Tag: beach camping

Singapore 91

စင်ကာပူအကြောင်း အခန်း​ဆက်​ရေး​လာ​တာ အခု​ဆို​ရင် အပိုင်း ၉​၁​တောင်​ရောက်​သွား​ပါ​ပေါ့ (ခပ်​တည်⁠တည်​ဘဲ)။ အခု​နောက်​ပိုင်း​မှာ ကျွန်တော်​တို့ လင်မယား​နှစ်​ယောက် ဟို⁠ဟို​ဒီ​ဒီ သိပ်​မ​သွား​ဖြစ်​ပါ​ဘူး။ အဲ​ဒါ​နဲ့ အခု​သုံး​ရက်​ပိတ်​တုန်း​မှာ လျှောက်​လည်​ကြ​မ​ဟဲ့​ဆို​ပြီး ထွက်​ဖြစ်​ကြ​ပါ​တယ်။ မ​ထ​မနေ့​မှာ​တော့ မရိုး​နိုင်​တဲ့ East Cost ကို​ဘဲ သွား​ဖြစ်​ပါ​တယ်။ တရုတ်​နှစ်ကူး​တုန်း​ကတော့ တဲ​ပါ​ထိုး​ပြီး ည​အိပ်​ဖြစ်​တယ်၊ ဒီ​နှစ်​တော့ မနှစ်​က အတွေ့​အကြုံ​အရ ရေချိုး အိမ်သာ​တက်​ရ​တာ ခက်ခဲ​တာ​နဲ့ ည​မ​အိပ်​တော့​ဘဲ မနက်​ပိုင်း​ရောက်​အောင်​လာ ညနေ​မိုးချုပ်​မှ အိမ်​ပြန်​ကြ​ပါ​တယ်။ အဲ​ဒီ​နေ့​မနက်​ခင်း​မှာ ပေါ့​ပေါ့ပါး​ပါး ကလေး​နှစ်​ယောက်​ကို နေရာ​သွား​ဦး​ခိုင်း​ထား​ရ​ပါ​သေး​တယ်။ ဒါ​တောင် ကံကောင်း​လို့ ကျောက်​စားပွဲ​တစ်​လုံး​ရ​တာ​ပါ။

ရာသီ​ဥတု​ကတော့ ဘော​လုံး​သမား​များ အကြိုက်​ဖြစ်​ပါ​တယ်။ သို့သော် ဘော်​လုံး​တော့ မ​ကန်​ကြ​ပါ​ဘူး။ မိုး​မ​ရွာ​ခင်​မှာ ဘောင်းဘီ​လိုက်​ရှာ​ဝယ်​ပြီး​တော့ မိုးရွာ​သော​အခါ ရေ​ဆင်း​ချိုး​ကြ​ပါ​တယ်။ ကံကောင်း​ထောက်မ​စွာ​နဲ့ အဲ​ဒီ​နေ့​က လူတော်တော်​မ​များ​ပါ​ဘူး။ မျက်စိ​နောက်​စရာ​တွေ သိပ်​မ​တွေ့​ရ​တဲ့​အတွက် တော်တော်​စိတ်​ချမ်းသာ​ပါ​တယ်။ ရေချိုး​တဲ့​ပုံ​ကတော့ Facebook ထဲ​မှာ တော်တော်​လေး ပေါ်​ပြူ​လာ ဖြစ်​လိုက်​ပါ​သေး​တယ်၊ အခု​တော့ ရှက်​သွား​တဲ့​အတွက် ကြည့်​ရှု​ခွင့်​ကို ပိတ်​ပင်​ထား​လိုက်​ပါ​ပြီ။ (ဟမ်)

ရေ​က​ကမ်းခြေ​မှာ ချိုး​တာ ဖြစ်​ပေ​မယ့်​လဲ၊ ရေ​မ​ကူး​တတ်​တဲ့​အတွက် ရေနစ်​မှာ​တော့ ကြောက်​ပါ​သေး​တယ်။ ဒါ​ကြောင့် ကြောက်​ပြီး ဒူး​တုန်​မ​နေ​အောင် ရဲ​ဆေး​တင်​ရ​ပါ​သေး​တယ်။ သိပ်​အကြိုက်​ကြီး​တော့ မဟုတ်​လှ​ပါ​ဘူး။ စား​တယ် သောက်​တယ် ပေါက်​တယ် လေ​ပန်း​တယ်​နဲ့ တ​နေ​ကုန်​ပါ​တယ်။

ကလေး​တွေ စက်ဘီး​စီး​တာ တွေ့​တာ​နဲ့ အတူ​လာ​ကြ​တဲ့​အထဲ​က စက်ဘီး​ငှား​ပြီး စကား​ထိုင်​ပြော​နေ​ကြ​တဲ့ နှစ်​ယောက်​အစား စက်ဘီး​စီး​ထွက်​လိုက်​ပါ​သေး​တယ်။

ဟို​ဘက်​သွား​လိုက် ဒီ​ဘက်​သွား​လိုက်​နဲ့ ဒီ​ကလေး​ဟာ မ​မော​နိုင်​မ​ပန်း​နိုင်  ကျွန်တော်​တို့​အနား​မှာ​ဘဲ လှည့်​ပါတ်​စီး​ပါ​တယ်။ စက်ဘီး​ချိမ်း​ကျ​ရင် လမ်းပေါ်​မှောက်​ထား​လိုက်​လို့ သူ့​အဖေ​လို့​ထင်​ရ​တဲ့ တရုတ်​ကြီး​က လာ⁠လာ​ပြင်​ပေး​မှ ထပ်​စီး​ပါ​တယ်။ သူ့​ကြည့်​ပြီး ကျွန်တော်​တို့ ထပ်​တင်​စရာ​မ​လို​ဘဲ အရှိန်​တွေ​တက်​နေ​ကြ​ပါ​တယ်။

အဲ​ဒီ​နေ့​က လိုလိုမယ်မယ် ကင်​မ​ရာ​သာ ယူသွား​တာ စိတ်​အေး​လက်​အေး​နား​ချင်​တဲ့​အတွက် ဓာတ်​ပုံ​အများ​ကြီး မ​ရိုက်​ဖြစ်​ပါ​ဘူး။ ဒီ​ပုံ​ကတော့ ကင်​မ​ရာ​မြင်​ရင် မ​နေ​နိုင်​တဲ့ ပိန်⁠ပိန်​ရိုက်​ထား​တာ​ပါ။

ဒါ​ကတော့ အရသာ​အား​ဖြင့် အောင်မြင်​သွား​တဲ့ အိမ်​ချက်​ဒံ​ပေါက်​ပါ။ အရောင်​ပိုင်း​မှာ စိတ်​တိုင်း​မ​ကျ​သေး​ပါ​ဘူး။ တတိယ အကြိမ်​မြောက်​မှာ​တော့ လုံး​ဝ​အောင်မြင်​မယ်​လို့ ယုံကြည်​နေ​ပါ​တယ်။ ထပ်​ဖောက်​ဦး​မှာ​ပါ။ အဲ​ဒီ​အခါ​ကြ​တော့ လာ​အားပေး​ကြ​ပါ​ဦးနော်။

ညနေပိုင်းမှာမှ ရောက်လာ​တဲ့​တစ်​ယောက် ဝယ်​လာ​တဲ့ ဘဲ​ကင်​စား​ပြီး​မှာ​တော့ အားလုံး​အိမ်​ပြန်​ကြ​ပါ​တယ်။ ဘဲ​ကင်​ကတော့ တစ်​ယောက်​တစ်​လက် ကျောင်းသား​လက်​မှာ နောက်​မ​ကျ​ရအောင် လိုက်​နေ​ရ​တဲ့​အတွက် ပုံ​ထွက်​မ​လာ​ပါ​ဘူး။ ဒုတိယ ပိတ်​ရက်​ကို​တော့ အပြောကြီး​လှ​တဲ့ Marina Sand Bay က Sky Park ဆို​တာ​ကြီး​ကို သွား​ဖို့ လင်မယား​နှစ်​ယောက် ဆုံးဖြတ်​လိုက်​ကြ​ပါ​တယ်။ ….

Tags : ,