Tag: ZawGyi

Just Another Converters

ဘာရယ်မဟုတ်ပါဘူး ကနေ့အိမ်မှာ စာဖတ်ရင်း ပျင်းလာတာနဲ့ တောင်တောင်အီအီလိုက်ကြည့်နေရင်းနဲ့ မြန်မာ အိုင်တီပရိုမှာ လုပ်ထားတဲ့ ဇော်ဂျီကနေ ယူနီကုဒ်ပြောင်းတဲ့ ကွန်ဗာတာလေး သဘောကျတာနဲ့ Hosting မှာဘလော့တင်ထားရတာ တန်အောင်လို့ ကိုယ်ပိုင်တစ်ခု လုပ်ကြည့်ပါတယ်။

ဇော်ဂျီကနေ ယူနီကုဒ်ပြောင်းတဲ့ ကွန်ဗာတာကိုတော့ Unicode Converter လင့်ကနေ အသုံးပြုနိုင်ပါတယ်။ ကျွန်တော့ ဘလော့ အပေါ်နားက Page Link တွေကနေလဲ သွားနိုင်ပါတယ်။

ယူနီကုဒ်ကနေ ဇော်ဂျီပြောင်းတဲ့ ကွန်ဗာတာကိုတော့ ZawGyi Converter လင့်ကနေ အသုံးပြုနိုင်ပါတယ်။ ကျွန်တော့ ဘလော့ အပေါ်နားက Page Link တွေကနေတဆင့်လဲ သွားနိုင်ပါတယ်။

ဒါတွေရှိတော့ ဘာထူးသွားတုန်းဆိုတော့ စိတ်ကူးတည့်ရာ သုံးသွားပေါ့လို့ပဲ ပြောချင်ပါတယ်။ အင်တာနက်ပေါ်မှာ သိလျှင်တော့ ရှာနိုင်လို့တွေ့နိုင်ပေမယ့် မသိလျှင်တော့ ဘာတွေရှိနေမှန်းတောင် သိဖို့ခက်ပါတယ်။ ဒါကြောင့် Just Another Converters အဖြစ် စုစည်းထားချင်တာ သက်သက်ပါ။

know issue အနေနဲ့ကတော့ IE ပေါ်မှာ ကောင်းကောင်း အလုပ်လုပ်ချင်မှ လုပ်ပါမယ်။

Tags : , ,