Ornagai iPhone/iPod Touch Dictionary App Give Away!!

iPhone/iPod Touch/iPad များတွင် အသုံးပြုရန် ထုတ်လုပ်ထားသော Ornagai Dictionary ကို တတိယအကြိမ်မြောက် ကံစမ်းမဲ ဖေါက်ပေးဖို့ အချိန်ထပ်မံရောက်ရှိလာပြန်ပါပြီ။ ပထမအကြိမ်အနေဖြင့် Myanmar Tutorials တွင် ငါးခုနှင့် ဒုတိယအကြိမ်အနေဖြင့် ထူးတေဇာ၏ဘလော့များမှ ကံစမ်းမဲဖေါက်ပေးပြီးဖြစ်ပါတယ်။ အင်မတန်မှ သနားကြင်နာတတ်သော စေတန်ဂေါ့မှ Promo Code ၅ ငါးခုကို တတိယအကြိမ် ထပ်မံမဲဖေါက်ကာ အလကားပေးမှာ ဖြစ်ပါတယ်။

Ornagai ဆိုတာ ၂၀၀၉ ခုနှစ်လောက်က Web version အနေနဲ့စတင်ခဲ့တဲ့ Online Dictionary လေးတစ်ခုပါ။ Eng to Myanmar <> Myanmar to Eng နှစ်မျိုးစလုံး အပြန်အလှန် ရှာဖွေနိုင်ပါတယ်။ ယနေ့အထိ Eng to Myanmar အတွက် စာလုံးရေပေါင်း  31043 လုံး ပြုစုဖြည့်တင်း ရှာဖွေနိုင်မယ်ဖြစ်ပြီးတော့၊ Myanmar to Eng အတွက်ကိုတော့ စာလုံးအရေအတွက်  52902 လုံး ဖြည့်တင်းထားရှိပြီးဖြစ်ပါတယ်။

တကယ်တော့ Ornagai ကို အင်မတန်မှ သေးငယ်သော နှုန်းထားဖြင့် Apple Store မှာ $0.99 ဖြင့် ရောင်းချနေတာ ဖြစ်ပါတယ်။ ဈေးနဲပေမယ့်လည်း မြန်မာတွေအတွက်သာ အသုံးတည့်သော ပစ္စည်းဖြစ်တာမို့ အမြတ်အများကြီးကျန်သော ရော့င်းကုန်မျိုး မဟုတ်ပါဘူး။ အခုလိုရောင်းချရတာကလဲ iPhone/iPod Touch/iPad များပေါ်တွင် ယခုလို အသုံးပြုနိုင်သောApplication များကို တီထွင်လိုတယ်ဆိုလျှင် Apple မှထုတ်လုပ်သော Software ရေးသားနိုင်သော အထောက်အကူပြုTools များကို ဝယ်မှသာ Apple ကလက်ခံလို့၊ ထိုသို့ ဝယ်ယူထားသော Tools များ၏ အဖိုးအခ ကျေစေခြင်းအလို့ငှာ အင်မတန်သက်သာသော $0.99 ဆိုသော နှုန်းထားဖြင့် ရောင်းချရခြင်းဖြစ်ပါတယ်။

ယခုနောက်ဆုံး Release လုပ်ထားသော version 1.4.1 တွင် စာလုံးပေါင်းသတ်ပုံအမှားများ၊ ပရိုဂရမ်အမှားအချို့များကို ပြင်ဆင်ပြီးဖြစ်ပါတယ်။ ထို့အပြင် iOS4 အသုံးပြုထားပါက JailBreak လုပ်စရာမလိုဘဲ မြန်မာလို မြင်နိုင်မည်ဖြစ်ပါတယ်။ တစ်ခါဝယ်ထားရုံဖြင့် နောက်ပိုင်း အဆင့်မြှင့်သမျှတွေကို အလကား အဆင့်မြှင့်နိုင်မှာဖြစ်ပါတယ်။ Install လုပ်စဉ်သာ အင်တာနက်ရှိရန်လိုပြီးတော့ ကျန်သော အချိန်များတွင် အင်တာနက် ကွန်နက်ရှင် မရှိသော်လည်း အလုပ်ကောင်းစွာလုပ်မှာဖြစ်လို့ အလွန်အဆင်ပြေပါတယ်။

ယခုမဲဖေါက်ပေးမယ့် အစီအစဉ်မှာ ပါဝင်ကံစမ်းလိုတယ်ဆိုရင်တော့ ဒီပို့စ်ရဲ့ Comment ရေးတဲ့နေရာမှာ မိမိနာမည်၊ ဆက်သွယ်ရန် အီးမေးလိပ်စာ တို့ကို ချရေးခြင်းအားဖြင့် ကံစမ်းနိုင်ကြပါတယ်။ လာမည့် စက်တင်ဘာလ ၁၂ ရက် တနင်္ဂနွေညမှာ ကံထူးသူများစာရင်းကို ကြေငြာပေးပါ့မယ်။ comment တွေပေးတဲ့ အခါမှာ iTunes App Store မှာ သုံးတဲ့ email ပေးစေခြင်ပါတယ်။ iTunes App Store အကောင့်ရှိမှသာ download free လုပ်လို့ရပါမယ်။ မရှိရင် အရင်လို US Store ကနေလဲ ဘဏ်ကတ်မလိုပဲ လုပ်လို့ မရတော့ပါဘူး။ ဒါကြောင့် iTunes App Store account ရှိတဲ့သူများ၊ မ၀ယ်ရသေးတဲ့သူများသာ ကံစမ်းမဲ အစီအစဉ်မှာ ပါဝင်ကြစေလိုပါတယ် မဟုတ်ရင် မဲပေါက်သည့်တိုင်အောင် ဘာမှမလုပ်လိုက်ရပဲ အခြားသူလဲ မရလိုက်ဖြစ်မှာ စိုးလို့ပါ။

ကဲ စာရင်းပေးရင်း ကံစမ်းလိုက်ကြပါဦးလို့။  …

ကံစမ်းမဲ ပါဝင်ဆင်နွဲလိုလျှင်ဖြင့် Comment ပေးသော နေရာတွင် မိမိနာမည်၊ iTune Store တွင် Register လုပ်ထားသော Email Address တို့ကို ရေးချပေးသွားပါ။

ဥပမာ၊ ၊ ကိုကိုဒီဘီ ၊  kokodb[at]gmail.com

ကံစမ်းမဲ စာရင်းပေးကြသူများ

  1. Kay Thwe Win
  2. Nwe Ni
  3. Ko Boyz
  4. Nyi Lin Win
  5. Moe Seth
  6. emoracket (????)
  7. Min Naing Oo
  8. Myo Win Yee (?????)
  9. Kyaw Mg Mg Zaw
  10. Sai Khay Sit
  11. Zwe Yan Aung
  12. Ko Htun

445 views

20 Responses to Ornagai iPhone/iPod Touch Dictionary App Give Away!!

  1. CalmHill says:

    ကံစမ်းမဲက ဒီဘက်ရောက်လာပလား :D

  2.ုkay thwe win, KK says:

    I want it !

  3. Nwe Ni says:

    I am reall want this Ornagai. :)

  4. MrDBA says:

    အင် .. လိုချင်တယ်ဆိုရင် ဆက်သွယ်ရန် အီးမေးလေး ရေးချသွားခဲ့ပါခင်ဗျ။

  5. MrDBA says:

    လိုချင်တယ်ဆိုရင် ဆက်သွယ်ရန် အီးမေးလေး ရေးချသွားခဲ့ပါခင်ဗျ။

  6.ုkay thwe win, KK says:

    ရေးချခဲ့ တယ်လေ မတွေ့ ဘူးလား
    kaythwe.w@gmail.com
    ဒီအီးမေးလ်က iTunes App Store အတွက်ဖွင့် ထားတဲ့ အကောင့် ပါ ။မှားသွားရင် တော့ 
    ခွင့် လွှတ်ပါ။
    တွေ့ တဲ့ နေရာမှာ ချသွားခဲ့ ပါတယ်။
    ဘက်စ်ရီဂတ်စ်
    ကေကေ
    2010/9/4 Echo <
    js-kit-m2c-2C22RGI3G7AO4MEJSS2G3LDEP01BL9LUGV5F0PT0UL1RPA54JFJG@reply.js-kit.com

  7. Boyz says:

    mr.boyz@gmail.com
    ဟီးဟီးဟီး

  8. Deliz Sieg says:

    Moe Seth  …   delizsieg@hotmail.com

  9. emoracket says:

     here, i dropped … gimmie =P

  10. star lay says:

    မင်းနိုင်ဦး | minnai.u21{at}gmail.com :) :)

  11. Myowinyee says:

    I want it

  12. OMG says:

    iTunes account က US ဖြစ်ရမှာ နော် စလုံး account ဆိုရင် မရပါ
    US account ကလဲအရင်လို အလီဘာဘာ ဖွင့်လို့မရတော့ပါ
    ခက်တယ် ကိုယ်တွေ့လေ

  13. Mor Si says:

    Zwae Yan Aung(mintayargyimorsitone@gmail.com)

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages Widget created by Best Accounting Services
  • RSS
  • Twitter
  • Facebook