အိမ်ခန်းလွတ် ငှားရန်ရှိသည်

အိမ်ခန်း အငှားသမား လိုချင်လို့ပါခင်ဗျ။

ကျွန်တော်နေတဲ့အိမ်မှာ လင်မယားစုံတွဲ နေထိုင်ရန် အလို့ငှာ နှစ်ယောက်အိပ် KING SIZE ကုတင်+ မွေ့ယာ ပါပြီးသား Common ခန်း တစ်ခန်း အလွတ်ရှိနေသေးတဲ့ အပြင်၊ ကျန်ရှိသော common ခန်းတစ်ခန်းမှာ မိန်းခလေး တစ်ယောက် လွတ်နေသေးပါသဖြင့် အခန်းလိုအပ်နေသူများ ဆက်သွယ်နိုင်ကြပါတယ်။ အခန်းငှားခမှာ ၃၅၀ ကျသင့်မယ် ဖြစ်ပြီးတော့ တစ်ခန်းလျှင် နှစ်ဦးသာ နေထိုင်ရမယ်ဖြစ်ပါတယ်။ လင်မယားစုံတွဲနေနိုင်သော အခန်းမှာ ယခုချက်ချင်း နေထိုင်နိုင်မည် ဖြစ်ပြီးတော့ မိန်းခလေး တစ်ဦးလွတ်သော အခန်းမှာလဲ ချက်ချင်း နေနိုင်မည် ဖြစ်ပါတယ်။ ဇူလိုင်လကုန်တွင်တော့ မိန်းခလေးတစ်ဦးလက်ရှိနေထိုင်သော အခန်းမှာလဲ အိမ်ပြောင်းဦးမည်ဖြစ်၍ လူလွတ်သွားမည် ဖြစ်သောကြောင့် ထိုအခန်းတွင် ယောကျာ်းလေး ၂ဦး (သို့) မိန်းခလေး ၂ ဦး နေနိုင်မယ် ဖြစ်ပါတယ်။

အိမ်၏ ဖွဲ့စည်းပုံမှာ ကြီးမားကျယ်ပြန့်သော အိမ်ရှေ့ခန်း တစ်ခုပါရှိ၍ လူ၆ယောက်တစ်ချိန်ထဲ တစ်ပြိုင်ထဲ ထမင်းအတူစားနိုင်သော စားပွဲနှင့် ကုလားထိုင် အပြည့်အစုံပါသော ထမင်းစားခန်း တစ်ခန်း၊ လူနှစ်ဦး ပြိုင်တူ ချက်ပြုတ်နိုင်သော မီးဖိုဆောင်တစ်ခု၊ အဝတ်လျှော် အဝတ်လှန်း လုပ်နိုင်သော အခန်းငယ်တစ်ခု၊ ဘုံရေချိုးခန်း+အိမ်သာတွဲရက်တစ်ခန်း၊ မာစတာခန်းတစ်ခန်း (လက်ရှိ အိမ်သူကြီးနေထိုင်) ပုံမှန် အိပ်ခန်း ၂ ခန်းပါသော အိမ်ကျယ် ဖြစ်ပါသည်။

စိတ်တိုင်းကျ ချက်ပြုတ်စားသောက်နိုင်ပြီးတော့ အဲယားကွန်း စိတ်ကြိုက်အသုံးပြုနိုင်မယ် ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် PUB မှာ လကုန်လျှင် အိမ်ရှိလူများနှင့် အချိုးကျ ပေးဆောင်ရမှာ ဖြစ်ပြီးတော့၊ အင်တာနက်နှင့် အိမ်ဖုန်းမှာ အလကား အသုံးပြုနိုင်မည် ဖြစ်ပါတယ်။ ရေမီးကို ချွေတာသူမျိုးဖြစ်လျှင် အင်မတန်ပင် ဝမ်းသာအဲလှဲ ကြိုဆိုမည်ဖြစ်ပါသည်။ (အကြောင်းမှာ စင်ကာပူရောက် လူတော်တော်များများမှာ အင်မတန်အေးသော မြန်မာပြည်မှ လာသော သူများဖြစ်သောကြောင့် ယခုလိုပူလောင်သော စင်ကာပူရောက်သောအခါ အဲယားကွန်းကို အနွေးထည်ဝတ်ကာ၊ စောင်ခေါင်းမီးခြုံကာ အသုံးပြု၍ ထိုအခန်းမှာ ထွက်သောအခါ ရေချိူးရန်အလို့ငှာ Heater ကိုသုံးကြလေသည်။)

အိိမ်ရှင်မှာ အထူးသဘောကောင်း၊ အေးဆေးစွာ နေတတ်သူဖြစ်လို့ နားအေးပါးအေး နေမည့်သူများကိုသာ အထူးလိုလားသူဖြစ်ပြီးတော့၊ စပေါ်တစ်လစာ ကြိုတင်ပေးရမည် မဟုတ်ပါ။ ရံဖန်ရံခါ အိမ်ရှင်မှ အထူးစမ်းသပ် ချက်ပြုတ် လုပ်ကိုင်သော ဗမာစာ၊ ရခိုင်စာ၊ ကုလားစာ၊ ဥရောပစာများကို ကျွေးမွေးဦးမှာ ဖြစ်လို့ ငြင်းပယ်လျှင်ပင် စိတ်ဆိုးမည့်သူများဖြစ်ကြပေသည်။ သို့ပါသော်လည်း သဘောကောင်း၏ အလိုတော့ မလိုက်ပါဆိုသည့် လူများဖြစ်ကြပေသေးသည် ဖြစ်၍၊ စည်းနှင့်ကမ်းနှင့် နေထိုင်နိုင်မည့် သူများကိုသာ မျှော်လင့်နေသော သူများ ဖြစ်ကြသည်။ တစ်ဦးစိတ် တစ်ဦးမသိခင်ကာလတွင် သည်းခံနေရမည်ကို လက်ခံသော အိမ်ရှင်များ ဖြစ်ကြ၍ အထူးစိုးရိမ်စရာမလိုပေ။ မိသားစု ညီအစ်ကို မောင်နှမများလို တစ်ဦးကိုတစ်ဦး အလိုက်သိကာ ၊ သည်းခံဖေးမ ပျော်ရွှင်စွာ နေနိုင်မည်ဆိုလျှင်တော့ အထူးပင် ဝမ်းမြောက်ကြမည့် သူများပင်ဖြစ်ပေသည်။

Admiralty MRT နှင့် ၅ မိနစ် လမ်းလျှောက်လျှင် ရောက်နိုင်မည့် နေရာ (BLK 727 Woodlands Circle, Singapore 730727) ဖြစ်ပြီးတော့ စျေးနီး ကျောင်းနီး ကားမှတ်တိုင် အိမ်အောက်တွင်ရှိ၍၊ ဟော်ကာစင်တာနှင့်လည်းနီးကာ၊ ငွေထုတ်စက်မှာလည်း နီးကပ်လွယ်ကူလွန်း၍ ခဏခဏမထုတ်မိစေရန် မိမိကိုယ်ကို ထိမ်းသိမ်းနိုင်ရန် အထူးသတိပေးလိုလှပေသည်။ ဓါတ်လှေကားမှာ အထပ်တိိုင်းတွင်ရပ်သော ပုံစံဖြစ်၍ အိမ်ရွှေ့အိမ်ပြောင်း လွယ်ကူမည်ဆိုသည်ကို ပူပင်ရန် မလိုအပ်ပေ။ သို့သော် ဓါတ်လှေကားတွင်းတွင် ကင်မရာ တတ်ဆင်ထားသောကြောင့် ဓါတ်လှေကားထဲတွင် တောင်တောင်အီအီလုပ်ရန်တော့ စိတ်မကူးပါနှင့်။ (ဟမ်)

ထိုသို့ ထိုသို့ အခြေအနေများနှင့် ကိုက်ညီ၍ မိမိ၏ ရုံး ကျောင်း သွားရန် အဆင်ပြေမည်ဆိုလျှင်တော့ ..
ဆက်သွယ်ရန် တယ်လီဖုန်း နံပါတ် ၈၁၁၈ ရ၉၆၁ သို့ ယခုအမြန်ပင် ဆက်သွယ်လိုက်ပါလို့ ကြော်ငြာမောင်းခတ်လိုက်ရပါတော့တယ် ခင်ဗျား။

စက်ရပ်သတင်း၊(11 July 5:30pm) ယခုလို ကြော်ငြာနေစဉ် အတွင်းမှာဘဲ အင်မတန်စေ့စပ်သေချာ၍ ဥပဓိရုပ် ရှင်းသန့်တည်ကြည်သော မိန်းခလေးနှစ်ဦးမှ ယခုလကုန်တွင် လာရောက်နေထိုင်ပါ့မည့်အကြောင်း၊ အိမ်တိုင်ယာရောက် လာရောက်ကြည့်ရှု၊ စရံသတ်သွားပြီဖြစ်လို့ လင်မယားစုံတွဲ၊ (သို့) တစ်ခန်းလုံးတွင် တစ်ဦးတည်းနေလိုသူများအတွက်သာ KING SIZE ကုတင်ကြီးက မျက်စပစ်နေပါသည့်အကြောင်းနှင့် မနှေးအမြန်ယခုပင် လာရောက် ကြည့်ရှုလိုက်ပါလို့ သတင်းပေးရင်း ညစာအတွက် ဟင်းနွှေးလိုက်ပါဦးမယ်ခင်ဗျာ .. ။

Tags :
52,987 views