How to set your Browser

လောလောဆယ် မလေးရှား ပို့စ်တွေ ဆက်မရေးခင်မှာ ကြားဖြတ်အနေနဲ့ အထူးအရေးပေါ် တစ်ပို့စ်ရေးရပါတယ်။ မိတ်ဆွေတွေကို သိပ်ချစ်လွန်းလို့ ရေးရတာပါ။ အကြောင်းကတော့ ယူနီကုဒ်ပြောင်းပြီးတဲ့နောက် မည်သို့ပင် အဆင်ပြေအောင် လုပ်ပင်လုပ်ထားသော်ငြား ဖတ်၍မရဟု တွင်တွင်ပြောနေသူများအတွက်ပါ။

လူတွေ အဓိက အသုံးများတဲ့ Major Browser ၂ခုဖြစ်တဲ့ IE and Fire Fox တို့တွေမှာ မိမိစက်ထဲမှာ ယူနီကုဒ်ဖောင့် မရှိပင် မရှိသော်ငြားလဲ ဖတ်လို့ရအောင် လုပ်ထားပါတယ်။ ကွန်မန့်ပေးသော အခါတွင်လည်း ဇော်ဂျီနှင့်သာရိုက်ထည့် ကျွန်တော့်ဆီမှာ ပေါ်သောအခါ ယူနီကုဒ် အလိုလိုပြောင်းသွားအောင် လုပ်ထားပါတယ်။ (Fire Fox တွင် ယူနီကုဒ်ဖောင့် မရှိ့ပဲ စာဖတ်နိုင်ရန်နှင့် ကွန်မန့်ရေးနိုင်ရန် Ko Saturn ရေးထားသော WordPress Plugin - MMUniCode Embed ကိုသုံးထားပါတယ်။ IE တွင် ယူနီကုဒ်ဖောင့် မရှိ့ပဲ စာဖတ်နိုင်ရန် အတွက်ကိုတော့ EOT Font ပြုလုပ်ပြီး ကျွန်တော့် ဘလော့မှာ သုံးထားပါတယ်။)

ထိုကဲ့သို့ လုပ်ထားတာကို မည့်သို့မြင်ရပုံကိုလည်း မပန်ဒိုရာဘလော့နှင့် မပန်းနွယ် ဘလော့များမှာ သူတို့ဘာသာ သူတို့စမ်းသပ်ထားတာကို မြင်နိုင်ပါတယ်။ မပန်ဒိုရာကတော့ Fire Fox တွင်စမ်းသပ်ထားတာ ဖြစ်နိုင်ပြီးတော့ မပန်းနွယ်ကတော့ IE ပေါ်မှာစမ်းသပ်ထားတာပါ။

သို့သော်လည်း ယခုအချိန်အထိ ဖတ်၍မရသေးသူများ ရှိနေသေးကြောင်း လေ့လာသိရှိရတာဖြစ်တဲ့ အတွက်ကြောင့် မြင်လဲမမြင်ရ၊ သို့သော်လည်း သံယောဇဉ်ကြောင့် လာလာဖတ်ရ၊ ကွန်ဗာတာနဲ့ ပြောင်းဖတ်နေရ စတာတွေ မြင်ရတော့ မည်သို့မည်ပုံလုပ်ရင် မြင်ရနိုင်မည့်အရေး ရေးပေးရပါတယ်။

စောစောစီးစီးက ရေးလျှင် ရနိုင်သားနဲ့ ဘာလို့အခုမှ ရေးရသလဲ မေးမယ်ဆိုတာ သိလို့ ကြိုဖြေပါရစေ။ တချို့များကြတော့လဲ မင်းတို့ယူနီကုဒ်နဲ့ရေးတဲ့ဟာ ဖတ်ဖို့အရေး ဟိုဟာလုပ်ရ ဒီဟာလုပ်ရ စိတ်ရှုတ်တယ်လို့ ပြောခံထိမှာစိုးလို့ရယ်၊ အခုအဆင့်လေးတွေက သိပြီးသားလဲ ဖြစ်နိုင်လောက်တယ်လို့ တွေးမိတာရယ်နဲ့ကြောင့် မရေးဖြစ်တာပါ။ ပြောနေ စကားကြောရှည်ပါတယ် မလေးရှားပို့စ်ကလဲ ဆက်ရဦးမှာဆိုတော့ အပြောတွေ အသာထားလို့ အလုပ်နဲ့ သက်သေပြလိုက်ကြစို့လား။

ပထမဆုံး IE မှာ မြန်မာလို ဖတ်လို့ရအောင် setting လေးတွေ စစ်ကြည့်လိုက်ရအောင်။

IE ရဲ့ Tools -> Internet Options ကိုရွေးလိုက်ပါ။

အဲဒီကမှတဆင့် ပွင့်လာတဲ့ Dialogue Box ထဲကမှ General Tab အောက်က Accessbility Button ကိုနှိပ်ပေးပါ။ အောက်ကပုံမှာ အနီအဝိုင်းနဲ့ ပြထားပါတယ်။

နောက်တစ်ဆင့်ပေါ်လာတဲ့ နေရာမှာ Check Box ကလေးတွေ မြင်ရပါမယ်။

အဲဒီမြင်ရတဲ့ လေးထောင့် အကွက်ကလေးတွေထဲက Formatting ဆိုတဲ့ ခေါင်းစဉ်အောက်က အကွက်သုံးခုထဲက Ignore font style specified on webpages ဆိုတဲ့နေရာမှာ အမှန်ခြစ်များ ဖြစ်နေခဲ့လျှင် အဲဒီအမှန်ခြစ်ကို ဖြုတ်ပေးပါ။  ပြီးရင်တော့ OK Button လေး နှိပ်ပေးဦးခင်ဗျ။

တစ်ချို့ယူဆာတွေ ဟိုးလွန်ခဲ့တဲ့ ၂နှစ်သုံးနှစ်လောက်က ဇော်ဂျီဖောင့်ကို စက်ထဲ သွင်းဖူးကြလိမ့်မယ်။ အဲဒီအခါမယ် အဲဒီအချိန်တုန်းက ဖောင့်သွင်းရင်းနဲ့ အိုင်အီးရဲ့ Settings ကို အလိုလို ပြင်သွားတာ ရှိဖူးပါတယ်။ အဲဒီလူမျိုး အခုအချိန်ရှိနေသေးရင် သူရဲ့ IE Browser မှာ အခုနေရာရောက်ရင် User Style sheet ဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိတဲ့ လေးထောင့်ကွက်မှာပါ အမှန်ခြစ်ဖြစ်နေပြီးသား ဖြစ်နေမှာပါ။ အဲဒါဆိုရင်လည်း အဲဒီအမှတ်ခြစ်ကို ဖြုတ်ပေးဖို့ လိုပါမယ်။ အဲဒီလိုဖြုတ်လိုက်ရင် အရင်က အိုင်အီးနဲ့ ဖတ်နေလို့ရတဲ့ ဇော်ဂျီသုံးတဲ့ ဘလော့တွေ ဖတ်မရဖြစ်သွားမှာပေါ့ဆိုရင် ဟုတ်ပါတယ်။ သို့သော် မိတ်ဆွေအနေနဲ့ ဘာလုပ်လို့ရနိုင်ပါသလဲဆိုရင် ဇော်ဂျီနောက်ဆုံးဗားရှင်းကို စက်ထဲ သွင်းလိုက်ပါ၊ ပြီးနောက် Mozilla Fire Fox နဲ့ဖတ်ရင် ဇော်ဂျီသုံးသော ဘလော့တွေကို ဆက်ဖတ်လို့ ရနေမှာပါ။ မင်းဘလော့ တစ်ခုဖတ်ဖို့အတွက် ငါ့ IE ကို မပြောင်းနိုင်ပေါင်ဆိုရင်လဲ ဟုတ်ကဲ့ မပြောင်းပါနဲ့ခင်ည။ သို့သော် Mozilla Fire Fox လေးတော့ စက်ထဲ သွင်းထားပေးပါ။ အဲသာဆိုရင် နောက်တစ်မျိုးဖြစ်တဲ့ Mozilla Fore Fox မှာ ဖတ်လို့ရအောင် လုပ်နည်းလေး ဆက်ဖတ်ကြည့်ပေးပါဦး။

မှတ်ချက်။  ။ IE တွင် ဖောင့်မရှိပဲ စာဖတ်၍ ရခြင်းမှာ ထိုဘလော့တွင် EOT Font သုံးထား၍ ဖြစ်ပါတယ်။ EOT font မသုံးထားလျှင် အထက်ပါ setting များ ပြောင်းသော်လည်း ဖတ်၍ရမည်မဟုတ်ပါ။

Mozilla Fire Fox ကို ဒီနေရာကနေ အလကား ဒေါင်းလုဒ်လုပ်ယူနိုင်ပါတယ်။

မမြင်ဖူးသေးဘူး မသုံးဖူးသေးဘူး ဆိုသူများလဲ ပုံကြည့်နိုင်အောင် နမူနာပြရပါတယ်။ ဆိုတော့ စက်ထဲမှာ Mozilla Fire Fox ရှိပြီးသွားပြီး ဆိုကြပါတော့။ အဲဒါဆိုရင် Tools -> Options ကိုသွားပါ။

အဲဒီကနေပွင့်လာတဲ့ Dialogue Box ကနေမှ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Content Tab ကိုသွားပါ။

Default Font မှာ Zawgyi-One လုပ်ထားရပါမယ်။ ဒါမှ ဇော်ဂျီနဲ့ရေးသော ဘလော့များကို အေးအေးဆေးဆေး ဖတ်နိုင်မှာဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် ဘေးနားက Advanced button ကိုနှိပ်ပေးရပါမယ်။ နောက်ထပ်ပွင့်လာတဲ့ Dialogue Box မှာ အောက်ကပုံမှာ ပြထားတဲ့အတိုင်း အနီရောင် ဝိုင်းပြထားတဲ့ နေရာလေးမှာ လုပ်ထားတဲ့ အတိုင်း ပြောင်းထားလိုက်ရုံပါပဲ။

ဒီနေရာမှာ အရေးကြီးတာက အောက်နားလေးက Check Box လေးတစ်ခုဖြစ်တဲ့ Allow pages to choose their own fonts, instead of my selections above ဆိုတာရယ် အောက်ဆုံးက Default Character Encoding ကို Unicode (UTF-8) ဆိုတာလေး ရွေးထားလိုက်ဖို့ပါပဲ။ အဲဒီလိုလုပ်ပြီးရင်တော့ OK Button ကလေး နှိပ်လိုက်ပြီးရင် အားလုံးပြီးပါပြီ။

ဒါဆိုရင် သင့်စက်ထဲ ဇော်ဂျီဖောင့်ရော ယူနီကုဒ်ဖောင့်ပါ နှစ်မျိုးစလုံးရှိနေရင်တောင်မှ ဇော်ဂျီသုံးသော ဘလော့များကို ဇော်ဂျီဖောင့်ဖြင့်ဖတ်နိုင်ပြီးတော့ ယူနီကုဒ်သုံးထားသော ဘလော့များကိုလဲ ယူနီကုဒ်အတိုင်း ဖတ်လို့ရနိုင်မယ်ဖြစ်ပါတယ်။ (မှတ်ချက်၊ ၊ Facebook တွင်တော့ ဖောင့်၂မျိုးလုံး သေသေချာချာ မြင်ရမည်မဟုတ်ပါ။ default font လုပ်ထားသော ဇော်ဂျီများသာ မြင်ရပါမယ်။)

နောက်ဆုံး အနေနဲ့ပြောလိုတာကတော့ ကျွန်တော့်ဘလော့ကိုဖတ်ဖို့ ဒီဟာဒီဟာတွေ လိုက်လုပ်ပေးပါလို့ ပြောကြားလိုခြင်းမဟုတ်ပါဘူး၊ သို့သော် ဒီလိုဒီလို လုပ်ပေးခြင်းအားဖြင့် ယူနီကုဒ်စံသုံး ဘလော့များနှင့် ဇော်ဂျီဖောင့်သုံး ဘလော့များကို မည်ကဲ့သို့ အဆင်ပြေပြေမြင်နိုင် ဖတ်နိုင်ပါမည့်အကြောင်း စာဖတ်သူဖက်မှ ယခုကဲ့သို့လုပ်လိုက်ခြင်းဖြင့် အဆင်ပြေသွားမှာဖြစ်ကြောင်း ပြောပြခြင်းသာ ဖြစ်ရပါတယ်။

(ယခုပို့စ်အား မိတ်ဆွေများ အလွယ်တကူဖတ်၍ ရစေခြင်းအလို့ငှာ ဇော်ဂျီဖောင့်ဖြင့် ရေးသားပါတယ်။ အချိန်အတိုင်းအတာ တစ်ခု အကြာမှာတော့ ယူနီကုဒ်သို့ ပြန်လည်ပြောင်းလိုက်မှာ ဖြစ်ပါတယ်။)


3,346 views

9 Responses to How to set your Browser

  1. နောက်ဆုံးစမ်းသပ်မှုလေး ပြောပြဦးမယ်။ ပြီးခဲ့တဲ့ အပတ်က စမ်းထားတာပါ။ အဆင်မပြေတာတွေချည်း ပြောနေရတာလည်း အားနာလို့။ ပန်ဒိုရာရဲ့ အလုပ်ထဲက ကွန်ပြူတာ က ဘာဖောင့်အသစ်မှ တပ်လို့မရပါ။ လုံခြုံရေးကို တင်းကျပ်ထားလို့ပါ။ ချိုးဖောက်ပြီး တပ်ဖို့လည်း မလုပ်သင့်လို့ မလုပ်ပါ (နည်းပညာအရ ဖြစ်ကောင်းဖြစ်နိုင်မည် ဆိုသော်လည်း)

    (၁) အဲဒီလို မြန်မာစာ ဘာဖောင့်မှ မရှိတဲ့ ကွန်ပြူတာကနေ ဒီအတိုင်းဖတ်ရင် ပန်ဒိုရာလို ဇော်ဂျီတပ်ထားပြီး အီးအိုတီ လုပ်ထားတဲ့ ဘလော့ဂ်ကို ဆီပုံးကလွဲလို့ အကုန် ကောင်းကောင်းမြင်ရပါတယ်။
    ဇော်ဂျီတပ်ထားပြီး အီးအိုတီ လုပ်မထားတဲ့ ဥပမာ- မသက်ဝေလို ဘလော့ဂ်မျိုးဆိုရင် လေးထောင့်တုံးပဲမြင်ရပါတယ်။
    မင်းယွန်းသစ်နဲ့ ကိုဒီဘီရဲ့ ဘလော့ဂ်ကိုလည်း လေးထောင့်တုံးပဲ မြင်ရပါတယ်။

    (၂) ပန်ဒိုရာက ဇော်ဂျီဖောင့်ကို desktop ပေါ် download၊ double-click လုပ်ပြီး minimise လုပ်ထားလိုက်တဲ့အခါ မသက်ဝေရဲ့ ဘလော့ဂ်ကို မြင်ရသွားပါတယ်။
    အဲလို ဇော်ဂျီကို minimise လုပ်ထားချိန်မှာ browser မှာ font ကို ဇော်ဂျီ လို့default ပြောင်းလိုက်တဲ့အခါမှာတော့ မင်းယွန်းသစ်ဘလော့ဂ်ကို မြင်ရပါတယ်။ ကိုဒီဘီကိုတော့ မမြင်ရသေးပါဘူး။

    (၃) mm3 ကိုပါ desktop ပေါ် download လုပ်လိုက်ပြီး double-click လုပ်ထား လိုက်တဲ့အခါတော့ ကိုဒီဘီရဲ့ ဘလော့ဂ်ကို တပြိုင်နက် မြင်ရပါတယ်။

    အဲဒါတွေအားလုံး IE ကဖြစ်ပါတယ်။ firefox ကိုလည်း install လုပ်လို့မရပါဘူး။ installation အသစ်မှန်သမျှကို တားမြစ်ထားလို့ပါ။

    ဒီတော့ လတ်တလောအနေနဲ့ကတော့ ဇော်ဂျီနဲ့အီးအိုတီ ဘလော့ဂ်ဟာ ဘာဖောင့်မှမရှိတဲ့ public computer ဒါမှမဟုတ် အလုပ်ထဲကစက်တွေကနေ ဖတ်သူတွေအတွက် ပိုအဆင်ပြေသလိုရှိနေပါတယ်။ ပြောပြရုံပါ .. း)

    တကယ်က သိပ်အပန်းမကြီးကြဘူးဆိုရင် ဖတ်သူတွေဟာ ကိုယ်ဖတ်ချင်တဲ့ဘလော့ဂ်က ဖောင့်အမျိုးအစားလေးကို install လုပ်မရတောင်မှ desktop ပေါ်တင်ပြီး double click နှိပ်ထားရုံနဲ့ အတော်အတန်တော့ ဖတ်လို့ရနေပါပြီ။

    နက်ဖြန်ရုံးတက်မှ ကိုဒီဘီ ဘလော့ဂ်ကို ထပ်ကြည့်လိုက်ပါဦးမယ်။

    • ကိုကိုဒီဘီ says:

      ဟုတ်ကဲ့ စမ်းသပ်တွေ့ရှိချက်များ အားလုံးကို ကျေးဇူးတင်ပါတယ်။ feedback လွတ်လွတ်လပ်လပ်ပေးပါခင်ဗျ။ း)

    • ကိုကိုဒီဘီ says:

      နောက်ထပ် ဖြစ်နိုင်တာ တစ်ခုကတော့ ကျွန်တော့် ဘလော့ကို mm3 eot လုပ်ထားတာက ၁၁ ရက်နေ့မှခင်ဗျ။ ဒါကြောင့် ကျွန်တော် အီးအိုတီချိတ်ပြီးနောက်မှာ မပန်းနွယ် ကြည့်တာ ဖြစ်တဲ့ အတွက် သူ့ရဲ့ အိုင်အီးမှာ မြင်ရတာ ဖြစ်ပါမယ်။ မပန်ဒိုရာ စမ်းသပ်တုန်းက ၁၁ ရက်နေ့ ရှေ့ပိုင်းများ ဖြစ်မယ်ဆိုရင် အိုင်အီးမှာ မမြင်ရတာ ဖြစ်နိုင်ပါတယ်။

    • zt says:

      အင်တာနက်ပေါ်မှာ RegisterFont ဆိုတဲ့ ပရိုဂရမ်ကလေးတစ်ခု ရှိပါတယ်။ အဲဒါကို သုံးရင် ဖောင့်ကို အင်စတော လုပ်စရာ မလိုပဲ သုံးလို့ ရပါတယ်။ ဒါပေမယ့် ကွန်ပျူတာ ပိတ်လိုက်ရင် ပြန်ပျောက်သွားတာမို့ startup ထဲမှာ ထည့်ထားဖို့ လိုပါတယ်။ FireFox ကို အင်စတော လုပ်မရရင် Portable Version သုံးပါ။ အဲဒါဆိုရင် အင်စတော လုပ်စရာ မလိုဘဲ သုံးလို့ ရပါတယ်။ Google Chrome ဆိုရင်တော့ အက်ဒမင် Right မလိုဘဲ အင်စတော လုပ်လို့ ရပါတယ်။

  2. Wai Phyo says:

    EOT font မထည့်ထားသေးရင် IE သုံးတဲ့သူတွေ ဖောင့်မရှိပဲနဲ့ မြင်ရနိုင်စရာမရှိပါ။ ကိုစေတန်ရေးပေးထားတဲ့ WordPress Unicode Embed plug-in မှာ အဲဒီအတွက်မပါသေးပါဘူး။ ကိုယ့်ဖာသာ CSS ထဲမှာ ထည့်ပေးမှ IE သမားတွေ အဆင်ပြေနိုင်စရာရှိပါတယ်။ ယွန်းချို EOT ကျွန်တော့်ဆီမှာရှိပါတယ်။ မြန်မာ၃ အစား ယွန်းချိုကို http://goo.gl/sH0k3 ကယူပြီးထည့်ပါလား ကိုဒီဘီ။ (ရတနာပုံက mrdba.info ကိုပိတ်ထားလို့ ဒီcomment တင်ဖို့ နာရီဝက်တောင်ကြာသွားတယ်ဗျို့)

    • ကျွန်တော် Myanmar3 ရော၊ ယွန်းချိုကိုရော EOT လုပ်ထားတယ်ခင်ဗျ။ ကျွန်တော့်ဘလော့မှာ IE နဲ့စာဖတ်တဲ့လူတွေ အတွက် သုံးထားပါတယ်။ စေတန့် Plugin က Fire Fox အတွက်သုံးတာပါ။

      ရတနာပုံကနေတောင် ပိတ်ထားတယ်လား .. ဟုတ်ရဲ့လားဟင် …… ငှင်ငှင်

      • CalmHill says:

        နာမည်ကြီးဆိုတာ ဒါကိုပြောတာဖြစ်မယ် :P

      • Wai Phyo says:

        ဝုတ်တယ် ဂယ်ပိတ်တာ…. အရမ်း ဟော့ဖြစ်တဲ့ဆိုက်ဖြစ်နေလေတော့ သူတို့ ရတာနာပုံထက် Hit counter တက်နေလို့ မနာလိုတာဖြစ်မယ်…. :D

  3. Wai Phyo says:

    မြန်မာ၃ အစား ယွန်းချိုကို http://goo.gl/sH0k3 ကယူပြီးထည့်ပါလား ကိုဒီဘီ။ (ရတနာပုံက mrdba.info ကိုပိတ်ထားလို့ ဒီcomment တင်ဖို့ နာရီဝက်တောင်ကြာသွားတယ်ဗျို့)

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook