Tag: ဆားခကျြ

ဘာစားကြလဲ မောင်ရေခဲ

မြန်မာပြည်မှ လူများနှင့် ဂျီတော့တွင်တွေ့လျှင် နောက် အမျိုးအဆွေတွေနှင့် တယ်လီဖုန်းစကားပြောကြလျှင် အမြဲမေးကြသော မေးခွန်းရှိပါသည်။ "ဟဲ့ နင်တို့ဘာတွေစားကြသတုန်း" ဟူ၏။ ဂျီတော့တွင် ထမင်းသွားစားနေသည်ဟု status message လေးပေးထားတုန်း လူတွေ့သွားလို့ ပြန်ရောက်လျှင် မေးကြပြန်ပါသည်  "ဘာစားခဲ့လဲ"။ တစ်ခါတလေ ထမင်းစားချိန် မသွားသေးဘဲရှိနေသေးလျှင် ဟိုက ဘော်ဒါက ထမင်းမစားသေးဘူးလား၊ ဆိုလျှင် ကိုယ်က ဒီနေ့ဘာစားရမှန်းမသိဘူးဗျာ .. ဖြေရပြန်သည်။

တစ်ခါတလေ သူတို့ကစကြသေးသည်။ သူတို့တော့ ဒီနေ့ ပဲဟင်းပူပူလေးနှင့် ငါးခြောက်ကြော်လေးနှင့်၊ ငါးပိထောင်းကလေးနှင့် တွယ်လိုက်ဦးမည်။ ခရမ်းချဉ်သီး ငပိချက်နှင့် အတို့အမြှတ်အစုံလေးနှင့် လွေးလိုက်ဦးမည်.. စသဖြင့် သူများ ဘာစားရမှန်းမသိသော နေ့များတွင် အစားအသောက်များ ပုံဖေါ်၍ ဒုက္ခပေးကြသည်။ တစ်ယောက်များဆို မနက်ခင်း ရုံးရောက်လို့ ရုံးအီးမေးလေး စစ်နေတုန်းရှိသေးတယ် ကိုကိုဒီဘီ မနက်စာစားပါဦးဆိုပြီး ဂျီတော့ကနေ သူစားနေတဲ့ ပဲပြုတ်ထမင်းကြော်နဲ့ ကော်ဖီကို ဓါတ်ပုံရိုက်ပြီး ပို့လာသေးတယ်။ နောက်တစ်ယောက်များကြတော့လဲ ဒီနေ့သူ့မိန်းမ ကိုရီးယား အချက်အပြုတ် စာအုပ်ဖတ်ပြီး စမ်းသပ်ချက်ထားတဲ့ ဘာတဲ့ .. ၀က်သား အစပ်ချက်ဆိုတာနဲ့ စားသတဲ့။

စင်ကာပူမှာကတော့ စားတတ်ရင် စားချင်စိတ်ရှိရင် စားစရာတွေပေါပါတယ် အာရှစာလား အနောက်တိုင်းစာလား ဥရောပစာလား အလွယ်စားစာ စားမလား သေသေချာချာ အလှည့်ကျလာချပေးတဲ့ ဟာမျိုးစားမလား။ ဒါပေမယ့်လဲ ကျွန်တော်ကတော့ တစ်နေ့ တစ်နေ့ စားနေကြဟာလေးတွေဘဲ လှည့်ပါတ်စားဖြစ်ပါတယ်။ အဓိကကတော့ နေ့လည်စာပေါ့ဗျာ။ ရုံးနားနီးနီးမှာဘဲ စားဖြစ်ပါတယ်။ ကျွန်တော့် ရုံးက မြို့လည် City Hall နားမှာဆိုတော့ Bugis Junction မှာ စားမလား၊ Raffel City Tower မှာသွားစားမလား၊ အနီးအနားမှာလဲ Shaw Tower တို့ကရှိသေးတယ်၊ ကျွန်တော့ရုံးရှိရာ လမ်းထဲမှာကိုဘဲ စားသောက်ဆိုင်တွေက အတော်များတယ်။ ပြောရရင် စားသောက်ဆိုင် လမ်းထဲမှာ ရုံးလာဖွင့်နေသလိုဘဲ။ Read more

Tags : ,