ယိုးဒယား ၄

မင်္ဂလာခန်းမထဲမှာ ဖိတ်ကြားထားသော ဧည့်သည်များ နေရာယူပြီးသည့် အခါမှာတော့ သတို့သား၊ သတို့သမီး ရောက်လာပါတယ်။ သူရို့မှာလည်း အခမ်းအနား စီစဉ်ပေးသူ ရှိသဗျ။ အဲဒီလူက လိုအပ်တာတွေ ပြောဆိုညွှန်ပြပေးရင်းနဲ့ အခမ်းအနားကို စတင်ပါတယ်။ အရင်ဆုံး ဂုဏ်သရေရှိ လူကြီးလူကောင်းများမှ သတို့သား သတို့သမီးထိုင်မည့် နေရာနောက်နားမှာ၊ အသိသက်သေသဘောမျိူး၊ ကန်တော့ခံ နေရာယူကြပါတယ်။ အဟမ်း .. အဟမ်း။

ငွေတွေ ငွေတွေ တင်တောင်းထားတာများ နဲတာမဟုတ်ဘူး။ ကျွန်တော် လျှပ်တစ်ပျက် ကြည့်လိုက်တာ ဘတ် ၁၀၀၀တန် လေးအုပ်ရှိမယ်။ အဲဒါအပြင် လက်စွပ်၊ လည်ဆွဲ အဲဒါကလည်း ပါသေးသဗျ။ အခမ်းအနားမှူးကလဲ ပတွတ်ပတွတ်နဲ့ ထိုင်းလိုပြော၊ သတို့သား သတို့သမီးကလည်း တခုပြောပြီး တစ်ခါ လက်အုပ်ကလေးချီလိုက်ကြ၊ ကျွန်တော်တို့ကလဲ ပြန်ပြီး လက်အုပ်ကလေး ပြန်ချီလိုက်ကြနဲ့ ဟုတ်တော့နေတာပါဘဲ။

ပြီးတဲ့အခါမယ်တော့ မင်္ဂလာခမ်းဝင် တင်တောင်းကြသော ငွေတွေ ရွှေတွေအပေါ်မှာ ပန်းတွေဖြူး၊ ဆုတောင်းပေးကြနဲ့ ကျွန်တော်လဲ ကိုယ့်အလှည့်မှာ ပန်းတွေ အများကြီးဖြူးပေးလိုက်တယ်၊ ကိုယ်ကနှမ်းဖြူးနေကြလေ ကျွမ်းပါတယ် ဒီလောက်တော့ ..ဟမ်။

ကြည့်ပါဦး ချစ်စရာ သတို့သားနဲ့ သတို့သမီး။ သူတို့နှစ်ယောက်စလုံး အတော်ပျော်နေကြပါတယ်။ အထူးသဖြင့် သတို့သမီးဟာ ကြုံရင် ကြံုသလို မျက်နှာပြောင်ပါတယ်။ အခုလဲ ကြည့်ပါဦး အသေအချာ အခန့်အထည် လုပ်နေတဲ့ ပွဲမှာ ဓါတ်ပုံရိုက်တာကို အဲဂလို လက်ထောင်ပြပါသေးတယ်။

သတို့သမီး တင်တောင်းတဲ့ အခမ်းအနား ပြီးတဲ့အချိန်လောက်မှာတော့ ပင့်သံဃာ ၉ပါးကြွချီလာပါတယ်။ သတို့သား သတို့သမီးတို့ ဘုရားစင်မှာ ဘုရားဝတ်ပြု၊ ဘုန်းကြီးတွေက ပရိတ်ရွတ် မေတ္တာပို့ အမျှဝေ (ထင်တာဘဲဗျ တချို့ အသံထွက်တွေတော့ ခပ်ဆင်ဆင်ဘဲ၊ အဲဒီလို ရွတ်ဖတ်နေတာကိုက တစ်နာရီလောက်ကြာသကိုးဗျာ) မင်္ဂလာမောင်မယ်ကို ပရိတ်ရေဖျန်း အေးချမ်းအောင် ဆုတောင်းပေးကြပါတယ်။ တစ်ခုဘဲ စိတ်ထဲ မတွေ့တာက လူတွေကလဲ ထိုင်ခုံတွေမှာ ထိုင်ပြီး တရားနာကြတာကိုပါဘဲ။ ကိုယ့်ဆီမှာတော့ ကြမ်းပြင်မှာ ကြံု့ကြံု့လေး ထိုင်ကြတယ်မဟုတ်လား။

ဆက်ပါဦးမယ်……


192 views

6 Responses to ယိုးဒယား ၄

  1. လူပ်ိဳႀကီး says:

    ရပ်မိရပ်ဖနေရာလည်း လူစားဝင်ရတယ်လား :P

  2. sdl says:

    ခန့်ခန့်ကြီးနဲ့ စန့်စန့်ကြီးဆိုတော့လည်း လူကြီးသူမ နေရာမှာ နေရပေမပေါ့ :-D

  3. kaungkinpyar says:

    ထိုင်ခုံ နဲ့ လူ နဲ့ အပြည့်ပဲ….

  4. ရွှေဘရူနိုင်း says:

    ကောင်းပါတယ်။ဗဟုသုတပေါ့.. :)

  5. kom says:

    အားရှိတယ်အေ။

  6. ပုလုကွေး says:

    ဦး ဒီဘီက ခန့်ချောကြီး ကိုးဗျ…

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook