ယိုးဒယား
အကြောင်းတစ်ခု တိုက်ဆိုင်လာသဖြင့် မြို့တော် ဘန်ကောက်ကို သွားစရာ ကိစ္စဖန်လာခဲ့ပါပြီ။ ဟမ် .. အမှန်တော့ သွားပြီးပါပြီ။ အစကွန့်ကြည့်လိုက်တာ လွဲသွားပေမယ့် ရေးထားတာတွေ နှမြောလို့ မဖျက်တော့ဘူး။ ဆိုကြပါစို့ရဲ့ လွန်ခဲ့သော စနေနေ့က ဘန်ကောက်ကို ရောက်ခဲ့ပါသည်။ အကြောင်းကတော့ ရုံးက လုပ်ဖော်ကိုင်ဖက် တရုတ်တစ်ယောက်က ယိုးဒယားသူနဲ့ အကြောင်းဆက် ပေါင်းဖက်မယ်ဆိုလို့ မင်္ဂလာပွဲကို ကြင်ယာနဲ့ တွဲလာခဲ့ပါဆိုပါသဖြင့် ကိုယ်ဟာဖြင့် ရောက်ခဲ့ပါသည်။ (ဟမ် ဇတ်အသွားတွေ ဖြစ်ကုန်ုပြန်ပြီ။)
လေယာဉ်ဖိုးအလကား၊ တည်းခိုစရိတ်အလကားဆိုတာကလဲ သွားရည်တမြားမြားနဲ့ သွားချင်စရာဖြစ်အောင် ဆွဲဆောင်လို့ နေခဲ့တာကိုးခင်ဗျ။ ကိုယ်ဟာ ဝီရိယတွေစောပြီး ၁၁ခွဲမှာထွက်မယ့် လေယာဉ်ကို ၁၀ခွဲထွက်မှာထင်ပြီး အိမ်ကနေ ၉နာရီခွဲမှာ ထွက်ခဲ့တယ်။ ဟိုရောက်တော့ ၁၀နာရီ။ ကံမပါလို့ထင်ပါတယ်။ အဲဒီနေ့က လေယာဉ်ထွက်ဖို့ နောက်ကျပါမယ်တဲ့။

ခရီးသွားဖို့ ရင်ခုန်နေတဲ့ (အမှန်တော့ စားမယ်ဝါးမယ်၊ ဝယ်ချမ်းမယ်) လူတစ်စုဟာ တာမင်နယ် ၁ ထဲမှာ ထွက်ပေါက်မရှိ ပိတ်မိနေပါတယ်။ ဒီလိုနဲ့ တာမင်နယ် ဇတ်လမ်းထဲကလိုဘဲ လေဆိပ်ထဲမယ် ဟိုရောက်ဒီရောက် လျှောက်သွားပြီး စားသောက် အချိန်ဖြုန်းရပါတယ်။


သွားမယ့်အဖွဲ့ထဲမှာ ဒီကတရုတ်တစ်ယောက်လဲ ပါတာမို့ သူချည်း ခဏခဏ Check In Counter မှာသွားသွားမေးနေလို့ ကျွန်တော်တို့က သူ့ဆီက သတင်းစကားနဲ့ဘဲ ဘယ်အချိန်ထွက်မယ်၊ ထွက်ချင်မှလဲထွက်မယ်၊ လေယာဉ်လက်မှတ်ဖိုး ပြန်အမ်းချင်လဲ အမ်းမယ်ဆိုတဲ့ သတင်းမျိုးစုံနဲ့ အချိန်တွေကို ဖြတ်သန်းကြရပါတယ်။ သူများတွေ ဖြတ်သန်းကြတာကိုလဲ သေချာလိုက်ကြည့်ကြပါတယ်။


ဒီလိုနဲ့ နောက်ဆုံးမှာတော့ မနက် ၁၁ခွဲမှာ စီးရမယ့် လေယာဉ်ပျံကို ညနေ ၃နာရီခွဲမှဘဲ စီးရပါတော့တယ်။ လက်မှတ်သွားထုတ်တဲ့ အချိန်မှာ ကောင်တာက မိန်းခလေးက လက်မှတ်မှာ သေသေချာချာရေးပေးလိုက်တာက စောင့်နေရတဲ့အတွက် စားစရာတစ်ခုခုနဲ့ တောင်းပန်ပါတယ်တဲ့လေ၊ ဒီငါးနာရီလောက် အချိန်ပေးလိုက်ရတာကို စားစရာနဲဲ့ တောင်းပန်ရုံနဲ့ ကျေနပ်ရရိုးလား။ စိတ်ဆိုးဟန်နဲ့ အားလုံးမူပြီး ဘယ်သူမှ သွားထုပ်မစားကြလို့ ကိုယ်လဲ မစားခဲ့ရဘူး။
ကျွန်တော့်ရဲ့ ဘန်ကောက်ခရီးစဉ်ဟာ အဲဒီလိုလေး လှလှပပ စတင်ခဲ့တယ် … ဆက်ပါဦးမယ်။
ကိုကိုဒီဘီ ဘလော့ဒီတစ်ခါတက်တယ်။ နေက်တစ်ခါ ပုံကလေးကို အစပိုင်းမှာ တွဲတင်ပါ. ပိုပြီး attraction ရှိတယ။်
ဟိုတစ်လောကလည်း ရန်ကုန်သွား ။ မိန်းမ အမျိုးေတွေ ချည်းနဲ့ဘဲ ငွေဆောင်သွား ။ ကင်မလာဝယ်. ။ အခု ယိုးဒယားသွားတယ်။ ပိုက်ဆံစုပါ။
အော်. အလကားဆိုတော့လဲသွားပေါ့။ သူများတွေ လည်းဖြတ်သန်းသွားတာ တော့သဘောကျတယ်။ တို့က တော့ လေယဉ်မောင်တို့ လေယဉ်မျူးတို့ကိုကြည့်တယ် သန်ရာသန်ရာပေါ့။
ကဒီဘီ…နေကောင်းရဲ့နော်…လာဖတ်ပါအုံးမည်…လင့်ခ်သွားပါ၏….
Reader ထဲက ဖတ်တာ အားမရလို့ blog ထဲ လာဖတ်ပါဒယ် =D
ဖတ်ပေးပါဥိး ..ဖတ်ပေးပါဦး …
ကျွန်တော်လည်း အဲဒီနေ့ည ၈ နာရီခွဲ ဂျက်စတားနဲ့ပဲ ဘန်ကောက်ကို ရောက်ပါတယ်။ အခေါက်ချင်း မတူပေမယ့် လေယာဉ်ပျံ တစ်စင်းတည်းပေါ့။
ယိုးဒယား ခရီးကို ကျတော် စတင်လိုက်ပါ ပါပြီး။ ဆက်ဖတ်မယ်ဗျာ
လာဖတ်သည်။