Buy T-Shirt to HELP Myanmar Earthquake Victims

ODF ကနေ မြန်မာနိုင်ငံ တာလေမှာ လှုပ်ခတ်သွားတဲ့ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် သီးသန့် အလှူငွေ ကောက်ခံနေတာလဲ ရှိသလို အမှတ်တရ T-Shirt လေးတွေဝယ်ပြီးတော့လဲ၊ လှူဒါန်းနိုင်ပါပြီ။ ရောင်းရငွေထဲက အမြတ်ရသလောက် အားလုံးကို တာလေ ငလျင်ဘေးဒဏ်သင့်ခံနေရသူများထံ ပေးပို့လှူဒါန်းသွားမှာပါ။

T-Shirt ရှေ့ဖက်က ဒီဇိုင်းပါ။

T-Shirt နောက်ကျောဖက်က ဒီဇိုင်းပါ။ (လည်ပင်းပေါက်ကို မကြည့်ပါနဲ့ နောက်ကျောဖက်က ပုံမရှိလို့ ရှေ့ဖက်မှာပဲ နောက်ကျောဒီဇိုင်းကို နမူနာ ပြထားတာပါ)

အရောင်အနေနဲ့ကတော့ အစိမ်း၊ အပြာနဲ့ အနက်ဆိုပြီး သုံးရောင် စီစဉ်ထားပါတယ်။ ဧပြီလ ၁၁ ရက်နေ့ကစလို့ ရောင်းချပေးမှာဖြစ်ပါတယ်။ စိတ်ဝင်စားလို့ ဝယ်ယူအားပေးချင်တယ်ဆိုရင်ဖြင့် ODF ဗော်လံတီယာများကို ဆက်သွယ်လို့ဖြစ်စေ၊ ဧပြီလ ၁၁ရက်နေ့မှာတော့ နေရာတစ်ခု သတ်မှတ်ပြီးတော့ ရောင်းချပေးတဲ့နေရာမှာ သွားရောက်ဝယ်ယူလို့ဖြစ်စေ အားပေးနိုင်ပါတယ်။

T-Shirt Design ကိုတော့ ကိုတိုး မှရေးဆွဲပေးထားတာ ဖြစ်ပါတယ်။

စာကြွင်း

ဒီကြော်ငြာကို မနေ့က တင်ဖို့ဖြစ်ပေမယ့် April Fool ထင်သွားမှာစိုးလို့ နေ့ကူးအောင်စောင့်ပြီးရေးရချင်း ဖြစ်ပါတယ်။ :D


857 views

3 Responses to Buy T-Shirt to HELP Myanmar Earthquake Victims

  1. MrDBA says:

    စိတ်ဝင်စားသူများ mrlittledba{at}gmail.com ကိုစာရေးသားဆက်သွယ်ပြီးတော့လဲ စာရင်းပေး မှာယူနိုင်ကြပါတယ်။

  2. ဝယ်မယ် ကြံရည်စိမ်းရောင် ၂ထည်၊ ဆိုက်ဒ် ဘယ်လိုလုပ် သိနိူင်မလဲ ပုံမှန်က M နဲ့ Lပါ…cutting…သေးရင် L & XL ပေါ့လေ….

    • MrDBA says:

      ကျွန်တော်လဲ တစ်နံပါတ် ကြီးဝယ်ထားတယ်။ စာရင်းတို့ထားမယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook