Category: လက်​တည့်​စမ်း​ခြင်း

အားပေးကြတယ်… လ

အဟီး .. ဘာဘဲပြောပြော တာထွက်ကောင်းတယ်ပြောရမှာဘဲ။ အရင်ကလဲ လူပေးမသိတဲ့ ဘလော့ဂ် ခုလဲ ကိုယ့်သူငယ်ချင်းလေးတွေ လောက်သိတာပါဘဲ။ ဘယ်မှလဲ မကြော်ငြာပါဘူး ကိုယ့် အချင်းချင်းလောက် လင့်လုပ်တာလေးပါဘဲ။ ဒါပေတဲ့ စောင့်ကြည့်နေတာ တစ်နေ့တစ်နေ့ လူတစ်ရာကျော်တယ်ဗျ လာလာချောင်းကြတာ။ ကျွန်တော် ပြန်ပြန်ကြည့်နေတာလေးပါနှုတ်လိုက်ရင် ထားလိုက်ပါ ၅၀ လောက်။ မဆိုးဘူးနော်။ အလုပ်တော့ ပြုတ်တော့မယ်ထင်တယ်။ ရောဂါတက်လာပြီလေ ..။ အရင်ကလဲ ML မှာ စာအုပ်တင်တော့ ရောဂါဝင်သွားတာ နှစ်လ အတွင်း ပို့စ် ၂၀၀ လောက်ဖြစ်သွားတယ်။ စာအုပ်လဲ နှစ်ရာပေါ့ .. အရှိန်တက်လာတာ ။ စာအုပ် ၃၀၀ လောက်အရောက်မှာ Hosting က copy right ငြိတယ်ဆိုပြီး ပိတ်တယ် တစ်ခါ။ လူကလဲ အ၀င်များတာကိုးဗျာ။

Rapidshare က စာအုပ်တွေကို ကျွန်တော်က လိုချင်တော့ Rapidshare မှာ အကောင့်ဝယ်ပြီး ဒေါင်းလုဒ် လုပ်တယ်၊ ပြီး ပြန်တင်တယ်ဆိုတော့ တင်တာကလဲ လွယ်လွယ်ကူကူ ပြန်ဆွဲချလို့ရအောင် free hosting မှာတင်တယ် နောက်ပိုင်း စေတန်ကလဲ ML မှာ FTP ဆောက်ပေးထားတော့ စိတ်ကြိုက်တင်တော့တာပေါ့။ ဆိုတော့ လူတွေက လွယ်လွယ်ကူကူ ပြန်ယူလို့ရတော့ လာကြတယ်ဗျ။ နောက် ကွန်ပြူတာစာအုပ်တွေဆိုတော့ အသစ်ထွက်ရင် ML မှာရနေပြီ။ အဲဒီမှာ အားရ ပါရ ဒေါင်းကြတာမှာ Hosting လဲ မခံနိုင်တော့ဘူးထင်ပါတယ် ပိတ်တယ် တစ်ခါ။ နောက် သူတို့ဖျက်ခိုင်းတဲ့ စာအုပ်လေးတွေ ဖျက်ပေးပြီး ပြန်ဖွင့်ပေးတော့ တစ်ခါ ပြန်တင်တယ်။ နည်းမျိုးစုံနဲ့ပေါ့ဗျာ။ ကိုယ့်ဗမာတွေဘဲ နားလည်အောင် ဗမာလိုရေးတယ် ဖွင့်မရအောင် zip file ကို password ပေးတယ်။ ကိုယ့်လူတွေဘဲ နားလည်တဲ့ ဗမာလို password ကိုရေးပေးပြီး တင်တယ်။ ဒါလဲ စာအုပ် ၅၀၀ ကျော်လောက် အရောက်မှာ တစ်ခါထပ်ပိတ်တယ်။ ညှိနှိုင်းပြီးတော့ တစ်ခါပြန်ဖွင့်ပေးတယ်။ ဖျက်လိုက်ရသေးတယ် စာအုပ် ၃၀၀ ကျော်လောက်။ ပို့စ် ၆၀၀ ကျော်သွားတဲ့ အချိန်မှာတော့  MZ ပါဒေါင်းသွားပြီး ML ပါဇတ်သိမ်းသွားတော့တာပါဘဲ။ နားတော့ နားရတာပေါ့လေ ဟေးဟေး။ စာအုပ်တင်စဉ်ကဆို တနေ့တနေ့ စာအုပ်ပြန်တင်တာနဲ့ကို အလုပ်က မဖြောင့်ဘူး လုပ်ရတာ။

အင်း ခုလဲ ဘလော့ဂ်ရောဂါတက်လာပြန်ပြီ။ နောက် ဒီရက်ပိုင်းမှာ ကျေးဇူးတင်ရမှာက ကျွန်တော်သွားသွားဖတ်နေတဲ့ WeSheMe ရဲ့ sidebar က feed roll မှာ ကျွန်တော့် ပို့စ်လေးတွေ ပါလာတာပါဘဲ။ သေချာတာတော့ ကိုအန်ဒီ လာဖတ်သွားပြီး သူ့ reader ကနေ share လိုက်တာ ဖြစ်ရမယ်။ အဲဒါက တော်တော် တာသွားတယ်ဗျ။ ကျွန်တော့်ဆီလာသမျှဟာ ၇၅% လောက် အဲဒီလင့်ကနေလာတာဘဲ။ အဲဒီပို့စ် Feed Roll ထဲကပြောက်သွားရင်တော့ လာကြတော့မှာ မဟုတ်ဘူးထင်တယ်။ ကျွန်တော့ ဘလော့ဂ်ကို လင့်ထားတဲ့ ဘော်ဘော်တွေ ဟာဘယ်သူမှ နာမည်ကြီးတွေ မပါဘူး။ ဟိုနာမည်ကြီး ဆေးတံ ဆိုတဲ့လူကြတော့လဲ သူက တော်ယုံတန်ယုံလူတွေ မလင့်ပေးဘူးထင်ပါတယ် မရှိဘူး သူ့ဆီမှာ။(ဒါပေမယ့် ဒီစာရေးနေတုန်း သေချာအောင် သွားချောင်းကြည့်လိုက်တာ ခုတော့ လင့်တွေဘာတွေနဲ့ဗျ နေဦး စာတော့ ရေးပြီးသားဆိုတော့ ပြန်မဖျက်နိုင်ပါဘူး) ဆိုတော့ ကျွန်တော်တို့ချင်းချင်း လင့်ထားပေမယ့်လဲ လူက တက်မလာဘူး လေ။

အေးလေ ..အရင်က မရှိတာထက်စာရင်တော့ ခုတော့ လူလာဖတ်နေပါပြီ။ ရေးမယ် ရေးမယ် ရေးကို ရေးဦးမယ် MC ယူပြီး ဖြစ်ဖြစ်၊ မှန်အောင်ရေးရတော့မယ်။ ဒုက္ခ ဒုက္ခ ဘလော့ဂ်ရေးရတဲ့ ဒုက္ခ ပါလား။

Tags :