည်​သူ့ လွှတ်တော် အစည်းအဝေး​ကျင်းပ​ပြီး နိုင်​ငံတော် ကောင်​စီ​ဥက္ကဌ​နှင့် နိုင်​ငံတော် သမ္မတ အဖြစ် ဦး​စိန်​လွင်​ကို တင်​မြှောက်​သည်။ ဦး​ထွန်း​တင်​အား ဝန်ကြီး​ချုပ်၊ ဦးကျော်​တင်​အား နိုင်​ငံတော် ကောင်​စီ အထွေ​ထွေ အတွင်း​ရေး​မှူး၊ ဒေါက်​တာ မောင်​မောင် အား နိုင်​ငံတော် ပြည်​သူ့ ဥပဒေ အကျိုးဆောင် ဥက္ကဌ အဖြစ် ရွေးချယ်​တင်​မြောက်​လိုက်​သည်။

ဇူလိုင် ၂​၈​ရက် – ရွေ​တိ​ဂုံ​စေ​တီတော်​တွင် ကျောင်းသား​များ​နှင့် ပြည်​သူ​လူထု​များ ဆန့်ကျင် ဆန္ဒ​ပြ စု​ရုံ့း​ကြ​သည်။ မြေ​ထဲ​မြို့ တွင် ည​မ​ထွက်​ရ အမိန့်​ထုတ်​လိုက်​သည်။

ဩဂုတ် ၁​ရက် – ဗမာ နိုင်ငံ​လုံး​ဆိုင်​ရာ ကျောင်းသား​များ သမဂ္ဂ အဖွဲ့​ချုပ်​က ဩဂုတ် ၈​ရက် နေ့​တွင် ဗမာ​နိုင်ငံ​လုံး အထွေ​ထွေ သပိတ်​ကြီး ဆင်​နွှဲ​ရန် လှုံ့ဆော်​သည့် စာ​ရွက် စာ​တမ်း​များ ဖြန့်​ဝေ​ကြ​သည်။

ဩဂုတ် ၂​ရက် – ရွှေတိဂုံ​စေ​တီတော်​၌ ကျောင်းသား​များ အစည်းအဝေး​ကျင်းပ​ကာ ဟောပြော​ပွဲ​များ ပြုလုပ်​ကြ​သည်။

ဩဂုတ် ၃​ရက် – ရန်ကုန်မြို့​တွင် မာ​ရှယ်​လော စစ်​ဥပဒေ​ကို ညနေ​၆​နာရီ ထုတ်​ပြန် ကြေညာ​ခဲ့​သည်။ ထို​အမိန့်​ကို ဖီဆန်​၍ လူ​တစ်​သောင်း မြို့တွင်း​သို့ လှည့်လည်​ဆန္ဒ​ပြ​ကြ​သည်။

ဩဂုတ် လ ၅​ရက် – ဆန္ဒ​ပြ​ပွဲ​များ ဆက်လက် ဖြစ်ပွား​သည်။ စစ်​ဥပဒေ​ကို ဖီဆန်​မှု​ဖြင့် ပြည်​သူ​လူထု ရာ​ပေါင်း​များ​စွာ​ကို ဖမ်းဆီး​ခဲ့​သည်။

ဩဂုတ် လ ၆​ရက် – အထက် မြန်မာ​နိုင်ငံ​တောင်​ရှိ မြို့​များ​တွင်​လည်း ဆန္ဒ​ပြ​ပွဲ​များ ဆက်လက် ဖြစ်ပွား​ခဲ့​သည်။ ရေနံ​ချောင်း သ​နပ္ပင်​နှင့် ပဲခူးမြို့​နယ်​တို့​တွင်​လည်း ည​မ​ထွက်​ရ အမိန့်​များ ထုတ်​ပြန်​လိုက်​သည်။

ဩဂုတ် ၈​ရက် – ရန်ကုန်မြို့ လမ်း​မပေါ် နေရာ​တိုင်း​၌ လူ​တန်း​စား ပေါင်း​စုံ​ပါဝင်​သော အထွေ​ထွေ သပိတ်​ကြီး​ကို ဆင်​နွှဲ​ကြ​သည်။ တ​နိုင်ငံ​လုံး​ရှိ ဆန္ဒ​ပြ လူထု​ကြီး​က ဒီ​မို​က​ရေ​စီ​နှင့် လူ့​အခွင့်အရေး ၇​ရှိ​ရေး၊ မ​ဆ​လ ပါ​တီ​နှုတ်ထွက်​ရေး နှင့် ဆို​ရှယ်​လစ် စီးပွား​ရေး စနစ်​ကို အဆုံးသတ်​ရန် တောင်း​ဆို​ကြ​သည်။ တစ်​နိုင်ငံ​လုံး အနယ်​နယ် အရပ်​ရပ်​တွင် ဆန္ဒ​ပြ​ပွဲ​များ တ​ပြိုင်​တည်း ကျင်းပ​ကြ​သည်။

ဩဂုတ် ၉​ရက် – ဆန္ဒ​ပြ​ပွဲ​များ ဆက်လက် ဖြစ်ပွား​ခဲ့​သည်။ တပ်မ ၂⁠၂​မှ စစ်​သား​များ ရန်ကုန်မြို့​တွင် လူထု​ကို ပစ်ခတ်​ကြ​သည်။ ရာ​ပေါင်း​များ​စွာ သေ​ဆုံး​ခဲ့​ပြီး ထောင်​ပေါင်း​များ​စွာ အဖမ်း​ခံ​ရ​သည်။ ကျောင်း​များ​အားလုံး ပိတ်​လိုက်​သည်။ ဆန္ဒ​ပြ​ပွဲ​များ ဆက်လက် ဖြစ်ပွား​ခဲ့​သည်။

ဩဂုတ် ၁​ဝ​ရက် – ရန်ကုန်မြို့ ဆန္ဒ​ပြ​သူ​များ​အား စစ်​သား​များ​က ဘ​ရင်း ကယ်​ရီ​ယာ​များ ပေါ်​မှ ပစ်ခတ်​သ​ဖြင့် အမြောက်အမြား သေ​ဆုံး​ခဲ့​ပြန်​သည်။ ရန်ကုန် ဆေး​ရုံ​ကြီး အတွင်း​သို့ စတင်​ပစ်ခတ်​ခဲ့​သည်။ မြောက်​ဥက္က​လာ​ပ​တွင် ဒေါသ​ထွက်​နေ​သော လူ​အုပ်​ကြီး​က ရဲ​အချို့​အား ခေါင်း​ဖြတ်သတ်​လိုက်​သည်။

ဩဂုတ် လ ၁​၂​ရက် – ဥိး​စိန်​လွင် ရာထူး​မှ ဆင်း​သည်။ ပြည်​သူ​များ သံပုံ​များ တီး​ကာ ကခုန်​ကြ​သည်။ ရန်ကုန်​ဆေး​ရုံ​ကြီး​အတွင်း​တွင် သေ​နတ်​ဒဏ်ရာ ရ​သူ​များ​ဖြင့် ပြည့်​နှက်​လျှက်​ရှိ​သည်။

ဩဂုတ် ၁​၉​ရက် – ဒေါက်​တာ​မောင်⁠မောင်​အား မ​ဆ​လ​၏ ဥက္ကဌ အသစ်​အဖြစ် ခန့်​လိုက်​သည်။ ပြည်​သူ့ တရားသူကြီး​အဖွဲ့ ဥက္ကဌ ဦးတင်​အောင်​ဟိန်း ဦးဆောင်​သည့် ပြည်​သူ့​ဆန္ဒ​လေ့​လာ​ရေး ကော်​မရှင်​ကို ပြည်​သူ့​လွှတ်တော်​က ဖွဲ့​စည်း​လိုက်​သည်။

ဩဂုတ် ၂​၀ ရက် – ဆန္ဒ​ပြ​သူ​များ​က ဒေါက်​တာ မောင်⁠မောင်​၏ အစိုးရ​သစ် နှုတ်ထွက်​ပေး​၇န်၊ အထွေ​ထွေ ရွေး​ကောက်​ပွဲ​မျး​ာ ပြုလုပ်​ပေး​ရန် ကြား​ဖြတ်​အစိုးရ ဖွဲ့​စည်း​ပေး​ရန် တောင်း​ဆို​ကြ​သည်။

ဩဂုတ် ၂​၄​ရက် – မာ​ရှယ်​လေ စစ်​ဥပဒေ​ကို ရုတ်​သိမ်း​လိုက်​သည်။ ဒေါက်​တာ​မောင်⁠မောင်​က တစ်​ပါ​တီ​စနစ် သို့ ပါ​တီ​စုံ​စနစ် ကျင့်​သုံး​ရန် ပြည်​သူ့​ဆန္ဒ​ယူ​ပွဲ​ပြုလုပ်​ပေး​ရန် ကတိ​ပြု​လိုက်​သည်။

ဩဂုတ် ၂​၆​ရက် – ရွှေတိဂုံ​စေတီ အနောက်​မုဒ်​တွင် ဒေါ်​အောင်​ဆန်း​စု​ကြည်​က ထောင်​ပေါင်း​များ​စွာ​သော လူထု​ကြီး​အား မိန့်ခွန်း​ပြော​ကြား​ခဲ့​သည်။ အထွေ​ထွေ သပိတ်​ကြီး​ကြောင့် သယ်ယူ​ပို့ဆောင်​ရေး လုပ်​ငန်း​များ အားလုံး​ရပ်ဆိုင်း​သွား​ခဲ့​သည်။

အင်း စိန်​ထောင်​တွင် အဓိကရုဏ်း​ဖြစ်ပွား​ခဲ့​သည်။ တစ်​နိုင်ငံ​လုံး​ရှိ ထောင်​အသီး​သီး​တွင် အဓိကရုဏ်း​များ ဖြစ်ပွား​ခဲ့​ပြီး အကျဉ်းသား ၉​၀⁠၀​၀ ခန့် လွတ်မြောက်​သွား​ခဲ့​သည်။

ဩဂုတ် လ ၂​၇​ရက် – ကာ​ကွယ်​ရေး ဝန်ကြီး​ချုပ် စစ်​ဦး​ချုပ်​ဟောင်း ဦးတင်​ဦး ရန်ကုန်​ဆေး​ရုံ​ရှေ့​တွင် မိန့်ခွန်း​ပြော​ကြား​ခဲ့​သည်။

ဩဂုတ် ၂​၈​ရက် – ဗမာ​လုံး​ဆိုင်​ရာ ကျောင်းသား​များ သမဂ္ဂ​ကို ဖွဲ့​စည်း​တည်ထောင်​လိုက်​သည်။ မင်းကို​နိုင်​အား ဥက္ကဌ​အဖြစ် တင်​မြှောက်​ကြ​သည်။ ဦး​နု​က ဒီ​မို​က​ရေ​စီ​နှင့် ငြိမ်း​ချမ်း​ရေး အဖွဲ့​ချုပ် ကို တည်ထောင်​လိုက်​သည်။

ဆန္ဒ ပြ​ပွဲ​များ နေ့စဉ်​ရက်ဆက် ဖြစ်ပွား​ခဲ့​သည်။ အစိုးရ​က လမ်း​မပေါ်​ရှိ ဆန္ဒ​ပြ​ပွဲ​များ နှင့် အစည်းအဝေး​ပွဲ​များ ကို ပြုလုပ်​ခွင့်​ပေး​ခဲ့​သည်။

စက်တင်ဘာ ၁​၇​ရက် – ကုန်သွယ်​ဝန်ကြီး​ဌာန ပေါ်​မှ သေ​နတ်​ဖြင့် ပစ်​ခေတ်​ခဲ့​သော စစ်​သား ၂​၄​ဦး လက်နက်​ချ​ပြီး ကုန်သွယ်​ရေး ဝန်ကြီး​ဌာန အဆောက်အဦး​ကို ရဟန်း​ပျို​သမဂ္ဂ​နှင့် ကျောင်းသား​များ​က သိမ်းပိုက်​လိုက်​သည်။ အစိုးရ​က နှုတ်ထွက်​ပေး​ရန် နှင့် ကြား​ဖြတ်​အစိုးရ ဖွဲ့​စည်း​ပေး​ရန် ငြင်းဆန်​ခဲ့​သ​ဖြင့် ဆန္ဒ​ပြ​မှု​များ ပိုမို​ပြင်းထန်​လာ​သည်။ ကျောင်းသား​များ စတင်​ပြီး တောခို​ကြ​သည်။

စက်တင်ဘာ ၁​၈​ရက် – ဗိုလ်​ချုပ်​ကြီး စော​မောင်​က စစ်​တပ်​မှ အာဏာ​ကို လွှဲ​ယူ​လိုက်​ပြီး နိုင်​ငံတော်င်ြိမ်​ဝပ်​ပိ​ပြား မှု​တည်ဆောက်​ရေး အဖွဲ့​ကို ဖွဲ့​လိုက်​ကြောင်း ကြေညာ​သည်။ ဆန္ဒ​ပြ​မှု​များ ဆက်လက်​ဖြစ်ပွား​ခဲ့​သည်။ အပြင်​မ​ထွက်​ရ အမိန့်​ကို ဆန့်ကျင်​ကြ​သည်။ စစ်​တပ်​မှ ပစ်ခတ်​ခဲ့​သည်။

စက်တင်ဘာ ၁​၉​ရက် – ဆန္ဒ​ပြ​သူ​များ နှင့် စစ်​တပ်​များ တိုက်ခိုက်​မှု​များ ဆက်လက်​ဖြစ်ပွား​ခဲ့​သည်။ မြို့ပေါ်​ရှိ ပြောက်ကျား​များ​က ရန်ကုန်မြို့​လယ်​ရှိ မိုက်​က​ရို​ဝေ့ ကြေး​နန်း​တိုင်​အား ဒုံး​ကျည်​ဖြင့် ပစ်ခတ်​ခဲ့သ်​ည။ ပြည်​သူ့​လွှတ်တော်၊ နိုင်ငံ​ရေး​ကောင်​စီ​နှင့် အခြား အာဏာပိုင်​အဖွဲ့​များ​ကို ဖျက်​သိမ်း​လိုက်​သည်။

စက်တင်ဘာ ၂​၄​ရက် – ဦး​အောင်​ကြီး၊ ဦးတင်​ဦး​နှင့် ဒေါ်​အောင်​ဆန်း​စု​ကြည်​တို့ NLD ကို ဖွဲ့​စည်း​လိုက်​သည်။

ကောက် နှုတ်​ချက်။ သမိုင်း​အကြောင်း​ကို စနစ်​တ​ကျ မှန်ကန်စွာ ဖော်​ပြ​ပေး​လို​သ​ဖြင့် mmcp မှ မ​ပျို⁠ပျို​မေ​၏ တင်ပြ​မှု​များ​ကို မျှဝေ​လိုက်​သည်။

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

5,544 views