Unicode ပြောင်းပြီ

မနှစ်က ဒီဇင်ဘာ ၂၈ / ၂၉ လောက်က ဖေ့ဘွတ်ပေါ်မယ် မိတ်ဆွေတချို့နဲ့ ရုတ်တရက် ၊ ယူနီကုဒ်သုံးကြဖို့ တိုက်တွန်းဖြစ်ကြပြီး အုံးအုံးကြွက်ကြွက်ဆုံးဖြတ်ကြပြီး ၂၀၁၁ မှစလို့ ယူနီကုဒ်စံ လိုက်နာထားသော ဖောင့်များဖြင့်သာ ရှေ့လျှောက် ဆက်လက်ရေးသွားတော့မှာ ဖြစ်ပါတယ်။ မိတ်ဆွေတွေက ၁ ရက်နေ့အမှီ အသည်းအသန် ပို့စ်တွေ ပြောင်းကြပေမယ့် ကျွန်တော်ကတော့ အလုပ်ကလည်းများနေ နှစ်ကူးညမှာလဲ မိသားစုနဲ့ ခရီးတိုတစ်ခု ထွက်ဖို့ စီစဉ်ထားတာကြောင့် ဘယ်လိုမှ အကုန်ပြောင်းဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လဲ စတိအနေနဲ့ ရှေ့ဆုံးနှစ်ပုဒ် ယူနီကုဒ်ပြောင်းပြီး ခရီးထွက်သွားပါတယ်။

အစကတော့ တိုးတိုးတိတ်တိတ်ပဲ ပြောင်းလိုက်မယ်လို့ စိတ်ကူးထားပေမယ့် စာဖတ်သူများကိုလဲ အသိပေးရင်း နောက်ပြီး ဘာတွေလုပ်ထားတယ်ဆိုတာလေးလဲ ပြောပြထားလိုက်ခြင်တာကြောင့် ဒီပို့စ်ကို ရေးဖြစ်ပါတယ်။ ယူနီကုဒ်ဘာလို့ပြောင်းတယ်ဆိုတာကို အထူးအထွေပြောပြနေမှာ မဟုတ်တော့ပါဘူး။

ကျွန်တော်တို့ စာရေးတယ်ဆိုတာကလဲ ဖတ်တဲ့လူရှိလို့ ရေးသက်ရှည်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဖတ်တဲ့လူအဆင်ပြေအောင် တတ်နိုင်သမျှ ကြိုးစားထားပါတယ်။ ပုံမှန်ဆိုလျှင်တော့ ဘလော့ဖတ်ဖို့ ဘလော့မှာသုံးထားတဲ့ ဖောင့်ဆိုတာကို ကိုယ့်စက်ထဲ ထည့်မှဖတ်လို့ရမှာပါ။ အဲဒီအခါမှာ တချို့က ပြဿနာတက်ကြတာက အရင်က စက်ထဲမှာ ဇော်ဂျီစာလုံးရှိတယ်၊ အခု နောက်ထပ်ဖောင့် အသစ်ထပ်သွင်းရတဲ့အခါမှာ နဂိုက ကြည့်လို့ရနေတဲ့ ဘလော့တွေ ဖတ်မရတော့ဘူးဆိုပြီး နောက်ထပ်သွင်းဖို့လိုတဲ့ ဖောင့်ကို စက်ထဲသွင်းဖို့ လက်တွန့်ကြပါတယ်။

တကယ်တော့ စက်ထဲမှာ ဖောင့်၂ခုရှိခြင်းကြောင့် ပြဿနာတတ်ရခြင်းမဟုတ်ပါဘူး၊ Web Site, Blog ရေးတဲ့လူတွေက မိမိဘလော့မှာ ဘာဖောင့်သုံးထားသလဲဆိုတာကို သေသေချာချာ မကြော်ငြာထားလို့ အခုလို မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ရတာပါ။ အရင်တုန်းက ဇော်ဂျီတစ်လုံးထဲ သုံးကြတော့ မကြော်ငြာထားလဲ ကွန်ပြူတာက စက်ထဲရှိတဲ့ဖောင့်ကို သိပြီးပြတဲ့အတွက် မြန်မာလိုမြင်ရတာပါ။ အခုလို ဖောင့်၂မျိုး စက်ထဲရှိနေလျှင် မိမိဖတ်နေကျ ဘလော့ကလဲ ဘယ်ဖောင့်သုံးထားမှန်း သေသေချာချာ မကြော်ငြာထားဘူးဆိုလျှင် ကွန်ပြူတာက ဘယ်ဖောင့်နဲ့ပြရမှန်း မသိတဲ့အတွက် ပေါ်ချင်တာတွေ ပေါ်လာတာပါ။

အခုကျွန်တော့ ဘလော့မှာတော့ မိမိစက်ထဲမှာ ယူနီကုဒ်ဖောင့် တစ်ခုခုရှိမနေလဲ စာဖတ်လို့ရအောင် အတွက် စေတန်ဂေါ့ဒ် လုပ်ထားတဲ့ MMUnicode Embed Plugin ကိုသုံးထားပါတယ်။ သူက WordPress Blog တွေအတွက် လုပ်ထားတာပါ။  အဲဒီ Plugin က Google Reader တွေမှာ RSS Feed ယူပြီးဖတ်နေတဲ့ လူတွေအတွက်ပါ အဆင်ပြေပြေ ဖတ်လို့ရအောင်လုပ်ထားတာပါ။ ကျွန်တော် စသုံးတဲ့ အချိန်တုန်းက ကွန်မန့်ရေးတဲ့အခါမှာ ဘာနဲ့ရေးရေး ယူနီကုဒ်ပြောင်းပေးမယ့် ကိစ္စအတွက် သူလုံးပန်းနေတုန်းပါ။ ကျွန်တော်ကတော့ မြန်မာ အိုင်တီပရိုမှာ ကိုအိမောင် ပေးထားတဲ့ Javascript လေးနဲ့ ကွန်မန့်ရေးတဲ့နေရာမှာ ဇော်ဂျီနဲ့ရေးမလား ယူနီကုဒ်နဲ့ရေးမလား ကြိုက်တာနဲ့ ရေးလို့ရပါတယ်။

ပုံမှာ မြင်ရတဲ့ အတိုင်းပါဘဲ ကွန်မန့်ပေးတဲ့ ဘောက်စ်ကလေးရဲ့ အောက်နားလေးမှာ Z နဲ့ U ဆိုပြီး ခလုပ်လေး ၂ခုတွေ့ပါလိမ့်မယ်၊ Z ဆိုတဲ့ ခလုပ်ကလေးက အဖြူရောင်ဖြစ်နေခြင်းဟာ လောလောဆယ် ဇော်ဂျီကီဘုတ်နဲ့ အကျွမ်းဝင်နေသူတွေ ဇော်ဂျီကီးဘုတ်နဲ့ စာရိုက်ပြီး ကွန်မန့်ပေးလို့ရပါတယ်။ ယူနီကုဒ် ကီးဘုတ်နဲ့မှ ရေးလိုသူများအတွက်ကတော့ U ဆိုတဲ့ ခလုပ်ကလေးကို နှိပ်ပေးခြင်းဖြင့် ယူနီကုဒ်လက်ကွက်နဲ့ ရေးနိုင်မှာ ဖြစ်ပါတယ်။ ကနေ့မနက်က စေတန်ဂေါ့ဒ်ရဲ့ Plugin က ကွန်မန့်ပေးဖို့အတွက်ပါ ရေးလို့ပြီးသွားပြီဆိုတာကြောင့် မနေ့ညက သုံးထားတဲ့ ပုံစံကို မသုံးတော့ပါဘူး။ အခုဟာကတော့ ဘာနဲ့ရေးရေး ကြိုက်တာနဲ့ရေး ယူနီကုဒ်ကို အလိုလိုပြောင်းသိမ်းသွားမှာပါ။ အင်္ဂလိပ်လိုရေးလာလျှင်တော့ အင်္ဂလိပ်လိုပဲ ပြသွားမှာပါ။

နောက်တစ်ခုက ယူနီကုဒ်ကို ပြောင်းကြတဲ့နေရာမှာ လောလောဆယ် လူသုံးများနေတဲ့ မြန်မာ၃ (Myanmar3) ဆိုတဲ့ဖောင့်က FontFace မလှတဲ့အတွက်ကြောင့် အလှအပကြိုက်တဲ့ ကျွန်တော်တို့ ဘလော့ရေးတဲ့လူတွေ အခက်တွေ့ကြရပါတယ်၊ ကျွန်တော်ကတော့ လူပျိုကြီးနဲ့ သူ့မိတ်ဆွေတစ်ယောက် လုပ်ထားတဲ့ Yunghkio ဖောင့်ကို သုံးထားပါတယ်။

ပုံမှာမြင်ရတဲ့ အတိုင်းပါပဲ မြန်မာ၃ ဖောင့်စာလုံးထက်စာလျှင် အမြင်လှတာကိုတွေ့ရပါတယ်။ လူပျိုကြီးပေးလို့ ဦးဦးဖျားဖျား အနေနဲ့ မြန်မာကျူတိုရီရယ် စေတန်ဂေါဒ်လူပျိုကြီးနဲ့ ကျွန်တော် သုံးထားပါတယ်။

နောက်တစ်ခု အနေနဲ့ကတော့ Google Reader ကနေ ဖတ်လို့ရအောင်ပါ စေတန်ဂေါ့ဒ်ရဲ့ Plugin က ကူညီပေးထားပါတယ်။ အရင်တုန်းကဆိုလျှင် ကိုယ့်စက်ထဲမှာ ဖောင့်ရှိသော်လည်း ရီဒါထဲက ဖတ်မယ်ဆိုလျှင် ယူနီကုဒ်ဖောင့်သုံးထားလျှင် ဖတ်လို့အဆင်မပြေပဲ လင့်ကိုနှိပ်ပြီး သူ့ဘလော့ကို ဖွင့်ဖတ်ပါမှ ဖောင့်ကို သေသေချာချာမြင်ရ ဖတ်ရပါတယ်။ အခုတော့ အချိန်ပါးလျားလှတဲ့ စာဖတ်သူများအတွက် ဘလော့ကို လာလည်စရာမလိုပဲ ရီဒါထဲကနေ ဖတ်လို့ရပါပြီ။

ပြင်ဆင်ချက်။ ။ Reader ထဲက ဖတ်ဖို့ဆိုလျှင်တော့ စက်ထဲမှာ ယူနီကုဒ် ဖောင့် တစ်ခုခုရှိမှ ရပါမယ်။ ကျွန်တော် စမ်းကြည့်တုန်းက ဖောင့်အကုန်ဖျက်မိတယ်ထင်ပေမယ့် သေချာပြန်ကြည့်တော့ ပရပိုက်ဆိုတဲ့ ဖောင့်တစ်ခု စက်ထဲ ရှိနေလို့ မြင်ရတာပါ။

စာဖတ်သူများ အဆင်မပြေတာ ရှိလျှင် ပြောပြသွားနိုင်ကြပါတယ်။ ကြိုးစားပန်းစား ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဒီပို့စ်ကို အက္ခရာ ကီးဘုတ်ဖြင့်ရိုက်၍ Yunghkio ဖောင့် သုံးထားပါသည်။

Tags :
7,717 views
  • kom

    အချိန်ပိုလေးများရခဲ့လို 

    ရီဒါးထဲနေထွက်လာတယ်။ ရီဒါထဲမှာလည်းမမြင်ရပါဘူး. ဖတ်မရဘူး. unicode to zaw gi coverter နိပ်လိုက်မှ ရီဒါထဲမှာ ဖတ်လို့ရသွားတယ်။

  • ကွန်ပျူတာမှာ ယူနီကုတ်နဲ့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အိုင်ဖုန်း မှာ ဘယ်လိုလုပ်ရင် အဆင်ပြေမလဲခင်ဗျ
    '

  • ကောင်းပါလေ့ဗျာ ယူနီကုဒ် အသုံးအစွဲတက်လာတာ ဝမ်းသာစရာကိစ္စပါ ဘယ်သူ့ကိုမှ ပြောင်းပါလို့ မတိုက်တွန်းဖူးပါဘူး လူရင်းချင်းဖြစ်တဲ့ ကဒီဘီကိုတောင် ပြောင်းပါလို့ တစ်ခါမှမပြောဖူးဘူး ကိုယ်တိုင်ပြောင်းချင်စိတ် ရှိလို့ပြောင်းမယ်ဆိုတော့မှ ကူလုပ်ပေးလိုက်တာပါ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်ဗျာ။ 😀

  • ဖောင့်လေးက ချစ်စရာလေး။ ဒီဘလော့ဂ်မှာတော့ သေချာပေါ်သားဘဲ.. စေတန့်ဘလော့ဂ်မှာ လုံးကြီးတင်တွေ အောက်ကမြစ်တွေ နည်းနည်းလွဲနေတယ်။ (on Firefox) 🙂

  • ကျနော်..ယူနီကုတ်ပြောင်းထားတဲ့စာကိုဖတ်ချင်ရင်..mozillafirefox  မှာ ဇော်ဂျီနဲ့..myanmar 3 ကိုတလှည့်စီသွားသွားချိန်းနေရတာက..ဆိုးတယ်..နောက်ပြီးကျနော်က စာရိုက်ရင်အခက်တွေ့တာပဲ..ဇော်ဂျီနဲ့ရိုက်လို့အဆင်ပြေပေမဲ့. ယူနီကုတ်ရိုက်ချင်ရင်..ကျနော်ဒေါင်းထားတဲ့. NHM writer ဆော့လ်ဝဲလေးကို Run ပြီး ခေါင်းလောင်းပုံလေးပေါ်လာမှ.. ရိုက်လို့အဆင်ပြေတော့တယ်  NHM ကီးဘုတ်ကဇော်ဂျီလက်ကွက်အတိုင်ရိုက်လို့ရတယ်ပြောနေကြပေမဲ့.. စက်ကကြောင်ချင်နေသေးတယ်.ငသတ်ကိုရိုက်တာ.တခါတလေရိုက်လို့ရပြီးတခါတလေ.. ဘာတွေပေါ်လာမှန်းမသိဘူး.. ယူနီကနေ.. ဇော်ဂျီနဲ့ပြန်ပြောင်းရိုက်ချင်ရင်.. အဲဒီခေါင်းလောင်းပုံလေးကို  exit လုပ်ပြန်ထွက်..ယူနီပြန်ရိုက်ချင်ရင်.. NHM writer ကိုပြန် RUN ပြီးခေါင်းလောင်းပုံပြန်ခေါ်..ရွာလည်နေတာပဲဗျာ.. ဒီထက်ပိုပြီးစနစ်ကျတဲ့နည်းလေးရှိရင်ညွှန်ပေးပါအုံး.. အခုအတိုင်းကြီးက..တစ်ယောက်တည်း..မြန်မာစာရိုက်စနစ် ၂ ခုနဲ့..နပန်းလုံးနေရသလိုဖြစ်နေတယ်..

  • ပြဿနာက မြန်မာ၃ဖောင့် သွင်းလိုက်ရင် firefox default က အလိုလို လိုက်ပြောင်းသွားတာပါ.. သူ့ကို Default font: zawgyi-one ပြန်ပြောင်းပေးလိုက်ရင် မြန်မာ၃ တွေရော ဇော်ဂျီတွေရော အဆင်ပြေပြေမြင်ကြတာကို တွေ့ရပါတယ်။

  • kom

    အရီး လက်ရေးတွေ လှသွားတယ် .. တကူးတက ရီဒါထဲက ထွက်ပြီး လာဖတ်ပေးတာ ကျေးဇူးတင်ပါတယ်

    ပေတူး

    အိုင်ဖုန်းမှာ မြင်နိုင်ဖို့ ကျွန်တော့ ဘလော့က မိုဘိုင်း တန်းပလိတ်ကို ပြင်ရဦးမယ်ခင်ဗျ

    CalmHill

    လူပျိုကြီးတို့ပဲ အားကိုးစရာရှိပါတယ်ဗျာ … ဟမ်

    Thinzar

    ချစ်စရာကောင်းတဲ့ လူကြီးတွေ ရေးတော့လဲ ဖောင့်ကလေးတွေ ချစ်စရာ ကောင်းသွားတာပေါ့ … အဟွတ် အဟွတ်

    လူငတေ

    NHM ကီးဘုတ်ကနေ ယူနီကုဒ်နဲ့ ဇော်ဂျီ အပြောင်းအရွေ့လုပ်ချင်ရင် Alt + 1 ထင်တယ်ခင်ဗျ၊ လုံးဝ ထွက်လိုက်စရာ မလိုပါဘူးခင်ဗျ။

    ShwunMi

    အတွေ့အကြုံတွေ ရှယ်ကြပါဦး …

    AMMK

    အဆင်ပြေပြေ ဖတ်လို့ရတဲ့အတွက် စိတ်အေးရပါတယ်၊ နောက်လဲ လာဦးနော် … ဟမ်

    Pe Ti

    နဲနဲပါးပါးတော့ လှလိုက်ပါဗျာ …

  • မောင်ဝေး

    တကယ်တန်း စဉ်းစားကြည့်ရင် သူများတကာတွေ ဗွိုက်စ်ရစ်ကွန်နီးရှင်းတွေ၊ ဗွိုက်စ်ကွန်မန်းအက်တီဗေးရှင်းတွေ၊ အာတီဖီရှယ်အင်တဲလိဂျင့်တွေ လုပ်နေချိန်မှာ တို့ရွှေပြည်သားတွေခမြာ ယူနီကုတ်နဲ့ ဇော်ဂျီအဆင့်မှာ လိန်ဖယ်ဖယ်ဖြစ်နေတုန်းဆိုတော့ နေရာတကာ ဘိတ်ချေးဘဝက တက်နိုင်ဖို့မလွယ်သေးပါလားနော်။

  • MrDBA

    ဖြေးဖြေးချင်း ကြိုးစားသွားရမှာပေါ့ ကိုမောင်ဝေးရယ်။

  • အက်ခရာ ဆိုတာကို ဘယ်လိုရေးပါသလဲ ခင်ဗျာ ။ ကျေးဇူးပြုပြီး ပြောပြပေးပါ။

  • MrDBA

    myoehtet

    အက္ခရာ ဆိုတာကို ရေးဖို့အတွက် အက္ခရာ မြန်မာ၃ လက်ကွက်ကို အခြေခံပြီး ပြောပါ့မယ်။
    ပါဠ်ဆင့် ( စာလုံးဆင့် )များ ရိုက်သွင်းနည်း အလိုအရ

    စာလုံးဆင့်များရိုက်နှိပ်လိုပါက အဆင့်ခလုတ် [ F ] shift + f ကိုရိုက်နှိပ်ပြီး ဆင့်လိုသော အက္ခရာကို ဆက်ရိုက်လိုက်ပါက စာလုံးဆင့် ဖြစ်သွားပါလိမ့်မည်။ ဒါကြောင့် အက္ခရာ ဖြစ်ဖို့အတွက် အ(t) + က(u) + ္(F) + ခ(c) + ရ(shift + 7 ) + ာ(m)
    ကွင်းအတွင်းက အင်္ဂလိပ်စာလုံးက ကီးဘုတ်မှာ မြင်ရမည့် စာလုံးဖြစ်ပါတယ်။

  • လှမ်းကုတ်ထားတယ်။
    http://pandora-and-pandora.blogspot.com/2011/01/blog-post_09.html