သီချင်းများဖြင့်နှုတ်ဆက်သူ

မနှစ်ကလုပ်ခဲ့တဲ့ အလုပ်ဟောင်းမှာပေါ့ ကျွန်တော်တို့ ကုပ္မဏီက မေလဆိုရင် ပါဖောမင့်ဘောနပ်ဆိုပြီး ပေးတတ်တယ်။ အဲဒီအချိန်မတိုင်ခင်မှာ အကဲဖြတ်တယ် အမှတ်ပေးတယ်နဲ့ အဲဒါမျိုးတွေ လုပ်တတ်တယ်။ ကျွန်တော်တို့ဆီမှာ မားကတ်တင်းလိုလို after sales support လိုလိုနဲ့ မလေးတရုတ်မလေး တစ်ယောက်ရှိတယ်ဗျ။ ရန်ကုန်မှာတုန်းကထဲက တစ်ကုပ္မဏီထဲ အတူတူအလုပ်လုပ်ခဲ့တဲ့ ဗမာနှစ်ယောက်ရယ် နောက်ထပ်တရုတ်ကလေးတစ်ယောက်ရယ် ကျွန်တော်ရယ် အဲဒီတရုတ်မလေးရယ်က စိတ်ဝင်စားစရာတစ်ခုခု တွေ့ရင်ဖြစ်ဖြစ် သီချင်းကောင်းတာမျိုး တွေ့တာဘဲဖြစ်ဖြစ် ရုံးအီးမေးနဲ့ အပြန်အလှန်ပို့ပေးနေကြတဲ့ ရုပ်တည်ကြီးတွေနဲ့ထိုင်ပြီး အီးမေးတွေနဲ့ ဘရုတ်ကျနေကြတဲ့ အဖွဲ့တွေပေါ့။

ဒီလိုနဲ့ ခုနကပြောခဲ့တဲ့ အချိန်ရောက်လာတော့ အကဲဖြတ်အမှတ်တွေကို လူကိုယ်တိုင်ကိုသီးသန့်ခေါ်ပြော လက်မှတ်တွေထိုးခိုင်းလုပ်တဲ့အခါမယ် သူကကျေနပ်ခဲ့ပုံမရဘူး။ အဲဒါပြီးတော့ သူစိတ်နာတယ်ထင်ပါတယ် အလုပ်ထွက်မယ်ပြောတော့တာဘဲ။ အဲဒီမှာ ထွက်ခါနီးတော့သူက ကျွန်တော်တို့ကို နှုတ်ဆက်တာ၊ ပထမတစ်ရက် သီချင်းလေးတစ်ပုဒ် ပို့လိုက်တယ် (One Republic ရဲ့ Stop and Stare) ဆိုတာလေး။ ရုတ်တရက်နားမလည်ဘူး။ ရိုးရိုးသီချင်းပို့တယ်ဘဲအောက့်မေ့တာ။ ကျန်တဲ့လူတွေကလဲ ဘာမှပြန်မပြောကြဘူး။ ကျွန်တော်နဲနဲ စာသားလေးလိုက်ရှာကြည့်တော့မှ သူပေးချင်တဲ့ မက်ဆေ့ခ်ျကိုရတယ်။ ခဏနေတော့ စာပြန်လိုက်တယ် မင်းဘာပြောချင်တာငါသိတယ်ပေါ့၊ သူချက်ချင်းဘဲ စာပြန်လာတယ် မင်းနဲ့ငါနဲ့ နှလုံးသားတူတယ် ဘာညာပေါ့ (အဟိ)။ သီချင်းလေး နားထောင်ကြည့်လို့ရအောင် ထည့်ပေးလိုက်တယ်ဗျာ။ ကုပ္မဏီကို မကျေနပ်လို့ ထွက်တော့မယ် နောက်ကျန်နေခဲ့မယ့်လူတွေကိုလဲ သတိပေးခဲ့ခြင်တယ်ဆိုရင် ဒီသီချင်းလေးသာ နားထောင်ခိုင်းလိုက်။

[youtube LuEk3d-R9ds]

ဒါနဲ့ မပြီးသေးဘူး နောက်ဆုံးတစ်ပါတ်လဲရောက်ရော နောက်တစ်ပုဒ် ကျွန်တော်တို့အဖွဲ့ကို ပို့ပြန်တယ်။ 17 Again တဲ့၊ သီချင်းနာမည်က။ လာပြန်ပြီဟဆိုပြီး စာသားလိုက်ရှာရပြန်တယ်။ ဒီတစ်ခါတော့ ဘယ်သူမှသူ့ဆီကို စာမပြန်နိုင်တော့ဘူး။ နောက်ဆုံးနေ့မှဘဲ ဝိုင်းပြီးနှုတ်ဆက်လိုက်ကြတယ်။ တစ်ခုသတိထားမိလိုက်တာက သီချင်းကြိုက်တတ်တဲ့လူတွေဟာ သူများထက်ပိုပြီး ခံစားတတ်ကြသလားဘဲလို့။ ဒီကလူတွေဟာ ကိုယ့်လူမျိုးတွေလောက် ခံစားကြပါမလားလို့ ထင်ထားတာလေးတောင် သူနဲ့ကြမှလွဲတော့တယ်။ နားထောင်ကြည့်ကြပါဦး။

[youtube n_TXsiWiHBQ]

17 Again ရုပ်ရှင်ဒီမှာ ပြတော့မယ်လို့ ကြော်ငြာတွေ့လိုက်တာနဲ့ ဒီအဖြစ်အပျက်ကလေး ပြန်သတိရသွားလို့ ဆားတစ်အိုးချက်ရင်း ရေးလိုက်ရပါပေတယ်။

Tags : ,
15,125 views