Category: Friends

ငုတ်တုတ်ထင်ရှား (အွန်လိုင်း)သူငယ်ချင်းများ

ခေါင်းစဉ်ကတော့ စာရေးဆရာ အီကြာကွေးရဲ့ ငုတ်တုတ်ထင်ရှား ရေးဖော်များ ကနေ ကူးယူပါတယ်။ (တော်ကြာခိုးချထားတယ်လို့ လာအော်နေမှာစိုးလို့)

စိတ်ကူးရတာကတော့ လွန်ခဲ့တဲ့ တစ်ပါတ်လောက်ကပါ လူတွေ (20.08.2008) နေ့က ဖုန်းတွေကနေ SMS ပို့ကြတယ်၊ ဒီနေ့ကပေါ့ (20082008) ဖြစ်လို့ နှစ်ထပ်ကွမ်းဖြစ်နေတယ်ပေါ့ ဒီတော့ သူငယ်ချင်းများကို ဒီ SMS လေးပို့ရင်း ခင်မင်ရင်းနှီးကြောင်းပြကြပါပေါ့လေ ..။ ဟေးဟေး ကျွန်တော်က အဲလို SMS တွေလာရင် တော်ယုံ လိုက်ပြီး မဖြန့်တတ်ဘူး၊ မယုံရဘူးလေ တော်ကြာ Star Hub၊ SingTel, M1 စတာတွေက SMS တွေသုံးအောင် ဖွတာလားလို့။ တော်ယုံ လောက်တော့ ပိုက်ပိုက် အကုန်ခံပြီး ပြန်ဖြန့်မနေပါဘူး။

ဒါပေမယ့် စိတ်ထဲဝင်သွားတာက သူငယ်ချင်း.. ဟုတ်တယ် . ၃၅ နှစ်တာ ကာလ တစ်လျှောက်မှာ ရခဲ့တဲ့ သူငယ်ချင်းတွေ မနဲဘူး။ ကောင်းတာလဲပါ ဆိုးတာလဲပါ၊ ပျက်သွားတာတွေလဲပါပေါ့ဗျာ။ ဘာလော့ဂ် လေးကလဲ ရေးချင်သေးတာဆိုတော့ သူငယ်ချင်းတွေထဲကမှ တစ်ခါမှ မမြင်ဘူးသေးတဲ့ (လူချင်းမဆုံသေးတာ ဆိုပိုမှန်မလားဘဲ) အွန်လိုင်းမှာ ခင်ခဲ့တဲ့ သူငယ်ချင်းလေးတွေ အကြောင်းရေးမယ်လို့ စိတ်ကူးရထားတယ်။ ဒါတောင် ခတ်ပျင်းပျင်းဆိုတော့ ခုမှဘဲ ရေးဖြစ်တော့တယ်..။ ကဲလာထား …

ပထမဆုံး အွန်လိုင်း သူငယ်ချင်းကတော့ ကိုဖြိုး ဗျ သူ့ ဘလော့ဂ်ကို ကျွန်တော်က သွားသွားဖတ်နေတာကြာပြီ ပျော်ဘွယ်သားဖြစ်တာရယ် သြော်ဇီ သွားတောလားလေး ရေးထားတော့ စိတ်ဝင်စားတာနဲ့ ဖတ်ဖတ်နေတာ။ ကျွန်တော် ဘလော့ဂ် စဖတ်တော့ ပထမဆုံး စဖတ်ဖြစ်တာက ချမ်းမြစိုး ဘလော့ဂ် နောက်တော့ ကိုဖြိုး၊ နောက်တော့ WeSheMe အဲဒီကမှ ဆက်ပြီး များများ ဖတ်ဖြစ်လာတာ။ ကဲ ပြန်ဆက်ဦးမယ် .. ကိုဖြိုးနဲ့က ဖြစ်ခြင်တော့ MMITPros ကြီး စလုပ်တော့ သူက ဖြစ်မြောက်ရေးမှာ ပါတော့ web site ဖြစ်အောင် ရေးနေတဲ့ အချိန် လူကလဲ ၅၀ လောက်ဘဲရှိသေး၊ အဲဒီမှာ ဗမာ ဖောင့်ရအောင် သူလုပ်နေတုန်း ကျွန်တော်ကလဲ အွန်လိုင်း ရှိနေတော့ သူက PM ပို့ပြီး ဗမာလိုမြင်ရလား ရေးလို့ရလား အပြန်အလှန် ရေးနေတုန်း သူက Gmail ပေးပြီး Gtalk မှာ ဆက်ပြောကြမယ်ဆိုပြီး Add လိုက်ရာကနေ ခင်သွားတော့တာ ပါဘဲ။ သူနဲ့ကတော့ အပြင်မှာလဲ တွေ့ဘူးသွားပါပြီ၊ ဒါပေမယ့် ကျွန်တော့်ရဲ့ ပထမဆုံး သာမန် အပြင်မှာ လူချင်းတွေ့ပြီးမှ ခင်တာ မဟုတ်ဘဲ အွန်လိုင်းမှာ ခင်တဲ့ သူငယ်ချင်းများ ထဲမှာ ပထမဦးဆုံးမို့ ထည့်ထားတာပါ။

နောက် ဘလော့ဂ်လေးတွေ အဖတ်များလာတော့ ကိုယ်လဲ စမ်းကြည့်ခြင်လာတယ် ဒါနဲ့ သူများ လုပ်ထားတာလေးတွေ ကြည့်လိုက် Googling လုပ်လိုက်နဲ့ပေါ့၊ ကျွန်တော့် မြင်ဆရာများကတော့ ချမ်းမြစိုး နဲ့ စေတန်ပါ။ (လိပ်စာ အဟောင်းလေးကို သဘောကျနေသေးလို့ နောက် အမှတ်တရ အဟောင်းမှာက သင်ယူစရာတွေ အများကြီးမို့). သူ့လိပ်စာ အသစ်က ဒီလိုပါတဲ့။ ထားပါတော့ သူတို့ဆိုဒ်တွေမှာ သွားကြည့် ပြန်လုပ်နဲ့ ကျွန်တော်လဲ blogspot မှာ တစ်ခု ဆောက်ခဲ့သေးတယ်။ စေတန်နဲ့ မခင်သေးခင်က သူ့ဆီမှာသာ ပညာ သွားသွားယူတာ ကျွန်တော်က သိပ်ကြိုက်တာ မဟုတ်၊ ဟိဟိ သူ့ဆီကို သွားလိုက်ရင် ဟိုလူက ကိုကြီးစေတန်၊ ဒီလူက ညီလေးစေတန်နဲ့ နောက်သူကလဲ ဟိုဟာလေးထွင်လိုက် ဒီဟာလေးထွင်လိုက်နဲ့ ဒီကောင်လေးဟာ လုပ်ဘဲ လုပ်နိုင်လှချေရဲ့လို့ မယုံတာလဲပါတာပေါ့လေ။ အဲဒီအချိန်တုန်းက လူငယ်တွေထဲမှာ ကျွန်တော် သတိထားမိတာက ထူးမြင့်နောင်။ စေတန်ကို ထူးမြင့်နောင်လို့တောင် ထင်မိသေး ဟေးဟေး။ နောက်တော့ သူငယ်ချင်းတစ်ယောက်က MMOpenlibrary.com မှာ စာအုပ်တွေရှိတယ် ဖတ်လို့ရတယ် ဆိုလို့ သွားရင်းက အဲဒီမှာလဲ စေတန်ကို တွေ့ပြန်ရော ငါတော့ မလွတ်ပါလားပေါ့လေ (ရေစက်တွေပါနေတာ မသိဘူး) ကိုယ်လဲ ဗမာအွန်လိုင်းဆို မြန်မာ ကျုပစ်လောက် အရင်က သွားဘူးတာ ဆိုတော့ ဗမာဖိုရမ်ဆိုရင် အဲလိုမျိုးချည်းထင်နေသေးတဲ့ အချိန်၊ ML မှာ စာအုပ်တွေယူဖတ်ရင်းနဲ့ ကိုယ်ရှိတာလေးလဲ ပြန်ပေးချင်လာတာနဲ့ ML မှာ စာအုပ်ပြန်တင်ဖြစ်သွားတယ်။ အဲဒီကနေမှ MZ ဖိုရမ်မှာ ၀င်ဖတ်/ရေးရင်နဲ့ မှ သူနဲ့ခင်သွားတာ။ ခုတော့လဲ သူ့ အလုပ်ကလေးတွေ ကူလုပ်ပေးရင်းနဲ့ပေါ့ဗျာ .. အရင်က သူ့ကို အမြင်ကတ်ထားတာ ..ဟေးဟေး။

အဲဒီမှာ စတွေ့တာဘဲ ..

Read more

Tags :