ယိုးဒယား ၅

ဘုန်းကြီးများမှ ရွတ်ဖတ်နေစဉ်အတွင်းမှာတော့ သတို့သား သတို့သမီးတို့ဟာ လှူဒါန်းဖွယ်ရာ ခဲဘွယ် ဘောဇဉ် ချိုချဉ်ရသာတို့ကို ကိုယ်တိုင် ကိုယ်ကျ ပြင်ဆင်ရပါတယ်။ ဆွမ်းပွဲပြင်တာ သူတို့သိပ်မြန်ပါတယ်။ နေရာက မထဘဲ နောက်နားကလူတွေက ပွဲတွေ တစ်မျိုးပြီးတစ်မျိုး အဆင်သင့်လာပေးထားလို့ မင်္ဂလာသတို့သား သတို့သမီးဟာ ဘန်းကြီးဆွမ်းပွဲထဲကိုသာ ကိုယ်တိုင်ကိုယ်ကျ လက်နဲ့ ထည့်ပေးရုံပါဘဲ။ ကြည့်ရတာတော့ ဗမာပြည်မှာဆို ဒေါင်းလန်းလို့ခေါ်မယ့် တစ်ဦးစာ စားပွဲမှာ တစ်ပါးခြင်းစီအတွက် ဆွမ်းပြင်ဆင်ပေးတာပါ။ ကောင်းပါတယ်။ ဘုန်းကြီးတွေ ဆွမ်းဟင်းခွက်တွေ လက်နဲ့မမှီမကမ်းလှမ်းနှိုက်ရတဲ့ အဖြစ်မျိုးမရှိတော့ဘဲ၊ ဟန်ဆောင်ပြီး နဲနဲလေးဘဲ စားစရာလဲ မလိုဘဲ၊ ဝဝလင်လင် ပြည့်ပြည့်ဖြိုးဖြိုး အိန္ဓြေအပြည့်နဲ့ ဘုန်းပေးသွားနိုင်ကြပါတယ်။

အဲဒီအချိန်မှာ လေးခွက်မြောက် အအေးခွက်ကို သောက်ပြီးနေပါပြီ။ ဓါတ်ပုံလိုက်ရိုက်ရတာလဲ မောသကိုးဗျာ။ စကားမစပ် သူတို့ အခမ်းအနားကို ဓါတ်ပုံဆရာလေးကို အားနာလိုက်တာ။ သူ့ခမြာမယ် 400D ကလေးနဲ့ ပုံတွေတဖျတ်ဖျတ်ရိုက်နေပေမယ့် တစ်ချက်တစ်ချက် ကျွန်တော့် 7D ကိုလှမ်းလှမ်းကြည့်နေတာ မျက်နှာပူပူနဲ့ သိနေတယ်လေ။ (ဒါက ကြုံတုန်းကြွားရတာ)

ဘုန်းကြီးတွေ ဆွမ်းဘုန်းပြီးတဲ့ အခါမှာတော့ ဧည့်သည်များကို နေ့လည်စာ ဘူဖေးနဲ့ တည်ခင်းဧည့်ခံပါတယ်။ ဧည့်သည်တွေ ဆိုပေမယ့် ကြည့်ရတာ နှစ်ဖက်ဆွေမျိုးလောက်သာ တွေ့တာပါ။ သတို့သမီးဖက်က ဆွေမျိုးတွေနဲ့ သတို့သားဖက်က အမျိုးရင်းဆိုလို့ မိဘနှစ်ပါးနဲ့ ကျန်တာ ကျွန်တော်တို့ စင်ကာပူကလာတဲ့ အဖွဲ့ဘဲရှိပါတယ်။ ဘူဖေးဆိုပေမယ့် စင်ကာပူဘူဖေးလို တိုးဝှေ့လုယက်မနေကြဘဲ အေးအေးဆေးဆေး စားနိုင်ပါတယ်။ ဗိုက်သိပ်ဆာနေတဲ့ အတွက် ဘူဖေးကို ဓါတ်ပုံမရိုက်နိုင်တော့ပါဘူး။ ဝမ်းနည်းပါတယ်။ ဘူဖေးစားခဲ့တယ်လို့ ယုံပေးပါနော်။

နေ့လည်စာ စားအပြီးမှာတော့ မနက်ပိုင်း အစီအစဉ်များပြီးစီးလို့ ကျွန်တော်တို့ကို အနီးအနားမှာ ရှိတဲ့ Shopping Mall တစ်ခုနဲ့ လေဟာပြင်ဈေးတစ်ခုကို လိုက်ပို့ပေးပါတယ်။ Mall ဆိုပေမယ့် မင်္ဂလာဈေးလို ပုံစံပါဘဲ။ ဒဂုံစင်တာလို သားသားနားနားတွေက နောက်နေ့မှ ရောက်ပါတော့တယ်။ အဲဒီ JJ Mall ဆိုတာထဲမှာ မိန်းခလေးတွေ ဈေးဝယ်ကြတယ်ခင်ဗျ။ သူတို့တွေ ကြည့်ရတာ ဟိုဟာလည်းလိုချင် ဒီဟာလည်းလိုချင်၊ ဖြစ်နိုင်လို့ ပိုက်ဆံမလောက်ရင်တောင် ပါလာတဲ့ ယောကျာ်းများကို အပြီးထားခဲ့ပြီး ဝယ်ကြမယ့် ပုံပါဘဲ။(ဟုတ်တယ်လေ အဲမှာက ယောကျာ်းလေးကို လိုအပ်ရင် လိုအပ်သလို ပုံပြောင်းလို့ရတယ်မဟုတ်လား) ကျွန်တော်လား ပိုက်ဆံတွေ တရွှမ်းရွှမ်းနဲ့ လိုက်ရှင်းရတော့တာပေါ့။ အရသာတော့ရှိသား၊ စင်ကာပူမှာဆို ကဒ်ကလေးနဲ့ ရှင်းရှင်းနေရတာ အရသာမရှိဘူး။ ပိုက်ဆံကို အရွက်လိုက် ကိုင်ပြီးရှင်းရတာဟာ တယ်အရသာရှိတာဘဲ။

JJ Mall ဆိုတာဖက်မှာ ပြီးတော့ လေဟာပြင်ဈေးဖက် ထွက်ကြပြန်တယ်။ ရန်ကုန်က လေဟာပြင်ဈေးလိုပါဘဲ။ ပူလိုက် အိုက်လိုက်တာလဲ မပြောပါနဲ့တော့။ ရေခဏခဏဝယ်သောက်ရတယ်။ ကျွန်တော်တို့ထဲက မိန်းခလေးတစ်ယောက်ဟာ ဈေးဝယ်ထွက်သလို အေးအေးဆေးဆေး မဝယ်နိုင်ပါဘူး။ လိုချင်တာတွေ များလွန်းလို့ လူပျောက်ရှာသလို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့ မြင်မြင်သမျှ သဘောကျနေတော့တာပါဘဲ။

တစ်ယောက်ထဲနေရင် ပျင်းပျင်းရှိ ဈေးအဝယ်ထွက်ထွက်နေတဲ့ ကျွန်တော့် အရီးတစ်ယောက်ကို သတိရလိုက်ပါဘိတောင်း။

နေ့လည် တစ်နာရီလောက်ကနေ ပတ်လိုက်ကြတာ ညနေ သုံးနာရီလောက်မှာ သူတို့တော့ မသိဘူး ကျွန်တော်တော့ ခြေထောက်တွေ ပူလာပါပြီ။ လူကလဲ ညောင်းလာပါတယ်၊ ဘယ်နေရာမှာ ပြန်ဆုံကြမယ်ဟေ့လို့ ပြောလို့ မရတော့အောင် အဖွဲ့လဲ ကွဲကုန်ကြလို့ ရှိတဲ့လူလေးတွေနဲ့ မကွဲအောင် ရထားတွဲလို လိုက်နေရပါတယ်။ ဒါပေမယ့် ညနေမှာ မင်္ဂလာဆောင်ကို ပြန်ဖို့ ကားလာကြိုဦးမှာမို့ ကာလာကြိုမယ့်နေရာမှာတော့ ညနေ ၄နာရီမှာ ပြန်ဆုံကြမှာပါ။ အထူးသဖြင့် အကျီင်္တွေ တန်တယ်လို့ မြင်ပါတယ်။ ဘတ် ၁၀၀ ပေးရင် အင်မတန်ကောင်းတဲ့ ရန်ကုန်မှာဆို ယိုးဒယားကလာတဲ့ တီရှပ်လို့ ပြောရောင်းတဲ့ အသားမျိုး ရနေပါပြီ။ ငယ်ငယ်တုန်းက ဈေးကြီးပေးစီးခဲ့ရတဲ့ ယိုးဒယား မြင်းကြယ်၊ ဆင်ကြယ်ဖိနပ်ကို ပေါက်ပေါက်ရှာရှာသတိရမိသေးတယ်။ တွေ့ရင်တော့ ဝယ်ဦးမှာ။

ပြောခဲ့တဲ့ အတိုင်း ညနေ၃ နာရီလောက်မှာ ဗိုက်ပြန်ဆာလာတယ်။ ဒါနဲ့ ရှော့ပင်းမောဖက်ပြန်သွားပြီး (အဲဒီအထဲမှာက Air Con ရှိလို့ အပူသက်သာတယ်) စားစရာ ရှာကြပါတယ်။ တွေ့ပါတယ် ယိုးဒယားရောက်နေမှတော့ သဘောင်္သီးထောင်း မစားလို့ ဖြစ်မလား။ ပူပူလောင်လောင် ဂရုမစိုက်အားပါဘူး၊ သဘောင်္သီးထောင်းကိုချည်း သီးသန့်မှာစားကြပါတယ်။

ပူတယ် စပ်တယ် ဒါပေမယ့် စားလို့ကုန်ပါတယ် ..

ညနေဖက် မင်္ဂလာဆောင်ကို ပြန်ဖို့ လာကြိုမယ့် ကားကို စောင့်နေကြတာပါ။ လူတွေကလဲ ချွေးတွေနဲ့ မဲတူးကုန်ပါပြီ။ ညနေဖက်က ဒင်နာတစ်ခုထဲ ရှိတော့တာမို့ အမှောင်ထုကို အားပြုပြီး နေကြမှာမို့ မမှုကြတာနေမှာပါ။ အားလုံးကတော့ ပင်ပန်းနေပါပြီ။ ဒါကတော့ အနီးတဝိုက် လျှောက်ရိုက်ထားတာလေးတွေပါ ..

ဆက်ပါဦးမယ်…..


469 views

15 Responses to ယိုးဒယား ၅

  1. sdl says:

    ဘာတွေလျှော့ပင်းခဲ့သလဲ……………..ဟင်

  2. P.Ti says:

    ဒူရင်းသီးခြောက်လေးဘာလေး ၀ယ်ခဲ့တာမဟုတ်ဘူး စားလို့ကောင်းတယ်။
    ဆက်ရေးပါ။ ဖတ်နေပါသည်။

  3. သက်ဝေ says:

    ကပီတိက ဒူးရင်းသီးခြောက်တဲ့…
    ကိုယ်လဲ စားချင်တယ်…
    ပါလာရင် FB မှာ Share ပါ…

  4. လူပျိုကြီး says:

    ယိုးဒယားနဲ့ကို အလုပ်ဖြစ်နေလိုက်တာ Post တောင် ၅ ခုတောင်ထွက်တယ် ဒါတောင်ပြီးသေးဘူးခင်ဗျ :D

  5. ချစ်ကြည်အေး says:

    အဲသဟာတော့ဖြင့် ကဒီဘီတို့ လွန်ဘီ၊ ဘူဖေးပုံလေး တပုံတောင် ငမ်းဖို့ အဲ ကြည့်ဖို့ ရိုက်မလာဘူး တဲ့၊ လုပ်စရာလား…၊ ထိုင်း မင်လာဆောင် မြင်ဖူးရတဲ့ အတွက်တော့ ကျေးဇူးနော်… :)

  6. Talkii says:

    7D တဲ့။ ပုံတွေ မိုက်ထှာ။ ဒာနဲ့ စကားကလည်း မကြုံကြုံအောင် ဒီလမ်းက သွားသလိုပဲနှော :-P

  7. kom says:

    အားလုံးဖတ်တယ်။

  8. Phyo Hein Kyaw says:

    သူ့အုန်းသီးကြီးကိုမပါမဖြစ်ကြွားလိုက်သေးတယ် … :P

  9. Vista says:

    အုန်းသီးကြီးကလည်းကြွားရသေး…

  10. P.Ti says:

    အုန်းသီးကြီး အကြွားလွန်သွားလို့ လာအအော်ခံနေရပြီ… ဟိဟိ :D

  11. MrDBA says:

    ဟီးဟီး .. အကြွားမတော် တစ်ခွန်းတဲ့ :’( =-X =-X =-X

  12. sdl says:

    မှတ်ပလား…အဟိ :-P

  13. MrDBA says:

    မှတ်သွားပြီ .. နောက်မကြွားတော့ဘူးနော် .. =-X

  14. ပုလုကွေး says:

    ဗန်းထဲက ဘာမှန်မသိတဲ့ မုန့်တွေ စားချင်သဗျ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook