Tag: ornagai

Congratulation to Ornagai App Winners!

 

အရင်ကတော့ ညရောက်မှ မဲဖောက်ပေးမလို့ပါဘဲ၊ သို့သော်လည်း ကိုစေတန်၏ ပြောပြချက်အရ အခုလာမယ့် ကြာသာပတေးနေ့မှာ Ornagai က New Version Release လုပ်ဖို့ရှိတယ်ဆိုတော့ အရင်ပေးထားတဲ့ Promo code တွေ အလုပ်မလုပ်တော့မှာ စိုးလို့ အခုညနေပိုင်းမှာဘဲ ကြော်ငြာပေးလိုက်ပါတယ်။ မနက် ကထဲက လူစာရင်း အရ ၁၁ ယောက်ရှိတဲ့အထဲက ငါးယောက်စာ Random.org မှာ ငါးကြိမ် Random နံပါတ် နှိုက်ထားပြီးသားဖြစ်ပါတယ်။

စာရင်းပေးထားသူများ ကတော့ နံပါတ်စဉ်အလိုက် ဖြစ်ပါတယ်။

  1. Kay Thwe Win
  2. Nwe Ni 
  3. Ko Boyz
  4. Nyi Lin Win
  5. Moe Seth
  6. emoracket (????)
  7. Min Naing Oo
  8. Myo Win Yee (?????)
  9. Kyaw Mg Mg Zaw
  10. Sai Khay Sit
  11. Ko Htun

Promo Code ၅ခုဖြစ်တဲ့အတွက် ငါးကြိမ် Random နံပါတ် နှိုက်လိုက် တဲ့အခါ အောက်ပါအတိုင်း ကံထူးသူ ငါးဦးထွက်ပေါ်လာပါတယ်။

ကံထူးသူ ငါးဦးမှာ

  1. Ma Nwe Ni (SrNo. 2)
  2. Ko Nyi Lin Win (SrNo. 4)
  3. Ko Min Naing Oo (SrNo. 7)
  4. Moe Seth (SrNo. 5)
  5. Ma Kay Thwe (SrNo. 1)

ကံထူးသူများရဲ့ ဆက်သွယ်ရန် ပေးထားတဲ့ အီးမေးကို Promo Code များ ပို့ပေးမှာဖြစ်ပါတယ်။ Promo Code များဖြင့် Application Download လုပ်ရန်အတွက် App US Store Account ရှိရပါမယ်။ အကယ်၍ စင်ကာပူမှလူများ စင်ကာပူ Account ရှိပြီးသားဖြစ်နေရင်လဲ US Account ကို BanK Card မလိုဘဲ Account အသစ်ဖွင့်နိုင်သော နည်းလမ်းရှိပါတယ်။ ကိုစေတန်မှ စမ်းသပ်ပြုလုပ်ကြည့်ပြီး ဖြစ်လို့ သူ၏ ဘလော့လင့် မှတဆင့် ပြုလုပ်ပုံများကို ဖတ်ရှုပြီး account အသစ်ဖွင့်နိုင်ကြပါတယ်။

ကျွန်တော့်ကြော်ငြာဘဲ အချိန်နဲသွားတာလား လူတွေဘဲ Ornagai ကို ဝယ်ပြီးသုံးကုန်ကြလို့လားတော့ မသိပါဘူး၊ မဲဖောက်ပေးဖို့ စာရင်းလာပေးတာ အခုလို ပေါက်မဲ မတိုင်ခင်အထိ လူ ၁၁ ဦးသာ ရှိပါတယ်။ အဲဒီအထဲက ၂ ဦးမှာ ဆက်သွယ်ရန် လိပ်စာမပေးခဲ့လို့ စာရင်းထဲက ဖယ်မယ်ဆိုရင် ၉ ဦးသာ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်မှ Application Owner ကိုစေတန့်ကို နားပူနားဆာ လုပ်ကြည့်တော့ ကျန်တဲ့ လေးဦးအတွက်ပါ Promo Code များ ပေးအပ်ဖို့ သဘောတူပါတယ်။ ဒါကြောင့်မို့လို့ မဲမပေါက်တဲ့ ကျန်လေးဦးလဲ Promo Code ရရှိမှာဖြစ်ပါတယ်။

ထပ်မံပြီးတော့ အခု ကံထူးသူများ စာရင်းရေးနေတုန်းမှာဘဲ နောက်ဆုံး Last Minute မှာမှ လာပြီး စာရင်းပေးတဲ့၊ (တကယ်ဆိုရင်တော့ ညကျမှ စာရင်းပိတ်ရမှာပါ Promo Code သုံးဖို့ အချိန်နဲသွားမှာစိုးလို့ ညနေမှာ မဲဖေါက်ပေးဖို့ ဆုံးဖြတ်လိုက်လို့ပါ။) တစ်ယောက် အတွက်လဲ ထပ်မံပြီးတော့ ကိုစေတန့်ဆီမှာ အပူကပ်လိုက်တဲ့အခါမှာ သဘောကောင်းစွာနဲ့ Promo Code တစ်ခု ထပ်ပေးပါတယ်။ ဒါကြောင့်မို့လို့ ဆက်သွယ်ရန် လိပ်စာ မပေးခဲ့တဲ့ လူ၂ဦးမှလွဲ၍ ကျန်လူ ၁ဝ ဦးလုံး ဗလာမပါ ကံထူးကြပါကြောင်း သတင်းကောင်းပါအပ်ပါတယ် ခင်ဗျား။

မဲပေါက်သူများ အီးမေး စစ်ပေးကြပါခင်ဗျ။

မဲပေါက်သူများ ကိုယ်စား ကိုစေတန့်ကို ကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါတယ်ခင်ဗျား။

Tags : ,