ယိုးဒယား ၃

တနင်္ဂနွေ မနက်မှာတော့ မနက်၅နာရီ ကားလာခေါ်မယ်ဆိုလို့ မနက်၄နာရီလောက်ကထဲကထပြီး ပြင်ကြဆင်ကြတာဆိုတော့ မထချင်သေးသော်လည်း အိပ်ယာကနိုးနေပါတယ်။ ဒီလိုနဲ့ မနက်၅နာရီ စွန်းစွန်းမှာ လာခေါ်မယ့်ကား ထိုင်စောင့်လိုက်တာ မနက် ၆နာရီမှဘဲ ကားရောက်ပါတယ်။ ဒီလိုနဲ့ မင်္ဂလာဆောင်ပွဲ ကျင်းပမည့်နေရာကို ရောက်တယ်ဆိုပါတော့။

ဟိုရောက်တာနဲ့ ခဏနေတော့ အခန်းအနားကျင်းပမည့် ခန်းမကိုသွားဖို့ သတို့သမီးတောင်းသွားသလို အပြင်အဆင်မျိုးတွေနဲ့ ပြင်ဆင်ထားပါတယ်။ ပါလာတဲ့ ကျွန်တော်တို့ အဖွဲ့က သတို့သားဖက်က ကိုယ်စားပြုလို့ သတို့သမီးတောင်းခန်းမှာ ကြရာနေရာက သရုပ်ဆောင်ရပါတယ်။

သတို့သား မိဘများလဲ တယ်မလွယ်လှပါဘူး။ ငရုတ်သီးတွေ ကျွေးလိုကျွေး၊ သံပုရာသီးစိတ်တွေ ကျွေးလိုကျွေးနဲ့ အဖိုးကြီး အဖွားကြီးခမြာမယ် စားရရှာပါတယ်။ ထိုင်းရိုးရာကိုးခင်ဗျ။

မင်္ဂလာခန်းမကိုတက်မယ့် သတို့သားကို ရွှေကြိုးတားပါသေးတယ်။ အိမ်နီးချင်းနိုင်ငံတွေမို့ထင်ပါတယ် တော်တော်များများဟာ ကျွန်တော်တို့နဲ့ တူကြပါတယ်။ သတိို့သားမိဘများက တရုတ်လိုကလွဲလို့ ဘာမှမပြောတတ်တဲ့ ထိုင်ဝမ်က တရုတ်များပါ။ သတို့သမီးနှင့် သူ့ဆွေမျိုးများကလဲ ထိုင်းလိုကလွဲလို့ ဘာမှမပြောတတ်တဲ့ မိသားစုပါ။ သတို့သားက သူလဲသတို့သားနေရာမှာနေရသလို သတို့သမီးမိသားစုများကြားမှာလဲ စကားပြန်လို ဝင်ဝင်ပြောပေးနေရပါသေးတယ်။ သြော် Power Of Love ပါလား။ ခမြာမယ် ထိုင်းလိုပြောလိုက် တရုတ်လိုပြောလိုက် ကျွန်တော်တို့ အဖွဲ့ကိုပြောမယ်ဆို အင်္ဂလိပ်လိုပြောလိုက်နဲ့ အတော်ဗျာများရှာပါတယ်။

ဒါက မင်္ဂလာခန်းမမှာ ဘုန်းကြီးတွေ ထိုင်ဖို့ ပြင်ဆင်ထားတဲ့ သံဃာစင်ပါ။ ဘုန်းကြီးတွေ မလာခင်မှာ သတို့သမီးတင်တောင်းတာတွေ၊ ဘိသိတ်ခံတာ၊ ဘိသိတ်ရေသွန်းတာ၊ ဆွေမျိုးတွေကို ကန်တော့ခံတာ စတဲ့ အစီအစဉ်တွေ အများကြီးလုပ်ကြပါသေးတယ်၊ အိပ်ယာကနိုးကထဲက ဘာမှမစားရသေးတဲ့ ကျွန်တော်တို့ဟာ ဗိုက်တွေ တဂွမ်ဂွမ် တဂွီဂွီနဲ့ပါဘဲ။

အခန်းအနားမှာ အချိုရည် ခဏခဏလာတိုက်လို့တော်ပါသေးတယ်။ ထိုင်းလိိုကလွဲလို့ ဘာမှမပြောတတ်တဲ့ ဧည့်ခံရေးအဖွဲ့နဲ့ ကျွန်တော်တို့ အဖွဲ့ဟာ အတော်အပေးအယူဖြောင့်ပါတယ်။ အုန်းနံလေးသင်းတဲ့ ဘာလို့အမယ်တတ်ရမှန်းမသိတဲ့ ချိုမွေးမွေး အရည်တစ်မျိုး ကျွန်တော်ယူသောက်ပါတယ်။ နောက်ပိုင်း တခွက်ကုန်သွားရင် သူတို့တစ်ပါတ်ကိုယ့်ဖက် ပြန်လည်လာတဲ့အခါမှာလဲ ဘာထပ်သောက်ဦးမလဲ မမေးတော့ပါဘူး။ ဆင်တူခွက်ဘဲ ထပ်ချပေးသွားပါတယ်။ မယူတော့ပါဘူးလဲ တားလို့မနိုင်ပါဘူး။ လက်တခါခါ လည်တခါခါငြင်းလဲ ပြုံးပြံုးလေးကြည့်ပြီး ခွက်ကိုချသွားတာပါဘဲ။ ဒီလိုနဲ့ ထမင်းစားတဲ့ အချိန်အထိ ဒါမျိုး ၆ခွက်လောက် ကျသွားတယ်။ Tiger တွေသာဆို ကောင်းလိုက်မယ့် အမျိုး။

ဆက်ပါဦးမယ် …


229 views

7 Responses to ယိုးဒယား ၃

  1. myo says:

    ငှက်ပျောပွဲ အုန်းပွဲတင်မက ငှက်ပျောပင် အုန်းပင်တွေပါ ယူသွားကြတာလား..
    သတို့သားဖက်က ပါလာတဲ့သူတွေကိုရော ငြုပ်သီးတွေ မကျွေးဘူးလားငှင်..

  2. Htain Lin Shwe says:

    ဒါကတော့ အသစ်ပဲ… တစ်ခါမှ မတွေ့ဖူးဘူး.. ယိုးဒယားလို မင်္ဂလာဆောင်တာ… :)

  3. uranusaquarian says:

    ကိုကြီးဒီဘီ….. ကွန်မကောင်းပါသဖြင့် ကွန်မန့် နောက်ကျရပါသည်။ အုန်းနံ့သင်းသင်း ဖန်ခွက်ကလေးကို ဂလုခနဲ သွားရည်ကျသွားပါသည်။ ဆက်လက်၍ ဆက်ပါရန်……… (လာဖတ်နိုင်ချိန်တွင် အကြွေးအကုန်စုရှင်းပါမည်)။ ဂွိ။

  4. kom says:

    မဆိုးဘူး.လက်သွက်လာပြီ။

  5. khet myint myint says:

    ဒို့အလှည့်ရောက်ရင်လည်း ထိုင်းမှာ သွားပြီး မင်လာဆောင်မယ် (ကြိမ်းဝါးသွားသှ်)
    သူတို့တွေလဲ ရိုးရာဓလေ့တွေထိန်းကြသေးတာပဲနော်၊ သတို့သမီးဘက်က မြို့တော်ဘက်ကမဟုတ်ပဲ နယ်ဘက်က ဖြစ်လို့လားမသိ။
    ရိုးရာအဝတ်အစားတွေကတော့ အကျအနပဲ။ သဘောကျတယ်

  6. လူပျိုကြီး says:

    သံဃာစင်က တယ်မိုက်ပါလား ဒို့များဆောင်ရင် လိုက်ခဲ့ဦးသိလား :D

  7. sdl says:

    ငှက်ပျောပင်တွေနှုတ်သယ်တာက လူပျိုကြီး၊အပျိုကြီး ဘဝက ကျွတ်ပြီ၊ ငှက်ပျောတုံးဖက်စရာအလိုတော့ဘူး ဆိုတဲ့ အဓိပါယ်လား မသိဘူးနော်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages Widget created by Best Accounting Services
  • RSS
  • Twitter
  • Facebook