Tag: အိုနာဂိုင်း

အိုနာဂိုင်း ဆိုတဲ့ Online [English <> Myanmar] Dictionary

ကျွန်တော်တို့ MZ ကမင်ဘာများရဲ့ အင်အားနဲ့ ဝိုင်းဝန်းပြီး Data Entry လုပ်ထားတဲ့ Online Dictionary လေးဟာ ခုတော့စာလုံးတော်တော်ပြည့်ပြည့်စုံစုံရှိနေလို့ မိတ်ဆွေများကို မိတ်ဆက်ပေးချင်ပါတယ်။ အရင်တုန်းကတော့ မင်ဘာတွေ အားတဲ့အချိန်ဒေတာလေးသွင်းလိုက် ကြာနေလိုက်နဲ့ဖြစ်နေတာ တော်တော်လေးများလာတော့ ကိုစေတန်က အခုနောက်ဆုံးဖြစ်လာမယ့် Online Dictionary Version ကို သူ့ဘာသာရေးပါတယ်။ မင်ဘာတွေ သွင်းထားတဲ့ ဒေတာလေးတွေနဲ့ အရင်စမ်းကြည့်နေပြီးတော့ တနေ့က မြန်မာ NLP က English Myanmar Translator ဆိုပြီးထုပ်လိုက်တာမှာ သူက ဒေတာတွေအလကားသုံးလို့ရအောင် ဖွင့်ထားပေးတာနဲ့ ကျွန်တော်တို့ရဲ့ Dictionary ထဲပေါင်းထည့်လိုက်တာဆိုရင် ခုတော့ စာလုံးရေဟာ English To Myanmar 3 သောင်း ကျော်နဲ့ Myanmar To English ၅ သောင်း ကျော် ဖြစ်သွားပါပြီ။

ornagaiအဲဒီ အိုနာဂိုင်း (www.ornagai.com) ဟာ ဂျပန်နာမည်တော့ မဟုတ်ပါဘူး။ ကိုစေတန်ရဲ့ အသည်းစွဲစာလုံးဖြစ်တဲ့ born again ကို ဒိုမိန်းအနေနဲ့ဝယ်ရာမှာ မရလိုက်လို့ ရှေ့တစ်လုံး နောက်တစ်လုံးဖြုတ်ပြီး နာမည်ပေးထားလိုက်တာပါ။ Google လည်းအစကအဲဒီလို နာမည်မှားတာလို့ ကြားဖူးပါသည်။ Google လိုတမင်သက်သက် လိုက်မှားလေသလားမသိ။ Google က မှားပြီး နာမည်ကျော်လာသည်။ ကိုစေတန်၏ Ornagai လည်း မှားပြီး နာမည်ကျော်ပါစေဟု ဆုတောင်းမိပါသည်။

စာလုံးတွေများနေပြီဆိုသော်လည်း တကယ်တန်းမှာတော့ အများကြီးလိုပါသေးသည်။ ရှာပုံရှာနည်းကတော့ Eng to MM ရှာမယ်ဆို ရှာချင်သော Eng စာလုံးကို ရိုက်ထည့်ရမှာဖြစ်ပြီးတော့ မြန်မာကနေ Eng ရှာချင်တာဆိုလျှင်တော့ မြန်မာလို (ဇော်ဂျီစာလုံးဖြင့်) ရိုက်ထည့်ကာ ရှာနိုင်မှာဖြစ်ပါတယ်။ အသံထွက်များကို လင့်ချိတ်ပေးထားတာဖြစ်တဲ့ အတွက် အသုံးတည့်မှာပါ။ အကယ်လို့များ ကိုယ်ရှာသော စာလုံးကို Dictionary ထဲတွင်မရှိပါက မိတ်ဆွေအနေနဲ့ ကူညီပြီးတော့ စာလုံးဝင်ဖြည့်ပေးသွားနိုင်မှာဖြစ်ပါတယ်။

မင်ဘာတစ်ယောက်ဖြစ်သူ ကိုသာသာမှလဲ Mobile Dictionary အဖြစ်ထပ်မံကြိုးစားပေးထားတာကြောင့် Online အပြင် Offline Version ပါရနေပါပြီ။ http://www.ornagai.com/site/mobile ဒီနေရာမှာ အသေးစိတ်သွားရောက် ဖတ်နိုင်ပြီးတော့ Download များလဲ ရယူနိုင်ပါတယ်။ ကျွန်တော်တို့စမ်းသပ်ချက်များအရတော့ တော်တော်လေးမြန်ဆန်ပေါ့ပါးတာကို တွေ့ရပါတယ်။ နောက်ပိုင်းမှာ Mobile version ကိုပါ Open Source အဖြစ်ချပေးမှာဖြစ်လို့ ဝါသနာပါသူများအနေနဲ့ ထပ်မံဖြည့်စွက်ရေးသားနိုင်တော့မှာပါ။

mobile dictmobile 2mobile 3

နောက်ထပ် Offline Version အနေနဲ့ကတော့ babylon Addon လေးပါလုပ်ပေးထားပါတယ်။ နိုင်ငံခြားမှာရောက်နေတဲ့ လူများဘဲဖြစ်ဖြစ် နိုင်ငံတွင်းကလူဘဲဖြစ်ဖြစ် ရုံးမှာ ကျောင်းမှာကွန်ပျူတာရှိလို့ အင်တာနက်ရတယ်ဆိုရင် အရင်ကလို Eng to Eng Dictionary ကြီးများနဲ့ အလုပ်ရှုတ်မနေတော့ဘဲ လွယ်လင့်တကူ အသုံးပြုနိုင်စေရန် ရည်ရွယ်ထားတာပါ။ အမှားအယွင်းများ အဆင်မပြေမှုများ အကြံဥာဏ်ကောင်းများကို ပေးချင်တယ်ဆိုပါက ကျွန်တော်များ Official Web Site ဖြစ်တဲ့ http://www.ornagai.com/site/ မှာလာရောက် ရေးသား အကြံပြုပေးသွားနိုင်ပါတယ်။ စမ်းသပ်ပြုလုပ်ထားခါစဖြစ်လို့ လိုအပ်ချက်များလဲ ရှိနေဦးမှာပါ။ မိတ်ဆွေတို့ အသုံးပြုမှ ဒီလိုလုပ်ထားရကြိုးလဲနပ်မှာပါ။ စမ်းသပ်သုံးကြည့်ကြပါဦးလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျား။

Tags : ,