Tag: ကျေးဇူးတရား

ကျေးဇူး အထူးပါ

ယခင်က ပြောခဲ့သလိုပါဘဲ၊ အဂ်လိပ်နှစ်ကူးတုန်းက မအားလပ်လို့ နှစ်ကူးပို့စ်လေး မရေးလိုက်ရတော့ တရုတ်နှစ်ကူးမှရေးတော့မယ်ဆိုတာလေး။ အဲဒါအခုရေးပါတယ်၊ ရေးမယ်ရေးမယ်နဲ့ ရုံးရက်ရှည်ပိတ်မှဘဲ ရေးဖြစ်ပါတော့တယ်။ ဘာမှထူးထူးခြားခြားကြီးတော့ မဟုတ်ပါဘူး။ ဘလော့ဆိုတော့ ဘလော့မှာ ထူးခြားခဲ့တာလေးဘဲရေးပါမယ်။ အထူးသဖြင့်တော့ ကျေးဇူးတင်ကြောင်းပြောမှာဆိုရင် မမှားပါဘူး။

ကျွန်တော့်မှာ လူပေးမသိခဲ့တဲ့ ဘလော့လေးတစ်ခုကို Blogspot မှာ စလုပ်ခဲ့ဘူးပါတယ်။ အစကတော့ စာရေးဖို့ထက် သူများတွေ ဘလော့ဘယ်လိုလုပ်သလဲဆိုတာလေး လျှောက်စမ်းကြည့်ချင်တာနဲ့လုပ်ခဲ့တာပါ။ အဲဒီကနေမှ WordPress ပေါ်လာတော့ wordpress ကိုပြောင်းခဲ့ပါတယ်။ အဲဒီအထိလူမသိသေးပါဘူး။ ဘလော့ဖတ်တာတော့ တော်တော်တတ်နေ စွဲနေပြီပေါ့။ စာတော့ မရေးသေးပါဘူး။ ဘလော့စရေးစလူများ ထုံးစံအတိုင်း ဟိုရောက်ဒီရောက်လေးတွေပေါ့။ အဲဒီအချိန်က ဘလော့ထက် သူငယ်ချင်းများနဲ့ အတူလုပ်နေတဲ့ ဖိုရမ် ဘက်မှာဘဲ အချိန်ပေးနေဖြစ်တဲ့ အချိန်ပေါ့၊ အဲဒီမှာ ရေးသားရင်းနဲ့ ကျွန်တော်တို့ အက်ဒမင်အဖွဲ့ထဲက ကိုပီဇီ က ခင်ဗျားဘလော့မှာ စာရေးပါလားဗျာ ဆိုပြီး သူတို့ဘဲသိတဲ့ ကျွန်တော့် ဘလော့လေးမှာ လာလာပြီးစာမရေးသေးရင် လာလာတွန်းနေတတ်ပါတယ်။ ခုလဲဘဲ သူအားလို့ ဘလော့တွေလိုက်ဖတ်ရင် ကျွန်တော့်ဆီရောက်လာပြီး အသစ်မတွေ့တာနဲ့ အော်တာပါဘဲ။ သူ့ကြောင့် ကျွန်တော်စာစရေးဖို့ အားမွေးလာရတယ်ပေါ့။ နောက် ကျွန်တော်ရေးပြီးရင် သူလာလာဖတ်ပြီး ကောင်းတယ်ဗျာလို့ ပြောရာကနေ အားတက်ပြီး ဆက်ရေးဖြစ်တော့တာပါဘဲ။ နောက်အပြင် free hosting တင်ထားတဲ့ ကျွန်တော့် လူမသိတဲ့ဘလော့ကို စီဘောက်မှာပထမဆုံး လာနှုတ်ဆက်သွားသူများကတော့ ကိုသင်ကာနဲ့ မပန်ဒိုရာပါ(မျက်စိလည်လာတယ်လို့ယူဆရပါတယ်)။ သူတို့မှတ်မှတ်ရရ အဲဒီတစ်ခါနှုတ်ဆက်သွား ကထည်းက အားကပိုရှိလာပြီး နောက်ပိုင်း mzblog မှာ ဘလော့ ဆားဗစ်စပေးတော့ ကျွန်တော့ ဘလော့ကို အဲဒီမှာဆောက်ပြီး စာ အသေအချာစရေးဖြစ်သွားပါတယ်Read more

Tags :