Category: General

၆ ကြိုးကဝေ သို့မဟုတ် လက်ချောင်းများနှင့်ကခုန်ခြင်း

ဟော်တယ်ကာလီဖိုးနီးယား(Hotel California) ဆိုတာကိုနားထောင်လိုက်ရပြီးတဲ့အခါမှာတော့ ကျွန်တော်ဟာဘယ်လိုမှဒီအကြောင်းကို မရေးဘဲမနေနိုင်တော့ဘူး။ သူကလေးဟာ တော်တော်ပါရမီရှိပြီး တော်တော်လေ့ကျင့်နိုင်စွမ်းအားကောင်းတဲ့ သူလေးတစ်ယောက်ဆိုတာကို အသိအမှတ်မပြုဘဲမနေနိုင်တော့ဘူးဗျာ။ သူ့ရဲ့ဟန်ပန်ဟာ တကယ့်ဝါရင့် ကျွမ်းကျင်ဂီတသမားတစ်ယောက်လို တည်တည်ငြိမ်ငြိမ်နဲ့ တီးခတ်ပုံတွေကိုကြည့်ရတာဟာ ကလေးတစ်ယောက်လို့ကိုထင်ရက်စရာမရှိတော့ဘူး။ နောက်တစ်ပုဒ် Bonjovi ရဲ့ Living on a prayer ကို Base တွဲလုံးလေးတွေနဲ့တီးခတ်သွားတာကိုကြည့်ပြီးတဲ့ အခါမှာလည်းသူဟာ တကယ့်ဝါရင့်တစ်ယောက်လို တီးခတ်သွားတာကိုတွေ့နိုင်ပါတယ်။ သူဟာဂီတာကိုလက်ချောင်းလေးများဖြင့် တစ်လုံးချင်းတီးခတ်ရတဲ့ ပုံစံကိုနှစ်ခြိုက်သဘောကျသူဖြစ်တဲ့ အတိုင်းဟော်လိုဂစ်တာသီးသန့်ကိုသာ မိုက်တစ်လုံးနဲ့သာတွဲဖက်ပြီးတီးခတ်တာဖြစ်တဲ့အတွက် လျှပ်စစ်ပစ္စည်းများရဲ့ ကူညီပံ့ပိုးမှုနည်းပြီး ဂီတာသံသီးသန့်နားထောင်ရတဲ့ အရသာဟာ တော်တော်လေးနားဝင်ချိုပြီး နှစ်ချိုက်စရာကောင်းလှပါတယ်။

Read more

Tags :