ယိုးဒယား ၆
ဒီလိုနဲ့ လာကြိုတဲ့ကားရောက်တော့ ညနေဖက်ပွဲကိုနွဲဖို့ ကျွန်တော်တို့အဖွဲ့ ခရီးဆက်ကြပါတယ်။ ကားထဲမှာ အလာတုန်းက လူနဲ့ကွက်တိ ချောင်ချောင်ချိချိထိုင်နိုင်ပေမယ့် ဈေးဝယ်အပြီးမှာတော့ သူသူကိုယ်ကိုယ် ပါလာတဲ့ ပစ္စည်းတွေပါတင်ရတာကြောင့် အားလုံးတိုးဝှေ့ထိုင်ကြရပါတယ်။ လမ်းမှာတော့ ဘယ်သူကဘာရခဲ့တယ်၊ ဈေးဘယ်လောက်တန်တယ်၊ စသဖြင့် ပစ္စည်းချင်း ဈေးချင်းပြိုင်တဲ့ အသံတွေ ဆူညံနေပါတယ်။

မင်္ဂလာပွဲကျင်းပမယ့် ခမ်းမနေရာရောက်တော့ ရေခဲပန်းပုထုနေတဲ့ လူတစ်ယောက်နားမှာ လူတွေဝိုင်းအုံကြည့်နေတာနဲ့ ကျွန်တော်လဲ ရောက်သွားပါသေးတယ်။ အလယ်မှာ အသည်းပုံ ပုံကြမ်းဖော်ထားတာကလွဲလို့ ဘာပုံထွက်လာမယ်မှန်း မသိနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ဖြည်းဖြည်းချင်း ဆွေမျိုးတွေ စုံလာချိန်မှာတော့ လက်ဖွဲ့လက်ခံတဲ့ ကောင်တာတစ်ခု ဝင်ပေါက်နားမှာ ချပါတယ်၊ ကော်ဇောနီခင်းထားတဲ့ လျှောက်လမ်းနဘေးမှာတော့ ခုနက ထွင်းနေတဲ့ ရေခဲပန်းပုကို နေရာတကျ ချထားအပြီးမှာတော့ ….

ညပွဲကတော့ ကျွန်တော်တို့ မြင်ဖူးနေကျ ညစာဧည့်ခံပွဲ ပုံစံပါဘဲ။ သတို့သား သတို့သမီးက အနောက်တိုင်း မင်္ဂလာပွဲတက်ဝတ်စုံနဲ့ပါ။ မနက်က ချွေးတစ်လုံးလုံးနဲ့ လုံးပန်းခဲ့ကြတဲ့ ဆွေမျိုးတွေဟာ ညကျတော့ ဝတ်စုံပြည့်နဲ့ တချို့ကိုဆို မှတ်တောင် မမှတ်မိပါဘူး။ သို့သော် အမှတ်သညာကောင်းတဲ့ မိန်းခလေးများကတော့ ဒီလူဟာ မနက်တုန်းက ဘာဝတ်စုံဝတ်ပြီးတော့ ဘယ်လိုနေခဲ့တာ၊ ခုတော့ ဘယ်လိုပြောင်းလဲသွားလိုက်တာနဲ့ ပြောသံများကြားလို့သာ ကျွန်တော်လဲ မှတ်မိနိုင်တာပါ။ မနက်ပိုင်းက စိုစိုပြေပြေဖြစ်ခဲ့ကြတဲ့ ကျွန်တော်တို့ အဖွဲ့ကတော့ ချွေးတလုံးလုံးနဲ့ပေါ့ဗျာ။

လူတွေစထိုင်ပြီဆိုတာနဲ့ ငါးမုန့်ကျော်တစ်ပွဲ အဆာပြေစားနေလို့ရအောင် ဝိုင်းတိုင်းမှာလာချပါတယ်၊ အအေးတည်တဲ့လူကလဲ မနက်ကပုံစံပါဘဲ တစ်ခွက်ကုန်တာနဲ့ နောက်တစ်ခွက် မေးမနေတော့ဘဲ လိုက်လိုက်ချတော့တာပါဘဲ။ ၇ခွက် ၈ခွက်လောက် သောက်ပြီးသွားတဲ့ အခါမှာတော့ လာမချတော့အောင် ခွက်ကို လုံးဝမသောက်ထဲ ထားလိုက်ရတဲ့ အထိပါဘဲ။ ကျွန်တော်တို့ စင်ကာပူကဧည့်သည်များ ဝိုင်းကလွဲလို့ ကျန်တဲ့ ဆွေမျိုးများနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်များ ဝိုင်းတွေမှာတော့ ဝီစကီပုလင်းတွေ တိုက်ကြပါတယ်။ ညပွဲမှာတော့ ဧည့်သည် တချို့လာတာ တွေ့ရပါတယ်။ လူတော်တော်စုံပြီဆိုတာနဲ့ သတို့သား သတို့သမီး ခမ်းမထဲကို ထွက်လာပါတယ်။ ထုံးစံအတိုင်း အင်္ဂလိပ် မင်္ဂလာလမ်းထွက်သီချင်းနဲ့ပေါ့။

သတို့သား သတို့သမီး စင်ပေါ်ရောက်တာနဲ့ အောက်မှာလဲ စားစရာတွေ တစ်မျိုးပြီးတစ်မျိုး လာချပေးပါပြီ။ ငါးမန်းတောင်ဟင်းချိုတစ်ပွဲ၊ ပေါက်စီ ကော်ပြန့် တစ်ပွဲ၊ ပုစွန်ကြော်တစ်ပွဲ၊ ဘဲပေါင်းတစ်ပွဲ၊ တုန်ယန်းဟင်းရည်တစ်ပွဲ၊ ထမင်းကြော်တစ်ပွဲ စုစုပေါင်း၆မျိုးပါ။ စင်ပေါ်ကြည့်လိုက် သီချင်းနားထောင်လိုက် စားစရာတွေစားလိုက်နဲ့ သတိလစ်ပြီး လာလာချတဲ့ အအေးတွေနင်းကန်သောက်မိတာရယ် နေ့လည်ကပင်ပန်းထားတာရယ်နဲ့ ဘဲပေါင်းအရောက်မှာ အားလုံးလက်နှေးကုန်ပါပြီ။






စင်ပေါ်မှာတော့ အမျိုးသား အဆိုတော်တစ်ယောက်၊ အမျိုးသမီးအဆိုတော်တစ်ယောက် တစ်လှည့်စီ သီချင်းဆိုကြပါတယ်။ အမျိုးသား အဆိုတော်တစ်ယောက်ဟာ ကျွန်တော် အမှတ်မမှားဘူးဆိုရင် ကျွန်တော်တို့ ငယ်ငယ်တုန်းက အင်မတန်နာမည်ကြီးတဲ့ ထုံချိုင်းလို့ထင်တာဘဲခင်ဗျ။ မဟုတ်ရင်လဲ မှားတာပေါ့ခင်ဗျာ။ သို့သော်သူတို့ဟာ ထိုင်းသီချင်းတွေမဆိုကြဘဲနဲ့ အမျိုးသားအဆိုတော်က အင်္ဂလိပ်သီချင်းဆိုပြီး၊ အမျိုးသမီးကတော့ တရုတ်သီချင်းတလှည့် ကိုးရီးယားသီချင်းတစ်လှည့်နဲ့ အပြီအပြင်ဆိုကြတော့တာပါဘဲ။

အပေါ်ကလူ ထုံချိုင်းမဟုတ်ကြောင်း သက်သေထူပါတယ်။ ဒီအောက်က ပုံကမှ ထုံချိုင်းအစစ်ပါ။ (ဟှုး မလွယ်ပါလား)

(Photo Source:http://blog.tourismthailand.org)
ဆက်ပါဦးမယ်….
ရေခဲ ပန်းပုကြီး လှလိုက်တာ..
ရေခဲပန်းပုကြီး မြင်တော့ Over My Dead Body ဆိုတဲ့ ရုပ်ရှင်ကားကိုပဲ သတိရမိတယ်။
ဟမ်…. မဆိုင်တာတွေ ဝင်ရေးမိပြန်ပါပြီ။
အလုပ်တွေ အတော်များနေပုံရတယ် ဟင်… ငါပြောမိပြန်ပြီ =-X
ထုံချိုင်းနဲ့ မတူပါ့လား…။
=-X
ဘယ်မှာလဲ ထုံချိုင်း… ဓါတ်ပုံပြပါ…
ဒါမှမဟုတ် အခုတင်ထားတဲ့ပုံကို ထုံချိုင်းလို့ ဆိုချင်တာလား…
ဒါဆိုရင်တော့ မောင်လေး မှားပါတယ် လို့ မမတို့ ဘလော့ဂ်အသံက မှတ်တမ်းတင်ပါရစေ…း))
အစားအသောက်ပုံတွေ ရေရေလည်လည်လှဒယ်။
ဒီလိုမှပေါ့…
ဆိုးတယ်လို့ ဟိုမှာပြောပြီးသားမို့ ဒီမှာထပ်မပြောတော့ဘူး…း))
ဟင် ဟိုဖက်နဲ့ ဒီဖက်နဲ့ တစ်ယောက်ထည်းလား
ဟင် တစ်ယောက်ထည်းပေါ့
ရေခဲရုပ်ထုကြီးရေမပျော်သွားဘူးလား။ (ငါမထုံဘူး ရေကူးတတ်တယ်။)
အစ်ကိုရေ ထုံချိုင်းမဟုတ်ဘူးဗျ။ ထုံထိုင်းပဲဖြစ်လိမ့်မယ်။ အောက်ကဓါတ်ပုံကသာအစစ်။
အဟိ.. ကိုကိုဒီဘီ မျက်စေ့လည်စေသော်…း))
ဟယ် ထုံချိုင်းလေးတောင် အရွယ် ကျသွားပါရောလား…ဒါပေမဲ့ သွားတက်လေးက ချစ်စရာကောင်းတုန်း…ကဒီဘီ့ပုံ တင်ပါဗျို့….
ညာတာပါတေးနဲ့ ထိုင်းအဆိုတော်ဆို သူက ထုံချိုင်းပဲသိတော့ အဲဒါလို့ရမ်းတုတ်တာ ခက်တာက လူတွေကအကုန်သိသွားတော့ ပြင်ဆင်ချက်ပါထည့်လိုက်ရတယ် ခွိခွိခွိ
ဟီးဟီး .. အမှန်တွေ ပြောနေပြန်ပြီ။
ကိုကိုဒီဘီရေ
နံပါတ် ၆ ရောက်မှဘဲ မီတော့တယ်။ နောက်ရက်တွေ အကုန်အစအဆုံး လာဖတ်အုံးမယ်။
အမျိုးသမီးနဲ့ ဘေဘီလေး လာရင် ဘန်ကောက်သွားမလား စဉ်းစားမိလို့
ခင်မင်စွာဖြင့်
သီဟသစ်
ugoxypeverere…
Download mp3 with Espadon Crew…
ဘုရား။ ဘုရား။ ဘုရားတပြီး နောက်တဆင့်ကို ဖွင့်ကြည့်မိတယ်။ (ဟီးဟီး) ထုံချိုင်းဆိုပြီး ထုံချိုင်းနဲ့ နင်လားငါလား အမွှာညီအကိုနီးပါးတူတဲ့ ကိုကိုဒီဘီ့ပုံကြီး ထွက်လာမယ် ထင်လို့။
ဘုရား။ ဘုရား။ ဘုရားတပြီး နောက်တဆင့်ကို ဖွင့်ကြည့်မိတယ်။ (ဟီးဟီး) ထုံချိုင်းဆိုပြီး ထုံချိုင်းနဲ့ နင်လားငါလား အမွှာညီအကိုနီးပါးတူတဲ့ ကိုကိုဒီဘီ့ပုံကြီး ထွက်လာမယ် ထင်လို့။
ကိုကေ့နှယ် အခုမှ ပေါ်လာတော့တယ်
အစားအစာတွေလည်းစားချင်တယ်-မြင်တာတွေလည်းရိုက်ချင်တယ်(ဓါတ်ပုံ) အခုလိုခံစားမှု့ တွေကိုမျှဝေပေးတာလည်းကျေးဇူးတင်မိတယ်-
နောက်လည်းထပ်ပြီးပို့ စ်တင်ပေးပါအုံး-ကိုယ်တိုင်သွားတယ်လို့ ခံယူထားပါတယ်-