Tag: မလေးရှား

မလေးရှား

အခုရက်ပိုင်း အလုပ်ကလဲ မအား၊ အလုပ်ထဲ ခေါင်းရှုတ်လာရင် ဘလော့မှာ စာတွေ အဆင်တပြေမြင်ရဖို့အရေး ဟိုလုပ်ဒီလုပ်နဲ့၊ ဘလော့ပြင်တဲ့ အလုပ်ပဲ လုပ်နေမိတယ်၊ အခုတော့ ဘလော့ကိုတော့ ဘာနဲ့ဖွင့်ဖွင့် မြင်ရပြီ၊ အဓိကအလုပ်ဖြစ်တဲ့ စာရေးဖို့ပဲလိုတော့တယ်။

လောလောဆယ် စာမရေးနိုင်သေးခင် မလေးရှား သွားလည်ထားတုန်းက ရိုက်ခဲ့တဲ့ ပုံကလေးတွေနဲ့ လက်ပြန်သွေးပါမယ်။

မလေးရှားကို လွန်ခဲ့တဲ့ ၂နှစ်လောက်က အလည်တစ်ခေါက်ရောက်ဖူးပေမယ်လို့ အခုမြင်ရတဲ့ KL Tower ကြီးကို နေ့လည်နေ့ခင်းအချိန်မှာသာ ရောက်ဖူးတာပါ။ ဒီတစ်ခေါက်ကတော့ ရောက်တဲ့အချိန်ကလဲ ညကြီးသန်းခေါင်အချိန် ဖြစ်တာကြောင့် KL Tower ရဲ့ ညအလှကို မြင်ဖူးသွားပါတယ်။ ဒါနဲ့ပဲ နောက်တစ်ရက် လျှောက်လည်ပြီး ညမှောင်လာတာနဲ့ အဲဒီ KL Tower ရှိတဲ့နေရာကို တစ်ခါထပ်သွားပြီး ညအလှပုံ ရိုက်ခဲ့ပါတယ်။ သုံးချောင်းထောက် မသယ်သွားတဲ့အတွက် ပုံကို သိပ်စိတ်တိုင်းကျကြီးတော့ မဟုတ်ပါဘူး။ ရေတစ်ဝက်ပါတယ်လို့ သဘောထားလိုက်ပါတယ်။

မလေးရှားသွားရင် အဲဒီနေရာပဲ သွားလည်ရမယ်လို့ စိတ်စွဲနေတာမျိုးလား မဆိုနိုင်ပါဘူး၊ Genting Highland ဆိုတာကို သွားခဲ့သေးတယ်။ တကယ်တော့ ဒီတစ်ခေါက်က မိဘတွေကို အလည်ပို့ချင်တာနဲ့ ကမန်းကတန်းသွားလိုက်ရတဲ့ ခရီးဆိုရင်လဲ မမှားပါဘူး။

တောင်ခြေက အတက်မှာ ရာသီဥတု သာသာယာယာ ရှိသလောက် … 

တောင်ပေါ်ရောက်တော့မယ်ဆိုတာနဲ့ အအေးဓာတ်က ပိုလာတာ သိသိသာသာခံစားရပါတယ်။ Cable Car ရဲ့ မှန်သားပေါ်က ရေငွေ့က သက်သေပါပဲ။ 

(ဆက်ပါဦးမယ်…)

Tags :