iDhamma for iPhone/iPod Touch
စင်ကာပူမှာ အခုနောက်ပိုင်းနှစ်များမှာ ရထားပေါ်မှာ၊ အထူးသဖြင့် မနက်ရုံးသွားချိန်ဆို မြန်မာမိန်းခလေးအချို့ ပဋ္ဌာန်းစာအုပ်ကလေးဖွင့်ပြီး ပဋ္ဌာန်းရွတ်ကျတာ၊ ဘုရားဂုဏ်တော်တွေရွတ်ကျတာ မြင်မြင်လာရတာ များပါပြီ။ ရန်ကုန်မှာတုန်းက ရုံးသွားချိန်ဆို ကားပေါ်မှာ ပါးစပ်ကလေး ပွစိပွစိနဲ့ ဘုရားစာရွတ်ဖတ်နေတာမျိုး၊ တာလီစက်ကလေးနဲ့ အခေါက်ရေနှိပ်နေတာမျိုးတွေကို ပြန်သတိရမိပါတယ်။ ရန်ကုန်ကားတွေက ကျပ်တော့ စာအုပ်ဖွင့်ဖတ်ရလောက်အောင် မချောင်ချိဘူးလေ။ ဒီမှာတော့ ရထားစီးရင်း ကားစီးရင်း ဘုရားစာအုပ်ဖတ်နိုင်ကြတယ်။
ဘုရားစောင်းတန်းတွေမှာ ရောင်းတဲ့ ဘုရားရှိခိုးအမျိုးမျိုးစာအုပ်တွေကလဲ ရိုက်လို့မရိုးနိုင်အောင် ရောင်းကောင်းတဲ့ စာအုပ်မျိုးတွေပါပဲ။ စင်ကာပူမှာနေသော ဘုရားတရား အင်မတန်ကိုင်းရှိုင်းပြီး ကွန်ပျူတာ ပရိုဂရမ်လေးများ ရေးတတ်သော မြန်မာလူငယ်တစ်ယာက်မှ သူ၏ ရံဖန်ရံခါစာအုပ်မေ့ကျန်တတ်သော အကျင့်မှလွန်မြောက်စေခြင်းအလို့ငှာ iPhone ပေါ်တွင် ဖတ်လို့ရနိုင်သော ဘုရားစာအုပ်စနစ်တီထွင်ဖို့ စိတ်ကူးပေါ်လာပါသတဲ့။ အဲဂလိုမျိုး တတ်သိပညာ မနေသာဆိုသလို ရေးလိုက်ရင်းက အသုံးပြုကြည်းပြီးသောအခါ မိတ်ဆွေများကိုလည်း မျှဝေသုံးစွဲစေလိုတဲ့ စိတ်ကူးပေါ်ပေါက်လာတဲ့အတွက်ကြောင့် အခု iDhamma ဆိုတဲ့ Application ကို iTune Store ပေါ်မှာ အလကား ရယူသုံးစွဲနိုင်ပါပြီ။
လောလောဆယ်မှာတော့ သူစုဆောင်းလို့ရသမျှလေးနဲ့ အမြဲရွတ်ဆိုနေကြ ဂုဏ်တော်များ ပဋ္ဌာန်းဒေသနာများကိုသာ ထည့်သွင်းထားခြင်းဖြစ်ပါတယ်။ မိမိကိုယ်ပိုင်သုံးအနေဖြင့် လုပ်ထားခြင်းဖြစ်ပြီးတော့ အများသူငါ စိတ်ဝင်စားသူများ သုံးကြည့်နိုင်စေခြင်းအတွက်သာ ရည်ရွယ်ပြီး သုံးခွင့်ပေးလိုက်တာဖြစ်လို့ ဒီစနစ်အတွက် ရှေ့လျှောက် ဘာတွေဆက်လက်တိုးချဲ့သွားမယ်၊ မတိုးချဲ့သွားဖူးဆိုတာတော့ သူ့ရဲ့ အလုပ်အားလပ်မှုနဲ့ ပေါ်ပေါက်လာတဲ့ စိတ်ကူးအသစ်များ အရသာ တိုးတက်လာမှာဖြစ်ပါတယ်။
အသုံးပြုသူများ အနေနဲ့ အမှားပေါ်ပေါက်မှု၊ စာလုံးပေါင်းအမှားများ၊ အသုံးပြုရတာ အဆင်ပြေမပြေ စတာတွေကို ကူညီပြီး အကြောင်းကြားပေးမယ်ဆိုလျှင် ပြင်ဆင်ဖြည့်စွက်ပေးမှာဖြစ်ပါတယ်။
အသေးစိတ် ဖတ်ခြင်လျှင်တော့ မူရင်းရေးသားသူဖြစ်တဲ့ Zack-Note မှာသွားဖတ်နိုင်ပါတယ်။ Support နဲ့ ထူးခြားပြောင်းလဲမှုများ၊ အသစ်တိုးချဲ့မှုများကိုတော့ Support Site မှာ ဖတ်ရှုနိုင်ပါတယ်။
iTune Link မှာသွားပြီး ဒေါင်းလုဒ်ချ၊ Review ရေးပေးနိုင်ပါကြောင်း သတင်းပါးရပါတယ်။
Just Another Converters
ဘာရယ်မဟုတ်ပါဘူး ကနေ့အိမ်မှာ စာဖတ်ရင်း ပျင်းလာတာနဲ့ တောင်တောင်အီအီလိုက်ကြည့်နေရင်းနဲ့ မြန်မာ အိုင်တီပရိုမှာ လုပ်ထားတဲ့ ဇော်ဂျီကနေ ယူနီကုဒ်ပြောင်းတဲ့ ကွန်ဗာတာလေး သဘောကျတာနဲ့ Hosting မှာဘလော့တင်ထားရတာ တန်အောင်လို့ ကိုယ်ပိုင်တစ်ခု လုပ်ကြည့်ပါတယ်။
ဇော်ဂျီကနေ ယူနီကုဒ်ပြောင်းတဲ့ ကွန်ဗာတာကိုတော့ Unicode Converter လင့်ကနေ အသုံးပြုနိုင်ပါတယ်။ ကျွန်တော့ ဘလော့ အပေါ်နားက Page Link တွေကနေလဲ သွားနိုင်ပါတယ်။
ယူနီကုဒ်ကနေ ဇော်ဂျီပြောင်းတဲ့ ကွန်ဗာတာကိုတော့ ZawGyi Converter လင့်ကနေ အသုံးပြုနိုင်ပါတယ်။ ကျွန်တော့ ဘလော့ အပေါ်နားက Page Link တွေကနေတဆင့်လဲ သွားနိုင်ပါတယ်။
ဒါတွေရှိတော့ ဘာထူးသွားတုန်းဆိုတော့ စိတ်ကူးတည့်ရာ သုံးသွားပေါ့လို့ပဲ ပြောချင်ပါတယ်။ အင်တာနက်ပေါ်မှာ သိလျှင်တော့ ရှာနိုင်လို့တွေ့နိုင်ပေမယ့် မသိလျှင်တော့ ဘာတွေရှိနေမှန်းတောင် သိဖို့ခက်ပါတယ်။ ဒါကြောင့် Just Another Converters အဖြစ် စုစည်းထားချင်တာ သက်သက်ပါ။
know issue အနေနဲ့ကတော့ IE ပေါ်မှာ ကောင်းကောင်း အလုပ်လုပ်ချင်မှ လုပ်ပါမယ်။
