Month: April 2009

ပိတောက်တစ်မျက်နှာကို တွေ့ရှိခြင်း

 ပိတောက်တစ်မျက်နှာ အကြောင်းဆိုတော့ ကိုဒီဘီကြီး သင်္ကြန်ပိုး မသေသေးဘူး ထင်နေကြမှာဘဲနော်။ ပိတောက်တစ်မျက်နှာ သီချင်းဆိုတာ အားလုံးသိကြတဲ့ အတိုင်းပါဘဲ။ ကိုနေဝင်းရေးပြီးတော့ မင်းသားကြီး ဇော်ဝမ်းသီဆိုထားတဲ့ သင်္ကြန်သီချင်းပါ။ သင်္ကြန်မိုး ဇာတ်ကား ထွက်တော့မှ ဇတ်ဝင်သီချင်း အနေနဲ့ထွက်လာတာ ထင်ပါတယ်။ အဲဒီသင်္ကြန်မိုး အောင်မြင်ပုံကတော့ ၁၉၈၅ ခုနှစ်မှာ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ရုပ်ရှင်ဓါတ်ပုံဆု ဆိုပြီး အကယ်ဒမီဆု သုံးဆုချိတ်ခဲ့တဲ့ ကားပေါ့ဗျာ။ ကျွန်တော်ငယ်ငယ်ဘဲ ရှိသေးတာပေါ့။ ခုထိလဲ ဘယ်အချိန်ပြပြ ကြိုက်နေတုန်းပါဘဲ။ အဲဒါတွေက သိပြီးသားတွေပါလေ ခုမသိသေးတာလေး (ကျွန်တော်မသိတာဘဲ ဖြစ်ချင်ဖြစ်နေမှာပါ) ပြောပြဦးမယ်။

ပြန်ပြောင်းပြောရရင်ပေါ့လေ အမေရိကားမှာ ဟိုးအရင်တုန်းက Jim Reeves (August 20, 1923 – July 31, 1964) ဆိုတဲ့ နာမည်ကြီး အဆိုတော်တစ်ယောက် ရှိခဲ့ဘူးသတဲ့ကွယ်။ ကျွန်တော်လား မသိပါဘူး။ ခုမှရှာလိုက်တာ။ အသေးစိတ်သိချင်ရင်တော့ ဝီကီမှာ သွားဖတ်တော့ဗျာနော်။ အဲသူက ၁၉၆၄ ခုနှစ်မှာ လေယာဉ်ပျက်ကြပြီး အနိစ္စသဘောနဲ့ ကိစ္စချောသွားခဲ့တာပေါ့။ Elvis Presley နဲ့ ခေတ်ပြိုင်ဖြစ်ခဲ့တာပေါ့လေ။ သူ့သီချင်းတွေကတော့ တော်တော် အောင်မြင်ခဲ့ပုံဘဲ။ အသက်၄၀အရွယ်မှာ သူဆုံးပါးသွားပြီးတာတောင် သူ့သီချင်းတွေဟာ အောင်မြင် ကြော်ကြားနေဆဲဘဲပေါ့။ မိတ်ဆွေတို့ကို သူ့သီချင်းတွေထဲက နားထောင်လို့ကောင်းမည့် သီချင်းတစ်ပုဒ်နဲ့ ကျွန်တော် မိတ်ဆက်ပေးလိုပါတယ်။ ပူကပူ ပျင်းကပျင်းနဲ့ ရှေးသီချင်းတွေ နားမထောင်ချင်ပါဘူး လို့တော့ မပြောလိုက်ပါနဲ့ဦး။ ခဏလောက်တော့ နားထောင်ကြည့်လိုက်ပါ။ မိတ်ဆွေ နားယဉ်ပြီးသားလဲ ဖြစ်ချင်ဖြစ်နေမှာပါ။ ကျွန်တော်ယုံပါတယ်။

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Read more

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Tags :