Month: April 2009

အဆင်မပြေမှုအား တောင်းပန်ခြင်း

အခုရက်ပိုင်းမှာ ကျွန်တော့ဘလော့ကို လာဖတ်ကြပါကုန်သော မိတ်ဆွေများ ခဏခဏ ရင်ဆိုင်နေရတာကတော့ Internal Server Error ဆိုတဲ့ ခပ်စိမ်းစိမ်း အသိပေးချက်ကြီးပါဘဲ။ သိကြတဲ့အတိုင်း နဂိုကထည်းက အတက်နှေးတဲ့ ဘလော့ကို သည်းခံပြီး လာဖတ်ပေးကြတာ ကျေးဇူးတင်လို့မဆုံးပါဘူး။ ဒါနဲ့ ဒီလောက်တောင်နှေးထှာ ဆိုပြီး သူများတွေနဲ့ စုပေါင်းစပ်ပေါင်း ဝိုင်းသုံးနေရတဲ့ ဆာဗာ (Shared Server) ကနေ နဲနဲများပိုမြန်လာမလားဆိုပြီးတော့ သီးသန့်အိုင်ပီ (Dedicated IP Service) ဝယ်လိုက်တာမှာ ခုလိုအခက်အခဲတွေ မျိုးစုံဖြစ်ကုန်တော့တာပါဘဲ။ ပထမတစ်ရက် အိုင်ပီတစ်ခုပေးတယ် ခဏခဏဝင်မရဖြစ်တယ် ဒါနဲ့ ကွန်ပလိန့်ပြန်တက်တယ် မနေ့ကနောက်ထပ် အိုင်ပီတစ်ခု ထပ်ပေးပြန်တယ်။ ဆိုတော့ ဒီတစ်ရက်နှစ်ရက်အတွင်းမှာတော့ သက်ဆိုင်ရာ အိုင်စက်စ်ပီတွေရဲ့ DNS List မှာ ကျွန်တော့်ဘလော့ရဲ့ အိုင်ပီအသစ်က နေရာမယူရသေးတော့ ဝင်ရတာ ခက်နေဦးမှာပါ။ နောက် နှစ်ရက်လောက်ဆိုရင်တော့ အဆင်ပြေကောင်းပါရဲ့။ သည်းခံပြီး လာကြပါကုန်သော မိတ်ဆွေများကို ကျေးဇူးအထူးတင်ရှိပါကြောင်း ထပ်လောင်းပြောကြားပါရစေခင်ဗျား။

Tags :