Category: လက်​တည့်​စမ်း​ခြင်း

အချစ်​လား … သူ​ဖျားနေတယ်

သံလွင်​မှာ သ​တင်း​ဖတ်​လိုက်​ရ​တယ်၊ စ​င်ကာ​ပူ​တွင် H1N1 ကူး​စက်​ခံ​ရ​သူ ​၁​၆​၈ ဦး​အထိ များပြား​လာ တယ်​ဆို​တာ​နဲ့ ဝက်​တုတ်​ကွေး​ကို မ​ကျေနပ်​တာ​ရယ်၊ သူငယ်ချင်း အပျိုကြီး မမ​တစ်​ယောက် စာ​မေး​ပွဲ​ပြီး​တာ​ကို အကြောင်းပြု​တာ​ရယ်​ပေါင်း​ပြီး တနင်္ဂနွေနေ့​က သူ​တို့​အိမ်​မှာ ဝက်သား​တုတ်​ထိုး လုပ်​စား​ဖြစ်​ပါ​တယ်။ အဲ​ဒီ​နေ့​က နေ​တော်တော်​ပူ​ပါ​တယ်။ သူ​က​ဝက်​တုတ်​ထိုး​လုပ်​တယ် ကိုယ်​က ငါး​ခေါင်း​ပြန်​ချက်​ပေး​တယ်၊ ဟင်း​လဲ​စား​လိုက်​သ​လို​ပါ​ဘဲ။ ဝက်သား​တုတ်​ထိုး​များ တယ်​စား​ကောင်း​တာ​ဘဲ။ နေပူ​တာ​ရယ် အ​အီ​ပြေ​အောင်​ရယ်​ဆို​ပြီး သံပုရာ​ရည် တစ်​ဗူး​ဝယ်​သွား​တာ​ကို တစိ​မ့်​စိမ့်​သောက်​ပါ​တယ်။ စာရင်း​ချုပ်​လိုက်​တော့ တနင်္ဂနွေနေ့​ည​မှာ အာ​သီး​ရောင်​သွား​ပါ​တယ်။

အာသီး​ရောင်​တာ အ​တော်​ခံ​ရ​ခက်​ပါ​တယ်။ တစ်​ည​လုံး လည်ချောင်း​တွေ​ပူ​နေ​ပြီး​တော့ တံတွေး​မျို​တာ​တောင် နာ​ပါ​တယ်။ ဒါ​နဲ့​မိုးလင်း​တော့ ကိုယ်ပူ​လာ​ပါ​တယ်။ အဲ​ဒါ​နဲ့ ဆေး​ခန်း​သွား​ပြ​တော့ ထုံးစံ​အတိုင်း ဆေး​ခွင့်​ရ​ပါ​တယ်။ ဒီ​တစ်​ခါ​တော့ ဟန်ဆောင်​စရာ​မ​လို​ပါ​ဘူး။ ဒါ​နဲ့​ပေးလိုက်​တဲ့​ဆေး​တွေ​သောက် ခဏ​အနား​ယူ​လိုက်​တာ လူ​က​နဲ​နဲ​လန်း​လန်း​ဆန်း​ဆန်း ပြန်​ဖြစ်လာ​ပါ​တယ်။ ဒီ​လို​နဲ့ တနင်္ဂနွေနေ့​က မြန်မာ​ပြည်​က ပြန်လာ​တဲ့ မိတ်ဆွေ​တစ်​ယောက်​က လူ​ကြုံ​ပစ္စည်း​ပါလာ​တာ​ကို သွား​ယူ​ရင်​ကောင်း​မ​လား စဉ်းစား​လိုက်​ပြီး အိမ်​ထဲ​အောင်း​နေ​ရ​မှာ​ကို ပျင်း​တာ​နဲ့ လူ​ကြုံ​ပစ္စည်း​အယူ​ထွက်​ရ​ပါ​တယ်။

သူ ​နေ​တဲ့ Bedokကို ကိုယ်​နေ​တဲ့ Yishun က​နေ​သွား​ရ​မှာ​ပါ။ အဲ​ဒီ​လို​နဲ့ ချွေး​တွေ​သေချာ​သုတ်၊ အ​ကျီ​ၤ​လဲ​ကာ​ထွက်​သွား​လိုက်​တယ်။ နေ့​လည်​၂​နာရီ​လောက်​မှာ Bedok ကို​ရောက်​တယ်၊ ထုံးစံ​အတိုင်း အိမ်​ရှာ​ရ​လွယ်​အောင် ​ဘူ​တာ​က​နေ လမ်းလျှောက်​သွား​လိုက်​တယ်။ စကား​စ​မြည်​ပြောဆို​ပြီး အိမ်​ပြန်​ဖို့​လုပ်​ပါ​တယ်။ အဲ​ဒီ​မှာ တစ်​ခု​သတိရ​သွား​ပြန်​တယ်၊ တနင်္ဂနွေနေ့​က တခြား​တစ်​ဦး​က​လဲ ဖုန်း​ဆက်​ထား​ပြန်​တယ်။ နောက်​လူ​ကြုံ​တစ်​ယောက် (မ​ဒ​မ်​မိဘ​များ​နယ်​ဘက်​က) က​ပစ္စည်း​ကြုံ​လာ​ယူ​ဖို့ အကြောင်းကြား​ထား​ပြန်​သေး​တယ်။ ဒါ​နဲ့ အပြင်​ရောက်​တုန်း ဆက်​သွား​လိုက်​မယ်​ဆို​ပြီး Bedok က​နေ Lakeside ကို​ခရီး​ဆက်​ခဲ့​ပြန်​တယ်။ Lakeside က​နေ​အ​ပြန် အိမ်​ကို​သာ ရထား​ပြန်​စီး​မယ်​ဆို​ရင် စင်​ကာ​ပူ​တစ်​ပါ​တ် ရထား​စီး​ဖြစ်​မယ့်​နေ့​ဖြစ်​သွား​မှာ​ပါ။

Lakeside ရောက်​တော့ ​၄​နာရီ​ထိုး​ပါ​ပြီ။ စကား​စ​မြည်​ပြော​ပြီး လူ​က​လဲ​နုံး​နေ​ပြီ​ဆို​တော့ အိမ်​ပြန်​ပါ​တယ်။ အစ​ကတော့ ရထား​စီး​မ​လို့​ပါ​ဘဲ သို့​သော် လူ​ကတော်​တော်​လေး ​နုံး​ချိ​နေ​ပြီ​ဆို​တော့ ကား​ငှား​စီး​ပြီး ပြန်​လိုက်​ပါ​တယ်။ စာရင်း​ချုပ်​လိုက်​တော့ တန​လာ​ၤ​ည​က ထပ်​ပြီး​ဖျား​ပြန်​ပါ​တယ်။ ည​ဖက်​ကြီး အား​သီး​ရောင်​တဲ့ အရှိန်ရ​ယ် နေ့​လည်​က​ပင်ပန်း​သွား​တာ​ရယ်​ပေါင်း​ပြီး နှာ​တွေ​ပိတ်​တယ်၊ အပူ​တွေ​တက်​တယ်​နဲ့ မိုးလင်း​တော့ ဆေး​ခန်း​တစ်​ခါ​သွား​ရ​ပြန်​ပါ​တယ်။

အပူ​ချိန် 38.C ရှိ ​ပါ​တယ်။ အဲ​ဒါ​နဲ့ ဆေး​ခွင့်​တစ်​ရက်​ရ​ပြန်​ပါ​တယ်။ ဆေး​တွေ​ထပ်​များ​လာ​တယ်၊ လူ​က​လဲ​ဆေး​တွေ​သောက်​ရ​တော့ ​နုံး​ချိ​ချိ​ဖြစ်​သွား​တယ်။ ဒီ​နေ့​တော့ တစ်​နေ့​လုံး အခန်း​အောင်း​ပါ​တယ်၊ ဖျား​နေ​တုန်း တစ်​ယောက်​ထဲ​နေ​ရ​တော့ တော်တော်​ပျင်း​စရာ​ကောင်း​ပါ​တယ်။ ကျွန်တော်​ငယ်​ငယ်​က နယ်​မှာ​နေ​ရ​တော့ နယ်​ထုံးစံ​အတိုင်း ဖျား​ရင် ငှက်ဖျား​ဘဲ​ဖျား​ပါ​တယ်။ ငှက်ဖျား​ဆို​တာ​က​လဲ ညနေ​မှ အဖျားတက်​တာ​ဆို​တော့ တစ်​နေ​ကုန် စာအုပ်​ဖတ်​လိုက် ဆေး​သောက်​လိုက်​နဲ့ ညနေ​ရောက်​ရင်​တော့ တ​ဟီး​ဟီး​နဲ့ အဖျားတက်​ပါ​တော့​တယ်။ တစ်​ခါ​သား အ​ပြင်း​ဖျား​တာ လေး​ရက်​လောက် အပူ​ချိန် ​၁​၀​၃၊ ​၁​၀​၄ က​မ​ဆင်း​ပါ​ဘူး။ ကျွန်​တော့်​အဖေ​က ​၁​ဝ​မိ​နစ်​ခြား​တစ်​ခါ အပူ​ချိန်​တိုင်း​ပြီး ဇယား​လေး​တောင် ဆွဲထား​ပြီး စောင့်​ကြည့်ပါ​တယ်။ ဆေး​ခန်းမ​သွား​နိုင်​လို့ စက်​ရုံ​ဆရာဝန်​ကို အိမ်​ပင့်​ရ​ပါ​တယ်။

ဒီ ​နေ့​ဖျား​နေ​တော့ အဖေ့​ကို သတိ​ယ​သွား​ပါ​တယ်။ အိမ်​မှာ​ဖျားနာ​ကြ​ရင် အမေ​က​ပြုစု​ရ​တာ စိတ်​မ​ရှည်​ဘဲ ဘာ​စား​ချင်​လဲ ချက်​ကျွေး​မယ်​ဆို​တာ​ဘဲ လုပ်​ပါ​တယ်။ အဖေ​ကတော့ ဘယ်​သူ​ဖျား​ဖျား အနား​မှာ​ထိုင်​ပြီး ချွေး​သုတ်​ပေး​တာ၊ အ​ကျီ​လဲ​ပေး​တာ၊ အပူတိုင်း​တာ၊ ဆေး​တိုက်တာ စ​တာ​တွေ စိတ်ရှည်​လက်ရှည်​လုပ်​ပါ​ပေး​တယ်။ ရန်ကုန်​မှာ​နေ​တုန်း​က​လဲ မ​ဒ​မ်​က​ရုံး​သွား​ရ​သေး​တော့ ကျွန်တော်​ဖျား​ပြီ​ဆို နေ့​လည်​နေ့ခင်း အဖေ​တို့​အိမ်​မှာ သွား​ပြီး​ဖျား​ပါ​တယ်။ မနက်​ခင်း​ဆေး​ခန်း​ပြ​ပြီး​ရင် အဖေ​တို့​အိမ်​တက်​ပြီး အပြု​စု​ခံ​ပါ​တယ်။ ည​အိပ်​တော့​မယ်​ဆို​မှ​သာ ကိုယ့်​အိမ်​ကို​ပြန်​ပါ​တယ်။

ဒီ ​နေ့​တော့ တစ်​ယောက်​ထဲ အိမ်​မှာ အိပ်​လို့​လဲ​မ​ရ၊ ပူ​က​လဲ​ပူ​ဆို​တာ​နဲ့ အိပ်​မ​နေ​ဘဲ ရုပ်​ရှင်​ဒေါင်း​လု​ဒ်​လုပ်​ပြီး ကြည့်ပါ​တယ်။ မ​ဒ​မ်​က​ရုံး​မ​သွား​ခင် ကွန်​ပြူ​တာ​ရှေ့​ထိုင်​မ​နေ​နဲ့ မှာ​သွား​ပေ​မယ့် မ​နေ​နိုင်​ပါ​ဘူး။ တစ်​နေ​လုံး ရေနွေး​သောက်​လိုက် ခေါက်​ဆွဲ​ပြုတ်​သောက်​လိုက်​နဲ့ ချွေးထွက်​ရင်​သုတ်​လိုက် ကိုယ့်​ဘာသာ​ဘဲ ပြုစု​ရ​ပါ​တယ်။ အဖျား​တို့​ထုံးစံ​အတိုင်း အခု​လဲ​ညနေ​ဘက် ခေါက်​ဆွဲ​စား​အပြီး​မှာ အပူ​တက်​လာ ပြန်​ပါ​သေး​တယ်။ ချွေး​တွေ​မ​ထွက်​တော့​ဘဲ အပူ​သာ​တိုးတိုး​ပြီး တက်​လာ​ပါ​တော့​တယ်။ အင်္ဂလိပ်​ဆေး​ဘယ်လောက်​ကောင်း​ကောင်း ကိုယ့်​ဗမာ​ဆေးလေး နဲ​နဲ​ကူ​လိုက်​မှ​ဘဲ အောင်း​နေ​တဲ့ အပူ​တွေ​ထွက်​ပြီး ချွေး​လေး​တ​စို​စို ပြန်​ဖြစ်လာ​ပါ​တော့​တယ်။ မနက်​ဖြန်​တော့ ဆေး​ခန်း​သွား​လို့ မ​ကောင်း​တော့​ပါ​ဘူး။ ကြိုးစား​ပြီး ရုံး​သွား​တက်​လိုက်​ဦး​မယ်။

ရာသီ ​ဥတု​က တော်တော်​ပူ​ပါ​တယ်။ ပူ​တဲ့​အချိန်​မှာ ဖျား​တော့ လူ​က​အပူ​ခန်း​ထဲ​အောင်း​နေ​ရသ​လို​ပါ​ဘဲ။ ဝက်​တုတ်​ကွေး​တော့ မဟုတ်​လောက်​ဘူး ထင်​ရ​တာ​ပါ​ဘဲ။ ကျမ်း​မာ​ရေး ဂရုစိုက်​ကြ​ပါ မိတ်ဆွေ​များ။ အိပ်​နေ​လို့ မ​ရ​တာ​နဲ့ အပူ​ချိန် 38.C ရှိ​လျက်​နဲ့ စာ​တစ်​ပုဒ်​ရေး​လိုက်​ရ​ပါ​ပေ​တယ်။

Tags :