ငုတ်တုတ်ထင်ရှား (အွန်လိုင်း)သူငယ်ချင်းများ

ခေါင်းစဉ်ကတော့ စာရေးဆရာ အီကြာကွေးရဲ့ ငုတ်တုတ်ထင်ရှား ရေးဖော်များ ကနေ ကူးယူပါတယ်။ (တော်ကြာခိုးချထားတယ်လို့ လာအော်နေမှာစိုးလို့)

စိတ်ကူးရတာကတော့ လွန်ခဲ့တဲ့ တစ်ပါတ်လောက်ကပါ လူတွေ (20.08.2008) နေ့က ဖုန်းတွေကနေ SMS ပို့ကြတယ်၊ ဒီနေ့ကပေါ့ (20082008) ဖြစ်လို့ နှစ်ထပ်ကွမ်းဖြစ်နေတယ်ပေါ့ ဒီတော့ သူငယ်ချင်းများကို ဒီ SMS လေးပို့ရင်း ခင်မင်ရင်းနှီးကြောင်းပြကြပါပေါ့လေ ..။ ဟေးဟေး ကျွန်တော်က အဲလို SMS တွေလာရင် တော်ယုံ လိုက်ပြီး မဖြန့်တတ်ဘူး၊ မယုံရဘူးလေ တော်ကြာ Star Hub၊ SingTel, M1 စတာတွေက SMS တွေသုံးအောင် ဖွတာလားလို့။ တော်ယုံ လောက်တော့ ပိုက်ပိုက် အကုန်ခံပြီး ပြန်ဖြန့်မနေပါဘူး။

ဒါပေမယ့် စိတ်ထဲဝင်သွားတာက သူငယ်ချင်း.. ဟုတ်တယ် . ၃၅ နှစ်တာ ကာလ တစ်လျှောက်မှာ ရခဲ့တဲ့ သူငယ်ချင်းတွေ မနဲဘူး။ ကောင်းတာလဲပါ ဆိုးတာလဲပါ၊ ပျက်သွားတာတွေလဲပါပေါ့ဗျာ။ ဘာလော့ဂ် လေးကလဲ ရေးချင်သေးတာဆိုတော့ သူငယ်ချင်းတွေထဲကမှ တစ်ခါမှ မမြင်ဘူးသေးတဲ့ (လူချင်းမဆုံသေးတာ ဆိုပိုမှန်မလားဘဲ) အွန်လိုင်းမှာ ခင်ခဲ့တဲ့ သူငယ်ချင်းလေးတွေ အကြောင်းရေးမယ်လို့ စိတ်ကူးရထားတယ်။ ဒါတောင် ခတ်ပျင်းပျင်းဆိုတော့ ခုမှဘဲ ရေးဖြစ်တော့တယ်..။ ကဲလာထား …

ပထမဆုံး အွန်လိုင်း သူငယ်ချင်းကတော့ ကိုဖြိုး ဗျ သူ့ ဘလော့ဂ်ကို ကျွန်တော်က သွားသွားဖတ်နေတာကြာပြီ ပျော်ဘွယ်သားဖြစ်တာရယ် သြော်ဇီ သွားတောလားလေး ရေးထားတော့ စိတ်ဝင်စားတာနဲ့ ဖတ်ဖတ်နေတာ။ ကျွန်တော် ဘလော့ဂ် စဖတ်တော့ ပထမဆုံး စဖတ်ဖြစ်တာက ချမ်းမြစိုး ဘလော့ဂ် နောက်တော့ ကိုဖြိုး၊ နောက်တော့ WeSheMe အဲဒီကမှ ဆက်ပြီး များများ ဖတ်ဖြစ်လာတာ။ ကဲ ပြန်ဆက်ဦးမယ် .. ကိုဖြိုးနဲ့က ဖြစ်ခြင်တော့ MMITPros ကြီး စလုပ်တော့ သူက ဖြစ်မြောက်ရေးမှာ ပါတော့ web site ဖြစ်အောင် ရေးနေတဲ့ အချိန် လူကလဲ ၅၀ လောက်ဘဲရှိသေး၊ အဲဒီမှာ ဗမာ ဖောင့်ရအောင် သူလုပ်နေတုန်း ကျွန်တော်ကလဲ အွန်လိုင်း ရှိနေတော့ သူက PM ပို့ပြီး ဗမာလိုမြင်ရလား ရေးလို့ရလား အပြန်အလှန် ရေးနေတုန်း သူက Gmail ပေးပြီး Gtalk မှာ ဆက်ပြောကြမယ်ဆိုပြီး Add လိုက်ရာကနေ ခင်သွားတော့တာ ပါဘဲ။ သူနဲ့ကတော့ အပြင်မှာလဲ တွေ့ဘူးသွားပါပြီ၊ ဒါပေမယ့် ကျွန်တော့်ရဲ့ ပထမဆုံး သာမန် အပြင်မှာ လူချင်းတွေ့ပြီးမှ ခင်တာ မဟုတ်ဘဲ အွန်လိုင်းမှာ ခင်တဲ့ သူငယ်ချင်းများ ထဲမှာ ပထမဦးဆုံးမို့ ထည့်ထားတာပါ။

နောက် ဘလော့ဂ်လေးတွေ အဖတ်များလာတော့ ကိုယ်လဲ စမ်းကြည့်ခြင်လာတယ် ဒါနဲ့ သူများ လုပ်ထားတာလေးတွေ ကြည့်လိုက် Googling လုပ်လိုက်နဲ့ပေါ့၊ ကျွန်တော့် မြင်ဆရာများကတော့ ချမ်းမြစိုး နဲ့ စေတန်ပါ။ (လိပ်စာ အဟောင်းလေးကို သဘောကျနေသေးလို့ နောက် အမှတ်တရ အဟောင်းမှာက သင်ယူစရာတွေ အများကြီးမို့). သူ့လိပ်စာ အသစ်က ဒီလိုပါတဲ့။ ထားပါတော့ သူတို့ဆိုဒ်တွေမှာ သွားကြည့် ပြန်လုပ်နဲ့ ကျွန်တော်လဲ blogspot မှာ တစ်ခု ဆောက်ခဲ့သေးတယ်။ စေတန်နဲ့ မခင်သေးခင်က သူ့ဆီမှာသာ ပညာ သွားသွားယူတာ ကျွန်တော်က သိပ်ကြိုက်တာ မဟုတ်၊ ဟိဟိ သူ့ဆီကို သွားလိုက်ရင် ဟိုလူက ကိုကြီးစေတန်၊ ဒီလူက ညီလေးစေတန်နဲ့ နောက်သူကလဲ ဟိုဟာလေးထွင်လိုက် ဒီဟာလေးထွင်လိုက်နဲ့ ဒီကောင်လေးဟာ လုပ်ဘဲ လုပ်နိုင်လှချေရဲ့လို့ မယုံတာလဲပါတာပေါ့လေ။ အဲဒီအချိန်တုန်းက လူငယ်တွေထဲမှာ ကျွန်တော် သတိထားမိတာက ထူးမြင့်နောင်။ စေတန်ကို ထူးမြင့်နောင်လို့တောင် ထင်မိသေး ဟေးဟေး။ နောက်တော့ သူငယ်ချင်းတစ်ယောက်က MMOpenlibrary.com မှာ စာအုပ်တွေရှိတယ် ဖတ်လို့ရတယ် ဆိုလို့ သွားရင်းက အဲဒီမှာလဲ စေတန်ကို တွေ့ပြန်ရော ငါတော့ မလွတ်ပါလားပေါ့လေ (ရေစက်တွေပါနေတာ မသိဘူး) ကိုယ်လဲ ဗမာအွန်လိုင်းဆို မြန်မာ ကျုပစ်လောက် အရင်က သွားဘူးတာ ဆိုတော့ ဗမာဖိုရမ်ဆိုရင် အဲလိုမျိုးချည်းထင်နေသေးတဲ့ အချိန်၊ ML မှာ စာအုပ်တွေယူဖတ်ရင်းနဲ့ ကိုယ်ရှိတာလေးလဲ ပြန်ပေးချင်လာတာနဲ့ ML မှာ စာအုပ်ပြန်တင်ဖြစ်သွားတယ်။ အဲဒီကနေမှ MZ ဖိုရမ်မှာ ၀င်ဖတ်/ရေးရင်နဲ့ မှ သူနဲ့ခင်သွားတာ။ ခုတော့လဲ သူ့ အလုပ်ကလေးတွေ ကူလုပ်ပေးရင်းနဲ့ပေါ့ဗျာ .. အရင်က သူ့ကို အမြင်ကတ်ထားတာ ..ဟေးဟေး။

အဲဒီမှာ စတွေ့တာဘဲ ..

ကိုပီဇီ … သူနဲ့က အစကတော့ MZ မှာ ဆွေးနွေးဖော်ပေါ့ .. နောက်တော့ ကိုယ်ကလဲ ML မှာ စာအုပ်အတင်များတော့ သူတို့ကလဲ သတိထားမိလာပြီး ခင်ခင်မင်မင် ဖြစ်လာတာပေါ့၊ နောက်မှ စကား စပ်မိသွားတာက သူကလဲ အရင် ရန်ကုန်မှာ ကျွန်တော် နောက်ဆုံး လုပ်ခဲ့တဲ့ ကုပ္မဏီမှာ လုပ်ခဲ့ပြီး ကျွန်တော် မ၀င်ခင်ကလေးကမှ ထွက်သွားတာ နောက်ပိုင်း ၀င်ပြီးတော့လဲ စနစ်အဟောင်းတွေ ဆက်လုပ်ရတဲ့ အခါ ရှေ့က လုပ်ခဲ့တဲ့ လူဘယ်သူဆိုတာ သိရရင်းနဲ့ သူ့နာမည်ကို မှတ်မိနေတာနဲ့ ကုပ္မဏီ အတူတူလုပ်ခဲ့ဘူးတယ်ဆိုတဲ့ သံယောဇာဉ်နဲ့ ခင်သွားပါရောလား ..နောက်တော့ ML, MZ အတွက် ညညတွေ ရန်ကုန်နဲ့ စင်ကာပူ Gtalk ကနေ သူရယ် စေတန်ရယ်နဲ့ တိုင်ပင်လုပ်ကိုင်ခဲ့ရာကနေ ခင်သွားတယ်ပေါ့ဗျာ ..(လက္ခဏာလည်းသူက ကြည့်တတ်သေး ဟေးဟေး။ ကျွန်တော့်မှာ မေးမိမှားလို့ ညကြီး သန်ခေါင်းမှာ ခုချက်ချင်း လက်ဖ၀ါးကို ဓါတ်ပုံရိုက်ပို့ပါဆိုလို့ လက်တစ်ဖက်ထည်းနဲ့ ကင်မရာကိုင်ပြီး(DSLR ကြီးကို လက်တစ်ဖက်ထဲနဲ့ ကိုင်ရတာ မလွယ်ဘူး၊ ဘယ်ညာ ပြောင်းရိုက်ရတော့ပိုဆိုး) ချွေးပြန်အောင် ရိုက်ခဲ့ရပါရောလား ..သူက ဈန်ဝင်တုန်း ကြည့်ရမှာလို့လဲ ပြောသေးရဲ့ ဆရာကတော့၊)

နောက်တစ်ယောက်ကတော့ စူသီ။ ဟီးဟီး လူတွေက Hosting က ကန်ထုတ်ထားလို့ ဘလော့ဂ်လေးတွေက သူငယ်နှပ်စားလေးတွေလို အားလုံး အသစ်ကပြန်စနေရတော့ အားတောင်နာတယ် ..။ သူနဲ့ကလဲ MZ မှာ မှခင်တာဘဲ၊ သူက စိတ်ဆတ်တယ်၊ စကားပြော မချိုဘူး၊ ဟူးဟူး ဒိုင်းဒိုင်းသမား ကလေးတွေဆိုတော့ ဒီလိုဘဲပေါ့။ အပြင်မှာ ဆိုရင်တော့ ငါတော့ရန်ဖြစ်လာတယ်ကွာ လိုက်ကူပါဦးဆို ချက်ချင်း ထလိုက်လာမယ့်လူမျိုး။ သူ့ကိုဆို ကျွန်တော်က အမြဲပြင်ပေးရတယ် စကားပြောတာတို့ စာရေးတာတို့မှာ (သူက စာရေးရင် စာလုံးပေါင်းက မှားသေးတယ် အရင်ကပါ။ ခုတော့ မြန်မာ ၀ီကီဆိုတာကို သူက တော်တော်လေး အိပ်ပျက်ခံပြီး လုပ်ပေးခဲ့သေးတယ်) သူ့ကို ပြင်ပေးရရင် ကျွန်တော် အမြဲပြောတဲ့ စကား တစ်ခုရှိတယ်။ "ချစ်လို့ပြောတယ် မှတ်ပါ လို့" ဟုတ်တယ်လေ တော်ကြာ စေတနာနဲ့ပြောတာကို သူက စိတ်ဆိုးပြီး ပြန်ကောရင် ဒွတ်ခ ..။

နောက် exiter တဲ့ သူလဲဘဲ MZ ရောက်မှ ခင်တာဘဲ။ သူနဲ့ ကျွန်တော်က rapidshare ကနေ တောင်းသမျှ ပြန်ရှာပေးရတဲ့ အလုပ်ကို ပျော်ပျော်ကြီး လုပ်ပေးနေတဲ့ လူတွေကိုး။ သူ့ကို ရန်ကုန်မှာနေပြီး rapidshare ကိုလဲ ဒေါင်းနိုင်တယ် ပြန်လဲ တင်နိုင်တယ်ဆိုပြီး စိတ်ဝင်စားနေတာ .. လားလား ကောင်လေးက နေရာကောင်းလေးရထားတာကိုးဗျ။ နောက်သူကလဲ အင်တာနက်မှာ အရှာကောင်းသူဘဲဗျ။ ကျွန်တော်တောင်သူ့ဆီက တချို့ ရှာပုံ ရှာနည်း သင်ရသေးတယ်။ သူကလဲ ကျွန်တော့်ကို လူတွေရင် တိုတို တိုတို နဲ့ လာလာချွဲနေတော့ ခင်ရတာပေါ့ဗျာ ..။

 

နောက် တစ်ယောက်ကတော့ ဟဲဟဲ ဦးလေးကြီး။ ကိုတွီတီ တဲ့ နာမည်က။ သူလဲ ဘလောဂ်တော့ ရေးတယ်ဗျ သူလဲ ကျွန်တော့် လိုဘဲ လူပြရမှာရှက်တယ်ထင်တယ်။ လူပေးမသိဘူး(ခုတော့ ကြောငြာလိုက်ဝင်နေပြီ၊ ဒါကြောင့်ပြလိုက်ပါတယ်) ။ အမှန်ကတော့ ကျွန်တော်ထင်တာပေါ့လေ အသက်ကြီးလာတော့ ကလေးကလား အထင်ခံရမှာ စိုးတာလား မသိပါဘူး။ ကျွန်တော်တော့ အဲလိုဘဲတွေးမိတယ်။ သူက တော်တော်လေး MZ ကို ကူပါတယ်။ စပြီး သတိထားမိတုန်းက လူငယ်လေးတစ်ယောက်ဘဲထင်နေတာသူ့ကို။ ဒါပေမယ့် ပြောပုံဆိုပုံ၊ ရေးသားပုံက တော့ လူငယ်တွေနဲ့ မတူတာကိုတော့ သတိထားမိတယ်။ ဖိုရမ်ထဲမှာ ၀င်ဆွေးနွေးရင်တော့ သူ့ကြည့်ရတာ ဘုတော်တော်ကြမယ့်လူဘဲလို့တော့ ထင်မိတယ်။ နောက် တော်တော် ခင်လာလို့ Gtalk မှာ အက်ကြရင်း ပြောဆိုဖြစ်တော့မှ လားလား သူက ကျုပ်ထက် ၉ နှစ်လောက်ကြီးတယ်။ အဟိ မရိုသေခဲ့သမျှ ခွင့်လွှတ်ပါလို့ ထိုင်တောင် တောင်းပန်ရမလိုဘဲ၊ ဖွလိုက်ဦးမယ် ဗမာပြည် ကွန်ပျူတာ ခေတ်ဦးတုန်းက ဂျာနယ်တွေမှာ သူရယ် သူ့အစ်ကိုတစ်ယောက်ရယ်က ဆောင်းပါးတွေ၊ စာတွေရေးတယ်ကိုးဗျ။ ကျွန်တော်က သူ့အစ်ကိုရေးတဲ့ စာတွေတော့ သေသေချာချာကိုရင်းနှီးပါတယ် .. နောက်ပိုင်းမှာ ဆောင်းပါးတွေတောင် စုပြီး စာအုပ် အဖြစ်တောင် ထုပ်ဝေကြသေးတာဘဲဟာ။ ကုပ္မဏီခေတ်ဦးမလဲ သူ့ခေတ်သူ့အခါက ဂုဏ်သိက္ခာရှိတဲ့ ကုပ္မဏီတစ်ခုကိုလဲ သူငယ်ချင်းတွေနဲ့ ပေါင်းပြီး တည်ထောင်ခဲ့သေးတာကလားဗျ။

ခဏနားဦးမယ်ဗျာ .. အပိုင်း(၂) ဆက်ရေးမယ် ခုတော့ ညနက်နေပြီမို့ အိပ်လိုက်ဦးမယ် …. မျှော်

ဇတ်လမ်းတွဲများ

Tags :
12,976 views